iMyanmarHouse.com - Best Property Website for Myanmar
×

(၁) Dengue Fever (ေသြးလြန္တုပ္ေကြး)

အဖ်ားေရာဂါဗုိင္းရပ္စ္ကုိ သယ္ေဆာင္လာတဲ့ ျခင္အကိုက္ခံရျခင္းေၾကာင့္ ျဖစ္တဲ့ေရာဂါျဖစ္ပါတယ္။ ျခင္ေပါက္ပြားတဲ့ ကာ
လေတြမွာ အျဖစ္မ်ားၿပီး အပူပုိင္းေဒသေတြမွာ ပုိလုိ႔အျဖစ္မ်ားပါတယ္။ ေသြးလြန္တုပ္ေကြးဗုိင္းရပ္သယ္ေဆာင္လာတဲ့ ျခင္
အကိုက္ခံရပါက 3-4 ရက္အတြင္းမွာ ေရာဂါလကၡဏာ စျပေလ့ရွိၿပီး ဂ႐ုတစုိက္ ေသခ်ာမကုပါက 24-48 နာရီအတြင္းမွာ
ေရာဂါအဆုိး၀ါးဆုံးအေျခအေနကုိ ေရာက္ရွိႏုိင္ကာ အသက္ကုိ ေသဆုံးေစႏုိ္င္ပါတယ္။

ေရာဂါလကၡဏာမ်ား – ၾကြက္သားနဲ႔ အဆစ္အျမစ္ေတြ နာက်င္ခုိက္ခဲျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းအဆမတန္ကိုက္ခဲ
ျခင္း၊  ဖ်ားျခင္း၊ ေမာပန္းျခင္း၊ အေရအျပားမွ အဖုအပိမ့္ထြက္ျခင္း၊ သြားႏွာေခါင္းတုိ႔မွ ေသြးခဏခဏ လွ့်ျခင္း – တုိ႔ ျဖစ္ပါ
တယ္။
(၂) Ebola (အီဘုိလာ)

အီဘုိလာဗုိင္းရပ္ေၾကာင့္ ျဖစ္တဲ့ ေရာဂါျဖစ္ၿပီး Ebola hemorrhagic fever (EHF) ေရာဂါလုိ႔လည္း ေခၚၾကပါေသးတယ္။ ဒီေရာဂါကူးစက္ခံရသူေတြရဲ႕ 50-70% ဟာ ေန႔ခ်င္းညခ်င္း ေသဆုံးႏုိင္ၿပီး အခ်ိဳ႕ေ၀ဒနာရွင္ေတြကေတာ့ တစ္ပတ္
ေလာက္အထိ အသက္ရွင္ႏုိင္ၾကတယ္လုိ႔လည္း သိရပါတယ္။ ဒါေပမယ့္ ေရာဂါကုိ သက္သာေပ်ာက္ကင္းေစတဲ့ ေဆး၀ါး
ေတြဟာ စမ္းသပ္ဆဲအဆင့္သာ ရွိေသးၿပီး ေအာင္ျမင္ထိေရာက္ေအာင္ မကုႏုိင္ေသးပါဘူး။

ေရာဂါလကၡဏာမ်ား – အျပင္းအထန္ဖ်ားျခင္း၊ ေမာပန္းျခင္း၊ ၾကြက္သားမ်ားနာက်င္ကို္က္ခဲျခင္း၊ ေခါင္းကို္ကမူးေ၀ေမာပန္း
ျခင္း၊ လည္ေခ်ာင္းနာက်င္ျခင္း-တုိ႔ ျဖစ္ပါတယ္။
(၃) Cholera (ကာလ၀မ္းေရာဂါ)
ဘက္တီးရီးယားေၾကာင့္ ျဖစ္တဲ့ေရာဂါျဖစ္ပါတယ္။ ေပါ့ေပါ့ေလး မေတြးသင့္တဲ့ ေရာဂါထဲမွာ ပါ၀င္ပါတယ္။ လူနာကုိ ေရ
ဓာတ္ကုန္ခမ္းေစၿပီး အာအင္ခ်ိနဲ႔ေစပါတယ္။ တစ္နာရီအတြင္း 1 လီတာေလာက္အထိ ေရဓာတ္ကုန္ခမ္းျခင္းနဲ႕ ဆား
ဓာတ္မညီမွ်အျပင္ တက္ျခင္းပ်ိဳ႕အန္ျခင္းတုိ႔ ျဖစ္ေစပါတယ္။ ေသခ်ာမကုရင္ ေသြးစီးဆင္းမႈအေျခအေန ႐ႈပ္ေထြးကာ
အသက္ကုိ ေသေစႏုိင္ပါတယ္။ ႏွစ္စဥ္ လူတစ္ေထာင္ခန္႔ဟာ ကာလ၀မ္းေရာဂါေၾကာင့္ ေသဆုံးေနပါတယ္။

(၄) MRSA (မားစ္ေရာဂါ)

မားစ္ေရာဂါကူးစက္ခံရသူရဲ႕ ကိုယ္ခံစြမ္းအားနည္းရင္ အခ်ိန္ပုိင္းအတြင္းပင္ ေသဆုံးႏုိင္တယ္လုိ႔ သိရပါတယ္။ ဘက္တီးရီး
ယားေၾကာင့္ ျဖစ္တဲ့ေရာဂါျဖစ္ၿပီး အဲဒီဘက္တီးရီးယားေတြဟာ ေသြးဆဲလ္ေတြနဲ႔ အဆုပ္တစ္႐ႈးေတြကုိ လွ်င္ျမန္စြာ ဖ်က္
ဆီးႏုိင္စြမ္းရွိပါတယ္။ ထိေရာက္တဲ့ ေဆးကုသမႈ မေပၚေသးဘဲ လက္ရွိသုံးေနတဲ့ ပဋိဇီ၀ေဆးေတြကုိပင္ ခံႏုိင္ရည္ရွိတဲ့
ဘက္တီးရီးယားေတြ ေပၚလာေနပါတယ္။

Credit:Si Si (auntymay)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 (၁) Dengue Fever (သွေးလွန်တုပ်ကွေး)

အဖျားရောဂါဗိုင်းရပ်စ်ကို သယ်ဆောင်လာတဲ့ ခြင်အကိုက်ခံရခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ခြင်ပေါက်ပွားတဲ့ ကာ
လတွေမှာ အဖြစ်များပြီး အပူပိုင်းဒေသတွေမှာ ပိုလို့အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်သယ်ဆောင်လာတဲ့ ခြင်
အကိုက်ခံရပါက 3-4 ရက်အတွင်းမှာ ရောဂါလက္ခဏာ စပြလေ့ရှိပြီး ဂရုတစိုက် သေချာမကုပါက 24-48 နာရီအတွင်းမှာ
ရောဂါအဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိနိုင်ကာ အသက်ကို သေဆုံးစေနိုင်ပါတယ်။

ရောဂါလက္ခဏာများ – ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ခိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းအဆမတန်ကိုက်ခဲ
ခြင်း၊  ဖျားခြင်း၊ မောပန်းခြင်း၊ အရေအပြားမှ အဖုအပိမ့်ထွက်ခြင်း၊ သွားနှာခေါင်းတို့မှ သွေးခဏခဏ လှ့ျခြင်း – တို့ ဖြစ်ပါ
တယ်။
(၂) Ebola (အီဘိုလာ)

အီဘိုလာဗိုင်းရပ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး Ebola hemorrhagic fever (EHF) ရောဂါလို့လည်း ခေါ်ကြပါသေးတယ်။ ဒီရောဂါကူးစက်ခံရသူတွေရဲ့ 50-70% ဟာ နေ့ချင်းညချင်း သေဆုံးနိုင်ပြီး အချို့ဝေဒနာရှင်တွေကတော့ တစ်ပတ်
လောက်အထိ အသက်ရှင်နိုင်ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ရောဂါကို သက်သာပျောက်ကင်းစေတဲ့ ဆေးဝါး
တွေဟာ စမ်းသပ်ဆဲအဆင့်သာ ရှိသေးပြီး အောင်မြင်ထိရောက်အောင် မကုနိုင်သေးပါဘူး။

ရောဂါလက္ခဏာများ – အပြင်းအထန်ဖျားခြင်း၊ မောပန်းခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုကမူးဝေမောပန်း
ခြင်း၊ လည်ချောင်းနာကျင်ခြင်း-တို့ ဖြစ်ပါတယ်။
(၃) Cholera (ကာလဝမ်းရောဂါ)
ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ပေါ့ပေါ့လေး မတွေးသင့်တဲ့ ရောဂါထဲမှာ ပါဝင်ပါတယ်။ လူနာကို ရေ
ဓာတ်ကုန်ခမ်းစေပြီး အာအင်ချိနဲ့စေပါတယ်။ တစ်နာရီအတွင်း 1 လီတာလောက်အထိ ရေဓာတ်ကုန်ခမ်းခြင်းနဲ့ ဆား
ဓာတ်မညီမျှအပြင် တက်ခြင်းပျို့အန်ခြင်းတို့ ဖြစ်စေပါတယ်။ သေချာမကုရင် သွေးစီးဆင်းမှုအခြေအနေ ရှုပ်ထွေးကာ
အသက်ကို သေစေနိုင်ပါတယ်။ နှစ်စဉ် လူတစ်ထောင်ခန့်ဟာ ကာလဝမ်းရောဂါကြောင့် သေဆုံးနေပါတယ်။

(၄) MRSA (မားစ်ရောဂါ)

မားစ်ရောဂါကူးစက်ခံရသူရဲ့ ကိုယ်ခံစွမ်းအားနည်းရင် အချိန်ပိုင်းအတွင်းပင် သေဆုံးနိုင်တယ်လို့ သိရပါတယ်။ ဘက်တီးရီး
ယားကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပြီး အဲဒီဘက်တီးရီးယားတွေဟာ သွေးဆဲလ်တွေနဲ့ အဆုပ်တစ်ရှုးတွေကို လျှင်မြန်စွာ ဖျက်
ဆီးနိုင်စွမ်းရှိပါတယ်။ ထိရောက်တဲ့ ဆေးကုသမှု မပေါ်သေးဘဲ လက်ရှိသုံးနေတဲ့ ပဋိဇီဝဆေးတွေကိုပင် ခံနိုင်ရည်ရှိတဲ့
ဘက်တီးရီးယားတွေ ပေါ်လာနေပါတယ်။

Credit:Si Si (auntymay)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top