ခဏတာ ဆုံခဲ့ရပေမယ့်
နင်ဘယ်မှာလဲ ငါမသိ
အမှတ်တရလေးတွေကတော့
ကပ်ငြိပါလာဆဲပါပဲ။
နင်လည်း နင့်ဘ၀နဲ့နင်
ပို့သပေးပါတယ်။
#Unicode Version
ခဏတာ ဆုံခဲ့ရပေမယ့်
တစ်သက်တာ အမှတ်တရတွေကျန်နေခဲ့တယ်။
ဆုံမှတ်တွေလွဲခဲ့ကြပေမယ့်
သတိရခြင်းတွေတော့ နီးစပ်နေတုန်း။
နင်ဘယ်မှာလဲ ငါမသိ
ငါဘယ်မှာလဲ နင်မသိတော့ပေမယ့်
နင်အကြောင်းတွေတွေးရင် ပြုံးလို့ နေမိသေးတယ်။
ဆိုပြဖူးတဲ့ သီချင်းသံကြားတိုင်း
လိုက်ညည်းလို့ နေမိသေးတယ်။
အချိန်တွေကြာခဲ့ပေမယ့်
အမှတ်တရလေးတွေကတော့
ကပ်ငြိပါလာဆဲပါပဲ။
ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုသလို
နင်လည်း နင့်ဘဝနဲ့နင်
ငါလည်း ငါ့ဘဝနဲ့ငါ အခြေအနေမှာ
နင့်ဘဝလေးလည်း အဆင်ပြေပါစေ ဆုတောင်းရင်း
ငါ့ဘဝကိုလည်း ပျော်ရွှင်အောင် တည်ဆောက်ရင်းနဲ့….
Credit:Yin Min ( မိုမိုလေး )
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
တစ်ချိန်က ချစ်ရသူသို့...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။