တခ်ိဳ႕လူေတြက ဆံုးျဖတ္ခ်က္ခ်ရမွာ ေၾကာက္ပါတယ္။ တခ်ိဳ႕လူေတြကေတာ့ ဆံုးျဖတ္ခ်က္ခ်ဖို႔ ဆုိရင္ သူမ်ားကိုပဲ အားကိုးတတ္ပါတယ္။ အမ်ားအတုိင္း လိုက္လုပ္တတ္ပါတယ္။ တခ်ိဳ႕ကေတာ့ ဆံုးျဖတ္ခ်က္ေတြ ခ်ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ခ်တဲ့ဆံုးျဖတ္ခ်က္အမ်ားစုဟာ ဆံုးျဖတ္ခ်က္ဆိုးေတြ ျဖစ္တတ္ပါတယ္။ ဆံုးျဖတ္ခ်က္ဆိုးေတြ ခ်မိတတ္တဲ့လူေတြမွာ ဒီလိုအက်င့္ဆိုးေတြ ရွိတတ္ပါတယ္။
၁ - တအားခက္ခဲတယ္
အပန္းမၾကီးတဲ့ ဆံုးျဖတ္ခ်က္ေလးတစ္ခုလုပ္ဖို႔ကိုေတာင္ အခ်ိန္ေတြကုန္ျပီး ပင္ပန္းလြန္းေနသူပါ။ ဆံုးျဖတ္ခ်က္ခ်ဖို႔ ဝန္ေလးေနရာကေန ဆံုးျဖတ္ခ်က္ဆိုးေတြကို ခ်သူျဖစ္သြားတတ္ပါတယ္။ အခ်ိန္ရတယ္ဆိုရင္ ကိုယ္တကယ္လိုခ်င္တာကို ေသခ်ာ အျပန္အလွန္စဥ္းစားသင့္ပါတယ္။ ၾကံဳသလိုဆံုးျဖတ္တာေတြ၊ အခ်က္အလက္ စံုစံုလင္လင္မရဘဲ ဆံုးျဖတ္တာေတြဟာ ဆံုးျဖတ္ခ်က္ေကာင္း မရေစပါဘူး။ ေထာင့္ေပါင္းစံုက စဥ္းစားျပီးမွ အေကာင္းဆံုးလို႔ ထင္တာကို ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။
၂ - အမ်ားေနာက္လိုက္တယ္
ကိုယ္ပိုင္မဆံုးျဖတ္ဘဲ လူအမ်ားဆံုးျဖတ္တဲ့ေနာက္ပဲ လိုက္ေနတာျဖစ္ပါတယ္။ ဒီလိုအမ်ားေနာက္ပဲ လိုက္ေနတာဟာ ဆုိးရြားတဲ့ ဆံုးျဖတ္ခ်က္ေတြ ျဖစ္သြားႏုိင္ပါတယ္။ အေၾကာင္းအရင္းက ေနာက္ခံအေျခအေနျခင္း မတူလို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ အမ်ားေနာက္လိုက္ေနရာကေန အခ်ိန္ၾကာလာတဲ့အခါ ကိုယ္ပိုင္ေတြးေခၚမႈ ေပ်ာက္ျပီး ကိုယ္ပိုင္ဆံုးျဖတ္ႏုိင္စြမ္း လံုးဝမရွိေတာ့သလို ျဖစ္သြားတတ္ပါတယ္။ အမ်ားေနာက္လိုက္ျပီး ဆံုးျဖတ္မယ္ဆိုရင္ေတာင္မွ လိုက္သင့္မလိုက္သင့္ကို အရင္ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။
၃ - လက္ေလွ်ာ့တတ္တယ္
ရည္မွန္းခ်က္ေတြကို အလြယ္တကူ လက္ေလွ်ာ့တတ္သူဆိုရင္လည္း ဒီလိုလက္ေလွ်ာ့တတ္တဲ့အက်င့္က ဆံုးျဖတ္ခ်က္အေပၚ လႊမ္းမိုးႏုိင္ပါတယ္။ မေအာင္ျမင္မွာကုိ ေၾကာက္စိတ္နဲ႔ သင္က ဆံုးျဖတ္ခ်က္ ခ်ေနတာေၾကာင့္ပါ။ ဆံုးျဖတ္ခ်က္ခ်တဲ့အခါ ခိုင္မာတဲ့ စိတ္ဓာတ္ရွိဖို႔ကလည္း အေရးၾကီးပါတယ္။ တကယ္ျဖစ္ေျမာက္ေအာင္လုပ္မယ္ဆုိတဲ့ စိတ္ရွိမွ ခိုင္မာျပတ္သားတဲ့ ဆံုးျဖတ္ခ်က္ေတြရမွာ ျဖစ္ပါတယ္။
၄ - အတိတ္ရဲ႕ လႊမ္းမိုးမႈ
ယခင္ကအေတြ႕အၾကံဳေတြကို အေျခခံျပီး စဥ္းစားဆံုးျဖတ္ရမွာကေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ အတိတ္အေၾကာင္းျပန္စဥ္းစားျပီး သင္ခန္းစာမယူဘဲ ဆိုးရြားတဲ့ ဆံုးျဖတ္ခ်က္ေတြ မခ်မိဖို႔လည္း အေရးၾကီးပါတယ္။ အတိတ္မွာျဖစ္ခဲ့တာေတြကို အျပစ္တင္ျပီး ပူပန္ေၾကာင့္ၾကစိတ္ေတြနဲ႔လည္း ဆုိးရြားတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မိတာ ျဖစ္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တချို့လူတွေက ဆုံးဖြတ်ချက်ချရမှာ ကြောက်ပါတယ်။ တချို့လူတွေကတော့ ဆုံးဖြတ်ချက်ချဖို့ ဆိုရင် သူများကိုပဲ အားကိုးတတ်ပါတယ်။ အများအတိုင်း လိုက်လုပ်တတ်ပါတယ်။ တချို့ကတော့ ဆုံးဖြတ်ချက်တွေ ချကြပါတယ်။ ဒါပေမယ့်လည်း သူတို့ချတဲ့ဆုံးဖြတ်ချက်အများစုဟာ ဆုံးဖြတ်ချက်ဆိုးတွေ ဖြစ်တတ်ပါတယ်။ ဆုံးဖြတ်ချက်ဆိုးတွေ ချမိတတ်တဲ့လူတွေမှာ ဒီလိုအကျင့်ဆိုးတွေ ရှိတတ်ပါတယ်။
၁ - တအားခက်ခဲတယ်
အပန်းမကြီးတဲ့ ဆုံးဖြတ်ချက်လေးတစ်ခုလုပ်ဖို့ကိုတောင် အချိန်တွေကုန်ပြီး ပင်ပန်းလွန်းနေသူပါ။ ဆုံးဖြတ်ချက်ချဖို့ ဝန်လေးနေရာကနေ ဆုံးဖြတ်ချက်ဆိုးတွေကို ချသူဖြစ်သွားတတ်ပါတယ်။ အချိန်ရတယ်ဆိုရင် ကိုယ်တကယ်လိုချင်တာကို သေချာ အပြန်အလှန်စဉ်းစားသင့်ပါတယ်။ ကြုံသလိုဆုံးဖြတ်တာတွေ၊ အချက်အလက် စုံစုံလင်လင်မရဘဲ ဆုံးဖြတ်တာတွေဟာ ဆုံးဖြတ်ချက်ကောင်း မရစေပါဘူး။ ထောင့်ပေါင်းစုံက စဉ်းစားပြီးမှ အကောင်းဆုံးလို့ ထင်တာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၂ - အများနောက်လိုက်တယ်
ကိုယ်ပိုင်မဆုံးဖြတ်ဘဲ လူအများဆုံးဖြတ်တဲ့နောက်ပဲ လိုက်နေတာဖြစ်ပါတယ်။ ဒီလိုအများနောက်ပဲ လိုက်နေတာဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သွားနိုင်ပါတယ်။ အကြောင်းအရင်းက နောက်ခံအခြေအနေခြင်း မတူလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အများနောက်လိုက်နေရာကနေ အချိန်ကြာလာတဲ့အခါ ကိုယ်ပိုင်တွေးခေါ်မှု ပျောက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း လုံးဝမရှိတော့သလို ဖြစ်သွားတတ်ပါတယ်။ အများနောက်လိုက်ပြီး ဆုံးဖြတ်မယ်ဆိုရင်တောင်မှ လိုက်သင့်မလိုက်သင့်ကို အရင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၃ - လက်လျှော့တတ်တယ်
ရည်မှန်းချက်တွေကို အလွယ်တကူ လက်လျှော့တတ်သူဆိုရင်လည်း ဒီလိုလက်လျှော့တတ်တဲ့အကျင့်က ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်ပါတယ်။ မအောင်မြင်မှာကို ကြောက်စိတ်နဲ့ သင်က ဆုံးဖြတ်ချက် ချနေတာကြောင့်ပါ။ ဆုံးဖြတ်ချက်ချတဲ့အခါ ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။ တကယ်ဖြစ်မြောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ရှိမှ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရမှာ ဖြစ်ပါတယ်။
၄ - အတိတ်ရဲ့ လွှမ်းမိုးမှု
ယခင်ကအတွေ့အကြုံတွေကို အခြေခံပြီး စဉ်းစားဆုံးဖြတ်ရမှာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အတိတ်အကြောင်းပြန်စဉ်းစားပြီး သင်ခန်းစာမယူဘဲ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ မချမိဖို့လည်း အရေးကြီးပါတယ်။ အတိတ်မှာဖြစ်ခဲ့တာတွေကို အပြစ်တင်ပြီး ပူပန်ကြောင့်ကြစိတ်တွေနဲ့လည်း ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချမိတာ ဖြစ်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဆံုးျဖတ္ခ်ရမယ့္ေနရာမွာ ဒီလိုလူမ်ိဳးေတြကို မခ်ခိုင္းနဲ႔
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။