စိမ်ထားတဲ့ ဂွမ်းစလေိးု အသုံးပြုပြီး လက်သည်းပေါ်က သွားတိုက်ဆေးတွေကို
မရှိတော့ဘူးနော်….
ပိုင်ဆိုင်ရပြီနော်..
#Unicode Version
လက်သည်းရှည်ထားတဲ့သူတွေမှာ အများဆုံးတွေကြုံရတတ်တာဟာ လက်သည်းအရောင် ဝါဝါကြီးတွေ ဖြစ်နေတာပါပဲ။ လက်သည်းရှည်ထဲမှာ ချေး(ဂျီး) ရှိတာလည်း မဟုတ်ပါပဲနဲ့ လက်သည်းခွံဝါနေတာဟာ ချေး(ဂျီး) လို ကလော်ထုတ်လို့လည်းမရ၊ လက်သည်းရှည်တွေ ညှပ်လိုက်ရမှာလည်းနှမြော၊ ဖြူစင်တဲ့ လက်သည်းခွံလေးတွေချည်း ပိုင်ဆိုင်ချင် ဖြစ်နေတယ်ဆိုရင်တော့ ဒါလေးတွေ လိုက်လုပ်ဖို့ မမေ့နဲ့နော်….
ဂွမ်းစလေးကို ရေနွေးနွေးလေးနဲ့ စိမ် ထားပါ။ သွားတိုက်ဆေးကို လက်သည်းပေါ်မှာ သုတ်လိမ်းလိုက်ပါ။ (၅) မိနစ်လောက်ကြာအောင်ထားပါ။ ပြီးရင် ဘရက်ရှ်လေးနဲ့ တိုက်ပေးပါ။ ဖြည်းဖြည်းတော့ တိုက်နော်။ ဘရက်ရှ်လေးနဲ့တိုက်ပြီးပြီဆိုရင်တော့ ခုနက စိမ်ထားတဲ့ ဂွမ်းစလေးို အသုံးပြုပြီး လက်သည်းပေါ်က သွားတိုက်ဆေးတွေကို ဖယ်လိုက်နော်.. သွားတိုက်ဆေးဖယ်လိုက်တာနဲ့ စိတ်ညစ်စရာ လက်သည်းခွံဝါဝါတွေ မရှိတော့ဘူးနော်….
သံပရာသီးကတော့ စွမ်းတယ်ဆိုတာ ထူးပြီး ပြောစရာ မလိုတော့ဘူး ထင်တယ်နော်…သံပရာသီးကို ထက်ခြမ်းလေးခြမ်းပြီး အဲဒီအခြမ်းလေးနဲ့ လက်သည်းဝါဝါတွေ ရှိတဲ့ နေရာကို တိုက်ပေးလိုက်ရုံပါပဲ။ ပြီးမှ ရေနဲ့ဆေးကြောလိုက်ပါ။ နှစ်ကြိမ် သုံးကြိမ်လောက် လုပ်ပေးမယ်ဆိုရင် အံ့သြစရာကောင်းလောက်အောင် ဖြူဖွေးတဲ့ လက်သည်းခွံလေးတွေ ပိုင်ဆိုင်ရပြီနော်..
Ref: Top 10 Home Remedies
Credit:ဖြိုးပြည့်သူ(မိုမိုလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...