iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းသီးရွာလကာရည္ဟာ မိန္းကေလးေတြရဲ႕အသားအေရကို ၾကည္လင္ေခ်ာေမြ႕ေစၿပီး မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကိုေလ်ာ႔နည္းေစတဲ႔အတြက္ လူသိမ်ားပါတယ္။ ဒါေပမယ္႔ ပန္းသီးရွာလကာရည္ရဲ႕ အသံုးဝင္ပံုေတြက အဲဒီထက္ပိုပါတယ္။ ပန္းသီးရွာလကာရည္ကို အိမ္သံုးေဆးျမီးတိုအျဖစ္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳလို႔ရပါတယ္။ ေငြကုန္ေၾကးက်လည္းမမ်ားဘဲ ကြဲျပားျခားနားမႈတစ္ခုကို ေဆာင္ၾကဥ္းေပးႏိုင္မွာပါ။ ဒါေပမယ္႔ ပန္းသီးရွာလကာရည္က အသံုးမ်ားမယ္ဆိုရင္ သြားနဲ႔အစာျပြန္မွာ ျပႆနာရွိေစႏိုင္တဲ႔အတြက္ မေသာက္သံုးခင္ ဆရာဝန္နဲ႔အရင္တိုင္ပင္သင္႔ပါတယ္။
၁။ အသက္ရွည္ေစ

ပန္းသီးရွာလကာရည္ထဲမွာပါဝင္တဲ႔ ဗိုက္တာမင္နဲ႔ antioxidant ဓာတ္ေတြက ဇီဝကမၼလုပ္ေဆာင္မႈေတြကို အားေပးပါတယ္။ ဒါေၾကာင္႔ မနက္တိုင္း ပန္းသီးရွာလကာရည္ကို ေရေႏြးတစ္ခြက္နဲ႕ေရာေသာက္ရင္ အသက္ရွည္ေစတယ္လို႔ အဆိုရွိပါတယ္။

၂။ ဆီးခ်ိဳက်ေစ
ပန္းသီးရွာလကာရည္က ေသြးတြင္းအခ်ိဳပမာဏကို ေလ်ာ႔က်ေစလို႔ ဆီးခ်ိဳေသြးခ်ိဳသမားေတြအတြက္ေကာင္းပါတယ္။ ဒါေပမယ္႔ တခ်ိဳ႕လူနာေတြမွာေတာ႔ အင္ဆူလင္တံု႕ျပန္ျခင္းကို တိုးျမင္႕ေစလို႔ မေသာက္ခင္ ဆရာဝန္နဲ႔ေတာ႔ အရင္တိုင္ပင္ၾကည္႔သင္႔ပါတယ္။

၃။ ဗိုက္ေအာင္႔ေဝဒနာေတြကိုသက္သာေစ

ပန္းသီးရွာလကာရည္ထဲမွာပါတဲ႔ melic acid ဟာ အစာအိမ္ေဝဒနာေတြကိုသက္သာေပ်ာက္ကင္းေစပါတယ္။ ဒါေၾကာင္႔ ဝမ္းခ်ဳပ္ေနရင္၊ အစာအိမ္ထဲမွာအက္ဆစ္ေတြမ်ားေနရင္ ေရတစ္ဖန္ခြက္ထဲ ပန္းသီးရွာလကာရည္တစ္ဇြန္း ေရာျပီးသာေသာက္လိုက္ပါ။ ထူးျခားမႈကိုေတြ႕ရွိရပါလိမ္႔မယ္။ ဒါတင္မကေသးပါဘူး။ သူ႔မွာပါတဲ႔ ဘက္တီးရီးယားနဲ႕ ဗိုင္းရပ္စ္ပိုးတိုက္ဖက္တဲ႔စနစ္ေတြက အစာအိမ္ေအာင္႔ျခင္းကို သက္သာေစပါတယ္။

၄။ အဆိပ္အေတာက္ေျပေစ
ပန္းသီးရွာလကာရည္က ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုလည္း ေျပေစႏိုင္ပါတယ္။ ဒါ႔အျပင္ ပိုတက္စီယမ္လို အာဟာရဓာတ္ေတြကိုလည္း ေထာက္ပံ႕ေပးပါတယ္။ အဲဒါေတြက ကိုယ္ခံအားစနစ္ကို အေထာက္အကူျပဳျပီး က်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။

၅။ ဝိတ္က်ေစ
ပန္္းသီးရွာလကာရည္ရဲ႕အေက်ာ္ၾကားဆံုး က်န္းမာေရးေကာင္းက်ိဳးကေတာ႔ ဝိတ္က်ေစတာပါပဲ။ သူက အစာစားခ်င္စိတ္ကိုထိန္းခ်ဳပ္ေပးျပီး တစ္ခါစားထားရင္ ေတာ္ေတာ္နဲ႔ဗိုက္ျပန္မဆာေစပါဘူး။ ဒါေၾကာင္႔ က်န္းမာတဲ႔ ေအာ္ဂဲနစ္အစားအစာေတြ၊ မွန္ကန္တဲ႔ေလ႔က်င္႔ခန္းေတြနဲ႔သာ တြဲဖက္လိုက္ရင္ လံုးဝဝိတ္က်ပါျပီ။

၆။ သြားေတြကိုျပန္လည္ျဖဴေဖြးေစ

ကြမ္းစားလို ႔သြားမွာကြမ္းခ်ိး (ဂ်ိဳး)ေတြတက္ေနတဲ႔လူေတြကေတာ႔ သြားကိုပန္းသီးရွာလကာရည္နဲ႔ပြတ္ေပးသင္႔ပါတယ္။ သူ႔မွာပါဝင္တဲ႔အက္ဆစ္ဓာတ္ေတြက သြားေတြကိုျဖဴေဖြးေစပါတယ္။ ထိေရာက္မႈမရွိေသးရင္ ပန္းသီးရွာလကာရည္ကို မုန္႕ဖုတ္ဆိုဒါေလးနဲ႔ ေရာျပီးပြတ္ေပးရင္ေတာ႔ ျဖဴစင္ဝင္းပတဲ႔သြားေတြကို ျပန္လည္ပိုင္ဆိုင္ႏိုင္ျပီး အျမဲေရွ႕မွာ ရဲရဲဝံ႕ဝံ႕ ျပံဳးရယ္လို႔ရၿပီေပါ႔။ 

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ပန်းသီးရှာလကာရည်ဟာ မိန်းကလေးတွေရဲ့အသားအရေကို ကြည်လင်ချောမွေ့စေပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကိုလျော့နည်းစေတဲ့အတွက် လူသိများပါတယ်။ ဒါပေမယ့် ပန်းသီးရှာလကာရည်ရဲ့ အသုံးဝင်ပုံတွေက အဲဒီထက်ပိုပါတယ်။ ပန်းသီးရှာလကာရည်ကို အိမ်သုံးဆေးမြီးတိုအဖြစ် နေရာတော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ ငွေကုန်ကြေးကျလည်းမများဘဲ ကွဲပြားခြားနားမှုတစ်ခုကို ဆောင်ကြဉ်းပေးနိုင်မှာပါ။ ဒါပေမယ့် ပန်းသီးရှာလကာရည်က အသုံးများမယ်ဆိုရင် သွားနဲ့အစာပြွန်မှာ ပြဿနာရှိစေနိုင်တဲ့အတွက် မသောက်သုံးခင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။
၁။ အသက်ရှည်စေ

ပန်းသီးရှာလကာရည်ထဲမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ antioxidant ဓာတ်တွေက ဇီဝကမ္မလုပ်ဆောင်မှုတွေကို အားပေးပါတယ်။ ဒါကြောင့် မနက်တိုင်း ပန်းသီးရှာလကာရည်ကို ရေနွေးတစ်ခွက်နဲ့ရောသောက်ရင် အသက်ရှည်စေတယ်လို့ အဆိုရှိပါတယ်။

၂။ ဆီးချိုကျစေ
ပန်းသီးရှာလကာရည်က သွေးတွင်းအချိုပမာဏကို လျော့ကျစေလို့ ဆီးချိုသွေးချိုသမားတွေအတွက်ကောင်းပါတယ်။ ဒါပေမယ့် တချို့လူနာတွေမှာတော့ အင်ဆူလင်တုံ့ပြန်ခြင်းကို တိုးမြင့်စေလို့ မသောက်ခင် ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ကြည့်သင့်ပါတယ်။

၃။ ဗိုက်အောင့်ဝေဒနာတွေကိုသက်သာစေ

ပန်းသီးရှာလကာရည်ထဲမှာပါတဲ့ melic acid ဟာ အစာအိမ်ဝေဒနာတွေကိုသက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေရင်၊ အစာအိမ်ထဲမှာအက်ဆစ်တွေများနေရင် ရေတစ်ဖန်ခွက်ထဲ ပန်းသီးရှာလကာရည်တစ်ဇွန်း ရောပြီးသာသောက်လိုက်ပါ။ ထူးခြားမှုကိုတွေ့ရှိရပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ သူ့မှာပါတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတိုက်ဖက်တဲ့စနစ်တွေက အစာအိမ်အောင့်ခြင်းကို သက်သာစေပါတယ်။

၄။ အဆိပ်အတောက်ပြေစေ
ပန်းသီးရှာလကာရည်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်လို အာဟာရဓာတ်တွေကိုလည်း ထောက်ပံ့ပေးပါတယ်။ အဲဒါတွေက ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပြီး ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

၅။ ဝိတ်ကျစေ
ပန်းသီးရှာလကာရည်ရဲ့အကျော်ကြားဆုံး ကျန်းမာရေးကောင်းကျိုးကတော့ ဝိတ်ကျစေတာပါပဲ။ သူက အစာစားချင်စိတ်ကိုထိန်းချုပ်ပေးပြီး တစ်ခါစားထားရင် တော်တော်နဲ့ဗိုက်ပြန်မဆာစေပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ အော်ဂဲနစ်အစားအစာတွေ၊ မှန်ကန်တဲ့လေ့ကျင့်ခန်းတွေနဲ့သာ တွဲဖက်လိုက်ရင် လုံးဝဝိတ်ကျပါပြီ။

၆။ သွားတွေကိုပြန်လည်ဖြူဖွေးစေ

ကွမ်းစားလို့သွားမှာကွမ်းချိး (ဂျိုး)တွေတက်နေတဲ့လူတွေကတော့ သွားကိုပန်းသီးရှာလကာရည်နဲ့ပွတ်ပေးသင့်ပါတယ်။ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်တွေက သွားတွေကိုဖြူဖွေးစေပါတယ်။ ထိရောက်မှုမရှိသေးရင် ပန်းသီးရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါလေးနဲ့ ရောပြီးပွတ်ပေးရင်တော့ ဖြူစင်ဝင်းပတဲ့သွားတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပြီး အမြဲရှေ့မှာ ရဲရဲဝံ့ဝံ့ ပြုံးရယ်လို့ရပြီပေါ့။ 

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top