ရွည္လ်ားေကာ႔သြယ္တဲ႔မ်က္ေတာင္ေလးေတြကိုပိုင္ဆိုင္လိုတာဟာ မိန္းကေလးတိုင္းရဲ႕အိမ္မက္ပါ။ ဘာလို႔လဲဆိုေတာ႔ ရွည္လ်ားေကာ႔သြယ္တဲ႔မ်က္ေတာင္ေလးေတြဟာ မ်က္ဝန္းအလွအပကိုအားျဖည္႔ေပးရံုသာမက မ်က္လံုးကိုဖုန္ေတြ၊ အေကာင္ပေလာင္ေတြနဲ႕အမိႈက္သရိုက္ေတြဝင္ေရာက္ျခင္းမွလည္း ကာကြယ္ေပးႏိုင္လို႔ပါပဲ။ ဒါေပမယ္႔ ရွည္လ်ားေကာ႔သြယ္တဲ႔မ်က္ေတာင္ကို မိန္းကေလးတိုင္း သဘာဝအတိုင္းမပိုင္ႏိုင္ႏိုင္ၾကပါဘူး။ ဒါေပမယ္႔အလွကုန္ပစၥည္းတစ္မ်ိဳးျဖစ္တဲ႔ မ်က္ေတာင္ေကာ႔ေဆး (mascara) ကိုသံုးျပီး ရွည္လ်ားေကာ႔သြယ္တဲ႔ မ်က္ေတာင္ေလးေတြျဖစ္လာေအာင္ေတာ႔ ဖန္တီးလို႔ရပါေသးတယ္။
မ်က္ေတာင္ေကာ႔ေဆးက မိန္းကေလးတိုင္းတစ္သက္မွာတစ္ခါေတာ႔ အနည္းဆံုးသံုးဖူးတဲ႔မ်က္စိအလွကုန္ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ မ်က္ေတာင္ေကာ႔ေဆးသံုးရာမွာ တိုင္ပတ္တဲ႔တစ္ခ်က္ကေတာ႔ မ်က္ေတာင္ေကာ႔ေဆးဘူးေတြက ေျခာက္ေသြ႕လြယ္လြန္းေတာ႔ ဝယ္ျပီးမၾကာခင္မွာပဲလႊင္႔ပစ္လိုက္ရျပီး အသစ္တစ္ဘူး ျပန္ျပန္ဝယ္ေနရတဲ႔ဒုကၡပါပဲ။ အမွန္ကေတာ႔ မ်က္ေတာင္ေကာ႔ေဆးတစ္ဘူးကို (၄) လ ကေန (၆) လေလာက္သံုးျပီးရင္လႊင္႔ပစ္သင္႔ပါျပီ။ ဘာလို႔လဲဆိုေတာ႔ အဲထက္ၾကာရင္ဘက္တီးရီးယားပိုးမႊားေတြခိုေမွာင္ေနႏိုင္ျပီး မ်က္လံုးကိုယားယံေစႏိုင္ပါတယ္။ ဒါေပမယ္႔ မ်က္ေတာင္ေကာ႔ေဆးဘူးက (၃) လ ေလာက္နဲ႔ေျခာက္ေသြ႕သြားမယ္ဆိုရင္ေတာ႔ လႊင္႔မပစ္ပါနဲ႕ဦး။ မ်က္ေတာင္ေကာ႔ေဆးဘူးကို ျပန္သံုးလို႔ရေအာင္လုပ္ႏိုင္တဲ႔နည္းလမ္းေလးေတြရွိေနပါေသးတယ္။
မ်က္ေတာင္ေကာ႔ေဆးဘူးေျခာက္ေသြ႕ရတဲ႔အဓိကအေၾကာင္းရင္းကေတာ႔ ဘူးထဲကိုေလဝင္တာေၾကာင္႔ပါပဲ။ မ်က္ေတာင္ေကာ႔ေဆးဘူးကို မေျခာက္ေသြ႕ေစခ်င္ဘူးဆိုရင္ေတာ႔ မ်က္ေတာင္ေကာ႔တံကို တစ္ခါထုတ္ျပီးရင္ အၾကိမ္ေရမ်ားစြာသံုးျခင္းကိုေရွာင္ရွားပါ။ ဘာလို႔လဲဆိုေတာ႔ အျပင္မွာၾကာၾကာထားရင္ေလဝင္ျပီး ေျခာက္ေသြ႕သြားေစႏိုင္လို႔ပါပဲ။ ကဲ... အခုမ်က္ေတာင္ေကာ႔ေဆးဘူးကို အသစ္လိုျပန္ျဖစ္ေစမယ္႔ နည္းလမ္းေလးေတြကိုၾကည္႔လိုက္ၾကရေအာင္။
၁။ နည္းလမ္း (၁)
ဒီနည္းလမ္းဟာ ဘာေဘးထြက္ဆိုးက်ိဳးမွမရွိဘဲ (ဒါမွမဟုတ္) မ်က္လံုးကိုဘာမွမထိခိုက္ေစဘဲ မ်က္ေတာင္ေကာ႔ေဆးကိုျပန္လည္အသက္ဝင္ေစတဲ႔ အေကာင္းဆံုးနည္းလမ္းပါပဲ။ ဒီနည္းလမ္းကို ေရစိုခံမ်က္ေတာင္ေကာ႔ေဆးဘူးေတြကို ျပန္လည္ျပဳျပင္ရာမွာလည္း အသံုးျပဳႏိုင္ပါတယ္။ အရင္ဆံုး မ်က္စဥ္းေဆး (၁၀) စက္ေလာက္ကို မ်က္ေတာင္ေကာ႔ေဆးဘူးထဲကို ေလာင္းထည္႔ပါ။ ျပီးရင္ ဘူးကိုလံုေအာင္ပိတ္ျပီး ေသခ်ာလႈပ္ခါေပးပါ။ ျပီးရင္မ်က္ေတာင္ေလးကိုအလွဆင္ဖို႔အတြက္ မ်က္ေတာင္ေကာ႔ေဆးဘူးကိုသံုးႏိုင္ပါျပီ။ မ်က္ေတာင္ေကာ႔ေဆးဘူးေျခာက္သြားတိုင္း ဒီနည္းလမ္းေလးကို ျပန္လည္ အသံုးျပဳႏိုင္္ပါတယ္။
၂။ နည္းလမ္း (၂)
ဒုတိယနည္းလမ္းေလးကေတာ႔ လူသိမ်ားျပီးသားျဖစ္မွာပါ။ အရင္ဆံုး ဒယ္အိုးတစ္လံုးထဲကိုေရေလာင္းထည္႔ျပီး အပူေပးပါ။ ေရပြက္ပြက္ဆူလာျပီဆုိရင္ မ်က္ေတာင္ေကာ႕ေဆးဘူးေလးကို ေရေႏြးပူထဲကိုထည္႔စိမ္ျပီး အပူေလွ်ာ႔ပါ။ မိနစ္အနည္းငယ္ၾကာေအာင္စိမ္ျပီးမွ ေရထဲကျပန္ထုတ္လိုက္ပါ။ ျပီးရင္မ်က္ေတာင္ေကာ႔ေဆးဘူးရဲ႕အေျခအေနကုိအကဲခတ္ၾကည္႔ျပီး ေျခာက္ေနေသးတယ္ဆိုရင္ အုန္းဆီနည္းနည္းထည္႔ျပီး ဘူးကိုျပန္ပိတ္လိုက္ပါ။ ျပီးရင္ဘူးကိုလႈပ္ခါလိုက္ျပီး ပံုမွန္သံုးေနက်အတိုင္းမ်က္လံုးေပၚမွာလိမ္းေပးႏိုင္ပါျပီ။
၃။ နည္းလမ္း (၃)
ေနာက္ဆံုးနည္းလမ္းေလးကေတာ႔ မ်က္ေတာင္႔ေကာ႔တံကိုထုတ္ျပီးေရေႏြးထဲထည္႔စိမ္တဲ႔နည္းလမ္းေလးျဖစ္ပါတယ္။ ဒီနည္းလမ္းေလးက မ်က္ေတာင္ေကာ႕တံေလး ဘက္တီးရီးယားကင္းစင္ျပီး သန္႕ရွင္းေနဖို႔လည္း ရည္ရြယ္ပါတယ္။ အရင္ဆံုး မ်က္ေတာင္ေကာ႔တံကိုဘူးထဲကထုတ္ျပီး ေရေႏြးပူတစ္ခြက္ထဲမွာထည္႔စိမ္လိုက္ပါ။ ျပီးရင္ မိနစ္အနည္းငယ္ၾကာေအာင္စိမ္ထားလိုက္ပါ။ ျပီးမွမ်က္ေတာင္ေကာ႔တံကို ေရထဲကထုတ္ျပီးဘူးထဲကိုျပန္ထည္႔ထားလိုက္ပါ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရှည်လျားကော့သွယ်တဲ့မျက်တောင်လေးတွေကိုပိုင်ဆိုင်လိုတာဟာ မိန်းကလေးတိုင်းရဲ့အိမ်မက်ပါ။ ဘာလို့လဲဆိုတော့ ရှည်လျားကော့သွယ်တဲ့မျက်တောင်လေးတွေဟာ မျက်ဝန်းအလှအပကိုအားဖြည့်ပေးရုံသာမက မျက်လုံးကိုဖုန်တွေ၊ အကောင်ပလောင်တွေနဲ့အမှိုက်သရိုက်တွေဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်လို့ပါပဲ။ ဒါပေမယ့် ရှည်လျားကော့သွယ်တဲ့မျက်တောင်ကို မိန်းကလေးတိုင်း သဘာဝအတိုင်းမပိုင်နိုင်နိုင်ကြပါဘူး။ ဒါပေမယ့်အလှကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ မျက်တောင်ကော့ဆေး (mascara) ကိုသုံးပြီး ရှည်လျားကော့သွယ်တဲ့ မျက်တောင်လေးတွေဖြစ်လာအောင်တော့ ဖန်တီးလို့ရပါသေးတယ်။
မျက်တောင်ကော့ဆေးက မိန်းကလေးတိုင်းတစ်သက်မှာတစ်ခါတော့ အနည်းဆုံးသုံးဖူးတဲ့မျက်စိအလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မျက်တောင်ကော့ဆေးသုံးရာမှာ တိုင်ပတ်တဲ့တစ်ချက်ကတော့ မျက်တောင်ကော့ဆေးဘူးတွေက ခြောက်သွေ့လွယ်လွန်းတော့ ဝယ်ပြီးမကြာခင်မှာပဲလွှင့်ပစ်လိုက်ရပြီး အသစ်တစ်ဘူး ပြန်ပြန်ဝယ်နေရတဲ့ဒုက္ခပါပဲ။ အမှန်ကတော့ မျက်တောင်ကော့ဆေးတစ်ဘူးကို (၄) လ ကနေ (၆) လလောက်သုံးပြီးရင်လွှင့်ပစ်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ အဲထက်ကြာရင်ဘက်တီးရီးယားပိုးမွှားတွေခိုမှောင်နေနိုင်ပြီး မျက်လုံးကိုယားယံစေနိုင်ပါတယ်။ ဒါပေမယ့် မျက်တောင်ကော့ဆေးဘူးက (၃) လ လောက်နဲ့ခြောက်သွေ့သွားမယ်ဆိုရင်တော့ လွှင့်မပစ်ပါနဲ့ဦး။ မျက်တောင်ကော့ဆေးဘူးကို ပြန်သုံးလို့ရအောင်လုပ်နိုင်တဲ့နည်းလမ်းလေးတွေရှိနေပါသေးတယ်။
မျက်တောင်ကော့ဆေးဘူးခြောက်သွေ့ရတဲ့အဓိကအကြောင်းရင်းကတော့ ဘူးထဲကိုလေဝင်တာကြောင့်ပါပဲ။ မျက်တောင်ကော့ဆေးဘူးကို မခြောက်သွေ့စေချင်ဘူးဆိုရင်တော့ မျက်တောင်ကော့တံကို တစ်ခါထုတ်ပြီးရင် အကြိမ်ရေများစွာသုံးခြင်းကိုရှောင်ရှားပါ။ ဘာလို့လဲဆိုတော့ အပြင်မှာကြာကြာထားရင်လေဝင်ပြီး ခြောက်သွေ့သွားစေနိုင်လို့ပါပဲ။ ကဲ... အခုမျက်တောင်ကော့ဆေးဘူးကို အသစ်လိုပြန်ဖြစ်စေမယ့် နည်းလမ်းလေးတွေကိုကြည့်လိုက်ကြရအောင်။
၁။ နည်းလမ်း (၁)
ဒီနည်းလမ်းဟာ ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ (ဒါမှမဟုတ်) မျက်လုံးကိုဘာမှမထိခိုက်စေဘဲ မျက်တောင်ကော့ဆေးကိုပြန်လည်အသက်ဝင်စေတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒီနည်းလမ်းကို ရေစိုခံမျက်တောင်ကော့ဆေးဘူးတွေကို ပြန်လည်ပြုပြင်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး မျက်စဉ်းဆေး (၁၀) စက်လောက်ကို မျက်တောင်ကော့ဆေးဘူးထဲကို လောင်းထည့်ပါ။ ပြီးရင် ဘူးကိုလုံအောင်ပိတ်ပြီး သေချာလှုပ်ခါပေးပါ။ ပြီးရင်မျက်တောင်လေးကိုအလှဆင်ဖို့အတွက် မျက်တောင်ကော့ဆေးဘူးကိုသုံးနိုင်ပါပြီ။ မျက်တောင်ကော့ဆေးဘူးခြောက်သွားတိုင်း ဒီနည်းလမ်းလေးကို ပြန်လည် အသုံးပြုနိုင်ပါတယ်။
၂။ နည်းလမ်း (၂)
ဒုတိယနည်းလမ်းလေးကတော့ လူသိများပြီးသားဖြစ်မှာပါ။ အရင်ဆုံး ဒယ်အိုးတစ်လုံးထဲကိုရေလောင်းထည့်ပြီး အပူပေးပါ။ ရေပွက်ပွက်ဆူလာပြီဆိုရင် မျက်တောင်ကော့ဆေးဘူးလေးကို ရေနွေးပူထဲကိုထည့်စိမ်ပြီး အပူလျှော့ပါ။ မိနစ်အနည်းငယ်ကြာအောင်စိမ်ပြီးမှ ရေထဲကပြန်ထုတ်လိုက်ပါ။ ပြီးရင်မျက်တောင်ကော့ဆေးဘူးရဲ့အခြေအနေကိုအကဲခတ်ကြည့်ပြီး ခြောက်နေသေးတယ်ဆိုရင် အုန်းဆီနည်းနည်းထည့်ပြီး ဘူးကိုပြန်ပိတ်လိုက်ပါ။ ပြီးရင်ဘူးကိုလှုပ်ခါလိုက်ပြီး ပုံမှန်သုံးနေကျအတိုင်းမျက်လုံးပေါ်မှာလိမ်းပေးနိုင်ပါပြီ။
၃။ နည်းလမ်း (၃)
နောက်ဆုံးနည်းလမ်းလေးကတော့ မျက်တောင့်ကော့တံကိုထုတ်ပြီးရေနွေးထဲထည့်စိမ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက မျက်တောင်ကော့တံလေး ဘက်တီးရီးယားကင်းစင်ပြီး သန့်ရှင်းနေဖို့လည်း ရည်ရွယ်ပါတယ်။ အရင်ဆုံး မျက်တောင်ကော့တံကိုဘူးထဲကထုတ်ပြီး ရေနွေးပူတစ်ခွက်ထဲမှာထည့်စိမ်လိုက်ပါ။ ပြီးရင် မိနစ်အနည်းငယ်ကြာအောင်စိမ်ထားလိုက်ပါ။ ပြီးမှမျက်တောင်ကော့တံကို ရေထဲကထုတ်ပြီးဘူးထဲကိုပြန်ထည့်ထားလိုက်ပါ။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မ်က္ေတာင္ေကာ႔ေဆးဘူးေလးေတြ ျပန္ေကာင္းေအာင္ လုပ္ၾကမယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။