iMyanmarHouse.com - Best Property Website for Myanmar
×

“ေပ်ာ္ရႊင္မႈဆိုတာ သူ႔အလိုလိုျဖစ္လာတာမဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ရဲ႕လုပ္ေဆာင္မႈေတြကပဲ ေပ်ာ္ရႊင္မႈေတြကို ျဖစ္လာေစတာပါ” လို႔ ဒလိုင္းလားမား ဘုန္းေတာ္ၾကီးက ေျပာခဲ႔ပါတယ္။ ဒါေပမယ္႔ဘယ္လိုမ်ိဳးလုပ္ေဆာင္မႈေတြကို လုပ္ေဆာင္ရင္ ကြ်န္ေတာ္တို႔ေပ်ာ္ရႊင္ႏိုင္မလဲ။ ေပ်ာ္ရႊင္မႈဆိုတာကို လူတစ္ေယာက္နဲ႔ တစ္ေယာက္အဓိပၸာယ္ဖြင္႔ဆိုပံုခ်င္း တူညီႏိုင္မွာမဟုတ္ပါဘူး။ တခ်ိဳ႕က ေကာ္ဖီနံ႕ေလးသင္းေနတဲ႔ေနရာတစ္ေနရာမွာ စာအုပ္ထိုင္ဖတ္ရတာကို ေပ်ာ္ရႊင္မယ္။ တခ်ိဳ႕ကေတာ႔ ကမၻာလွည္႔ခရီးသြားေနရတာကို ေပ်ာ္ရႊင္မယ္။ ဒါေပမယ္႔ စိတ္ပညာအမ်ားစုသေဘာတူလက္ခံထားတာကေတာ႔ ကြ်န္ေတာ္တို႔ရဲ႕ေပ်ာ္ရႊင္မႈေတြကို မ်ိဳးရိုးဗီဇက (၅၀) ရာခိုင္ႏႈန္း၊ ကြ်န္ေတာ္တို႔ရဲ႕ေန႕စဥ္လုပ္ေဆာင္မႈေတြက (၄၀) ရာခိုင္ႏႈန္း၊ ကြ်န္ေတာ္တို႔ရဲ႕ ဘဝအေျခအေနေတြက (၁၀) ရာခိုင္ႏႈန္းလႊမ္းမိုးထားတယ္လို႔ ဆိုပါတယ္။ ေပ်ာ္ရႊင္မႈက ကြ်န္ေတာ္တို႔ိကိုအသက္ပိုရွည္ေစတယ္။ စိတ္ဖိစီးမႈကို ေလ်ာ႔က်ေစတယ္။ ကြ်န္ေတာ္တို႔ရဲ႕လုပ္ရည္ကိုင္ရည္ကိုလည္း တိုးတက္ေစပါတယ္။ ဒါဆိုဘယ္လိုနည္းလမ္းေတြနဲ႔ ပိုမိုေပ်ာ္ရႊင္ေအာင္ ေနၾကမလဲ ၾကည္႔လိုက္ၾကရေအာင္။

၁။ အသီးအႏွံမ်ားမ်ားစားပါ

ဝါးဝစ္ခ္တကၠသိုလ္ (University of Warwick) ရဲ႕သုေတသနအရေတာ႔ အသီးအႏွံေတြကို စားသံုးေပးျခင္းက ကြ်န္ေတာ္တို႔ရဲ႕ေပ်ာ္ရႊင္မႈကို ပိုမိုတိုးတက္ေစပါတယ္တဲ႔။ ဒါေၾကာင္႔ ကြ်န္ေတာ္တို႔ရဲ႕ေန႕စဥ္အစားအေသာက္ေတြမွာ အသီးအႏွံေတြကို ပိုမိုထည္႔သြင္းစားသံုးေပးဖို႔ လိုအပ္ျပီး အသီးေဖ်ာ္ရည္လည္း မ်ားမ်ားေသာက္ေပးသင္႔ပါတယ္။

၂။ လူမႈကြန္ရက္သံုးစြဲခ်ိန္ကိုေလွ်ာ႔ပါ

Facebook တို႔၊ Twitter တို႔လို လူမႈကြန္ရက္ေတြဟာ သတင္းအခ်က္အလက္ရရွိဖို႔အတြက္ ေကာင္းမြန္တဲ႔ သတင္းရင္းျမစ္ေတြျဖစ္ေစမယ္႔ လူေတြကို တစ္ေနရာတည္းမွာစုထားတဲ႔အခါ ျဖစ္တတ္တဲ႔ထံုးစံအတိုင္း လူမႈေရးျပႆနာေလးေတြကေတာ႔ မ်ားျပားလွပါတယ္။ တစ္ခါတေလ ကိုယ္႔ရဲ႕ယံုၾကည္မႈေတြနဲ႕ ကြဲလြဲေနတဲ႔ အမူအရာေတြကို ေတြ႕ျမင္ေနရတာဟာ စိတ္ညစ္ညဴးစရာပါပဲ။ Facebook Account deactivate ခဏေလာက္လုပ္ျပီး ေနၾကည္႔ပါ။ အဲဒါကခင္ဗ်ားကို ပိုမိုေပ်ာ္ရႊင္ေစႏိုင္ပါလိမ္႔မယ္။

၃။ လမ္းမ်ားမ်ားေလွ်ာက္ပါ

အေရွ႕အင္ဂလီယာတကၠသိုလ္ (University of East Anglia) ရဲ႕သုေတသနအရေတာ႔ ေန႕စဥ္လမ္းေလွ်ာက္ေပးတဲ႔လူေတြဟာ က်န္းမာေရးပိုေကာင္း၊ အလုပ္မွာ ပိုမိုအာရံုစူးစိုက္ႏိုင္ျပီး စိတ္ဖိစီးမႈကိုလည္းေလ်ာ႔က်ေစပါတယ္တဲ႔။ စိတ္ဖိစီးမႈနည္းပါးတဲ႔သူေတြဟာ ပိုမိုေပ်ာ္ရႊင္မယ္ဆိုတာကိုေတာ႔ ေျပာေနစရာမလိုေတာ႔ပါဘူးေနာ္။

၄။ ခ်စ္စဖြယ္အိိမ္ေမြးတိရစၦာန္ပံုေလးေတြကိုၾကည္႔ေပးပါ

ဟီရိုရွီးမား တကၠသိုလ္(University of Hiroshima) ရဲ႕သုေတသီေတြကေတာ႔ ခ်စ္စဖြယ္အိမ္ေမြးတိရစၦာန္ပံုေလးေတြကိုၾကည္႔ေပးျခင္းက ကြ်န္ေတာ္တို႔ရဲ႕ ေပ်ာ္ရႊင္တဲ႔စိတ္ခံစားမႈေတြကိုႏႈိးဆြေပးၿပီး အလုပ္မွာအာရံုစူးစိုက္ႏိုင္စြမ္းကိုလည္း တိုးပြားေစပါတယ္တဲ႔။

၅။ တစ္ေန႔ကိုတစ္နာရီေလာက္ ပိုအိပ္ေပးပါ

ဆာေရးတကၠသိုလ္ (University of Surrey) ရဲ႕အိပ္စက္ျခင္းသုေတသနဌာနကေတာ႔ တစ္ေန႕ကိုတစ္နာရီေလာက္ ပိုအိပ္ေပးျခင္းက ကြ်န္ေတာ္တို႔ကို ပိုမိုေပ်ာ္ရႊင္ေစႏိုင္ပါတယ္တဲ႔။ အိ္ပ္ယာေစာေစာဝင္ေပးျခင္းနဲ႔ အိပ္ယာမဝင္ခင္ (၃) နာရီေလာက္အလိုမွာ ေကာ္ဖီေသာက္သံုးျခင္းကို ေရွာင္ရွားသင္႔ပါတယ္။

၆။ အပန္းေျဖခရီးထြက္ပါ

ေရာ႔တာဒမ္တကၠသိုလ္ (University of Rotterdam) ရဲ႕သုေတသနကေတာ႔ အပန္းေျခခရီးတစ္ခုသြားဖို႔ ျပင္ဆင္တာနဲ႔ တကယ္သြားလိုက္တာက ကြ်န္ေတာ္တို႔ရဲ႕ေပ်ာ္ရႊင္မႈနဲ႔ စိတ္လႈပ္ရွားမႈကိုႏႈိးဆြေပးႏိုင္ျပီး အဲဒီခံစားခ်က္ေတြကလည္း (၈) ပတ္ေလာက္ခံပါသတဲ႔။

၇။ ေပြ႕ဖက္ပါ

ေနာက္ထပ္သုေတသနတစ္ခုက ေဖာ္ျပေနတာကေတာ႔ လူတစ္ဦးနဲ႔တစ္ဦးေပြ႕ဖက္ျခင္းဟာ ကြ်န္ေတာ္တို႔ဦးေႏွာက္ကထုတ္လႊတ္ေပးတဲ႔ (အခ်စ္ေဟာ္မုန္းလို႔လူသိမ်ားတဲ႔) oxytocin ေဟာ္မုန္းပမာဏကို ပိုမိုမ်ားျပားေစျပီး ကြ်န္ေတာ္တို႔ကို ပိုမိုေပ်ာ္ရႊင္ေစပါတယ္တဲ႔။ ဒါေၾကာင္႔ အေဖ၊ အေမ၊ သူငယ္ခ်င္း၊ ခ်စ္သူတို႔လို ခ်စ္ခင္ျမတ္ႏိုးရသူေတြနဲ႕ အခ်ိန္ပိုျဖဳန္းေပးသင္႔ျပီး သူတို႔နဲ႔ေပြ႕ဖက္ဖို႔ကိုလည္း မရွက္ရြံ႕ပါနဲ႔။

၈။ ေပ်ာ္ရႊင္တဲ႔လူေတြနဲ႔ အခ်ိန္ျဖဳန္းပါ

ဟားဗတ္နဲ႔ ဆန္ဒီဂိုတကၠသိုလ္ေတြက သုေတသီေတြကေတာ႔ ေပ်ာ္ရႊင္တဲ႔လူေတြနဲ႔အတူေနျခင္းက ခင္ဗ်ားရဲ႕ေပ်ာ္ရႊင္မႈကိုလည္း (၉) ရာခိုင္ႏႈန္းေလာက္ တိုးေစပါတယ္တဲ႔။ ဒါေၾကာင္႔ တစ္ပတ္တစ္ခါ (သို႕) တစ္လတစ္ခါေလာက္ အခင္ဆံုးသူငယ္ခ်င္းေတြနဲ႕ ဆံုေပးဖုိ႔လည္း မေမ႔ပါနဲ႕ဦး။

၉။ သီခ်င္းနားေထာင္ပါ

မက္ေဂးတကၠသုိလ္ (University of McGill) က သိပၸံပညာရွင္ေတြကေတာ႔ ကြ်န္ေတာ္တို႔အႏွစ္သက္ဆံုးသီခ်င္းေတြကိုနားေထာင္ေပးျခင္းက dopamine လုိ႔ေခၚတဲ႔ ကြ်န္ေတာ္တို႔ကိုေပ်ာ္ရႊင္ေစတဲ႔ ေဟာ္မုန္းေတြကိုျဖစ္ေပၚေစပါတယ္လို႔ ဆိုထားပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
“ပျော်ရွှင်မှုဆိုတာ သူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေကပဲ ပျော်ရွှင်မှုတွေကို ဖြစ်လာစေတာပါ” လို့ ဒလိုင်းလားမား ဘုန်းတော်ကြီးက ပြောခဲ့ပါတယ်။ ဒါပေမယ့်ဘယ်လိုမျိုးလုပ်ဆောင်မှုတွေကို လုပ်ဆောင်ရင် ကျွန်တော်တို့ပျော်ရွှင်နိုင်မလဲ။ ပျော်ရွှင်မှုဆိုတာကို လူတစ်ယောက်နဲ့ တစ်ယောက်အဓိပ္ပာယ်ဖွင့်ဆိုပုံချင်း တူညီနိုင်မှာမဟုတ်ပါဘူး။ တချို့က ကော်ဖီနံ့လေးသင်းနေတဲ့နေရာတစ်နေရာမှာ စာအုပ်ထိုင်ဖတ်ရတာကို ပျော်ရွှင်မယ်။ တချို့ကတော့ ကမ္ဘာလှည့်ခရီးသွားနေရတာကို ပျော်ရွှင်မယ်။ ဒါပေမယ့် စိတ်ပညာအများစုသဘောတူလက်ခံထားတာကတော့ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေကို မျိုးရိုးဗီဇက (၅၀) ရာခိုင်နှုန်း၊ ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေက (၄၀) ရာခိုင်နှုန်း၊ ကျွန်တော်တို့ရဲ့ ဘဝအခြေအနေတွေက (၁၀) ရာခိုင်နှုန်းလွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ ပျော်ရွှင်မှုက ကျွန်တော်တို့ိကိုအသက်ပိုရှည်စေတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ ကျွန်တော်တို့ရဲ့လုပ်ရည်ကိုင်ရည်ကိုလည်း တိုးတက်စေပါတယ်။ ဒါဆိုဘယ်လိုနည်းလမ်းတွေနဲ့ ပိုမိုပျော်ရွှင်အောင် နေကြမလဲ ကြည့်လိုက်ကြရအောင်။

၁။ အသီးအနှံများများစားပါ

ဝါးဝစ်ခ်တက္ကသိုလ် (University of Warwick) ရဲ့သုတေသနအရတော့ အသီးအနှံတွေကို စားသုံးပေးခြင်းက ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ပိုမိုတိုးတက်စေပါတယ်တဲ့။ ဒါကြောင့် ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်တွေမှာ အသီးအနှံတွေကို ပိုမိုထည့်သွင်းစားသုံးပေးဖို့ လိုအပ်ပြီး အသီးဖျော်ရည်လည်း များများသောက်ပေးသင့်ပါတယ်။

၂။ လူမှုကွန်ရက်သုံးစွဲချိန်ကိုလျှော့ပါ

Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေဟာ သတင်းအချက်အလက်ရရှိဖို့အတွက် ကောင်းမွန်တဲ့ သတင်းရင်းမြစ်တွေဖြစ်စေမယ့် လူတွေကို တစ်နေရာတည်းမှာစုထားတဲ့အခါ ဖြစ်တတ်တဲ့ထုံးစံအတိုင်း လူမှုရေးပြဿနာလေးတွေကတော့ များပြားလှပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ယုံကြည်မှုတွေနဲ့ ကွဲလွဲနေတဲ့ အမူအရာတွေကို တွေ့မြင်နေရတာဟာ စိတ်ညစ်ညူးစရာပါပဲ။ Facebook Account deactivate ခဏလောက်လုပ်ပြီး နေကြည့်ပါ။ အဲဒါကခင်ဗျားကို ပိုမိုပျော်ရွှင်စေနိုင်ပါလိမ့်မယ်။


၃။ လမ်းများများလျှောက်ပါ

အရှေ့အင်ဂလီယာတက္ကသိုလ် (University of East Anglia) ရဲ့သုတေသနအရတော့ နေ့စဉ်လမ်းလျှောက်ပေးတဲ့လူတွေဟာ ကျန်းမာရေးပိုကောင်း၊ အလုပ်မှာ ပိုမိုအာရုံစူးစိုက်နိုင်ပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်တဲ့။ စိတ်ဖိစီးမှုနည်းပါးတဲ့သူတွေဟာ ပိုမိုပျော်ရွှင်မယ်ဆိုတာကိုတော့ ပြောနေစရာမလိုတော့ပါဘူးနော်။

၄။ ချစ်စဖွယ်အိမ်မွေးတိရစ္ဆာန်ပုံလေးတွေကိုကြည့်ပေးပါ

ဟီရိုရှီးမား တက္ကသိုလ်(University of Hiroshima) ရဲ့သုတေသီတွေကတော့ ချစ်စဖွယ်အိမ်မွေးတိရစ္ဆာန်ပုံလေးတွေကိုကြည့်ပေးခြင်းက ကျွန်တော်တို့ရဲ့ ပျော်ရွှင်တဲ့စိတ်ခံစားမှုတွေကိုနှိုးဆွပေးပြီး အလုပ်မှာအာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးပွားစေပါတယ်တဲ့။

၅။ တစ်နေ့ကိုတစ်နာရီလောက် ပိုအိပ်ပေးပါ

ဆာရေးတက္ကသိုလ် (University of Surrey) ရဲ့အိပ်စက်ခြင်းသုတေသနဌာနကတော့ တစ်နေ့ကိုတစ်နာရီလောက် ပိုအိပ်ပေးခြင်းက ကျွန်တော်တို့ကို ပိုမိုပျော်ရွှင်စေနိုင်ပါတယ်တဲ့။ အိပ်ယာစောစောဝင်ပေးခြင်းနဲ့ အိပ်ယာမဝင်ခင် (၃) နာရီလောက်အလိုမှာ ကော်ဖီသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။

၆။ အပန်းဖြေခရီးထွက်ပါ

ရော့တာဒမ်တက္ကသိုလ် (University of Rotterdam) ရဲ့သုတေသနကတော့ အပန်းခြေခရီးတစ်ခုသွားဖို့ ပြင်ဆင်တာနဲ့ တကယ်သွားလိုက်တာက ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကိုနှိုးဆွပေးနိုင်ပြီး အဲဒီခံစားချက်တွေကလည်း (၈) ပတ်လောက်ခံပါသတဲ့။

၇။ ပွေ့ဖက်ပါ

နောက်ထပ်သုတေသနတစ်ခုက ဖော်ပြနေတာကတော့ လူတစ်ဦးနဲ့တစ်ဦးပွေ့ဖက်ခြင်းဟာ ကျွန်တော်တို့ဦးနှောက်ကထုတ်လွှတ်ပေးတဲ့ (အချစ်ဟော်မုန်းလို့လူသိများတဲ့) oxytocin ဟော်မုန်းပမာဏကို ပိုမိုများပြားစေပြီး ကျွန်တော်တို့ကို ပိုမိုပျော်ရွှင်စေပါတယ်တဲ့။ ဒါကြောင့် အဖေ၊ အမေ၊ သူငယ်ချင်း၊ ချစ်သူတို့လို ချစ်ခင်မြတ်နိုးရသူတွေနဲ့ အချိန်ပိုဖြုန်းပေးသင့်ပြီး သူတို့နဲ့ပွေ့ဖက်ဖို့ကိုလည်း မရှက်ရွံ့ပါနဲ့။

၈။ ပျော်ရွှင်တဲ့လူတွေနဲ့ အချိန်ဖြုန်းပါ

ဟားဗတ်နဲ့ ဆန်ဒီဂိုတက္ကသိုလ်တွေက သုတေသီတွေကတော့ ပျော်ရွှင်တဲ့လူတွေနဲ့အတူနေခြင်းက ခင်ဗျားရဲ့ပျော်ရွှင်မှုကိုလည်း (၉) ရာခိုင်နှုန်းလောက် တိုးစေပါတယ်တဲ့။ ဒါကြောင့် တစ်ပတ်တစ်ခါ (သို့) တစ်လတစ်ခါလောက် အခင်ဆုံးသူငယ်ချင်းတွေနဲ့ ဆုံပေးဖို့လည်း မမေ့ပါနဲ့ဦး။

၉။ သီချင်းနားထောင်ပါ

မက်ဂေးတက္ကသိုလ် (University of McGill) က သိပ္ပံပညာရှင်တွေကတော့ ကျွန်တော်တို့အနှစ်သက်ဆုံးသီချင်းတွေကိုနားထောင်ပေးခြင်းက dopamine လို့ခေါ်တဲ့ ကျွန်တော်တို့ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကိုဖြစ်ပေါ်စေပါတယ်လို့ ဆိုထားပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top