iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာသမိုင္းအဖြဲ႕က ျပဳစုထားၿပီး ႏွစ္ေပါင္း ေလးဆယ္ၾကာ ထုတ္ေဝမႈေႏွာင့္ေႏွးခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိကို အစိုးရမွဦးစီးထုတ္ေဝသြားမယ္လို႔ ျမန္မာသမိုင္းအဖြဲ႔ အခ်ိန္ပိုင္းအဖြဲ႔ဝင္ ေဒါက္တာဘေမာင္က ေျပာလိုက္ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိကိုေရးသားဖို႔ ဗိုလ္ခ်ဳပ္မ်ိဳး႐ိုးနဲ႔ ငယ္စဥ္ကေလးဘဝ အေျခအေနကေနစၿပီး က်ဆုံးတဲ့အခ်ိန္အထိ ေမြးဖြာရာ နတ္ေမာက္နဲ႔ ပါဝင္ဆက္စပ္ပတ္သက္သူေတြကိုႏွစ္ေပါင္း ၇ ႏွစ္ေက်ာ္ အခ်ိန္ယူေတြ႔ဆုံေမးျမန္းေရးသားခဲ့ၿပီး လာမယ့္ ၂၀၁၈ ခုႏွစ္ ဗိုလ္ခ်ဳပ္ေမြးေန႔ ေဖေဖာ္ဝါရ ီ၁၃ ရက္မတိုင္ခင္ ထုတ္ေဝမယ္လို႔ သိရပါတယ္။

“အရင္တုံးကေတာ့ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဦးစားမေပးေတာ့ထုတ္ဖို႔မဝင့္မရဲ ျဖစ္တာလည္းပါတယ္။ ဒါေၾကာင့္လည္း ဒီျပဳစုၿပီးထားတာေတြ အျပင္ေဈးကြက္ေရာက္ကုန္တယ္။အခုလည္း ေနာက္ရလာတာေတြကို မထုတ္ခင္ထပ္ျဖည့္ဖို႔မယ္”လို႔  ေဒါက္တာဘေမာင္က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိကို လာမယ့္ႏွစ္ ဗိုလ္ခ်ဳပ္ေမြးေန႔မတိုင္ခင္ ထုတ္ေဝဖို႔ ဇြန္၁ဝ ရက္ေန႔မွာ ျပည္ေထာင္စုဝန္ႀကီး အပါအဝင္ ျမန္မာသမိုင္းအဖြဲ႔ဝင္ ၂၆ ဦး တက္ေရာက္ခဲ့တဲ့ ျမန္မာသမိုင္းေကာ္မရွင္ လပတ္အစည္းအေဝးကေန ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၳဳပၸတၱိနဲ႔ ပတ္သက္ၿပီး ျမန္မာျပည္မွာ တစ္ဦးခ်င္း သုေတသနျပဳလုပ္ထားတာေတြရွိၿပီး ေဈးကြက္အတြင္း ထုတ္ေဝမႈေတြရွိေနေပမဲ့ အခုထြက္ရွိမယ္စာအုပ္ကပညာရွင္ေတြ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူျပဳစုတဲ့ စာအုပ္ျဖစ္လို႔ ျပည္စုံမယ္ထင္တယ္လို႔ စီးပြားေရးပညာရွင္ခင္ေမာင္ညိဳ(ေဘာဂေဗဒ)က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အတၴဳပၸတၱိကို၁၉၇၇ ခုႏွစ္ကေန ၁၉၈၄ ခုႏွစ္အထိ အခ်ိန္ယူေရးသားခဲ့ၿပီး ဗိုလ္ခ်ဳပ္အတၳဳပတၱိအပါအဝင္ အျခားေသာ သမိုင္းဆိုင္ရာ အျဖစ္အပ်က္ေတြကိုေျပာႏိုင္တဲ့ ထင္ရွားပုဂၢိဳလ္ေတြနဲ႔ အင္တာဗ်ဴး တိတ္ေခြေပါင္း ၁၀၀၀ ေက်ာ္ရွိတယ္လို႔ ျမန္မာသမိုင္းေကာ္မရွင္ကေန သိရပါတယ္။

Source : The Voice
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မြန်မာသမိုင်းအဖွဲ့က ပြုစုထားပြီး နှစ်ပေါင်း လေးဆယ်ကြာ ထုတ်ဝေမှုနှောင့်နှေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို အစိုးရမှဦးစီးထုတ်ဝေသွားမယ်လို့ မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဒေါက်တာဘမောင်က ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကိုရေးသားဖို့ ဗိုလ်ချုပ်မျိုးရိုးနဲ့ ငယ်စဉ်ကလေးဘဝ အခြေအနေကနေစပြီး ကျဆုံးတဲ့အချိန်အထိ မွေးဖွာရာ နတ်မောက်နဲ့ ပါဝင်ဆက်စပ်ပတ်သက်သူတွေကိုနှစ်ပေါင်း ၇ နှစ်ကျော် အချိန်ယူတွေ့ဆုံမေးမြန်းရေးသားခဲ့ပြီး လာမယ့် ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရ ီ၁၃ ရက်မတိုင်ခင် ထုတ်ဝေမယ်လို့ သိရပါတယ်။

“အရင်တုံးကတော့ဗိုလ်ချုပ်အောင်ဆန်းကို ဦးစားမပေးတော့ထုတ်ဖို့မဝင့်မရဲ ဖြစ်တာလည်းပါတယ်။ ဒါကြောင့်လည်း ဒီပြုစုပြီးထားတာတွေ အပြင်ဈေးကွက်ရောက်ကုန်တယ်။အခုလည်း နောက်ရလာတာတွေကို မထုတ်ခင်ထပ်ဖြည့်ဖို့မယ်”လို့  ဒေါက်တာဘမောင်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို လာမယ့်နှစ် ဗိုလ်ချုပ်မွေးနေ့မတိုင်ခင် ထုတ်ဝေဖို့ ဇွန်၁ဝ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး အပါအဝင် မြန်မာသမိုင်းအဖွဲ့ဝင် ၂၆ ဦး တက်ရောက်ခဲ့တဲ့ မြန်မာသမိုင်းကော်မရှင် လပတ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ တစ်ဦးချင်း သုတေသနပြုလုပ်ထားတာတွေရှိပြီး ဈေးကွက်အတွင်း ထုတ်ဝေမှုတွေရှိနေပေမဲ့ အခုထွက်ရှိမယ်စာအုပ်ကပညာရှင်တွေ နှစ်ပေါင်းများစွာ အချိန်ယူပြုစုတဲ့ စာအုပ်ဖြစ်လို့ ပြည်စုံမယ်ထင်တယ်လို့ စီးပွားရေးပညာရှင်ခင်မောင်ညို(ဘောဂဗေဒ)က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို၁၉၇၇ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ အချိန်ယူရေးသားခဲ့ပြီး ဗိုလ်ချုပ်အတ္ထုပတ္တိအပါအဝင် အခြားသော သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကိုပြောနိုင်တဲ့ ထင်ရှားပုဂ္ဂိုလ်တွေနဲ့ အင်တာဗျူး တိတ်ခွေပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ မြန်မာသမိုင်းကော်မရှင်ကနေ သိရပါတယ်။

Source : The Voice

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top