iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ညႇပ္ဆုိင္သြားျပီး ျပန္လာတဲ့အခါ လူတိုင္းမွာ စိတ္ဆႏၵတစ္ခုရွိပါတယ္။ ဒါကေတာ့ နဂိုကထက္ ၾကည့္ေကာင္းတဲ့ပံုစံမ်ိဳးရွိေနခ်င္တာပါ။ နဂိုထက္မေကာင္းဘူးဆိုရင္ေတာင္ ကိုယ္နဲ႔လိုက္ဖက္ျပီး ပံုမွန္ၾကည့္ေကာင္းတဲ့ ပံုေလးေတာ့ ရခ်င္ပါတယ္။ မလိုက္ဖက္တဲ့ ပံုကို ညႇပ္မိရတဲ့အေၾကာင္းအရင္းေတြထဲမွာ ဆံသဆရာနဲ႔ ေသခ်ာညိွႏႈိင္းျခင္းမရွိတဲ့အခ်က္လည္း ပါဝင္ပါတယ္။ ဆံပင္မညႇပ္ခင္ ဆံသဆရာကို ဒီအခ်က္ေလးေတြ ေမးျပီးမွ ညႇပ္သင့္ပါတယ္။

၁ - လိုက္ပါ့မလား

ဒါက ေမးကို ေမးရမွာပါ၊ ေဘာ့ဘ္ဆံပင္ပံုစံမ်ိဳးဟာ တျခားလူေတြဆီမွာ ၾကည့္ေကာင္းေပမယ့္ သင့္မ်က္ႏွာနဲ႔ လိုက္ဖက္ပါ့မလားဆုိတာ ေမးရမွာပါ။ ဒီလိုေမးလိုက္မွ သူ႔ဘက္က သင့္မ်က္ႏွာက်ကို ပိုေလ့လာျဖစ္ျပီး သင္ညႇပ္ခ်င္တဲ့ပံုဟာ တကယ္လိုက္ဖက္မႈရွိမရွိ မညႇပ္ခင္ ေသခ်ာသံုးသပ္ျဖစ္သြားမွာပါ။

၂ - ဘယ္ေလာက္တုိသြားမလဲ

ဆံပင္ညႇပ္တဲ့အခါ အရမ္းတိုသြားမွာကို ေၾကာက္တတ္တာဟာ မိန္းကေလးေတြတင္မဟုတ္ဘဲ ေယာက်ာ္းေလးေတြမွာလည္း ျဖစ္တတ္ပါတယ္။ ဆံသဆရာနဲ႔ ဆံပင္ညႇပ္သူၾကားနားလည္မႈလြဲတတ္ဆံုး ကိစၥရပ္လည္း ျဖစ္ပါတယ္။ အရမ္းတုိသြားတယ္ဆိုတဲ့စကားဟာ ဆံပင္ညႇပ္ျပီးစလူေတြဆီက ခဏခဏ ၾကားရတတ္ပါတယ္။ ဒီလုိမျဖစ္ရေအာင္ ညႇပ္ခ်င္တဲ့ ဆံပင္ပံုစံကို ေျပာျပီးတာနဲ႔ ဘယ္ေလာက္တိုသြားႏုိင္လဲဆုိတာကို တုိင္ပင္ညိႇႏႈိင္းထားသင့္ပါတယ္။

၃ - ေန႔စဥ္္ပံုစံ

ညႇပ္ေနတုန္းနဲ႔ ညႇပ္ျပီးစအခ်ိန္မွာ ၾကည့္လို႔ေကာင္းပါတယ္။ ဆံပင္ညႇပ္ဆုိင္က ထြက္လာျပီးျပီးခ်င္း ၾကည့္လို႔ေကာင္းပါတယ္။ ဒါေပမယ့္ အနည္းငယ္ၾကာတဲ့အခါ ညႇပ္ခါစကလို ၾကည့္မေကာင္းဘူးလို႔ ထင္ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆံပင္မညႇပ္ခင္ ဒီအခ်က္ကို ထည့္တြက္ျပီး ဆံသဆရာေတြနဲ႔ တုိင္ပင္သင့္ပါတယ္။

၄ - ဘယ္အခ်ိန္ေလာက္ျပန္လာသင့္လဲ

ေတာ္ေတာ္မ်ားမ်ားကေတာ့ ေမးေလ့မရွိၾကပါဘူး။ ဆံပင္ပံုမက်ေတာ့ဘူးလို႔ထင္တဲ့အခ်ိန္ၾကမွ ဆံသဆုိင္ကို ေနာက္တစ္ေခါက္ သြားၾကတာပါပဲ။ ဒါေပမယ့္ သင့္ဆံပင္ပံုကို ပံုမွန္ထိန္းထားဖို႔အတြက္ ဘယ္အခ်ိန္ျပန္လာသင့္လဲ ေမးသင့္ပါတယ္။ ေယာက်ာ္းေလးေတြဆိုရင္ေတာ့ ေဘးဘက္ရွိတ္ထားတဲ့ေနရာေတြကို သစ္လြင္တဲ့ပံုမ်ိဳးျဖစ္ေနေအာင္ မၾကာခဏ ျပန္သြားညႇပ္ေလ့ရွိၾကပါတယ္။

၅ - ျဖစ္ႏုိင္ပါ့မလား

သင့္ညႇပ္ခ်င္တဲ့ပံုစံမ်ိဳး ေသခ်ာရပါ့မလားဆုိတာကို တိတိက်က် ေမးသင့္ပါတယ္။ မရႏုိင္ဘူးဆုိရင္ သင့္ဘက္က ေနာက္တစ္မ်ိဳးကို ရွင္းရွင္းလင္းလင္းစဥ္းစားလို႔ရပါတယ္။ ဆံပင္ရွည္ဖို႔ လိုေသးတယ္ဆိုရင္လည္း ထပ္ေစာင့္ရမွာပါ။ ဒီလိုမွ မဟုတ္ဘဲ စညွပ္ကတည္းက ႏွစ္ေယာက္စလံုးက ရွင္းရွင္းလင္းလင္းမရွိဘဲ လိုခ်င္တဲ့ပံုမ်ိဳးမရဘူးဆုိရင္ ကသိကေအာက္ ျဖစ္ရပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဆံပင်ညှပ်ဆိုင်သွားပြီး ပြန်လာတဲ့အခါ လူတိုင်းမှာ စိတ်ဆန္ဒတစ်ခုရှိပါတယ်။ ဒါကတော့ နဂိုကထက် ကြည့်ကောင်းတဲ့ပုံစံမျိုးရှိနေချင်တာပါ။ နဂိုထက်မကောင်းဘူးဆိုရင်တောင် ကိုယ်နဲ့လိုက်ဖက်ပြီး ပုံမှန်ကြည့်ကောင်းတဲ့ ပုံလေးတော့ ရချင်ပါတယ်။ မလိုက်ဖက်တဲ့ ပုံကို ညှပ်မိရတဲ့အကြောင်းအရင်းတွေထဲမှာ ဆံသဆရာနဲ့ သေချာညှိနှိုင်းခြင်းမရှိတဲ့အချက်လည်း ပါဝင်ပါတယ်။ ဆံပင်မညှပ်ခင် ဆံသဆရာကို ဒီအချက်လေးတွေ မေးပြီးမှ ညှပ်သင့်ပါတယ်။

၁ - လိုက်ပါ့မလား

ဒါက မေးကို မေးရမှာပါ၊ ဘော့ဘ်ဆံပင်ပုံစံမျိုးဟာ တခြားလူတွေဆီမှာ ကြည့်ကောင်းပေမယ့် သင့်မျက်နှာနဲ့ လိုက်ဖက်ပါ့မလားဆိုတာ မေးရမှာပါ။ ဒီလိုမေးလိုက်မှ သူ့ဘက်က သင့်မျက်နှာကျကို ပိုလေ့လာဖြစ်ပြီး သင်ညှပ်ချင်တဲ့ပုံဟာ တကယ်လိုက်ဖက်မှုရှိမရှိ မညှပ်ခင် သေချာသုံးသပ်ဖြစ်သွားမှာပါ။

၂ - ဘယ်လောက်တိုသွားမလဲ

ဆံပင်ညှပ်တဲ့အခါ အရမ်းတိုသွားမှာကို ကြောက်တတ်တာဟာ မိန်းကလေးတွေတင်မဟုတ်ဘဲ ယောကျာ်းလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆံသဆရာနဲ့ ဆံပင်ညှပ်သူကြားနားလည်မှုလွဲတတ်ဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ အရမ်းတိုသွားတယ်ဆိုတဲ့စကားဟာ ဆံပင်ညှပ်ပြီးစလူတွေဆီက ခဏခဏ ကြားရတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ညှပ်ချင်တဲ့ ဆံပင်ပုံစံကို ပြောပြီးတာနဲ့ ဘယ်လောက်တိုသွားနိုင်လဲဆိုတာကို တိုင်ပင်ညှိနှိုင်းထားသင့်ပါတယ်။

၃ - နေ့စဉ်ပုံစံ

ညှပ်နေတုန်းနဲ့ ညှပ်ပြီးစအချိန်မှာ ကြည့်လို့ကောင်းပါတယ်။ ဆံပင်ညှပ်ဆိုင်က ထွက်လာပြီးပြီးချင်း ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အနည်းငယ်ကြာတဲ့အခါ ညှပ်ခါစကလို ကြည့်မကောင်းဘူးလို့ ထင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်မညှပ်ခင် ဒီအချက်ကို ထည့်တွက်ပြီး ဆံသဆရာတွေနဲ့ တိုင်ပင်သင့်ပါတယ်။

၄ - ဘယ်အချိန်လောက်ပြန်လာသင့်လဲ

တော်တော်များများကတော့ မေးလေ့မရှိကြပါဘူး။ ဆံပင်ပုံမကျတော့ဘူးလို့ထင်တဲ့အချိန်ကြမှ ဆံသဆိုင်ကို နောက်တစ်ခေါက် သွားကြတာပါပဲ။ ဒါပေမယ့် သင့်ဆံပင်ပုံကို ပုံမှန်ထိန်းထားဖို့အတွက် ဘယ်အချိန်ပြန်လာသင့်လဲ မေးသင့်ပါတယ်။ ယောကျာ်းလေးတွေဆိုရင်တော့ ဘေးဘက်ရှိတ်ထားတဲ့နေရာတွေကို သစ်လွင်တဲ့ပုံမျိုးဖြစ်နေအောင် မကြာခဏ ပြန်သွားညှပ်လေ့ရှိကြပါတယ်။

၅ - ဖြစ်နိုင်ပါ့မလား

သင့်ညှပ်ချင်တဲ့ပုံစံမျိုး သေချာရပါ့မလားဆိုတာကို တိတိကျကျ မေးသင့်ပါတယ်။ မရနိုင်ဘူးဆိုရင် သင့်ဘက်က နောက်တစ်မျိုးကို ရှင်းရှင်းလင်းလင်းစဉ်းစားလို့ရပါတယ်။ ဆံပင်ရှည်ဖို့ လိုသေးတယ်ဆိုရင်လည်း ထပ်စောင့်ရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ စညှပ်ကတည်းက နှစ်ယောက်စလုံးက ရှင်းရှင်းလင်းလင်းမရှိဘဲ လိုချင်တဲ့ပုံမျိုးမရဘူးဆိုရင် ကသိကအောက် ဖြစ်ရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top