မ်က္ႏွာက အေရၿပားမတြန္႕ေအာင္ ဘယ္လုိကာကြယ္သင့္ပါသလဲ။ ကာကြယ္နည္းေလးကို တင္ၿပလိုက္ပါတယ္။
၀၁. မ်က္စိကို အနားေပးပါ
မ်က္စိပတ္ဝန္းက်င္မွအေရၿပားဟာ အၿခားေနရာမွ အေရၿပားထက္ပို၍ ပါးလႊာတာေၾကာင့္ ပို၍သတိထားရမွာပါ။
အထူးသၿဖင့္ မ်က္စိ ပင္ပန္းတယ္လို႕ထင္ေသာေန႕ရက္ေတြမွာ မ်က္ႏွာသုတ္ပဝါပူပူေလးကို မ်က္စိေပၚမွာ အုပ္ၿပီး အနားေပးသင့္ပါတယ္။
၀၂. ခရမ္းလြန္ေရာင္ၿခည္ကို သတိထားပါ
ခရမ္းလြန္ေရာင္ၿခည္ဟာ အသားအေရအတြက္ ရန္သူပါ။ ခရမ္းလြန္ေရာင္ၿခည္ကို အထိမခံခင္မွာ UV Cream ကိုလိမ္းသင့္ပါတယ္။ ေနပူတဲ့ေနရက္ေတြမွာ ခဏပဲအၿပင္သြားတာပဲၿဖစ္ၿဖစ္ အလုပ္ရွုပ္ပင္မဲ့ UV Cream ကိုလိမ္းၿဖစ္ေအာင္လိမ္းပါ။
၀၃. ေရေသာက္ပါ
ဘာေၾကာင့္ အေရခံြတြန္႕တာလဲဆိုရင္ အသားအေရေၿခာက္ေနလို႕ပါ။ဒါေၾကာင့္ အသားအေရကို စိုေၿပေနေစရန္အတြက္ ေန႔စဥ္ ေရကိုမွန္မွန္ေသာက္သင့္ပါတယ္။ ကိုယ္ခႏၶာအတြင္းပိုင္းကေန က်န္းမာေရးအတြက္ ဂရုစိုက္ရင္ ႏူးညံ့လွပေသာ
မ်က္ႏွာေလးကိုပိုင္ဆုိင္ေစမွာပါ။
၀၄. ေရေႏြးေႏြးေလးနဲ႕ မ်က္ႏွာသစ္ပါ
အရမ္းပူတဲ့ေရေႏြးနဲ႕ မ်က္ႏွာသစ္လုိက္တဲ့အခါမွာ မ်က္ႏွာမွာရွိတဲ့ အဆီဓာတ္ကိုပါ ေရနဲ႕အတူပါသြားေစၿပီး အသားပတ္ေစတဲ့အထိ ၿဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာသစ္တဲ့အခါ သိပ္မပူတဲ့ေရေႏြးကို သံုးေစခ်င္ပါတယ္။ ၃၂ ဒီဂရီ ေလာက္ဆိုရင္ အေတာ္ပါပဲ။
၀၅. ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါ
အသားအေရအတြက္ အဓိကရန္သူၿဖစ္တဲ့ ခရမ္းလြန္ေရာင္ၿခည္ကို ကာကြယ္ဖို႕အတြက္ကေတာ့ ဗီတာမင္ဓာတ္ပါဝင္တဲ့ ဟင္းသီးဟင္းရြက္ကို မ်ားမ်ားစားေပးဖို႕လိုအပ္ပါတယ္။ ဟင္းသီးဟင္းရြက္က မွဲ႕ေၿခာက္ကိုလည္း ေပ်ာက္ကင္းေစပါတယ္။
Credit:Chelmo Team
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဘယ်မိန်းကလေးဖြစ်ဖြစ် ကိုယ့်ရဲ့မျက်နှာလေးက ဘယ်အရွယ်ပဲရောက်ရောက် တင်းတင်းရင်းရင်းရှိနေချင်တာပါ။
မျက်နှာက အရေပြားမတွန့်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။ ကာကွယ်နည်းလေးကို တင်ပြလိုက်ပါတယ်။
၀၁. မျက်စိကို အနားပေးပါ
မျက်စိပတ်ဝန်းကျင်မှအရေပြားဟာ အခြားနေရာမှ အရေပြားထက်ပို၍ ပါးလွှာတာကြောင့် ပို၍သတိထားရမှာပါ။
အထူးသဖြင့် မျက်စိ ပင်ပန်းတယ်လို့ထင်သောနေ့ရက်တွေမှာ မျက်နှာသုတ်ပဝါပူပူလေးကို မျက်စိပေါ်မှာ အုပ်ပြီး အနားပေးသင့်ပါတယ်။
၀၂. ခရမ်းလွန်ရောင်ခြည်ကို သတိထားပါ
ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေအတွက် ရန်သူပါ။ ခရမ်းလွန်ရောင်ခြည်ကို အထိမခံခင်မှာ UV Cream ကိုလိမ်းသင့်ပါတယ်။ နေပူတဲ့နေရက်တွေမှာ ခဏပဲအပြင်သွားတာပဲဖြစ်ဖြစ် အလုပ်ရှုပ်ပင်မဲ့ UV Cream ကိုလိမ်းဖြစ်အောင်လိမ်းပါ။
၀၃. ရေသောက်ပါ
ဘာကြောင့် အရေခွံတွန့်တာလဲဆိုရင် အသားအရေခြောက်နေလို့ပါ။ဒါကြောင့် အသားအရေကို စိုပြေနေစေရန်အတွက် နေ့စဉ် ရေကိုမှန်မှန်သောက်သင့်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်းကနေ ကျန်းမာရေးအတွက် ဂရုစိုက်ရင် နူးညံ့လှပသော
မျက်နှာလေးကိုပိုင်ဆိုင်စေမှာပါ။
၀၄. ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ
အရမ်းပူတဲ့ရေနွေးနဲ့ မျက်နှာသစ်လိုက်တဲ့အခါမှာ မျက်နှာမှာရှိတဲ့ အဆီဓာတ်ကိုပါ ရေနဲ့အတူပါသွားစေပြီး အသားပတ်စေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ သိပ်မပူတဲ့ရေနွေးကို သုံးစေချင်ပါတယ်။ ၃၂ ဒီဂရီ လောက်ဆိုရင် အတော်ပါပဲ။
၀၅. ဟင်းသီးဟင်းရွက်များများစားပါ
အသားအရေအတွက် အဓိကရန်သူဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက်ကတော့ ဗီတာမင်ဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်ကို များများစားပေးဖို့လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်က မှဲ့ခြောက်ကိုလည်း ပျောက်ကင်းစေပါတယ်။
Credit:Chelmo Team
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...