iMyanmarHouse.com - Best Property Website for Myanmar
×

က်ားဆိုတဲ့ အမ်ိဳးသားေတြ အေၾကာက္ဆံုးေရာဂါကေတာ့ ပန္းေသပန္းညွိဳး ျဖစ္ပါတယ္ ။ ပံုမွန္အားျဖင့္ ပန္းေသပန္းညွိဳးဆိုတာ အသက္အရြယ္ရလာတဲ့ အမ်ိဳးသားေတြမွာသာ ျဖစ္ေလ့ရွိေသာ္လည္း အခ်ိဳ႕ လူငယ္ ၊လူလတ္ပိုင္းမွာလည္း ဒီလိုေရာဂါမ်ိဳး ျဖစ္ေလ့ရွိၾကပါတယ္ ။ ဒီေရာဂါျဖစ္လာလွ်င္ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈနည္းလာျခင္း ၊ စိတ္ဖိစီးမႈျဖစ္ျခင္း ၊ လုပ္ငန္းခြင္တြင္ အဆင္မေျပျခင္း ၊ အိမ္ေထာင္ေရး ထိခိုက္လာနိုင္ျခင္း စတဲ့ ဆိုးက်ိဳးေတြ မ်ားစြာ ျဖစ္လာတတ္ပါတယ္ ။ ဒါ့ေၾကာင့္ ၾကိဳတင္ကာကြယ္ျပီး ေနထိုင္မႈပံုစံေတြ ဆင္ျခင္ဖို႔ လိုပါတယ္ ။

၁။ အစားအေသာက္ကိုဂရုစိုက္ပါ။ အစားအေသာက္စားတဲ့အခါ ေသြးလည္ပတ္မႈေကာင္းေစေသာ အစားအေသာက္ေတြကို ေရြးခ်ယ္စားေသာက္သင့္ပါတယ္ ။ အထူးသျဖင့္ အသီးအနွံ ၊ ဟင္းသီးဟင္းရြက္ ၊ အသားငါး၊အေစ့အဆန္ ၊ ဝိုင္နီ စသည္တို႔ကို ေရြးခ်ယ္စားသံုးသင့္ျပီး အဆီမ်ားေသာ အစားအစာ ၊ fast food တို႔ကို ေရွာင္သင့္ပါသည္ ။

၂။ကိုယ္အေလးခ်ိန္ထိန္းပါ ။ အမ်ိဳးသားေတြဟာ မိမိ အသက္အရြယ္ ၊အရပ္အေမာင္းနဲ႕ ထိုက္သင့္တဲ့ ကိုယ္အေလးခ်ိန္ေတာ့ ရွိသင့္ပါတယ္ ။ ပိန္လြန္း ၊ ဝလြန္းေသာ အမ်ိဳးသားေတြဟာ ပန္းေသပန္းညွိဳး ျဖစ္နိုင္ေျခ ပိုမ်ားပါတယ္ ။ ဒါ့အျပင္ ဆီးခ်ိဳမျဖစ္ေအာင္လည္း ဂရုစို္က္ပါ ။ ဆီးခ်ိဳေၾကာင့္ အမ်ိဳသားအဂၤါကို အေနွာင့္အယွက္ျဖစ္ေစနိုင္ပါတယ္ ။

၃။ေသြးတိုးျခင္းနဲ႕ ကို္လက္စေထေရာတိုးျခင္း မျဖစ္ေအာင္ ေနထိုင္စားေသာက္ပါ ။

၄။အရက္လံုးဝမေသာက္ပါနွင့္ ။ ေသာက္လွ်င္လည္း ေန႔စဥ္မေသာက္ပါနွင့္ ။ အလြန္အကြ်ံမေသာက္ပါနွင့္ ။ အရက္ေန႔စဥ္ပံုမွန္ေသာက္သူေတြဟာ အသည္းေရာဂါ ၊ အာရံုေၾကာေရာဂါေတြအျပင္ က်ားေဟာ္မုန္းlevel ကို အေနွာင့္အယွက္ျဖစ္ေစျပီး ပန္းေသပန္းညွိဳးေရာဂါျဖစ္နုိင္ေျခကို ျမင့္တက္ေစပါတယ္။

၅။ေလ့က်င့္ခန္းပံုမွန္လုပ္ပါ ။ ေန႔စဥ္ပံုမွန္ ေလ့က်င့္ခန္းလုပ္ျခင္းက အမ်ိဳးသားေတြအတြက္ ပန္းေသပန္းညွိဳးျဖစ္နိုင္မႈကို ေလ်ာ့က်ေစပါတယ္ ။ ေရကူးျခင္း နွင့္ အျခား ေအးရိုးပစ္ ေလ့က်င့္ခန္းေတြကို ပုံမွန္ျပဳလုပ္ေပးသင့္ပါတယ္ ။

၆။ေဆးလိပ္ေသာက္ေနလွ်င္ ျဖတ္နိုင္ေအာင္ ၾကိဳးစားပါ ။ ေဆးလိပ္ေသာက္ျခင္းက  ေသြးေၾကာမ်ားကို က်ဥ္းၾကံဳ႕ေစျပီး အမ်ိဳးသာအဂၤါဆီ ေသြးစီးဆင္းနိုင္ဖို႔အတြက္ လြန္စြာ အေနွာင့္အယွက္ ျဖစ္ေစပါတယ္။ အမ်ိဳးသားအဂၤါကိုလည္း က်ံဳ႕ျပီး ေသးငယ္ေစနိုင္တယ္လို႔ ဆိုပါတယ္။

၇။Anabolic Steroid(ၾကြက္သားမ်ား ၾကီးထြားေစေသာေဆး) ေတြကို ေရွာင္ပါ။ Body Builder သမားေတြ ၊ အားကစားသမားေတြအတြက္လည္း တားျမစ္ထားတဲ့ ေဆးေတြပဲ ျဖစ္ပါတယ္ ။ က်ားေဟာ္မုန္း testosterone ကို ေလ်ာ့နည္းေစကာ ပန္းေသပန္းညွိဳးအတြက္ ဦးေဆာင္ေနသလိုပါပဲ။

၈။အႏၱရယ္ရွိေသာ ပံုစံမ်ိဳးနဲ႕ လိင္ဆက္ဆံျခင္းကို ေရွာင္ပါ။ ယုံခ်င္ယံု ၊ မယံုခ်င္ေနပါ ။ တစ္ခါတစ္ရံမွာ ပန္းေသပန္းညွိဳးဟာ ဆက္ဆံေနရင္းနဲ႕ပင္ ျဖစ္နိုုင္ပါတယ္ ။ သက္ေတာင့္သက္သာမရွိတဲ့ ပံုစံအေနအထားမ်ိဳးနဲ႕ ဆက္ဆံတဲ့အခါ အမ်ိဳးသားအဂၤါမွာ ထိခို္္က္နာၾကင္မႈေတြ ျဖစ္လာေစနုိင္ပါတယ္ ။ ဒီလိုျဖစ္တဲ့အခါ ဆရာဝန္ကိုသာ ပြင့္ပြင္းလင္းလင္းဖြင့္ေျပာျပီး ဘယ္လိုလုပ္သင့္တယ္ဆိုတဲ့ လမ္းညႊန္မႈေတြကို ေတာင္းခံနာယူတာက အေကာင္းဆံုးပါပဲ။

၉။ စိတ္ဖိစီးမႈေလွ်ာ့ပါ ။ စိတ္ဖိစီးမႈမ်ားေနလွ်င္လည္း ပန္းေသပန္းညွိဳးျဖစ္နိုင္တာေၾကာင့္ အတတ္နိုင္ဆံုး စိတ္ဖိစီးမႈေတြကို ေလွ့်ာ့ထားဖို႔လိုပါတယ္ ။

Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျားဆိုတဲ့ အမျိုးသားတွေ အကြောက်ဆုံးရောဂါကတော့ ပန်းသေပန်းညှိုး ဖြစ်ပါတယ် ။ ပုံမှန်အားဖြင့် ပန်းသေပန်းညှိုးဆိုတာ အသက်အရွယ်ရလာတဲ့ အမျိုးသားတွေမှာသာ ဖြစ်လေ့ရှိသော်လည်း အချို့ လူငယ် ၊လူလတ်ပိုင်းမှာလည်း ဒီလိုရောဂါမျိုး ဖြစ်လေ့ရှိကြပါတယ် ။ ဒီရောဂါဖြစ်လာလျှင် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းလာခြင်း ၊ စိတ်ဖိစီးမှုဖြစ်ခြင်း ၊ လုပ်ငန်းခွင်တွင် အဆင်မပြေခြင်း ၊ အိမ်ထောင်ရေး ထိခိုက်လာနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ များစွာ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ပြီး နေထိုင်မှုပုံစံတွေ ဆင်ခြင်ဖို့ လိုပါတယ် ။

၁။ အစားအသောက်ကိုဂရုစိုက်ပါ။ အစားအသောက်စားတဲ့အခါ သွေးလည်ပတ်မှုကောင်းစေသော အစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါတယ် ။ အထူးသဖြင့် အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ အသားငါး၊အစေ့အဆန် ၊ ဝိုင်နီ စသည်တို့ကို ရွေးချယ်စားသုံးသင့်ပြီး အဆီများသော အစားအစာ ၊ fast food တို့ကို ရှောင်သင့်ပါသည် ။

၂။ကိုယ်အလေးချိန်ထိန်းပါ ။ အမျိုးသားတွေဟာ မိမိ အသက်အရွယ် ၊အရပ်အမောင်းနဲ့ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်တော့ ရှိသင့်ပါတယ် ။ ပိန်လွန်း ၊ ဝလွန်းသော အမျိုးသားတွေဟာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုများပါတယ် ။ ဒါ့အပြင် ဆီးချိုမဖြစ်အောင်လည်း ဂရုစိုက်ပါ ။ ဆီးချိုကြောင့် အမျိုသားအင်္ဂါကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ် ။

၃။သွေးတိုးခြင်းနဲ့ ကိုလက်စထေရောတိုးခြင်း မဖြစ်အောင် နေထိုင်စားသောက်ပါ ။

၄။အရက်လုံးဝမသောက်ပါနှင့် ။ သောက်လျှင်လည်း နေ့စဉ်မသောက်ပါနှင့် ။ အလွန်အကျွံမသောက်ပါနှင့် ။ အရက်နေ့စဉ်ပုံမှန်သောက်သူတွေဟာ အသည်းရောဂါ ၊ အာရုံကြောရောဂါတွေအပြင် ကျားဟော်မုန်းlevel ကို အနှောင့်အယှက်ဖြစ်စေပြီး ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

၅။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ ။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတွေအတွက် ပန်းသေပန်းညှိုးဖြစ်နိုင်မှုကို လျော့ကျစေပါတယ် ။ ရေကူးခြင်း နှင့် အခြား အေးရိုးပစ် လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ် ။

၆။ဆေးလိပ်သောက်နေလျှင် ဖြတ်နိုင်အောင် ကြိုးစားပါ ။ ဆေးလိပ်သောက်ခြင်းက  သွေးကြောများကို ကျဉ်းကြုံ့စေပြီး အမျိုးသာအင်္ဂါဆီ သွေးစီးဆင်းနိုင်ဖို့အတွက် လွန်စွာ အနှောင့်အယှက် ဖြစ်စေပါတယ်။ အမျိုးသားအင်္ဂါကိုလည်း ကျုံ့ပြီး သေးငယ်စေနိုင်တယ်လို့ ဆိုပါတယ်။

၇။Anabolic Steroid(ကြွက်သားများ ကြီးထွားစေသောဆေး) တွေကို ရှောင်ပါ။ Body Builder သမားတွေ ၊ အားကစားသမားတွေအတွက်လည်း တားမြစ်ထားတဲ့ ဆေးတွေပဲ ဖြစ်ပါတယ် ။ ကျားဟော်မုန်း testosterone ကို လျော့နည်းစေကာ ပန်းသေပန်းညှိုးအတွက် ဦးဆောင်နေသလိုပါပဲ။

၈။အန္တရယ်ရှိသော ပုံစံမျိုးနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ ယုံချင်ယုံ ၊ မယုံချင်နေပါ ။ တစ်ခါတစ်ရံမှာ ပန်းသေပန်းညှိုးဟာ ဆက်ဆံနေရင်းနဲ့ပင် ဖြစ်နိုုင်ပါတယ် ။ သက်တောင့်သက်သာမရှိတဲ့ ပုံစံအနေအထားမျိုးနဲ့ ဆက်ဆံတဲ့အခါ အမျိုးသားအင်္ဂါမှာ ထိခို်က်နာကြင်မှုတွေ ဖြစ်လာစေနိုင်ပါတယ် ။ ဒီလိုဖြစ်တဲ့အခါ ဆရာဝန်ကိုသာ ပွင့်ပွင်းလင်းလင်းဖွင့်ပြောပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ လမ်းညွှန်မှုတွေကို တောင်းခံနာယူတာက အကောင်းဆုံးပါပဲ။

၉။ စိတ်ဖိစီးမှုလျှော့ပါ ။ စိတ်ဖိစီးမှုများနေလျှင်လည်း ပန်းသေပန်းညှိုးဖြစ်နိုင်တာကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေကို လျှေ့ာ့ထားဖို့လိုပါတယ် ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top