iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ခ်စ္ရသူအတြက္ ဘာလုပ္ရလုပ္ရဆိုတဲ့ အခ်စ္မ်ိဳးကို သင္ပိုင္ဆုိင္ထားပါသလား။ အခ်စ္အတြက္ အသက္ပင္ေသေသဆိုတာေလာက္ မျဖစ္ႏိုင္ရင္ေတာင္ လူတစ္ေယာက္ဟာ အခ်စ္နဲ႔ေတြ႕လာတဲ့အခါ သူရဲ႕အမူအက်င့္၊ အႀကိဳက္ေတြ ေျပာင္းလဲသြားတတ္ၾကပါတယ္။ ဒါဟာ ရူးတာလို႔ သတ္မွတ္ရင္ေတာင္ တကယ္ခ်စ္မိသြားတဲ့သူေတြကေတာ့ ေက်ေက်နပ္နပ္ႀကီး ရူးေနၾကဦးမွာပါ။ ကဲ အခ်စ္ေၾကာင့္ ဘာေတြေျပာင္းလဲသြားတတ္ၾကပါသလဲ။

၁။တစ္ေယာက္တည္း မသြားရဲခဲ့တဲ့ခရီးမ်ိဳးဆိုလည္း သူနဲ႔ေတြ႕ဖုိ႔ဆုိ သြားရဲ၊ သြားႏိုင္သြားတာပဲ။ အရင္တုန္းကဆို ညအိပ္ညေန ခရီးသြားရမယ္ဆုိရင္ အေဖာ္ပါမွ၊ တစ္ေယာက္တည္းဆို မသြားရဲခဲ့ဘူးဆိုရင္ေတာင္ ကိုယ့္ခ်စ္သူနဲ႔ေတြ႕ရမယ့္ ခရီးစဥ္မ်ိဳးဆို ႏွစ္ခါမစဥ္းစားေတာ့ဘူး။ သြားမယ္လုိ႔ ဆံုးျဖတ္ခ်က္ခ်လိုက္တာပဲ။

၂။ကိုယ္မလြတ္တမ္းၾကည့္ျဖစ္တဲ့ ဇာတ္လမ္းတြဲေတြလည္း မၾကည့္ျဖစ္ေတာ့ဘူး။ သူနဲ႔ခ်ိန္းထားတယ္ဆုိ ဇာတ္လမ္းမၾကည့္ရလဲ ဘာအေရးလဲ။ ေနာက္မွျပန္ၾကည့္လည္းရတာပဲ။ အားလံုးနဲ႔လဲပစ္ႏိုင္တယ္ဆိုတာမ်ိဳးေပါ့။

၃။ကိုယ္မခ်စ္တဲ့ တိရိစၦာန္ေတြကို ထိန္းရတဲ့အျဖစ္ဆုိလည္း လက္ခံႏိုင္တာပဲ။ သူမရွိတဲ့အခ်ိန္ သူ႕အိမ္ကေခြး၊ ေၾကာင္ေတြကို ၾကည့္ေပးထားရမွာလား။ ရတယ္ေနာ္။ ကိုယ့္ခ်စ္သူအတြက္ ဒါေတြလည္း လုပ္ေပးႏိုင္တယ္။

၄။ခ်စ္ေတာ့လည္း သူ႕ရဲ႕မျပည့္စံုတဲ့အခ်က္ေတြ လက္ခံေပးႏိုင္ခဲ့တယ္။ ကိုယ္သတ္မွတ္တဲ့ ပံုစံနဲ႔လြဲေနတာေလးေတြကိုလည္း ကိုယ့္ဘက္က လက္ခံႏိုင္ေအာင္ ႀကိဳးစားေပးခဲ့တယ္။ အရင္နဲ႔ အခု ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲသြားတယ္ဆိုတာ သိပ္သိတာေပါ့။

၅။အခ်စ္အေၾကာင္း စာေတြ၊ ကဗ်ာေတြ ႀကိဳက္တတ္လာတယ္။ အရင္က မဖတ္ခဲ့တဲ့ စာေတြ၊ ကဗ်ာေလးေတြ ဖတ္ျဖစ္လာတယ္။ သူနဲ႔ေတြ႕တဲ့အခါလည္း သူ႕ကိုႏုႏုရြရြေလးေတြ ေျပာျဖစ္လာတယ္။

၆။အခ်စ္သီခ်င္းေတြ ပိုနားေထာင္ျဖစ္လာတယ္။ ကိုယ္က ေပါ့ပ္သီခ်င္းေတြ မႀကိဳက္ဘူး။ Metal ျမဴးဇစ္မ်ိဳးေတြမွ ရူးပါတယ္ဆုိရင္ေတာင္ ခ်စ္သူရလာတဲ့အခါ အခ်စ္သီခ်င္း ႏုႏုရြရြေလးေတြကို ခံစားတတ္လာတယ္။

 ၇။ကိုယ့္ခ်စ္သူရဲ႕မိဘကို တည့္ေအာင္ေပါင္းသင္းမယ္။ အရင္တုန္းက လူႀကီးေတြနဲ႔စကားေတြေျပာရတာ ခက္ခဲတယ္လို႔ ယူဆရင္ေတာင္ ခုေတာ့ ကိုယ့္ခ်စ္သူရဲ႕ မိဘေတြ အမွတ္ေပးခံရေအာင္ သူတို႔အႀကိဳက္ အလုိက္အထိုက္ေျပာတတ္ဆိုတတ္လာတယ္။

၈။ကိုယ့္ခ်စ္သူနဲ႔ ဖုန္းေျပာဖုိ႔၊ chat ဖို႔ ညဘက္ညည္႔နက္တဲ့အထိ ေနတတ္လာတယ္။ အရင္တုန္းက ေစာေစာအိပ္တတ္တယ္ဆုိရင္ေတာင္ ခုေတာ့ ခ်စ္သူနဲ႔ဖုန္းေျပာဖုိ႔အတြက္ ညည္႕နက္တဲ့အထိ ေနျဖစ္ေနတယ္။

 ၉။သူႀကိဳ္က္တဲ့ ဖက္ရွင္မ်ိဳးက ဘယ္လုိလဲဆုိၿပီး သိခ်င္၊ ဆင္ျမန္းျဖစ္လာတယ္။ သူက ဂါ၀န္ေလးေတြ ႀကိဳက္တာလား၊ ေဘာင္းဘီရွည္ကိုပဲ သေဘာက်တာလားဆိုတာ သိေအာင္ႀကိဳးစားၿပီး သူႀကိဳက္သလို ၀တ္ဆင္တတ္လာတယ္။

၁၀။သူႀကိဳက္တဲ့ အစားအစာေတြလည္း စမ္းၿပီးစားၾကည့္ခ်င္လာတယ္။ ကိုယ္အရင္က မစားဖူးခဲ့တဲ့ အစားအေသာက္ေတြကအစ သူႀကိဳက္တာမို႔ စားၾကည့္ခ်င္မိလာတယ္။
Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version #
ကိုယ်ချစ်ရသူအတွက် ဘာလုပ်ရလုပ်ရဆိုတဲ့ အချစ်မျိုးကို သင်ပိုင်ဆိုင်ထားပါသလား။ အချစ်အတွက် အသက်ပင်သေသေဆိုတာလောက် မဖြစ်နိုင်ရင်တောင် လူတစ်ယောက်ဟာ အချစ်နဲ့တွေ့လာတဲ့အခါ သူရဲ့အမူအကျင့်၊ အကြိုက်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါဟာ ရူးတာလို့ သတ်မှတ်ရင်တောင် တကယ်ချစ်မိသွားတဲ့သူတွေကတော့ ကျေကျေနပ်နပ်ကြီး ရူးနေကြဦးမှာပါ။ ကဲ အချစ်ကြောင့် ဘာတွေပြောင်းလဲသွားတတ်ကြပါသလဲ။

၁။တစ်ယောက်တည်း မသွားရဲခဲ့တဲ့ခရီးမျိုးဆိုလည်း သူနဲ့တွေ့ဖို့ဆို သွားရဲ၊ သွားနိုင်သွားတာပဲ။ အရင်တုန်းကဆို ညအိပ်ညနေ ခရီးသွားရမယ်ဆိုရင် အဖော်ပါမှ၊ တစ်ယောက်တည်းဆို မသွားရဲခဲ့ဘူးဆိုရင်တောင် ကိုယ့်ချစ်သူနဲ့တွေ့ရမယ့် ခရီးစဉ်မျိုးဆို နှစ်ခါမစဉ်းစားတော့ဘူး။ သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ။

၂။ကိုယ်မလွတ်တမ်းကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွဲတွေလည်း မကြည့်ဖြစ်တော့ဘူး။ သူနဲ့ချိန်းထားတယ်ဆို ဇာတ်လမ်းမကြည့်ရလဲ ဘာအရေးလဲ။ နောက်မှပြန်ကြည့်လည်းရတာပဲ။ အားလုံးနဲ့လဲပစ်နိုင်တယ်ဆိုတာမျိုးပေါ့။

၃။ကိုယ်မချစ်တဲ့ တိရိစ္ဆာန်တွေကို ထိန်းရတဲ့အဖြစ်ဆိုလည်း လက်ခံနိုင်တာပဲ။ သူမရှိတဲ့အချိန် သူ့အိမ်ကခွေး၊ ကြောင်တွေကို ကြည့်ပေးထားရမှာလား။ ရတယ်နော်။ ကိုယ့်ချစ်သူအတွက် ဒါတွေလည်း လုပ်ပေးနိုင်တယ်။

၄။ချစ်တော့လည်း သူ့ရဲ့မပြည့်စုံတဲ့အချက်တွေ လက်ခံပေးနိုင်ခဲ့တယ်။ ကိုယ်သတ်မှတ်တဲ့ ပုံစံနဲ့လွဲနေတာလေးတွေကိုလည်း ကိုယ့်ဘက်က လက်ခံနိုင်အောင် ကြိုးစားပေးခဲ့တယ်။ အရင်နဲ့ အခု ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲသွားတယ်ဆိုတာ သိပ်သိတာပေါ့။

၅။အချစ်အကြောင်း စာတွေ၊ ကဗျာတွေ ကြိုက်တတ်လာတယ်။ အရင်က မဖတ်ခဲ့တဲ့ စာတွေ၊ ကဗျာလေးတွေ ဖတ်ဖြစ်လာတယ်။ သူနဲ့တွေ့တဲ့အခါလည်း သူ့ကိုနုနုရွရွလေးတွေ ပြောဖြစ်လာတယ်။

၆။အချစ်သီချင်းတွေ ပိုနားထောင်ဖြစ်လာတယ်။ ကိုယ်က ပေါ့ပ်သီချင်းတွေ မကြိုက်ဘူး။ Metal မြူးဇစ်မျိုးတွေမှ ရူးပါတယ်ဆိုရင်တောင် ချစ်သူရလာတဲ့အခါ အချစ်သီချင်း နုနုရွရွလေးတွေကို ခံစားတတ်လာတယ်။

 ၇။ကိုယ့်ချစ်သူရဲ့မိဘကို တည့်အောင်ပေါင်းသင်းမယ်။ အရင်တုန်းက လူကြီးတွေနဲ့စကားတွေပြောရတာ ခက်ခဲတယ်လို့ ယူဆရင်တောင် ခုတော့ ကိုယ့်ချစ်သူရဲ့ မိဘတွေ အမှတ်ပေးခံရအောင် သူတို့အကြိုက် အလိုက်အထိုက်ပြောတတ်ဆိုတတ်လာတယ်။

၈။ကိုယ့်ချစ်သူနဲ့ ဖုန်းပြောဖို့၊ chat ဖို့ ညဘက်ညည့်နက်တဲ့အထိ နေတတ်လာတယ်။ အရင်တုန်းက စောစောအိပ်တတ်တယ်ဆိုရင်တောင် ခုတော့ ချစ်သူနဲ့ဖုန်းပြောဖို့အတွက် ညည့်နက်တဲ့အထိ နေဖြစ်နေတယ်။

 ၉။သူကြိုက်တဲ့ ဖက်ရှင်မျိုးက ဘယ်လိုလဲဆိုပြီး သိချင်၊ ဆင်မြန်းဖြစ်လာတယ်။ သူက ဂါဝန်လေးတွေ ကြိုက်တာလား၊ ဘောင်းဘီရှည်ကိုပဲ သဘောကျတာလားဆိုတာ သိအောင်ကြိုးစားပြီး သူကြိုက်သလို ဝတ်ဆင်တတ်လာတယ်။


၁၀။သူကြိုက်တဲ့ အစားအစာတွေလည်း စမ်းပြီးစားကြည့်ချင်လာတယ်။ ကိုယ်အရင်က မစားဖူးခဲ့တဲ့ အစားအသောက်တွေကအစ သူကြိုက်တာမို့ စားကြည့်ချင်မိလာတယ်။
Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top