စိတ္ဓာတ္ၾကံ႕ခိုင္မႈ ရွိခ်င္တယ္။ ေပ်ာ္႐ႊင္တဲ့ေန႔ရက္ေလးေတြ ပိုင္ဆုိင္ခ်င္တယ္။ ကိုယ့္ဘဝႀကီး ေအးစက္ေမွာင္မိုက္သလိုမ်ိဳး ခံစားေနရတာ ပင္ပန္းလြန္းလွၿပီ။ ဘာေတြကမ်ား ကိုယ့္ကို မေပ်ာ္မ႐ႊင္ျဖစ္ေစရတာလဲဆိုတာ ကိုယ့္ရဲ႕ျပဳမူလႈပ္ရွားမႈေတြကို အရင္ဆံုးဆန္းစစ္ပါ။ ဒါေတြလုပ္ေနမိသမွ်ေတာ့ ေပ်ာ္ရဖုိ႔မလြယ္ဘူး။ လုပ္ေနမိတယ္ဆိုလည္း အျမန္ဆံုးရပ္တန္႔လိုက္ေတာ့။
၁။ ပ်င္းတိပ်င္း႐ြဲလမ္းေလ်ာက္ျခင္း
လမ္းေလွ်ာက္ျခင္းဟာ စိတ္နဲ႔လည္း သက္ဆိုင္ေနတယ္။ စိတ္အရမ္းညစ္ေနရင္ တစ္ေယာက္တည္းလမ္းေလွ်ာက္ၾကည့္လိုက္။ စိတ္ေတြတည္ၿငိမ္သြားတယ္။ ဒါေပမဲ့လမ္းေလွ်ာက္ရင္ ခႏၶာကိုယ္ကို မတ္မတ္ထားၿပီးေလွ်ာက္ဖို႔လိုမယ္။ ပ်င္းတိပ်င္းရြဲနဲ႔ လက္ျပင္ႀကီးကိုင္း၊ လက္ႏွစ္ဘက္ေဘးခ်ၿပီး ျဖည္းျဖည္းခ်င္းေလွ်ာက္ေနရင္ စိတ္ဓာတ္က်တာပိုဆိုးသြားမယ္။
၂။ အားလံုးကိုဓာတ္ပံု႐ိုက္ထားတယ္
ဓာတ္ပံုဆရာေတြ ဓာတ္ပံု႐ိုက္တာဝါသနာပါလြန္းသူေတြေတာင္မွ ျမင္ျမင္သမွ် ဓာတ္ပံု႐ုိက္ေနၾကတာမဟုတ္ဘူးေနာ္။ ကိုယ္ကေတာ့ျဖင့္ ဘာျမင္ျမင္၊ ဘာျဖစ္ျဖစ္ အားလံုးကို ဖုန္းေလးနဲ႔ဓာတ္ပံုရိုက္တယ္။ လူမႈကြန္ရက္ေတြေပၚမွာ အကုန္လံုးတင္တယ္။ ဒီလိုလုပ္လိုက္တာက အမွတ္ရျဖစ္သြားဖုိ႔ဆုိၿပီး ေတြးၾကတာပဲ။ တကယ္တမ္းက်ေတာ့ ဓာတ္ပံုကိုပဲအာရံုေရာက္ေတာ့ စိတ္က လက္ေတြ႕အျဖစ္အပ်က္ကို မထိေတြ႔ႏိုင္ေတာ့ဘူး။ တကယ့္ေပ်ာ္႐ႊင္မႈ အစစ္အမွန္ကို ခံစားဖုိ႔ ေဝးေနသလိုပဲ။
၃။ လႈပ္႐ွားမႈမ႐ွိတာ
တစ္ေနကုန္ထုိင္ၿပီး အလုပ္လုပ္ရသူေတြ သတိထားပါ။ ကိုယ္လက္လႈပ္ရွားမႈ မရွိတဲ့အခါ ေသြးလည္ပတ္မႈလည္းမေကာင္းေတာ့ဘူး။ စိတ္ေတြလည္း ေထြျပားယိုင္နဲ႔လာတယ္။ ကာယေလ့က်င့္ခန္းေလးေတြ လုပ္ႏိုင္သေလာက္ လုပ္ေပးသင့္တယ္။
၄။ အခ်ိန္ဆြဲတယ္
လုပ္စရာ႐ွိတာေတြ ျမန္ျမန္လုပ္လုိက္ရင္ ၿပီးသြားမယ့္ဥစၥာကို အခ်ိန္ဆြဲေနတယ္။ လုပ္လိုက္ရင္ ဘာျဖစ္သြားမလဲေတြးပူေနၿပီး မလုပ္ရဲ မကိုင္ရဲတာနဲ႔တင္ စိတ္က မျပတ္သားေတာ့ဘူး။ ဒီမွာတင္ သံသရာလည္ေနေတာ့တာ။
၅။ မသာယာတဲ့အခ်စ္ေရး
အသည္းကြဲလို႔ ဒုကၡေရာက္သြားတာေတြ မနည္းဘူး။ မစားႏိုင္ မအိပ္ႏိုင္နဲ႔ က်န္းမာေရးညံ့လာတယ္။ ေကာင္းတဲ့ဘက္ကို အာ႐ံုမစိုက္ႏိုင္ေတာ့ဘဲ ေၾကကြဲခံစားေနရတဲ့ အခ်ိန္ေတြဟာ ၾကာလာေတာ့ စိတ္က်န္းမာေရးကိုပါ ထိခိုက္လာရေတာ့တယ္။
၆။ အိပ္ေရးမဝဘူး
အိပ္ပါ။ နာက်င္စရာေတြအားလံုး ေမ့သြားေအာင္ ႀကိဳးစားအိပ္လိုက္ပါ။ အိပ္ရာကႏိုးလာရင္ ခြန္အားေတြျပည့္လာလိမ့္မယ္။ မအိပ္ဘဲေနရင္ လူေရာစိတ္ပါ ခ်ဴခ်ာလာမွာ။
၇။ အေပါင္းအသင္းမရွိဘူး
ဘယ္သူ႔ကိုမွ အေရးတယူလုပ္ၿပီး ပတ္သက္ေနစရာလိုဘူးလို႔ ေတြးမိေနရင္ အႀကီးႀကီးမွားတာပဲ။ လူေတြနဲ႔ ထိေတြ႔ေပါင္းသင္းပါ။ လူမႈကြန္ရက္ေပၚကမဟုတ္ဘဲ အျပင္မွာပါ ေတြ႕ဆံုၾကတဲ့အခါ စိတ္ေတြလန္းဆန္းလာႏိုင္တယ္။
၈။ နည္းပညာပစၥည္းေတြ
အဓိကေျပာရရင္ေတာ့ ဖုန္းပဲ။ လက္က ဖုန္းကိုမခ်ႏိုင္ဘူး။ မ်က္လံုးကို ဖုန္းနဲ႔ ကြန္ပ်ဴတာနဲ႔ မခြာႏိုင္ေလာက္ေအာင္ ျဖစ္ေနတာလည္း သိပ္မေကာင္းဘူုး။ တကယ္လွပတဲ့အရာေတြက ျပင္ပမွာျဖစ္တည္ေနတာပါ။ Screen ေသးေသးေလးထဲမွာ အလံုးစံုတည္ရွိေနတာမဟုတ္ဘူးေနာ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
စိတ်ဓာတ်ကြံ့ခိုင်မှု ရှိချင်တယ်။ ပျော်ရွှင်တဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်ချင်တယ်။ ကိုယ့်ဘဝကြီး အေးစက်မှောင်မိုက်သလိုမျိုး ခံစားနေရတာ ပင်ပန်းလွန်းလှပြီ။ ဘာတွေကများ ကိုယ့်ကို မပျော်မရွှင်ဖြစ်စေရတာလဲဆိုတာ ကိုယ့်ရဲ့ပြုမူလှုပ်ရှားမှုတွေကို အရင်ဆုံးဆန်းစစ်ပါ။ ဒါတွေလုပ်နေမိသမျှတော့ ပျော်ရဖို့မလွယ်ဘူး။ လုပ်နေမိတယ်ဆိုလည်း အမြန်ဆုံးရပ်တန့်လိုက်တော့။
၁။ ပျင်းတိပျင်းရွဲလမ်းလျောက်ခြင်း
လမ်းလျှောက်ခြင်းဟာ စိတ်နဲ့လည်း သက်ဆိုင်နေတယ်။ စိတ်အရမ်းညစ်နေရင် တစ်ယောက်တည်းလမ်းလျှောက်ကြည့်လိုက်။ စိတ်တွေတည်ငြိမ်သွားတယ်။ ဒါပေမဲ့လမ်းလျှောက်ရင် ခန္ဓာကိုယ်ကို မတ်မတ်ထားပြီးလျှောက်ဖို့လိုမယ်။ ပျင်းတိပျင်းရွဲနဲ့ လက်ပြင်ကြီးကိုင်း၊ လက်နှစ်ဘက်ဘေးချပြီး ဖြည်းဖြည်းချင်းလျှောက်နေရင် စိတ်ဓာတ်ကျတာပိုဆိုးသွားမယ်။
၂။ အားလုံးကိုဓာတ်ပုံရိုက်ထားတယ်
ဓာတ်ပုံဆရာတွေ ဓာတ်ပုံရိုက်တာဝါသနာပါလွန်းသူတွေတောင်မှ မြင်မြင်သမျှ ဓာတ်ပုံရိုက်နေကြတာမဟုတ်ဘူးနော်။ ကိုယ်ကတော့ဖြင့် ဘာမြင်မြင်၊ ဘာဖြစ်ဖြစ် အားလုံးကို ဖုန်းလေးနဲ့ဓာတ်ပုံရိုက်တယ်။ လူမှုကွန်ရက်တွေပေါ်မှာ အကုန်လုံးတင်တယ်။ ဒီလိုလုပ်လိုက်တာက အမှတ်ရဖြစ်သွားဖို့ဆိုပြီး တွေးကြတာပဲ။ တကယ်တမ်းကျတော့ ဓာတ်ပုံကိုပဲအာရုံရောက်တော့ စိတ်က လက်တွေ့အဖြစ်အပျက်ကို မထိတွေ့နိုင်တော့ဘူး။ တကယ့်ပျော်ရွှင်မှု အစစ်အမှန်ကို ခံစားဖို့ ဝေးနေသလိုပဲ။
၃။ လှုပ်ရှားမှုမရှိတာ
တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေ သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ သွေးလည်ပတ်မှုလည်းမကောင်းတော့ဘူး။ စိတ်တွေလည်း ထွေပြားယိုင်နဲ့လာတယ်။ ကာယလေ့ကျင့်ခန်းလေးတွေ လုပ်နိုင်သလောက် လုပ်ပေးသင့်တယ်။
၄။ အချိန်ဆွဲတယ်
လုပ်စရာရှိတာတွေ မြန်မြန်လုပ်လိုက်ရင် ပြီးသွားမယ့်ဥစ္စာကို အချိန်ဆွဲနေတယ်။ လုပ်လိုက်ရင် ဘာဖြစ်သွားမလဲတွေးပူနေပြီး မလုပ်ရဲ မကိုင်ရဲတာနဲ့တင် စိတ်က မပြတ်သားတော့ဘူး။ ဒီမှာတင် သံသရာလည်နေတော့တာ။
၅။ မသာယာတဲ့အချစ်ရေး
အသည်းကွဲလို့ ဒုက္ခရောက်သွားတာတွေ မနည်းဘူး။ မစားနိုင် မအိပ်နိုင်နဲ့ ကျန်းမာရေးညံ့လာတယ်။ ကောင်းတဲ့ဘက်ကို အာရုံမစိုက်နိုင်တော့ဘဲ ကြေကွဲခံစားနေရတဲ့ အချိန်တွေဟာ ကြာလာတော့ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာရတော့တယ်။
၆။ အိပ်ရေးမဝဘူး
အိပ်ပါ။ နာကျင်စရာတွေအားလုံး မေ့သွားအောင် ကြိုးစားအိပ်လိုက်ပါ။ အိပ်ရာကနိုးလာရင် ခွန်အားတွေပြည့်လာလိမ့်မယ်။ မအိပ်ဘဲနေရင် လူရောစိတ်ပါ ချူချာလာမှာ။
၇။ အပေါင်းအသင်းမရှိဘူး
ဘယ်သူ့ကိုမှ အရေးတယူလုပ်ပြီး ပတ်သက်နေစရာလိုဘူးလို့ တွေးမိနေရင် အကြီးကြီးမှားတာပဲ။ လူတွေနဲ့ ထိတွေ့ပေါင်းသင်းပါ။ လူမှုကွန်ရက်ပေါ်ကမဟုတ်ဘဲ အပြင်မှာပါ တွေ့ဆုံကြတဲ့အခါ စိတ်တွေလန်းဆန်းလာနိုင်တယ်။
၈။ နည်းပညာပစ္စည်းတွေ
အဓိကပြောရရင်တော့ ဖုန်းပဲ။ လက်က ဖုန်းကိုမချနိုင်ဘူး။ မျက်လုံးကို ဖုန်းနဲ့ ကွန်ပျူတာနဲ့ မခွာနိုင်လောက်အောင် ဖြစ်နေတာလည်း သိပ်မကောင်းဘူုး။ တကယ်လှပတဲ့အရာတွေက ပြင်ပမှာဖြစ်တည်နေတာပါ။ Screen သေးသေးလေးထဲမှာ အလုံးစုံတည်ရှိနေတာမဟုတ်ဘူးနော်။
Credit:Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
ႀကီးပြားေရး
» စိတ္ခြန္အားနဲ႔ေပ်ာ္႐ႊင္မႈကို အဟန္႔အတားျဖစ္ေစတဲ့ ေန႔စဥ္လႈပ္႐ွားမႈ (၈) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။