iMyanmarHouse.com - Best Property Website for Myanmar
×

နႈတ္ခမ္းေျခာက္ျခင္း ၊ ကြဲအက္ျခင္းတို႔ဟာ ေဆာင္တြင္းမွာ အျဖစ္မ်ားတယ္ဆိုေပမယ့္ ရာသီမေရြး ျဖစ္ပြါးတတ္ပါတယ္ ။ ဒီလိုျဖစ္လာလွ်င္ နႈတ္ခမ္းနီအဆီလိမ္းေပးတာက ပံုမွန္ဆိုေပမယ့္ ေျဖရွင္းနည္း အစစ္ေတာ့ မဟုတ္ပါဘူး ။ ထိေရာက္မႈရွိေစမယ့္ ရိုးရွင္းေသာ ေျဖရွင္းနည္းေလးေတြကို ေျပာျပခ်င္ပါတယ္။

၁။ သၾကား နွင့္ ပ်ားရည္
သၾကား လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန္႔ နွင့္ ပ်ားရည္ ၁ဇြန္းတို႔ကို ေရာေနွာပါ ။ ထိုအေရာအေနွာဟာ နွုတ္ခမ္းေပၚသို႔ တင္ထားပါ ။ မိနစ္ အနည္းငယ္ခန္႔ၾကာလွွ်င္ ဆဲလ္ေသမ်ား ေပ်ာက္သြားေအာင္ လက္ျဖင့္ ေသခ်ာ အနွ႔ံပြတ္ေပးပါ။ ထို႔ေနာက္ ၾကက္သီးေႏြးေရျဖင့္ ေဆးခ်ပါ။ထိုသို႔ျပဳလုပ္ျခင္းအားျဖင့္ နွႈတ္ခမ္းသားကို နူးညံ့စိုေျပေစျပီး ပန္းနုေရာင္သမ္းေစမွာပါ။

၂။ အုန္းဆီ
သဘာဝအုန္းဆီက နွုတ္ခမ္း ကြဲအက္ေျခာက္ေသြ႕ျခင္းတို႔အတြက္ အစိုဓါတ္ထိန္းသိမ္းေပးနိုင္ပါသည္ ။ နည္းလမ္းေလးက ရိုးရိုးေလးပါပဲ ။ နွုတ္ခမ္းနီ အဆီကဲ့သို႔ အုန္းဆီအနည္းငယ္ကို နႈတ္ခမ္းေပၚမွာ မၾကာမၾကာ လိမ္းေပးထားရံုပါပဲ ။ အုန္းဆီ အစား သံလြင္ဆီ အသံုးျပဳလည္း ရပါတယ္ ။

၃။ ပ်ားရည္
သန္႔စင္ေသာ ပ်ားရည္ကိုလည္း အုန္းဆီကဲ့သို႔ပင္ မၾကာမၾကာ လိမ္းေပးပါ။ ပ်ားရည္ဟာ အစိုဓါတ္ထိန္းေပးတဲ့အျပင္ ပိုးမႊားကင္းစင္ေစေသာ ဂုဏ္သတၱိလည္းပါဝင္တာေၾကာင့္ နွုတ္ခမ္းသားေလးကို နူးညံ့စုိေျပေစတဲ့အျပင္ ပန္းနုေရာင္သမ္း လွပေစမွာပါ ။

၄။သခြားသီး
သခြားသီးမွာ ေအးျမေသာဓါတ္နွင့္ အေရျပားကို ေတာက္ပေစေသာ အစြမ္းသတၱိပါဝင္တာေၾကာင့္ နႈတ္ခမ္းသားကို နူးည့့ံေစျပီး နွုတ္ခမ္းသား မည္းျခင္းမွလည္း ကင္းေဝးေေစမွာပါ ။ သခြားသီး ကို အဝိုင္းပံုစံ လွီးျပီး နႈတ္ခမ္းေပၚသို႔ ေျဖးညွင္းစြာ ပြတ္ေပးပါ။ ၁၅ မိနစ္ၾကာလွ်င္ ေရျဖင့္ေဆးေၾကာေပးပါ ။ ပံုမွန္ျပဳလုပ္ေပးျခင္းျဖင့္ ရလဒ္ေကာင္းကို ရရွိေစမွာပါ။

၅။ေရ
ေရကလည္း အဓိကက်တဲ့ ကုထံုးပါပဲ ။ နႈတ္ခမ္းေတြ ေျခာက္ေသြ႕ကြဲအက္ျခင္း ၊ မည္းျခင္းတို႔ဟာ ေရဓါတ္နည္းျခင္းေၾကာင့္လည္း ျဖစ္ပါတယ္ ။ တစ္ေန႔လွ်င္ ေရကို ဖန္ခြက္ျဖင့္ ၁၀ခြက္မွ ၁၂ ခြက္ထိ ေသာက္သံုးေပးပါ။ နႈတ္ခမ္း နွင့္ ခႏၶာကိုယ္က်န္းမာဖို႔ ေရမ်ားမ်ားေသာက္ေပးပါ။

၆။ ရွားေစာင္းလက္ပက္
အိပ္ရာမဝင္ခင္ ရွားေစာင္းလက္ပက္ အနွစ္ကို နႈတ္ခမ္းေပၚမွာ လိမ္းေပးပါ။ ေအးျမမႈ နွင့္ နူးညံ့မႈတို႔ကို ခံစားရေစျပီး နႈတ္ခမ္းမည္းျခင္းကိုလည္း သက္သာေစမွာပါ။

Credit:CHAN ( ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
နှုတ်ခမ်းခြောက်ခြင်း ၊ ကွဲအက်ခြင်းတို့ဟာ ဆောင်တွင်းမှာ အဖြစ်များတယ်ဆိုပေမယ့် ရာသီမရွေး ဖြစ်ပွါးတတ်ပါတယ် ။ ဒီလိုဖြစ်လာလျှင် နှုတ်ခမ်းနီအဆီလိမ်းပေးတာက ပုံမှန်ဆိုပေမယ့် ဖြေရှင်းနည်း အစစ်တော့ မဟုတ်ပါဘူး ။ ထိရောက်မှုရှိစေမယ့် ရိုးရှင်းသော ဖြေရှင်းနည်းလေးတွေကို ပြောပြချင်ပါတယ်။

၁။ သကြား နှင့် ပျားရည်
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် နှင့် ပျားရည် ၁ဇွန်းတို့ကို ရောနှောပါ ။ ထိုအရောအနှောဟာ နှုတ်ခမ်းပေါ်သို့ တင်ထားပါ ။ မိနစ် အနည်းငယ်ခန့်ကြာလှျှင် ဆဲလ်သေများ ပျောက်သွားအောင် လက်ဖြင့် သေချာ အနှံ့ပွတ်ပေးပါ။ ထို့နောက် ကြက်သီးနွေးရေဖြင့် ဆေးချပါ။ထိုသို့ပြုလုပ်ခြင်းအားဖြင့် နှှုတ်ခမ်းသားကို နူးညံ့စိုပြေစေပြီး ပန်းနုရောင်သမ်းစေမှာပါ။

၂။ အုန်းဆီ
သဘာဝအုန်းဆီက နှုတ်ခမ်း ကွဲအက်ခြောက်သွေ့ခြင်းတို့အတွက် အစိုဓါတ်ထိန်းသိမ်းပေးနိုင်ပါသည် ။ နည်းလမ်းလေးက ရိုးရိုးလေးပါပဲ ။ နှုတ်ခမ်းနီ အဆီကဲ့သို့ အုန်းဆီအနည်းငယ်ကို နှုတ်ခမ်းပေါ်မှာ မကြာမကြာ လိမ်းပေးထားရုံပါပဲ ။ အုန်းဆီ အစား သံလွင်ဆီ အသုံးပြုလည်း ရပါတယ် ။

၃။ ပျားရည်
သန့်စင်သော ပျားရည်ကိုလည်း အုန်းဆီကဲ့သို့ပင် မကြာမကြာ လိမ်းပေးပါ။ ပျားရည်ဟာ အစိုဓါတ်ထိန်းပေးတဲ့အပြင် ပိုးမွှားကင်းစင်စေသော ဂုဏ်သတ္တိလည်းပါဝင်တာကြောင့် နှုတ်ခမ်းသားလေးကို နူးညံ့စိုပြေစေတဲ့အပြင် ပန်းနုရောင်သမ်း လှပစေမှာပါ ။

၄။သခွားသီး
သခွားသီးမှာ အေးမြသောဓါတ်နှင့် အရေပြားကို တောက်ပစေသော အစွမ်းသတ္တိပါဝင်တာကြောင့် နှုတ်ခမ်းသားကို နူးည့ံ့စေပြီး နှုတ်ခမ်းသား မည်းခြင်းမှလည်း ကင်းဝေးေစေမှာပါ ။ သခွားသီး ကို အဝိုင်းပုံစံ လှီးပြီး နှုတ်ခမ်းပေါ်သို့ ဖြေးညှင်းစွာ ပွတ်ပေးပါ။ ၁၅ မိနစ်ကြာလျှင် ရေဖြင့်ဆေးကြောပေးပါ ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ရလဒ်ကောင်းကို ရရှိစေမှာပါ။

၅။ရေ
ရေကလည်း အဓိကကျတဲ့ ကုထုံးပါပဲ ။ နှုတ်ခမ်းတွေ ခြောက်သွေ့ကွဲအက်ခြင်း ၊ မည်းခြင်းတို့ဟာ ရေဓါတ်နည်းခြင်းကြောင့်လည်း ဖြစ်ပါတယ် ။ တစ်နေ့လျှင် ရေကို ဖန်ခွက်ဖြင့် ၁၀ခွက်မှ ၁၂ ခွက်ထိ သောက်သုံးပေးပါ။ နှုတ်ခမ်း နှင့် ခန္ဓာကိုယ်ကျန်းမာဖို့ ရေများများသောက်ပေးပါ။

၆။ ရှားစောင်းလက်ပက်
အိပ်ရာမဝင်ခင် ရှားစောင်းလက်ပက် အနှစ်ကို နှုတ်ခမ်းပေါ်မှာ လိမ်းပေးပါ။ အေးမြမှု နှင့် နူးညံ့မှုတို့ကို ခံစားရစေပြီး နှုတ်ခမ်းမည်းခြင်းကိုလည်း သက်သာစေမှာပါ။

Credit:CHAN ( ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top