အရင္ရည္းစားေၾကာင့္ ခံစားရတာေတြ ခုထိအဆံုးမသတ္ႏိုင္ေသးတဲ့ ေကာင္မေလးေတြ႐ွိပါတယ္။ အဲလိုေကာင္မေလးေတြက အခ်စ္ဆိုတာကိုလံုးဝ စိတ္ကုန္ေနၿပီး ဘယ္သူကိုမွလြယ္လြယ္နဲ႔မယံုတတ္ေတာ့ဘူး။ကိုယ္ဘာသာကိုယ္တစ္ေယာက္တည္း ရပ္တည္ရင္း သူငယ္ခ်င္းေတြနဲ႔ေပ်ာ္မယ္ပါးမယ္ စားေသာက္မယ္ ဒီလိုပဲျဖတ္သန္းေတာ့တယ္ ။ ကြၽန္မတို႔လိုအသည္းမာသြားတဲ့ေကာင္မေလးေတြကို ခ်စ္မိသြားတယ္ဆိုရင္ေတာ့
၁။စိတ္႐ွည္ပါ။
ဟုတ္ကဲ့။ ကြၽန္မတို႔ကို စိတ္႐ွည္႐ွည္နဲ႔ခ်စ္ေပးရပါလိမ့္မယ္။ ကြၽန္မတို႔က ခံစားခ်က္ေတြကို ထုတ္မျပဘူး ။ေအးတိေအးစက္ေနတယ္ ဆိုတာကလည္း အရင္က ထုတ္ျပခဲ့တုန္က ခံစားခဲ့ရဖူးလို႔ပါ။ အျမဲေတာ့အဲလိုႀကီးေတာ့ မေနဘူးေပါ့ေနာ္။ ဒါေၾကာင့္မို႔ ကြၽန္မတို႔ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းထုတ္ေျပာလာတဲ့အခ်ိန္ထိ စိတ္႐ွည္႐ွည္နဲ႔ေစာင့္ေပးပါ။ ေကာင္းတာေတြျဖစ္လာဖို႔ အခ်ိန္ကိုရင္းႏွီးရစျမဲပါ။ဒီလိုပဲ ကြၽန္မတို႔ရဲ႕အခ်စ္ကိုရဖို႔ အခ်ိန္ေပးၿပီး စိတ္႐ွည္ရမွာေပါ့။
၂။ကတိတည္ပါ။
ဖုန္းေခၚမယ္ေျပာထားရင္ ေခၚျဖစ္ေအာင္ေခၚပါ။ ကိုယ္ေျပာထားတဲ့စကားကို ျဖစ္ေအာင္လုပ္ပါ။ အရင္RSမွာလည္း ဒီလိုပဲ ကတိေတြေပးျပီး ထားခဲ့တာပဲ ။ ဒါေၾကာင့္ ကတိမတည္တဲ့သူဆို အေသမုန္းပါတယ္။ အစကတည္းက ကတိမတည္ပဲ ေျပာခ်င္သလိုေျပာ လုပ္ခ်င္သလို လုပ္ေနရင္ေတာ့ ေဆာရီးပါအစ္ကိုေရ။ ကၽြန္မတို႔ကေတာ့နိုးလို႔ပဲ ေျပာပါရေစ။
၃။ဇြဲရွိပါ။
ကၽြန္မတို႔က လြယ္လြယ္နဲ႔မခ်စ္တတ္ေတာ့ပါဘူး။ နာက်င္ရတာမ်ားလာတဲ့အခါ ကိုယ့္ကိုယ္ကို နာက်င္မႈေတြဒဏ္ကေန ကာကြယ္ဖို႔ၾကိဳးစားလာၾကမယ္။ ရွင္တို႔ေၾကာင့္ ရင္ခုန္သြားရတဲ့ အခိုက္အတန္႔ေလးရွိရင္ေတာင္ ရွင္တို႔ကိုခ်စ္မသြားမိဖို႔ ကိုယ့္စိတ္ကိုျပန္ထိန္းပါတယ္။ လြယ္လြယ္နဲ႔ရ လြယ္လြယ္နဲ႔ထားခဲ့ခံရတဲ့ မိန္းကေလးမျဖစ္ခ်င္ေတာ့ဘူးေလ။ ဒီေတာ့ ရွင့္အခ်စ္က စစ္မစစ္ နည္းေပါင္းစံုနဲ႔ စမ္းသပ္မွာပဲ ။ ကၽြန္မတို႔ရဲ႕ အခ်စ္ကိုရခ်င္ရင္ေတာ့ ပိုအားစိုက္ၾကိဳးပမ္းပါ။ဇြဲရွိပါ။
၄။စစ္မွန္မႈကိုျပပါ။
ကၽြန္မတို႔က ဘယ္သူကဘယ္လိုလိမ္တယ္ဆိုတာ ပါးစပ္ဟလိုက္တာနဲ႔ ရိပ္မိျပီးသားပါ။ ကၽြန္မတို႕ေရွ႕မွာ ဟန္မေဆာင္ပါနဲ႔။ အရွိအတိုင္းေနပါ။ ကိုယ္ရဲ႕စိတ္ရင္းအမွန္အတိုင္း ဖြင့္ဟျပပါ။ ရွင္ကတျခားေကာင္ေလးေတြနဲ႔ မတူဘူး ၊ အရင္RSကေကာင္ေလးေတြလို မဟုတ္ဘူးဆိုတာ ကၽြန္မတို႔ယံုၾကည္ေအာင္ သက္ေသျပပါ။
ဟုတ္ကဲ့ပါ။ ကၽြန္မတို႕လို အသည္းကြဲေနတဲ့ ေကာင္မေလးကို ခ်စ္မိျပီဆိုရင္ေတာ့ ဒီအခ်က္ေလးေတြ ထည့္စဥ္းစားျပီးေသခ်ာဂရုစိုက္ေပးဖို႔ လိုမယ္ေနာ္။
Credit:Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အရင်ရည်းစားကြောင့် ခံစားရတာတွေ ခုထိအဆုံးမသတ်နိုင်သေးတဲ့ ကောင်မလေးတွေရှိပါတယ်။ အဲလိုကောင်မလေးတွေက အချစ်ဆိုတာကိုလုံးဝ စိတ်ကုန်နေပြီး ဘယ်သူကိုမှလွယ်လွယ်နဲ့မယုံတတ်တော့ဘူး။ကိုယ်ဘာသာကိုယ်တစ်ယောက်တည်း ရပ်တည်ရင်း သူငယ်ချင်းတွေနဲ့ပျော်မယ်ပါးမယ် စားသောက်မယ် ဒီလိုပဲဖြတ်သန်းတော့တယ် ။ ကျွန်မတို့လိုအသည်းမာသွားတဲ့ကောင်မလေးတွေကို ချစ်မိသွားတယ်ဆိုရင်တော့
၁။စိတ်ရှည်ပါ။
ဟုတ်ကဲ့။ ကျွန်မတို့ကို စိတ်ရှည်ရှည်နဲ့ချစ်ပေးရပါလိမ့်မယ်။ ကျွန်မတို့က ခံစားချက်တွေကို ထုတ်မပြဘူး ။အေးတိအေးစက်နေတယ် ဆိုတာကလည်း အရင်က ထုတ်ပြခဲ့တုန်က ခံစားခဲ့ရဖူးလို့ပါ။ အမြဲတော့အဲလိုကြီးတော့ မနေဘူးပေါ့နော်။ ဒါကြောင့်မို့ ကျွန်မတို့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလာတဲ့အချိန်ထိ စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ။ ကောင်းတာတွေဖြစ်လာဖို့ အချိန်ကိုရင်းနှီးရစမြဲပါ။ဒီလိုပဲ ကျွန်မတို့ရဲ့အချစ်ကိုရဖို့ အချိန်ပေးပြီး စိတ်ရှည်ရမှာပေါ့။
၂။ကတိတည်ပါ။
ဖုန်းခေါ်မယ်ပြောထားရင် ခေါ်ဖြစ်အောင်ခေါ်ပါ။ ကိုယ်ပြောထားတဲ့စကားကို ဖြစ်အောင်လုပ်ပါ။ အရင်RSမှာလည်း ဒီလိုပဲ ကတိတွေပေးပြီး ထားခဲ့တာပဲ ။ ဒါကြောင့် ကတိမတည်တဲ့သူဆို အသေမုန်းပါတယ်။ အစကတည်းက ကတိမတည်ပဲ ပြောချင်သလိုပြော လုပ်ချင်သလို လုပ်နေရင်တော့ ဆောရီးပါအစ်ကိုရေ။ ကျွန်မတို့ကတော့နိုးလို့ပဲ ပြောပါရစေ။
၃။ဇွဲရှိပါ။
ကျွန်မတို့က လွယ်လွယ်နဲ့မချစ်တတ်တော့ပါဘူး။ နာကျင်ရတာများလာတဲ့အခါ ကိုယ့်ကိုယ်ကို နာကျင်မှုတွေဒဏ်ကနေ ကာကွယ်ဖို့ကြိုးစားလာကြမယ်။ ရှင်တို့ကြောင့် ရင်ခုန်သွားရတဲ့ အခိုက်အတန့်လေးရှိရင်တောင် ရှင်တို့ကိုချစ်မသွားမိဖို့ ကိုယ့်စိတ်ကိုပြန်ထိန်းပါတယ်။ လွယ်လွယ်နဲ့ရ လွယ်လွယ်နဲ့ထားခဲ့ခံရတဲ့ မိန်းကလေးမဖြစ်ချင်တော့ဘူးလေ။ ဒီတော့ ရှင့်အချစ်က စစ်မစစ် နည်းပေါင်းစုံနဲ့ စမ်းသပ်မှာပဲ ။ ကျွန်မတို့ရဲ့ အချစ်ကိုရချင်ရင်တော့ ပိုအားစိုက်ကြိုးပမ်းပါ။ဇွဲရှိပါ။
၄။စစ်မှန်မှုကိုပြပါ။
ကျွန်မတို့က ဘယ်သူကဘယ်လိုလိမ်တယ်ဆိုတာ ပါးစပ်ဟလိုက်တာနဲ့ ရိပ်မိပြီးသားပါ။ ကျွန်မတို့ရှေ့မှာ ဟန်မဆောင်ပါနဲ့။ အရှိအတိုင်းနေပါ။ ကိုယ်ရဲ့စိတ်ရင်းအမှန်အတိုင်း ဖွင့်ဟပြပါ။ ရှင်ကတခြားကောင်လေးတွေနဲ့ မတူဘူး ၊ အရင်RSကကောင်လေးတွေလို မဟုတ်ဘူးဆိုတာ ကျွန်မတို့ယုံကြည်အောင် သက်သေပြပါ။
ဟုတ်ကဲ့ပါ။ ကျွန်မတို့လို အသည်းကွဲနေတဲ့ ကောင်မလေးကို ချစ်မိပြီဆိုရင်တော့ ဒီအချက်လေးတွေ ထည့်စဉ်းစားပြီးသေချာဂရုစိုက်ပေးဖို့ လိုမယ်နော်။
Credit:Hana (For Her Myanmar)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသည္းကြဲေနတဲ့ေကာင္မေလးတစ္ေယာက္ကိုခ်စ္မိရင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။