(၂)Exposure Therapy
Stay Pretty!
ပို့သပေးပါတယ်။
#Unicode Version
ရုပ်ကလေးကလည်းချော ချစ်စရာလည်းကောင်းရဲ့နဲ့ ခုချိန်ထိ singleဖြစ်နေတယ်။ ကိုယ့်ကို ရည်းစားစကားလာပြောတဲ့ သူတွေကိုလည်း လက်မခံ။ crushဆိုတာလည်း ဝေလာဝေး။ အိမ်ထောင်ပြုဖို့လည်းစိတ်ကူးမရှိ။ အချစ်နဲ့ပတ်သက်ရင် ဘာဆိုဘာမှ စိတ်မဝင်စားဖြစ်နေရင်တော့ အချစ်ကြောက်ရောဂါ ရှိဖို့များနေပါပြီ။ အချစ်နဲ့ပက်သက်ရင်ဆိုတာ ကိုယ့်မိသားစုလည်းပါပါတယ်နော်။မိသားစုကြား (သို့) သူငယ်ချင်းတွေနဲ့ ပျော်ပိုက်နေတဲ့ Single တွေတော့ အချစ်ကြောက်ရောဂါရှိသူလို့ မဆိုလိုနိုင်ပါဘူး။ သူတို့က အဲဒီလို၅၂၈ မေတ္တာတွေကြားပဲ ပျော်ပိုက်တတ်သူတွေမို့ပါ။
အချစ်ကြောက်ရောဂါကို ခံစားနေရတဲ့သူတွေဟာ အတိတ်က အချစ်နဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာတွေရှိနေတတ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ အသည်းပက်ပက်စက်စက်ကွဲဖူးသူတွေ။ ငယ်ငယ်ကလေးဘဝမှာ မိသားစုထဲက အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် စိတ်ဒဏ်ရာဖြစ်ပြီးအရွယ်ရောက်လာတဲ့အခါမှာ ချစ်ရမှာကြောက်သွားတတ်ပါတယ်။
Philophobia (အချစ်ကြောက်ရောဂါ)ရဲ့ လက္ခဏာတွေက..
(၁) ချစ်မိမှာ၊ relationshipချိတ်ရမှာကို အရမ်းစိုးရိမ်ပူပန်ခြင်း။
(၂)ရင်တွင်းခံစားချက်တွေကို ဘယ်တော့မှ ဖော်မပြခြင်း။
(၃)ချစ်သူစုံတွဲတွေကို ကြည့်မရခြင်း။
(၄)စုံတွဲတွေအတွေ့များတဲ့ ပန်းခြံ၊ ရုပ်ရှင်ရုံတို့ကို ယောင်လို့တောင် လှည့်မကြည့်ခြင်း။
(၅)မင်္ဂလာဆောင် အခမ်းအနားတွေကို မတက်ခြင်း။
(၆)ချစ်ဖို့ဖြစ်လာတဲ့အခါ အသက်ရှုကြပ်ခြင်း၊ ချွေးပြန်ခြင်း၊ တုန်ယင်ခြင်း၊ သာမန်ထက် အဆတစ်ရာ ရင်တုန်ခြင်း၊ တစ်ကိုယ်လုံးထုံထိုင်းလာခြင်း။
ယောင်းတို့မှာ ဒီအချက်တွေရှိနေရင်တော့ သေချာပါပြီအချစ်ကြောက်ရောဂါ ရှိနေပြီ။ ဒါပေမယ့်စိတ်မပူပါနဲ့ယောင်းတို့ရေ philophobia(အချစ်ကြောက်ရောဂါ)ကို ကုသနည်းရှိပါတယ်ရှင့်။
Read စင်ဂယ်ဖြစ်နေလို့ နောင်တမရဘူးရှင့်
(၁) Cognitive Behavioral Therapy (CBT)
CBT ဟာစိတ်ပိုင်းဆိုင်ရာ အကြံပြုဆွေးနွေးမှုဖြစ်တယ်။ အချစ်ကြောက်ရောဂါဟာ ပြင်ထန်းလာတဲ့အခါ လှုမှုဆက်ဆံရေးမှာ ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်တယ်လေ။ ဒါကြောင့် ကျွမ်းကျင်တဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ အကြုံပြုဆွေးနွေးမှုယူပြီး အချစ်အပေါ်ယူဆချက်တွေကို ပြောင်းလဲသင့်ပါတယ်။
(၂)Exposure Therapy
ခုပြောပြမယ့် ကုထုံးကတော့ အချစ်ကြောက်ရောဂါရှိတဲ့ လူနာရှေ့မှာ ချစ်သူစုံတွဲတွေ အချစ်ရုပ်ရှင်တွေကို ကြည့်ခိုင်းပြီး လူနာရဲ့ တုန့်ပြန်မှုကို အကဲခတ်တဲ့ကုထုံး ဖြစ်ပါတယ်။ အချိန်တွေကြာလာတဲ့အခါ လူနာရဲ့ အချစ်ကို ထိတွေ့ရမှာ ကြောက်တဲ့စိတ် လျော့နည်းလာပါတယ်။
အရမ်းပြင်းထန်လာတဲ့ အခြေအနေအတွက်ဆို ဆရာဝန်ညွန်ကြားချက်အတိုင်း သင့်တော်တဲ့ဆေးဝါးကိုသောက်သုံးသင့်ပါတယ်။
ယောင်းတို့ရေ philophobia(အချစ်ကြောက်ရောဂါ) ဆိုတာလည်း စိတ်ရောဂါတစ်မျိုး ဖြစ်လို့မပေါ့ဆသင့်ဘူး နော်။ လူဆိုတာ အချစ်နဲ့မှမကင်းနိုင်တာယောင်းတို့ရေ။
Stay Pretty!
Credit:Rin( For Her Myanmar)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အချစ်ကြောက်ရောဂါ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။