iMyanmarHouse.com - Best Property Website for Myanmar
×

သင့္က်န္းမာေရးအတြက္ မနက္ခင္းတိုင္း ေရေႏြးျဖဴထဲကို သံပုယိုသီျခမ္းထည့္ျပီး ေသာက္သင့္တယ္ဆိုတာ သိပါသလား။ အပန္းမၾကီးသလို က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း မထင္ထားရေလာက္ေအာင္ အလြန္မ်ားျပားလွပါတယ္ ။

၁။ ဖ်ားနာျခင္းေတြကင္းေဝးေစပါတယ္
ဗီတာမင္စီဟာ အေအးမိျခင္း ၊ ဖ်ားနာျခင္း ၊ ေရာဂါပိုးဝင္ေရာက္ျခင္းေတြကို ကာကြယ္တားဆီးေပးနိုင္စြမး္ ရွိပါတယ္ ။ ဗီတာမင္စီ အျပည့္အဝပါဝင္တဲ့ သံပုယိုသီးကို မနက္ခင္းတိုင္းမွာ ေသာက္ေပးျခင္းျဖင့္ ကိုယ္ခံအားေကာင္းမြန္ျပီး ဖ်ားနာျခင္းေတြ ေတာ္ရုံနဲ႕ မျဖစ္ေစပါဘူး။

၂။ပိုတက္စီယမ္ဓါတ္ၾကြယ္ဝတယ္
ငွက္ေပ်ာသီးကဲ့သို႔ သံပုယိုသီးမွာလည္း ပိုတက္စီယမ္ဓါတ္ ၾကြယ္ဝသျဖင့္ နွလံုးက်န္းမာေရး ၊ ဦးေနွာက္ နွင့္ အာရံုေၾကာ က်န္းမာေရးတို႕အတြက္လည္း ေကာင္းမြန္ေစပါတယ္။

၃။အစာေျခဖ်က္နိုင္ျခင္း
သံပုယိုရည္ဟာ အစာေျခမႈစနစ္ကိုလည္း ေကာင္းမြန္ေစျပီး အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးနိုင္ပါတယ္ ။ ဒါ့အျပင္ အစာမေၾက ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း ၊ ေလတက္ျခင္း ၊ မအီမသာျဖစ္ျခင္း တုိ႔ကိုလည္း သက္သာေစနိုင္ပါသည္ ။

၄။သန္႔စင္ေစနုိင္ျခင္း
သင့္ခႏၶာကိုယ္တြင္းရွိ အထူးသျဖင့္ အသည္း၏လုပ္ေဆာင္ခ်က္မ်ားအား အေနွာင့္အယွက္ေပးေနတဲ့ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးနိုင္စြမ္း ရွိပါတယ္ ။

၅။အသားအေရလွပေစျခင္း
သံပုယိုသီးဟာ အသားအေရကို ျဖဴစင္ေစနိုင္တဲ့ သဘာဝ အစြမး္သတၱိရွိပါတယ္ ။ သံပုယိုေရေႏြးကို ေန႔စဥ္ေသာက္ျခင္းျဖင့္ အသားအေရအတြက္ လွပျခင္းေတြကိုသာ ရရွိေစမွာပါ ။

၆။အဆီက်ျခင္း
သံပုသီးမွာ အမွ်င္ဓါတ္လည္း ပါဝင္တဲ့အတြက္ သင့္ကို ဝိတ္က်ေစနိုင္တဲ့ အစားအစာတစ္ခုပါပဲ ။ သံပုယိုရည္ကို မနက္ခင္းတိုင္းမွာ ပံုမွန္ေသာက္သံုးျခင္းျဖင့္ ဗိုက္ခ်ပ္ျပီး ခႏၶာကိုယ္ သြယ္လ်လွပစမွာပါ ။

၇။ကိုယ္ခံအားေကာင္းမြန္ျခင္း
ေန႔စဥ္ပံုမွန္ ေသာက္သံုးျခင္းျဖင့္ ကိုယ္ခံအားေကာင္းမြန္ျပီး က်န္းမာေသာ ဘဝကို ရရွိေစမွာပါ။

၈။ခႏၶာကိုယ္ထိခိုက္ေရာင္ယမး္မႈမ်ားကို ေလ်ာ့နည္းေစျခင္း
ဖ်ားနာတတ္ေသာ ရာသီမ်ိဳးမွာေတာင္ သံပုယိုရည္ေရေႏြးၾကမ္းကို ေန႔စဥ္ ပံုမွန္ ေသာက္သံုးတဲ့လူက ခံနိုင္ရည္ ပိုရွိေစပါတယ္ ။

၉။ကဖင္းဓါတ္ကိုေလ်ာ့နည္းေစျခင္း
မနက္ခင္းမွာ ေကာ္ဖီထဲ သံပုသီးညွစ္ေသာက္မယ္ဆိုရင္ေတာ့ ကဖင္းဓါတ္ကိုလည္း ေလ်ာ့နည္းသြားေစျပီး တက္ၾကြလန္းဆန္းေစမွာပါ။

၁၀။ေရာဂါပိုးမ်ားကို တိုက္ဖ်က္နုိင္ျခင္း
သံပုယိုေရေႏြးၾကမ္းဟာ ေရာဂါပိုး ဝင္ေရာက္မႈကိုလည္း တိုက္ဖ်က္နုိင္စြမး္ရွိျပီး အထူးသျဖင့္ လည္ေခ်ာင္းနာျခင္းတို႔အတြက္ အေကာင္းဆံုး ကုထံုး ပါပဲ ။

ကဲ.. အရသာလည္း ေကာင္း ၊ က်န္းမာေရးအတြက္လည္း အဖက္ဖက္ကေကာင္းမြန္တဲ့ သံပုယိုေရေႏြးၾကမ္းကို ေန႔စဥ္ေသာက္သံုးၾကဖို႕ တိုက္တြန္းပါတယ္ေနာ္…

Credit:CHAN ( ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သင့်ကျန်းမာရေးအတွက် မနက်ခင်းတိုင်း ရေနွေးဖြူထဲကို သံပုယိုသီခြမ်းထည့်ပြီး သောက်သင့်တယ်ဆိုတာ သိပါသလား။ အပန်းမကြီးသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း မထင်ထားရလောက်အောင် အလွန်များပြားလှပါတယ် ။

၁။ ဖျားနာခြင်းတွေကင်းဝေးစေပါတယ်
ဗီတာမင်စီဟာ အအေးမိခြင်း ၊ ဖျားနာခြင်း ၊ ရောဂါပိုးဝင်ရောက်ခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်စွမ်း ရှိပါတယ် ။ ဗီတာမင်စီ အပြည့်အဝပါဝင်တဲ့ သံပုယိုသီးကို မနက်ခင်းတိုင်းမှာ သောက်ပေးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ပြီး ဖျားနာခြင်းတွေ တော်ရုံနဲ့ မဖြစ်စေပါဘူး။

၂။ပိုတက်စီယမ်ဓါတ်ကြွယ်ဝတယ်
ငှက်ပျောသီးကဲ့သို့ သံပုယိုသီးမှာလည်း ပိုတက်စီယမ်ဓါတ် ကြွယ်ဝသဖြင့် နှလုံးကျန်းမာရေး ၊ ဦးနှောက် နှင့် အာရုံကြော ကျန်းမာရေးတို့အတွက်လည်း ကောင်းမွန်စေပါတယ်။

၃။အစာခြေဖျက်နိုင်ခြင်း
သံပုယိုရည်ဟာ အစာခြေမှုစနစ်ကိုလည်း ကောင်းမွန်စေပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ် ။ ဒါ့အပြင် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ လေတက်ခြင်း ၊ မအီမသာဖြစ်ခြင်း တို့ကိုလည်း သက်သာစေနိုင်ပါသည် ။

၄။သန့်စင်စေနိုင်ခြင်း
သင့်ခန္ဓာကိုယ်တွင်းရှိ အထူးသဖြင့် အသည်း၏လုပ်ဆောင်ချက်များအား အနှောင့်အယှက်ပေးနေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ် ။

၅။အသားအရေလှပစေခြင်း
သံပုယိုသီးဟာ အသားအရေကို ဖြူစင်စေနိုင်တဲ့ သဘာဝ အစွမ်းသတ္တိရှိပါတယ် ။ သံပုယိုရေနွေးကို နေ့စဉ်သောက်ခြင်းဖြင့် အသားအရေအတွက် လှပခြင်းတွေကိုသာ ရရှိစေမှာပါ ။

၆။အဆီကျခြင်း
သံပုသီးမှာ အမျှင်ဓါတ်လည်း ပါဝင်တဲ့အတွက် သင့်ကို ဝိတ်ကျစေနိုင်တဲ့ အစားအစာတစ်ခုပါပဲ ။ သံပုယိုရည်ကို မနက်ခင်းတိုင်းမှာ ပုံမှန်သောက်သုံးခြင်းဖြင့် ဗိုက်ချပ်ပြီး ခန္ဓာကိုယ် သွယ်လျလှပစမှာပါ ။

၇။ကိုယ်ခံအားကောင်းမွန်ခြင်း
နေ့စဉ်ပုံမှန် သောက်သုံးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာသော ဘဝကို ရရှိစေမှာပါ။

၈။ခန္ဓာကိုယ်ထိခိုက်ရောင်ယမ်းမှုများကို လျော့နည်းစေခြင်း
ဖျားနာတတ်သော ရာသီမျိုးမှာတောင် သံပုယိုရည်ရေနွေးကြမ်းကို နေ့စဉ် ပုံမှန် သောက်သုံးတဲ့လူက ခံနိုင်ရည် ပိုရှိစေပါတယ် ။

၉။ကဖင်းဓါတ်ကိုလျော့နည်းစေခြင်း
မနက်ခင်းမှာ ကော်ဖီထဲ သံပုသီးညှစ်သောက်မယ်ဆိုရင်တော့ ကဖင်းဓါတ်ကိုလည်း လျော့နည်းသွားစေပြီး တက်ကြွလန်းဆန်းစေမှာပါ။

၁၀။ရောဂါပိုးများကို တိုက်ဖျက်နိုင်ခြင်း
သံပုယိုရေနွေးကြမ်းဟာ ရောဂါပိုး ဝင်ရောက်မှုကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိပြီး အထူးသဖြင့် လည်ချောင်းနာခြင်းတို့အတွက် အကောင်းဆုံး ကုထုံး ပါပဲ ။

ကဲ.. အရသာလည်း ကောင်း ၊ ကျန်းမာရေးအတွက်လည်း အဖက်ဖက်ကကောင်းမွန်တဲ့ သံပုယိုရေနွေးကြမ်းကို နေ့စဉ်သောက်သုံးကြဖို့ တိုက်တွန်းပါတယ်နော်…

Credit:CHAN ( ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top