iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္သူမွာ တစ္ဖက္သတ္စိတ္၀င္စားသူ ရွိေနရင္

သင့္ရဲ႕ခ်စ္သူ ဒါမွမဟုတ္ ဇနီးက အျခားအမ်ိဳးသားေတြကို တစ္ဖက္သတ္စိတ္၀င္စားေနတယ္ဆိုရင္ တုန္လႈပ္စရာေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္ပါ။ သင္လည္းပဲ လြန္ခဲ့တဲ့ (၂၄)နာရီအတြင္းမွာ အျခားအမ်ိဳးသမီးေတြကို လိုက္ၾကည့္ခဲ့ၿပီး တစ္ေယာက္ေယာက္ကို သေဘာက်ေနခဲ့မွာပါ။

ေလ့လာမႈေတြအရ ခ်စ္သူရွိၿပီးသား ဒါမွမဟုတ္ အိမ္ေထာင္က်ၿပီးသားအမ်ိဳးသမီးေတြရဲ႕ (၇၀)ရာခိုင္ႏႈန္းက အျခားေယာကၤ်ားေလးတစ္ေယာက္ေယာက္ကို တဖက္သတ္စိတ္၀င္စားေနေလ့ရွိတယ္လို႔ ဆိုပါတယ္။ ဟုတ္ပါတယ္။ လံုး၀တဖက္သတ္ပါ။ တစ္ေယာက္ေယာက္အေၾကာင္းကို စိတ္ကူးယဥ္မယ္။ သူ႔နာမည္ကို မွတ္စုစာအုပ္ထဲမွာ တနည္းနည္းနဲ႔ ေရးမွတ္ထားမယ္ စသျဖင့္ စြဲလမ္းေနတာမ်ိဳးျဖစ္ပါတယ္။ အျခားလူေတြ လုံး၀မသိေစပဲ တိတ္တခိုးစြဲလမ္းေနတာျဖစ္ၿပီး တစ္ကိုယ္ရည္စိတ္ေျဖတဲ့အခ်ိန္မွာေတာင္ ေတြးေနေလ့ရွိပါတယ္။

ဒီေလ့လာမႈက ဆန္းသစ္တဲ့အေတြးေတြျဖစ္ေစပါတယ္။ ကၽြန္ေတာ္တို႔အားလံုး ယုံၾကည္လက္ခံထားတာက ေယာကၤ်ားေလးနဲ႔ မိန္းကေလး လက္ထပ္လိုက္တာနဲ႔ အျခားတစ္ေယာက္အေၾကာင္း ေတြးမိတာေတြ ေပ်ာက္သြားမယ္လို႔ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ဘာေၾကာင့္မ်ား အျခားတစ္ေယာက္ကို စိတ္၀င္စားေနတာလဲ??

တဖက္သတ္စိတ္၀င္စားသူေတြက ဘ၀တစ္ေလွ်ာက္လံုးရွိေနႏိုင္ပါတယ္။ ခ်စ္သူရွိတာ ဒါမွမဟုတ္ အိမ္ေထာင္ျပဳလုိက္႐ုံနဲပ တဖက္သတ္စိတ္မ၀င္စားေတာ့ဘူးလို႔ ေျပာလို႔မရပါဘူး။ ဒါက သဘာ၀ပါပဲ။ မိန္းကေလးအမ်ားစုက သူတို႔တဖက္သတ္စိတ္၀င္စားသူေတြနဲ႔ ပတ္သက္ၿပီး ေပၚေပၚထင္ထင္ေတာင္မွ ထုတ္ေျပာတတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ သူတို႔စိတ္၀င္စားတတ္ၾကသူေတြက လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ရည္းစားေဟာင္းေတြနဲ႔ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြ ျဖစ္တတ္ပါတယ္။

ဒါေပမယ့္ သိပ္မစိုးရိမ္ပါနဲ႔။ ဒီလို တစ္ဖက္သတ္စိတ္၀င္စားေနတဲ့အတြက္ သင္နဲ႔ သင့္တို႔ႏွစ္ဦးၾကားဆက္ဆံေရးကို မထိခိုက္ေစႏိုင္ပါဘူး။ အျခားတစ္ေယာက္ကို စြဲလမ္းမိတာက အိမ္ေထာင္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ မတြန္းလွန္ႏိုင္ေလာက္တဲ့ စိတ္ခံစားမႈတစ္ခုျဖစ္ပါတယ္။

ဒီလို တစ္ဖက္သတ္စိတ္၀င္စားေနတဲ့အတြက္ သူမေဖာက္ျပန္ေတာ့မယ္လို႔ မဆိုလိုပါဘူး။ မိန္းကေလးအမ်ားစုက သူတို႔ရဲ႕ခံစားခ်က္ကို အျပင္မွာတကယ္ျဖစ္လာဖို႔ ႀကိဳးစားေလ့မရွိၾကပါဘူး။ အျခားေယာကၤ်ားေလးတစ္ေယာက္ကို တစ္ဖက္သတ္စိတ္၀င္စားမိေၾကာင္း ၀န္ခံထားတဲ့ အမ်ိဳးသမီးေတြရဲ႕ (၅)ရာခိုင္ႏႈန္းေလာက္ပဲ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့အဆင့္ထိ ျဖစ္တတ္ၾကပါတယ္။

တကယ္ေတာ့ အျခားေယာကၤ်ားေလးတစ္ေယာက္ကို တစ္ဖက္သတ္စိတ္၀င္စားတတ္တဲ့ မိန္းကေလးေတြက သူတို႔ရဲ႕ ခ်စ္သူနဲ႔ဆက္ဆံေရးကို ပိုမိုတုိးတက္ေစပါေသးတယ္။ ဒါဟာ တစ္ေန႔တာလံုး စိတ္တက္ၾကြေနၿပီး ခံစားခ်က္ေတြအားလံုးကို အိမ္ျပန္ေရာက္မွာ ကိုယ့္အိမ္ေထာင္ဖက္နဲ႔ ကုန္ဆံုးရတာေၾကာင့္ ျဖစ္တယ္လို႔ ေလ့လာသူေတြက ဆိုထားပါတယ္။

အျခားတစ္ေယာက္အတြက္ စိတ္တက္ၾကြတယ္ဆိုတာကို မႏွစ္သက္ဘူးလား??

မိန္းကေလးတစ္ေယာက္က စိတ္ေပ်ာ္ရႊင္သာယာေနေလေလ၊ သူမရဲ႕လိင္စိတ္ႏိုးၾကားေလပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သစၥာရွိတဲ့ဇနီးတစ္ေယာက္ဆိုရင္ သင့္အတြက္ မေကာင္းတာမရွိပါဘူး။ အခ်ိဳ႕မိန္းကေလးေတြကေတာ့ အျခားေယာကၤ်ားတစ္ေယာက္အေၾကာင္း ေတြးမိတိုင္းမွာ လက္ရွိလက္တြဲေဖာ္ကို ပိုတန္ဖိုးထားတတ္လာတယ္လို႔ ဆိုပါတယ္။

ဒီလို တစ္ဖက္သက္စိတ္၀င္စားမႈကို ဘယ္လိုကိုင္တြယ္မလဲ ??

အျခားတစ္ေယာက္ကို တစ္ဖက္သတ္စိတ္၀င္စားေနတာက သဘာ၀ပဲျဖစ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ခ်စ္သူ ဇနီးမယားကို ဆံုး႐ႈံးမွာစိုးရိမ္ေနတယ္ဆိုရင္ေတာ့ သင့္ရဲ႕ခံစားခ်က္ကို စီမံခန္႔ခြဲတတ္ဖို႔ လိုပါတယ္။

ဒီအေျခအေနကို ကိုင္တြယ္ဖို႔ အသင့္ေတာ္ဆံုးနည္းလမ္းဆိုတာေတာ့ မရွိပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ကြာျခားၾကပါတယ္။ တစ္ခ်ိဳ႕စံုတြဲေတြက တစ္ဖက္သတ္စိတ္၀င္စားသူအေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာၾကေပမယ့္ နာက်ဥ္စရာေတြ ခံစားၾကရတာမ်ားပါတယ္။ ဒါ့ေၾကာင့္ လိုအပ္သလို စီမံတတ္ဖို႔ လိုပါတယ္။

တစ္ဖက္သတ္စိတ္၀င္စားမႈအေၾကာင္း ေျပာပါ။

သင္တစ္ဖက္သတ္စိတ္၀င္စားေနသူအေၾကာင္းကို သင့္ရဲ႕လက္တြဲေဖာ္ကို ေျပာျပျခင္းအားျဖင့္ စိုးရိမ္မႈကို သက္သာေစပါတယ္။ ဒီလိုေျပာျခင္းအားျဖင့္ ႐ိုးသားပြင့္လင္းရာေရာက္ၿပီး ယုံၾကည္စိတ္ခ်မႈရေစတာေၾကာင့္ ျဖစ္ပါတယ္။

ဒါမွမဟုတ္ မေျပာပါနဲ႔။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာရတာအလကားပဲလို႔ ထင္ရင္လည္း မေျပာပဲေနလို႔ရပါတယ္။ လူအမ်ားစုက သူတို႔လက္တြဲေဖာ္က အျခားတစ္ေယာက္ကို စိတ္ထဲမွာစြဲလမ္းေနတယ္ဆိုတာကို မသိၾကတာမ်ားပါတယ္။ သူမကလည္း ဒီကိစၥအတြက္ မလိုအပ္ပဲ သင့္ကိုစိတ္ပူေနေစခ်င္မွာ မဟုတ္ပါဘူး။

တစ္ဖက္သတ္စိတ္၀င္စားသူကို ေမ့လုိက္ပါ။

ေဖာက္ျပန္မိဖို႔ အေၾကာင္းရင္းက ေဖာက္ျပန္ႏိုင္ေလာက္တဲ့ အေျခအေနရွိလို႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေရွာင္ရွားတတ္ဖို႔လိုပါတယ္။ သင္စိတ္၀င္စားေနသူအေၾကာင္းကို အေတြးထဲကထုတ္လိုက္ပါ။ သူ ဒါမွမဟုတ္ သူမနဲ႔ ႏွစ္ေယာက္တည္းအတူရွိေနခ်ိန္ေတြကို ေရွာင္ရွားပါ။

ဒါမွမဟုတ္ေရွ႕ဆက္ၿပီး ေပ်ာ္ေပ်ာ္ေနလိုက္ပါ။

သင္စိတ္၀င္စားေနသူအေၾကာင္းကို ေခါင္းထဲမွာထည့္ထားတာက လူအမ်ားစုအတြက္ အဆင္ေျပတတ္ပါတယ္။ ဒီလိုေတြးေနမိျခင္းအားျဖင့္ တစ္ကိုယ္ရည္စိတ္ေျဖရာမွာပဲျဖစ္ျဖစ္၊ ခ်စ္တင္းေႏွာရာမွာပဲျဖစ္ျဖစ္ ပိုၿပီးစိတ္ေက်နပ္မႈရရွိေစတယ္လို႔ အမ်ိဳးသမီးတစ္ခ်ိဳ႕က ေျပာၾကားထားပါတယ္။ ေဖာက္ျပန္တာမ်ိဳးမဟုတ္ပဲ စိတ္ေပ်ာ္စရာတစ္ခုအျဖစ္ မွန္မွန္ကန္ကန္အသံုးခ်တတ္ရမွာ ျဖစ္ပါတယ္။

တစ္ဖက္သတ္စိတ္၀င္စားမႈေတြက အႏၱရာယ္မရွိပါဘူး။

ဒီလို တစ္ဖက္သတ္စိတ္၀င္စားမႈေၾကာင့္ ခ်စ္သူစံုတြဲေတြ၊ ဇနီးေမာင္ႏွံေတြအၾကားမွာ ထိခိုက္မႈ မရွိသေလာက္ကို နည္းပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ ဒီကိစၥကို အျပစ္ႀကီးတစ္ခုလို ယူဆၿပီး သစၥာမဲ့မႈတစ္ခုလို႔ ထင္မွတ္ေနရင္ေတာ့ စိတ္ပ်က္စရာေတြနဲ႔ ပဋိပကၡေတြျဖစ္လာမွာ ေသခ်ာပါတယ္။ အျခားတစ္ေယာက္ေယာက္ကို စိတ္၀င္စားမိတာဟာ သင္ကိုယ္တိုင္ေရာ သင့္ရဲ႕လက္တြဲေဖာ္အတြက္ပါ သမား႐ိုးက်သဘာ၀ျဖစ္စဥ္တစ္ခုပဲဆိုတာကို သတိျပဳပါ။ သူမကို ဘာေၾကာင့္ေရြးခ်ယ္ခဲ့တာလဲဆိုတဲ့ အေၾကာင္းရင္းကို မေမ့ပဲ အရင္အတုိင္းပဲ ယုံၾကည္မႈရွိေနေပးလိုက္တာ အေကာင္းဆံုးျဖစ္ပါတယ္။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်ချစ်သူမှာ တစ်ဖက်သတ်စိတ်ဝင်စားသူ ရှိနေရင်

သင့်ရဲ့ချစ်သူ ဒါမှမဟုတ် ဇနီးက အခြားအမျိုးသားတွေကို တစ်ဖက်သတ်စိတ်ဝင်စားနေတယ်ဆိုရင် တုန်လှုပ်စရာကောင်းပါလိမ့်မယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပါ။ သင်လည်းပဲ လွန်ခဲ့တဲ့ (၂၄)နာရီအတွင်းမှာ အခြားအမျိုးသမီးတွေကို လိုက်ကြည့်ခဲ့ပြီး တစ်ယောက်ယောက်ကို သဘောကျနေခဲ့မှာပါ။

လေ့လာမှုတွေအရ ချစ်သူရှိပြီးသား ဒါမှမဟုတ် အိမ်ထောင်ကျပြီးသားအမျိုးသမီးတွေရဲ့ (၇၀)ရာခိုင်နှုန်းက အခြားယောင်္ကျားလေးတစ်ယောက်ယောက်ကို တဖက်သတ်စိတ်ဝင်စားနေလေ့ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ လုံးဝတဖက်သတ်ပါ။ တစ်ယောက်ယောက်အကြောင်းကို စိတ်ကူးယဉ်မယ်။ သူ့နာမည်ကို မှတ်စုစာအုပ်ထဲမှာ တနည်းနည်းနဲ့ ရေးမှတ်ထားမယ် စသဖြင့် စွဲလမ်းနေတာမျိုးဖြစ်ပါတယ်။ အခြားလူတွေ လုံးဝမသိစေပဲ တိတ်တခိုးစွဲလမ်းနေတာဖြစ်ပြီး တစ်ကိုယ်ရည်စိတ်ဖြေတဲ့အချိန်မှာတောင် တွေးနေလေ့ရှိပါတယ်။

ဒီလေ့လာမှုက ဆန်းသစ်တဲ့အတွေးတွေဖြစ်စေပါတယ်။ ကျွန်တော်တို့အားလုံး ယုံကြည်လက်ခံထားတာက ယောင်္ကျားလေးနဲ့ မိန်းကလေး လက်ထပ်လိုက်တာနဲ့ အခြားတစ်ယောက်အကြောင်း တွေးမိတာတွေ ပျောက်သွားမယ်လို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာကြောင့်များ အခြားတစ်ယောက်ကို စိတ်ဝင်စားနေတာလဲ??

တဖက်သတ်စိတ်ဝင်စားသူတွေက ဘဝတစ်လျှောက်လုံးရှိနေနိုင်ပါတယ်။ ချစ်သူရှိတာ ဒါမှမဟုတ် အိမ်ထောင်ပြုလိုက်ရုံနဲပ တဖက်သတ်စိတ်မဝင်စားတော့ဘူးလို့ ပြောလို့မရပါဘူး။ ဒါက သဘာဝပါပဲ။ မိန်းကလေးအများစုက သူတို့တဖက်သတ်စိတ်ဝင်စားသူတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင်တောင်မှ ထုတ်ပြောတတ်ကြပါတယ်။ များသောအားဖြင့် သူတို့စိတ်ဝင်စားတတ်ကြသူတွေက လုပ်ဖော်ကိုင်ဖက်တွေ၊ ရည်းစားဟောင်းတွေနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့။ ဒီလို တစ်ဖက်သတ်စိတ်ဝင်စားနေတဲ့အတွက် သင်နဲ့ သင့်တို့နှစ်ဦးကြားဆက်ဆံရေးကို မထိခိုက်စေနိုင်ပါဘူး။ အခြားတစ်ယောက်ကို စွဲလမ်းမိတာက အိမ်ထောင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မတွန်းလှန်နိုင်လောက်တဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။

ဒီလို တစ်ဖက်သတ်စိတ်ဝင်စားနေတဲ့အတွက် သူမဖောက်ပြန်တော့မယ်လို့ မဆိုလိုပါဘူး။ မိန်းကလေးအများစုက သူတို့ရဲ့ခံစားချက်ကို အပြင်မှာတကယ်ဖြစ်လာဖို့ ကြိုးစားလေ့မရှိကြပါဘူး။ အခြားယောင်္ကျားလေးတစ်ယောက်ကို တစ်ဖက်သတ်စိတ်ဝင်စားမိကြောင်း ဝန်ခံထားတဲ့ အမျိုးသမီးတွေရဲ့ (၅)ရာခိုင်နှုန်းလောက်ပဲ အိမ်ထောင်ရေးဖောက်ပြန်တဲ့အဆင့်ထိ ဖြစ်တတ်ကြပါတယ်။

တကယ်တော့ အခြားယောင်္ကျားလေးတစ်ယောက်ကို တစ်ဖက်သတ်စိတ်ဝင်စားတတ်တဲ့ မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူနဲ့ဆက်ဆံရေးကို ပိုမိုတိုးတက်စေပါသေးတယ်။ ဒါဟာ တစ်နေ့တာလုံး စိတ်တက်ကြွနေပြီး ခံစားချက်တွေအားလုံးကို အိမ်ပြန်ရောက်မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ ကုန်ဆုံးရတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

အခြားတစ်ယောက်အတွက် စိတ်တက်ကြွတယ်ဆိုတာကို မနှစ်သက်ဘူးလား??

မိန်းကလေးတစ်ယောက်က စိတ်ပျော်ရွှင်သာယာနေလေလေ၊ သူမရဲ့လိင်စိတ်နိုးကြားလေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သစ္စာရှိတဲ့ဇနီးတစ်ယောက်ဆိုရင် သင့်အတွက် မကောင်းတာမရှိပါဘူး။ အချို့မိန်းကလေးတွေကတော့ အခြားယောင်္ကျားတစ်ယောက်အကြောင်း တွေးမိတိုင်းမှာ လက်ရှိလက်တွဲဖော်ကို ပိုတန်ဖိုးထားတတ်လာတယ်လို့ ဆိုပါတယ်။

ဒီလို တစ်ဖက်သက်စိတ်ဝင်စားမှုကို ဘယ်လိုကိုင်တွယ်မလဲ ??

အခြားတစ်ယောက်ကို တစ်ဖက်သတ်စိတ်ဝင်စားနေတာက သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ချစ်သူ ဇနီးမယားကို ဆုံးရှုံးမှာစိုးရိမ်နေတယ်ဆိုရင်တော့ သင့်ရဲ့ခံစားချက်ကို စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။

ဒီအခြေအနေကို ကိုင်တွယ်ဖို့ အသင့်တော်ဆုံးနည်းလမ်းဆိုတာတော့ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကွာခြားကြပါတယ်။ တစ်ချို့စုံတွဲတွေက တစ်ဖက်သတ်စိတ်ဝင်စားသူအကြောင်း ပွင့်ပွင့်လင်းလင်းပြောကြပေမယ့် နာကျဉ်စရာတွေ ခံစားကြရတာများပါတယ်။ ဒါ့ကြောင့် လိုအပ်သလို စီမံတတ်ဖို့ လိုပါတယ်။

တစ်ဖက်သတ်စိတ်ဝင်စားမှုအကြောင်း ပြောပါ။

သင်တစ်ဖက်သတ်စိတ်ဝင်စားနေသူအကြောင်းကို သင့်ရဲ့လက်တွဲဖော်ကို ပြောပြခြင်းအားဖြင့် စိုးရိမ်မှုကို သက်သာစေပါတယ်။ ဒီလိုပြောခြင်းအားဖြင့် ရိုးသားပွင့်လင်းရာရောက်ပြီး ယုံကြည်စိတ်ချမှုရစေတာကြောင့် ဖြစ်ပါတယ်။

ဒါမှမဟုတ် မပြောပါနဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရတာအလကားပဲလို့ ထင်ရင်လည်း မပြောပဲနေလို့ရပါတယ်။ လူအများစုက သူတို့လက်တွဲဖော်က အခြားတစ်ယောက်ကို စိတ်ထဲမှာစွဲလမ်းနေတယ်ဆိုတာကို မသိကြတာများပါတယ်။ သူမကလည်း ဒီကိစ္စအတွက် မလိုအပ်ပဲ သင့်ကိုစိတ်ပူနေစေချင်မှာ မဟုတ်ပါဘူး။

တစ်ဖက်သတ်စိတ်ဝင်စားသူကို မေ့လိုက်ပါ။

ဖောက်ပြန်မိဖို့ အကြောင်းရင်းက ဖောက်ပြန်နိုင်လောက်တဲ့ အခြေအနေရှိလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှောင်ရှားတတ်ဖို့လိုပါတယ်။ သင်စိတ်ဝင်စားနေသူအကြောင်းကို အတွေးထဲကထုတ်လိုက်ပါ။ သူ ဒါမှမဟုတ် သူမနဲ့ နှစ်ယောက်တည်းအတူရှိနေချိန်တွေကို ရှောင်ရှားပါ။

ဒါမှမဟုတ်ရှေ့ဆက်ပြီး ပျော်ပျော်နေလိုက်ပါ။

သင်စိတ်ဝင်စားနေသူအကြောင်းကို ခေါင်းထဲမှာထည့်ထားတာက လူအများစုအတွက် အဆင်ပြေတတ်ပါတယ်။ ဒီလိုတွေးနေမိခြင်းအားဖြင့် တစ်ကိုယ်ရည်စိတ်ဖြေရာမှာပဲဖြစ်ဖြစ်၊ ချစ်တင်းနှောရာမှာပဲဖြစ်ဖြစ် ပိုပြီးစိတ်ကျေနပ်မှုရရှိစေတယ်လို့ အမျိုးသမီးတစ်ချို့က ပြောကြားထားပါတယ်။ ဖောက်ပြန်တာမျိုးမဟုတ်ပဲ စိတ်ပျော်စရာတစ်ခုအဖြစ် မှန်မှန်ကန်ကန်အသုံးချတတ်ရမှာ ဖြစ်ပါတယ်။

တစ်ဖက်သတ်စိတ်ဝင်စားမှုတွေက အန္တရာယ်မရှိပါဘူး။

ဒီလို တစ်ဖက်သတ်စိတ်ဝင်စားမှုကြောင့် ချစ်သူစုံတွဲတွေ၊ ဇနီးမောင်နှံတွေအကြားမှာ ထိခိုက်မှု မရှိသလောက်ကို နည်းပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဒီကိစ္စကို အပြစ်ကြီးတစ်ခုလို ယူဆပြီး သစ္စာမဲ့မှုတစ်ခုလို့ ထင်မှတ်နေရင်တော့ စိတ်ပျက်စရာတွေနဲ့ ပဋိပက္ခတွေဖြစ်လာမှာ သေချာပါတယ်။ အခြားတစ်ယောက်ယောက်ကို စိတ်ဝင်စားမိတာဟာ သင်ကိုယ်တိုင်ရော သင့်ရဲ့လက်တွဲဖော်အတွက်ပါ သမားရိုးကျသဘာဝဖြစ်စဉ်တစ်ခုပဲဆိုတာကို သတိပြုပါ။ သူမကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို မမေ့ပဲ အရင်အတိုင်းပဲ ယုံကြည်မှုရှိနေပေးလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top