iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္နဲ႔ထိေတြ႕လိုက္တဲ့အခါ အရာရာ လွပသြားတယ္။ တစ္ေလာကလံုးမွာ ေပ်ာ္စရာေတြနဲ႔ျပည့္ေနသလို ေနေရာင္ျခည္နဲ႔ ေလထုကအစ ကိုယ့္ကိုေပ်ာ္ရႊင္ေအာင္လုပ္ေပးေနတယ္လုိ႔ ခံစားရတယ္။ စိတ္တင္ပဲလား? မဟုတ္ဘူး.... ခႏၶာကိုယ္မွာပါ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေအာင္ အခ်စ္က စြမ္းအားႀကီးလြန္းပါတယ္။

၁။ ေပ်ာ္႐ႊင္တဲ့အခ်စ္ေရးကို ပိုင္ဆုိင္ထားသူေတြဟာ က်န္းမာေရးေကာင္းၾကတာကို ေတြ႔ရပါတယ္။ တစ္ကိုယ္ေတာ္ အထီးက်န္သမား(FA) ေတြ၊ အိမ္ေထာင္ေရးၿပိဳကြဲခဲ့သူေတြနဲ႔ယွဥ္ရင္ အခ်စ္ရွိသူေတြက ပိုၿပီးက်န္းမာၾကတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ခ်စ္သူေတြဆုိတာ အျပန္အလွန္ နားလည္ဂရုစိုက္တတ္ၾကတာကိုး။

၂။ တစ္ေယာက္ကိုတစ္ေယာက္ ထိေတြ႔မႈေတြက ခႏၶာကိုယ္တြင္းက ေကာင္းတဲ့ေဟာ္မုန္းေတြကို ပိုထြက္လာေစတယ္။ စကၠန္႔ ၂၀ ေလာက္ ေပြ႕ဖက္ထားရံုနဲ႔ ေအာက္ဆီတုိစင္ေဟာ္မုန္းေတြ သိသိသာသာ ထြက္ရွိလာပါတယ္။

၃။ သင္ သိပါသလား? ခ်စ္သူရဲ႕ေဘးမွာအိပ္ရင္ ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္ႏုိင္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လည္း အိပ္ေပ်ာ္ႏိုင္ပါတယ္။ အထီးက်န္သမားေတြကေတာ့ သနားစရာေပါ့ေလ။

၄။ ဒီေခတ္ႀကီးထဲမွာ ဖုန္းနဲ႔ကြန္ပ်ဴတာကို အၾကည့္မ်ားလို႔ မ်က္စိကိုထိခိုက္လာရတာ မနည္းပါဘူး။ ကိုယ့္ေဘးမွာသာ ခ်စ္သူေလးရွိေနရင္ သူ႔ကိုပဲ ၾကည့္ေနေတာ့မွာေပါ့။ ခ်စ္သူထက္ ဖုန္းကိုပိုၾကည့္ေနရင္လည္း တကယ္ခ်စ္တာမဟုတ္လုိ႔ဘဲ။

၅။ အလုပ္၊ အိမ္၊ ေလ့လာစရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ သမားရိုးက်ဘဝဟာ ခ်စ္သူရွိလာတဲ့အခါ ဟိုဟိုဒီဒီ ေလွ်ာက္သြားျဖစ္လာတယ္။ ခရီးေတြလည္း အတူသြားျဖစ္ၾကတယ္။ ခရီးထြက္တာက ကိုယ့္အတြက္ ေကာင္းတဲ့အရာပဲမဟုတ္လား။

၆။ ေနာက္ထပ္ ေကာင္းက်ိဳးတစ္ခုကေတာ့ ပိုၿပီးၾကင္နာတတ္လာတာပါပဲ။ တကယ့္အခ်စ္ကို ခံစားမိတဲ့အခါ စိတ္က ေအးခ်မ္းႏူးညံ့လာတယ္ေလ။ ေဒါသႀကီးတတ္လြန္းသူေတြဟာ အခ်စ္နဲ႔ထိေတြ႕ၿပီးေနာက္ သိမ္ေမြ႔သြားၾကေရာ။

၇။ ပူးေပါင္းလုပ္ေဆာင္မႈေတြလည္း ရွိလာတယ္။ ကိစၥအေတာ္မ်ားမ်ားကို အတူတကြ လုပ္ေဆာင္ၾကေလေလ အခ်စ္ေရးက ပိုခိုင္ၿမဲေလေလပါပဲ။ အရင္တုန္းကဆုိ စိတ္ရႈပ္လြန္းလို႔ ဘာလုပ္လုပ္တစ္ေယာက္တည္းပဲလုပ္ခဲ့တာေလ။

Credit;Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အချစ်နဲ့ထိတွေ့လိုက်တဲ့အခါ အရာရာ လှပသွားတယ်။ တစ်လောကလုံးမှာ ပျော်စရာတွေနဲ့ပြည့်နေသလို နေရောင်ခြည်နဲ့ လေထုကအစ ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးနေတယ်လို့ ခံစားရတယ်။ စိတ်တင်ပဲလား? မဟုတ်ဘူး.... ခန္ဓာကိုယ်မှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် အချစ်က စွမ်းအားကြီးလွန်းပါတယ်။

၁။ ပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူတွေဟာ ကျန်းမာရေးကောင်းကြတာကို တွေ့ရပါတယ်။ တစ်ကိုယ်တော် အထီးကျန်သမား(FA) တွေ၊ အိမ်ထောင်ရေးပြိုကွဲခဲ့သူတွေနဲ့ယှဉ်ရင် အချစ်ရှိသူတွေက ပိုပြီးကျန်းမာကြတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်သူတွေဆိုတာ အပြန်အလှန် နားလည်ဂရုစိုက်တတ်ကြတာကိုး။

၂။ တစ်ယောက်ကိုတစ်ယောက် ထိတွေ့မှုတွေက ခန္ဓာကိုယ်တွင်းက ကောင်းတဲ့ဟော်မုန်းတွေကို ပိုထွက်လာစေတယ်။ စက္ကန့် ၂၀ လောက် ပွေ့ဖက်ထားရုံနဲ့ အောက်ဆီတိုစင်ဟော်မုန်းတွေ သိသိသာသာ ထွက်ရှိလာပါတယ်။

၃။ သင် သိပါသလား? ချစ်သူရဲ့ဘေးမှာအိပ်ရင် မြန်မြန်ဆန်ဆန် အိပ်ပျော်နိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်နိုင်ပါတယ်။ အထီးကျန်သမားတွေကတော့ သနားစရာပေါ့လေ။

၄။ ဒီခေတ်ကြီးထဲမှာ ဖုန်းနဲ့ကွန်ပျူတာကို အကြည့်များလို့ မျက်စိကိုထိခိုက်လာရတာ မနည်းပါဘူး။ ကိုယ့်ဘေးမှာသာ ချစ်သူလေးရှိနေရင် သူ့ကိုပဲ ကြည့်နေတော့မှာပေါ့။ ချစ်သူထက် ဖုန်းကိုပိုကြည့်နေရင်လည်း တကယ်ချစ်တာမဟုတ်လို့ဘဲ။

၅။ အလုပ်၊ အိမ်၊ လေ့လာစရာတွေနဲ့ ပြည့်နှက်နေတဲ့ သမားရိုးကျဘဝဟာ ချစ်သူရှိလာတဲ့အခါ ဟိုဟိုဒီဒီ လျှောက်သွားဖြစ်လာတယ်။ ခရီးတွေလည်း အတူသွားဖြစ်ကြတယ်။ ခရီးထွက်တာက ကိုယ့်အတွက် ကောင်းတဲ့အရာပဲမဟုတ်လား။

၆။ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ ပိုပြီးကြင်နာတတ်လာတာပါပဲ။ တကယ့်အချစ်ကို ခံစားမိတဲ့အခါ စိတ်က အေးချမ်းနူးညံ့လာတယ်လေ။ ဒေါသကြီးတတ်လွန်းသူတွေဟာ အချစ်နဲ့ထိတွေ့ပြီးနောက် သိမ်မွေ့သွားကြရော။

၇။ ပူးပေါင်းလုပ်ဆောင်မှုတွေလည်း ရှိလာတယ်။ ကိစ္စအတော်များများကို အတူတကွ လုပ်ဆောင်ကြလေလေ အချစ်ရေးက ပိုခိုင်မြဲလေလေပါပဲ။ အရင်တုန်းကဆို စိတ်ရှုပ်လွန်းလို့ ဘာလုပ်လုပ်တစ်ယောက်တည်းပဲလုပ်ခဲ့တာလေ။

Credit;Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top