iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ငန္းတစ္ခုရဲ႕ အလုပ္ရွင္ ဒါမွမဟုတ္ အဖြဲ႕အစည္းတစ္ခုရဲ႕ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ ၀န္ထမ္းေတြ၊ အဖြဲ႕၀င္ေတြအားလံုးက ရြံ႕ေၾကာက္ၿပီး မေလးစား၊ မယုံၾကည္ၾကတဲ့ လူမ်ိဳးေတြရွိပါတယ္။ သင္လည္း ဒီလိုလူမ်ိဳးျဖစ္ေနခဲ့မယ္ဆိုရင္ ဘယ္လိုေျပာင္းလဲႏိုင္မလဲ။ ပထမဆံုးလိုအပ္ခ်က္က ဒီလို လူတိုင္းက ရြ႕ံေၾကာက္ၾကတဲ့ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ လကၡဏာေတြက ဘာေတြလဲဆိုတာ သိထားၿပီး ျပင္ဆင္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။

၁။ ပြင့္လင္းျမင္သာမႈ မရွိျခင္း
ပြင့္လင္းျမင္သာမႈမရွိရင္ ၀န္ထမ္းေတြက သူတို႔အေပၚကို အလံုးစံု႐ုိးသားမႈ မရွိဘူးလို႔ ျမင္လာၾကပါလိမ့္မယ္။ သင့္ရဲ႕အဖြဲ႕အစည္းကို ပြင့္လင္းျမင္သာမႈမရွိတာက မျဖစ္သင့္ပါဘူး။ ပြင့္လင္းျမင္သာမႈရွိမွသာ လုပ္ငန္းရဲ႕ အေျခအေနကို အားလံုးကနားလည္ထားၿပီး ေျဖရွင္းဖို႔လိုတဲ့ ျပႆနာေတြကို စည္းစည္းလံုးလံုးအေျဖရွာႏိုင္မွာ ျဖစ္တဲ့အတြက္ ေရရွည္အက်ိဳးရွိမွာ ျဖစ္ပါတယ္။ ပြင့္လင္းျမင္သာမႈမရွိရင္ ယုံၾကည္မႈလည္း ကင္းမဲ့လာတတ္ပါတယ္။

၂။ နားမေထာင္တတ္ျခင္း
၀န္ထမ္းေတြဆီက စကားေတြကို တတ္ႏိုင္သမွ်နားေထာင္တာက သစၥာရွိၿပီး ယုံၾကည္မႈရွိတဲ့ အဖြဲ႕အစည္းတစ္ခုကို တည္ေဆာက္ႏိုင္ဖို႔အတြက္ အေရးႀကီးပါတယ္။ လူတိုင္းဟာ လုပ္ငန္းရဲ႕ အစိတ္အပိုင္းျဖစ္ေနဖို႔ လိုအပ္ပါတယ္။ ၀န္ထမ္းေတြနဲ႔ အျပန္အလွန္ေျပာဆိုၿပီး သူတို႔စကားကို နားေထာင္ဖို႔ကို ေခါင္းေဆာင္အမ်ားစုက ေမ့ေနတတ္ၾကပါတယ္။ မျဖစ္သင့္တဲ့ အေရးႀကီးကိစၥတစ္ခုပါ။

၃။ အျခားသူေတြရဲ႕ စိတ္ကူးကို လက္မခံျခင္း
ဒီအခ်က္က တကယ္ကို ဆိုးရြားလြန္းတဲ့အခ်က္ ျဖစ္ပါတယ္။ စိတ္ကူးေကာင္းေတြကို နားလည္လက္ခံၿပီး တိုးတက္ေကာင္းမြန္လာေအာင္၊ တိုက္တြန္းအားေပးတတ္ဖို႔က တကယ္ကို အေရးႀကီးပါတယ္။

၄။ ျဖစ္ႏိုင္ေခ်ထက္ အေတြ႕အၾကံဳကို တန္ဖိုးထားျခင္း
လုပ္ငန္းတစ္ခုရဲ႕ ေခါင္းေဆာင္ေတြက ျဖစ္ႏိုင္ေခ်အလားအလာထက္ အေတြ႕အၾကံဳကိုပဲ တန္ဖိုးထားေနလို႔ မျဖစ္ပါဘူး။ အေတာ္ဆံုးဆိုတဲ့ ၀န္ထမ္းအမ်ားစုမွာ အေတြ႕အၾကံဳေတြ အမ်ားႀကီးမရွိတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အလားအလာရွိတဲ့၀န္ထမ္းေတြမွာ အေကာင္းဆံုးအရည္အခ်င္းေတြကို ထုတ္ျပခ်င္တဲ့ စိတ္ဆႏၵေတြရွိေနၿပီးသားျဖစ္ပါတယ္။ ဒီအခ်က္က သင္ေပးလို႔လည္းမရတဲ့ ပင္ကိုယ္ခံယူခ်က္ျဖစ္ပါတယ္။

၅။ အတၱႀကီးျခင္း
ေခါင္းေဆာင္ေကာင္းတစ္ေယာက္ဟာ လုပ္ငန္းတစ္ခုခုခၽြတ္ေခ်ာ္မွားယြင္းသြားခဲ့ရင္ ကိုယ့္အမွားလို႔ ခံယူၿပီး ေအာင္ျမင္ျဖစ္ထြန္းလာခဲ့ရင္ ေနာက္လိုက္အဖြဲ႕အစည္းကို ေက်းဇူးတင္တတ္သူ ျဖစ္ပါတယ္။ စစ္မွန္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔အတြက္ သင့္ရဲ႕အတၱကို ေဘးခ်ိတ္ထားၿပီး သင့္ကိုဒီေနရာကို ေရာက္ေအာင္ ပံ့ပိုးေပးေနတဲ့လူေတြရဲ႕ေက်းဇူးကို သိတတ္ပါေစ။

၆။ အခ်ိန္ျပည့္အလုပ္လုပ္ျခင္း
လုပ္ငန္းတစ္ခုကို လည္ပတ္ေနေအာင္ လုပ္ေဆာင္ရတာက အလုပ္မ်ားၿပီး ႀကိဳးစားရတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ အနားယူခ်ိန္ထားၿပီး အျခားစိတ္၀င္စားစရာေတြကို ရွာေဖြဖို႔လည္း အခ်ိန္ေပးသင့္ပါတယ္။ ဒါမွသာ သင့္ရဲ႕ေနာက္လိုက္အဖြဲ႕အစည္း၊ ၀န္ထမ္းေတြရဲ႕ စံနမူနာေကာင္းျဖစ္မွာပါ။ ဒီလိုမဟုတ္ရင္ေတာ့ သူတို႔လည္း ႏွစ္ဆယ့္ေလးနာရီလံုး အလုပ္လုပ္ေနဖို႔ လိုတယ္လို႔ထင္ၿပီး အားလံုးစိတ္ပ်က္လက္ပ်က္ျဖစ္ကုန္ပါလိမ့္မယ္။

၇။ စာနာစိတ္ကင္းမဲ့ျခင္း
ေခါင္းေဆာင္ေတြဟာ ေနာက္လိုက္၀န္ထမ္းေတြ ရင္ဆိုင္ေနရတဲ့ ျပႆနာ၊ အခက္အခဲေတြကို နားလည္ရမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ ၀န္ထမ္းေတြ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ၾကံဳေတြ႕ေနရတဲ့ အတားအဆီးေတြကို ဖယ္ရွားေပးရမွာျဖစ္ပါတယ္။ ဒီလိုအတားအဆီးေတြထဲမွာ လိုအပ္တဲ့အေထာက္အပံ့ မေပးတာ၊ လမ္းညႊန္မႈမရွိတာနဲ႔ အဖြဲ႔အစည္းစိတ္မရွိတာေတြလည္း ပါ၀င္ပါတယ္။

၈။ ေခါင္းေဆာင္ေမြးဖို႔ ေမ့ေလ်ာ့ျခင္း
၀န္ထမ္းေတြကို လိုအပ္တဲ့ပညာေတြသင္ၾကားေပးၿပီး ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ဖန္တီးေပးဖို႔က မျဖစ္မေနလုပ္ရမယ့္ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ေပးမွသာ ၀န္ထမ္းေတြရဲ႕အလုပ္ကို တန္ဖိုးထားမႈ ျမင့္တက္လာၿပီး ပိုအရည္အခ်င္းရွိ ေအာင္ျမင္ခ်င္တဲ့အဖြဲ႕အစည္းတစ္ခု ျဖစ္လာမွာပါ။ သင့္၀န္ထမ္းေတြကို တိုးတက္လာေအာင္ မလုပ္ေပးဘူးဆိုရင္ ဘယ္လိုျဖစ္လာမလဲ ေတြးၾကည့္ပါ။

၉။ အလြန္အကၽြံေရွး႐ိုးစြဲျခင္း
အခုေခတ္ေခါင္းေဆာင္ေတြအေနနဲ႔ သူတို႔ရဲ႕အဖြဲ႕အစည္း၊ စားသံုးသူနဲ႔ သူတို႔ကိုယ္တိုင္ဆီက သူတို႔လိုခ်င္တဲ့ ရလဒ္ေတြ ရရွိလာဖို႔ အျပည့္အ၀စိတ္ထည့္လုပ္ေဆာင္ဖို႔ လိုပါတယ္။ ေရွး႐ိုးစြဲမူ၀ါဒေတြကို ရွင္းထုတ္လိုက္ပါ။ တစ္ခါတစ္ေလမွာ လုပ္႐ိုးလုပ္စဥ္နည္းလမ္းအတိုင္း ေရွး႐ိုးစြဲၿပီး မစြန္႔စားရဲတာက အခြင့္အေရးကို လက္လႊတ္လိုက္ရပါလိမ့္မယ္။

၁၀။ အတင္းအဖ်င္းစကားေတြကို လက္ခံျခင္း
အတင္းအဖ်င္းစကားေတြကို ပ်ံ႕ႏွံ႔ေစျခင္းက ယုံၾကည္မႈကို ပ်က္ျပားေစပါတယ္။ ဒါ့အျပင္ ဘာေျပာေျပာ ေနာက္ကြယ္မွာ စကားေတြပ်ံ႕မွာကိုလည္း အားလံုးက စိုးရိမ္ေနၾကရပါလိမ့္မယ္။ အတင္းအဖ်င္းေျပာတတ္တဲ့ေခါင္းေဆာင္ ဒါမွမဟုတ္ အတင္းအဖ်င္းေတြကို မရွင္းလင္းတဲ့ေခါင္းေဆာင္ဟာ လုပ္ငန္းရဲ႕ က်င့္၀တ္သိကၡာကို ထိခိုက္ေစပါတယ္။

၁၁။ အသိေပးဆက္သြယ္မႈစနစ္ မေကာင္းျခင္း
ေခါင္းေဆာင္ေတြဟာ လုပ္ငန္းနဲ႔ပတ္သက္တဲ့ စိတ္ကူးအၾကံဉာဏ္ေတြ ထုတ္ၿပီးလုပ္ေဆာင္တတ္ၾကပါတယ္။ ဒါေပမယ့္ ၀န္ထမ္းေတြကို အသိမေပးဘူး၊ မေ၀မွ်ဘူးဆိုရင္ ႏွစ္ဖက္စလံုးအတြက္ စိတ္ပ်က္စရာျဖစ္လာႏိုင္ပါတယ္။ ေခါင္းေဆာင္ေတြအေနနဲ႔ လုပ္ေဆာင္ရမယ့္ စိတ္ကူးနဲ႔ အစီအစဥ္ေတြကို ခ်ေရးထားၿပီး ေနာက္လိုက္၀န္ထမ္းေတြ အားလံုးနားလည္ႏိုင္ေအာင္ အသိေပးထားဖို႔ လိုပါတယ္။

၁၂။ တဖက္ပိတ္စိတ္ဓာတ္ရွိျခင္း
ေခါင္းေဆာင္ေတြဟာ ေ၀ဖန္အၾကံျပဳသံေတြ၊ စိတ္ကူးအၾကံဉာဏ္ေတြကို လက္ခံႏိုင္တဲ့ စိတ္ဓာတ္ရွိဖို႔ အေရးႀကီးပါတယ္။ တစ္ဖက္ပိတ္စိတ္ဓာတ္နဲ႔ အျမင္ေျပာင္းဖို႔ စိတ္ကူးမရွိဘူးဆိုရင္ ၀န္ထမ္းေတြအတြက္ေရာ လုပ္ငန္းအတြက္ပါ အဆင္ေျပမွာမဟုတ္ပါဘူး။

၁၃။ အျပစ္လႊဲခ်ျခင္း
သင့္အဖြဲ႕အစည္းရဲ႕ က်႐ႈံးမႈ၊ ေအာင္ျမင္မႈအားလံုးက သင့္တာ၀န္ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ တစ္ေန႔တာၿပီးဆံုးသြားရင္ တာ၀န္အားလံုးကို ယူရမွာက ေခါင္းေဆာင္လုပ္သူပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆင္မေျပျဖစ္ရတဲ့ကိစၥေတြအတြက္ အျပစ္တင္မေနပဲ ႀကိဳးစားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါ။

၁၄။ မတည္ၿငိမ္ျခင္း
ေခါင္းေဆာင္ေတြအေနနဲ႔ အေျပာင္းအလဲမ်ားလို႔ မျဖစ္ပါဘူး။ ေခါင္းေဆာင္တစ္ေယာက္က ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးလုပ္ေနမယ္ဆိုရင္ ေနာက္လိုက္၀န္ထမ္းေတြၾကားမွာ ႐ႈပ္ေထြးမႈေတြ ျဖစ္လာနိုင္ပါတယ္။ လုပ္မယ္လို႔ဆံုးျဖတ္ထားတာေတြကို ဘယ္လိုအေျခအေနရွိရွိလုပ္ေဆာင္တာက အဖြဲ႔အစည္းအတြင္း ယုံၾကည္မႈကို တည္ေဆာက္ၿပီးသား ျဖစ္ေစပါတယ္။

၁၅။ အလိုက္သင့္ေျပာင္းလဲဖို႔ ေႏွးေကြးျခင္း
လိုအပ္တဲ့ အသိပညာဗဟုသုတမရွိပဲ၊ အလိုက္သင့္မေျပာင္းလဲႏိုင္တဲ့ ေခါင္းေဆာင္ေတြဟာ ဆံုးျဖတ္ခ်က္ေတြ မျပတ္မသားျဖစ္ၿပီး စိုးရိမ္ပူပန္မႈေတြ မ်ားလာတတ္ပါတယ္။ ဒီလိုေခါင္းေဆာင္မ်ိဳးေတြကို ၀န္ထမ္းေတြက ယုံၾကည္မႈမရွိျဖစ္သြားတတ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လုပ်ငန်းတစ်ခုရဲ့ အလုပ်ရှင် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေအားလုံးက ရွံ့ကြောက်ပြီး မလေးစား၊ မယုံကြည်ကြတဲ့ လူမျိုးတွေရှိပါတယ်။ သင်လည်း ဒီလိုလူမျိုးဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုပြောင်းလဲနိုင်မလဲ။ ပထမဆုံးလိုအပ်ချက်က ဒီလို လူတိုင်းက ရွံ့ကြောက်ကြတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားပြီး ပြင်ဆင်နိုင်ဖို့ပဲဖြစ်ပါတယ်။

၁။ ပွင့်လင်းမြင်သာမှု မရှိခြင်း
ပွင့်လင်းမြင်သာမှုမရှိရင် ဝန်ထမ်းတွေက သူတို့အပေါ်ကို အလုံးစုံရိုးသားမှု မရှိဘူးလို့ မြင်လာကြပါလိမ့်မယ်။ သင့်ရဲ့အဖွဲ့အစည်းကို ပွင့်လင်းမြင်သာမှုမရှိတာက မဖြစ်သင့်ပါဘူး။ ပွင့်လင်းမြင်သာမှုရှိမှသာ လုပ်ငန်းရဲ့ အခြေအနေကို အားလုံးကနားလည်ထားပြီး ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေကို စည်းစည်းလုံးလုံးအဖြေရှာနိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အကျိုးရှိမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိရင် ယုံကြည်မှုလည်း ကင်းမဲ့လာတတ်ပါတယ်။

၂။ နားမထောင်တတ်ခြင်း
ဝန်ထမ်းတွေဆီက စကားတွေကို တတ်နိုင်သမျှနားထောင်တာက သစ္စာရှိပြီး ယုံကြည်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ လူတိုင်းဟာ လုပ်ငန်းရဲ့ အစိတ်အပိုင်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေနဲ့ အပြန်အလှန်ပြောဆိုပြီး သူတို့စကားကို နားထောင်ဖို့ကို ခေါင်းဆောင်အများစုက မေ့နေတတ်ကြပါတယ်။ မဖြစ်သင့်တဲ့ အရေးကြီးကိစ္စတစ်ခုပါ။

၃။ အခြားသူတွေရဲ့ စိတ်ကူးကို လက်မခံခြင်း
ဒီအချက်က တကယ်ကို ဆိုးရွားလွန်းတဲ့အချက် ဖြစ်ပါတယ်။ စိတ်ကူးကောင်းတွေကို နားလည်လက်ခံပြီး တိုးတက်ကောင်းမွန်လာအောင်၊ တိုက်တွန်းအားပေးတတ်ဖို့က တကယ်ကို အရေးကြီးပါတယ်။

၄။ ဖြစ်နိုင်ချေထက် အတွေ့အကြုံကို တန်ဖိုးထားခြင်း
လုပ်ငန်းတစ်ခုရဲ့ ခေါင်းဆောင်တွေက ဖြစ်နိုင်ချေအလားအလာထက် အတွေ့အကြုံကိုပဲ တန်ဖိုးထားနေလို့ မဖြစ်ပါဘူး။ အတော်ဆုံးဆိုတဲ့ ဝန်ထမ်းအများစုမှာ အတွေ့အကြုံတွေ အများကြီးမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ အလားအလာရှိတဲ့ဝန်ထမ်းတွေမှာ အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ပြချင်တဲ့ စိတ်ဆန္ဒတွေရှိနေပြီးသားဖြစ်ပါတယ်။ ဒီအချက်က သင်ပေးလို့လည်းမရတဲ့ ပင်ကိုယ်ခံယူချက်ဖြစ်ပါတယ်။

၅။ အတ္တကြီးခြင်း
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ လုပ်ငန်းတစ်ခုခုချွတ်ချော်မှားယွင်းသွားခဲ့ရင် ကိုယ့်အမှားလို့ ခံယူပြီး အောင်မြင်ဖြစ်ထွန်းလာခဲ့ရင် နောက်လိုက်အဖွဲ့အစည်းကို ကျေးဇူးတင်တတ်သူ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သင့်ရဲ့အတ္တကို ဘေးချိတ်ထားပြီး သင့်ကိုဒီနေရာကို ရောက်အောင် ပံ့ပိုးပေးနေတဲ့လူတွေရဲ့ကျေးဇူးကို သိတတ်ပါစေ။

၆။ အချိန်ပြည့်အလုပ်လုပ်ခြင်း
လုပ်ငန်းတစ်ခုကို လည်ပတ်နေအောင် လုပ်ဆောင်ရတာက အလုပ်များပြီး ကြိုးစားရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အနားယူချိန်ထားပြီး အခြားစိတ်ဝင်စားစရာတွေကို ရှာဖွေဖို့လည်း အချိန်ပေးသင့်ပါတယ်။ ဒါမှသာ သင့်ရဲ့နောက်လိုက်အဖွဲ့အစည်း၊ ဝန်ထမ်းတွေရဲ့ စံနမူနာကောင်းဖြစ်မှာပါ။ ဒီလိုမဟုတ်ရင်တော့ သူတို့လည်း နှစ်ဆယ့်လေးနာရီလုံး အလုပ်လုပ်နေဖို့ လိုတယ်လို့ထင်ပြီး အားလုံးစိတ်ပျက်လက်ပျက်ဖြစ်ကုန်ပါလိမ့်မယ်။

၇။ စာနာစိတ်ကင်းမဲ့ခြင်း
ခေါင်းဆောင်တွေဟာ နောက်လိုက်ဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အခက်အခဲတွေကို နားလည်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဝန်ထမ်းတွေ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ဒီလိုအတားအဆီးတွေထဲမှာ လိုအပ်တဲ့အထောက်အပံ့ မပေးတာ၊ လမ်းညွှန်မှုမရှိတာနဲ့ အဖွဲ့အစည်းစိတ်မရှိတာတွေလည်း ပါဝင်ပါတယ်။

၈။ ခေါင်းဆောင်မွေးဖို့ မေ့လျော့ခြင်း
ဝန်ထမ်းတွေကို လိုအပ်တဲ့ပညာတွေသင်ကြားပေးပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဖန်တီးပေးဖို့က မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှသာ ဝန်ထမ်းတွေရဲ့အလုပ်ကို တန်ဖိုးထားမှု မြင့်တက်လာပြီး ပိုအရည်အချင်းရှိ အောင်မြင်ချင်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။ သင့်ဝန်ထမ်းတွေကို တိုးတက်လာအောင် မလုပ်ပေးဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ တွေးကြည့်ပါ။

၉။ အလွန်အကျွံရှေးရိုးစွဲခြင်း
အခုခေတ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့အဖွဲ့အစည်း၊ စားသုံးသူနဲ့ သူတို့ကိုယ်တိုင်ဆီက သူတို့လိုချင်တဲ့ ရလဒ်တွေ ရရှိလာဖို့ အပြည့်အဝစိတ်ထည့်လုပ်ဆောင်ဖို့ လိုပါတယ်။ ရှေးရိုးစွဲမူဝါဒတွေကို ရှင်းထုတ်လိုက်ပါ။ တစ်ခါတစ်လေမှာ လုပ်ရိုးလုပ်စဉ်နည်းလမ်းအတိုင်း ရှေးရိုးစွဲပြီး မစွန့်စားရဲတာက အခွင့်အရေးကို လက်လွှတ်လိုက်ရပါလိမ့်မယ်။

၁၀။ အတင်းအဖျင်းစကားတွေကို လက်ခံခြင်း
အတင်းအဖျင်းစကားတွေကို ပျံ့နှံ့စေခြင်းက ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ ဒါ့အပြင် ဘာပြောပြော နောက်ကွယ်မှာ စကားတွေပျံ့မှာကိုလည်း အားလုံးက စိုးရိမ်နေကြရပါလိမ့်မယ်။ အတင်းအဖျင်းပြောတတ်တဲ့ခေါင်းဆောင် ဒါမှမဟုတ် အတင်းအဖျင်းတွေကို မရှင်းလင်းတဲ့ခေါင်းဆောင်ဟာ လုပ်ငန်းရဲ့ ကျင့်ဝတ်သိက္ခာကို ထိခိုက်စေပါတယ်။

၁၁။ အသိပေးဆက်သွယ်မှုစနစ် မကောင်းခြင်း
ခေါင်းဆောင်တွေဟာ လုပ်ငန်းနဲ့ပတ်သက်တဲ့ စိတ်ကူးအကြံဉာဏ်တွေ ထုတ်ပြီးလုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေကို အသိမပေးဘူး၊ မဝေမျှဘူးဆိုရင် နှစ်ဖက်စလုံးအတွက် စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ လုပ်ဆောင်ရမယ့် စိတ်ကူးနဲ့ အစီအစဉ်တွေကို ချရေးထားပြီး နောက်လိုက်ဝန်ထမ်းတွေ အားလုံးနားလည်နိုင်အောင် အသိပေးထားဖို့ လိုပါတယ်။

၁၂။ တဖက်ပိတ်စိတ်ဓာတ်ရှိခြင်း
ခေါင်းဆောင်တွေဟာ ဝေဖန်အကြံပြုသံတွေ၊ စိတ်ကူးအကြံဉာဏ်တွေကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။ တစ်ဖက်ပိတ်စိတ်ဓာတ်နဲ့ အမြင်ပြောင်းဖို့ စိတ်ကူးမရှိဘူးဆိုရင် ဝန်ထမ်းတွေအတွက်ရော လုပ်ငန်းအတွက်ပါ အဆင်ပြေမှာမဟုတ်ပါဘူး။

၁၃။ အပြစ်လွှဲချခြင်း
သင့်အဖွဲ့အစည်းရဲ့ ကျရှုံးမှု၊ အောင်မြင်မှုအားလုံးက သင့်တာဝန်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့တာပြီးဆုံးသွားရင် တာဝန်အားလုံးကို ယူရမှာက ခေါင်းဆောင်လုပ်သူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆင်မပြေဖြစ်ရတဲ့ကိစ္စတွေအတွက် အပြစ်တင်မနေပဲ ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါ။

၁၄။ မတည်ငြိမ်ခြင်း
ခေါင်းဆောင်တွေအနေနဲ့ အပြောင်းအလဲများလို့ မဖြစ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်က ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်နေမယ်ဆိုရင် နောက်လိုက်ဝန်ထမ်းတွေကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်မယ်လို့ဆုံးဖြတ်ထားတာတွေကို ဘယ်လိုအခြေအနေရှိရှိလုပ်ဆောင်တာက အဖွဲ့အစည်းအတွင်း ယုံကြည်မှုကို တည်ဆောက်ပြီးသား ဖြစ်စေပါတယ်။

၁၅။ အလိုက်သင့်ပြောင်းလဲဖို့ နှေးကွေးခြင်း
လိုအပ်တဲ့ အသိပညာဗဟုသုတမရှိပဲ၊ အလိုက်သင့်မပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တွေ မပြတ်မသားဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ များလာတတ်ပါတယ်။ ဒီလိုခေါင်းဆောင်မျိုးတွေကို ဝန်ထမ်းတွေက ယုံကြည်မှုမရှိဖြစ်သွားတတ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top