ကိုယ့္ကိုထိခိုက္ေစမယ့္ အေလ့အက်င့္ေတြကို စြန္႔လႊတ္ရတာ မလြယ္တဲ့ကိစၥႀကီး။ ပိုဆိုးတာက အဲ့ဒီအက်င့္ဟာ ကိုယ့္အျမင္မွာ ေကာင္းတယ္လို႔ထင္ေနမိတာပဲ။ ေကာင္းတယ္လို႔ထင္ၿပီး လုပ္ေနမိတဲ့ ဒီအက်င့္ေတြက တကယ္တမ္းမွာ ထင္သလိုမဟုတ္ဘူး။ ဘာေတြလဲဆုိရင္...
၁။ ႏွာေခ်တာကိုတားဆီးတယ္
ဟတ္ခ်ိဳး..... ဆုိၿပီး အားပါးတရ ႏွာေခ်လိုက္မွ ေနလို႔ေကာင္းသြားတာ။ ႏွာေခ်ခ်င္ပါလ်က္နဲ႔ ပါးစပ္နဲ႔ႏွားေခါင္းကိုပိတ္လုိက္ၿပီး ႏွာမေခ်ေအာင္ ေအာင့္လိုက္တာတဲ့အခါ ဦးေႏွာက္ထဲကို ေသြးစီးဆင္းမႈ အေႏွာင့္အယွက္ျဖစ္သြားတယ္။ ေသြးေၾကာေတြနဲ႔ အာ႐ံုေၾကာတစ္ရႈးေတြေပၚ ဖိအားသက္ေရာက္ေစတယ္။ ေနာက္ဆက္တြဲျပႆနာအေနနဲ႔ ေခါင္းကိုက္လာေရာ။
၂။ ေရေမႊး
သဘာဝကရတဲ့ ေမႊးရနံ႔မဟုတ္ဘဲ လူတုိ႔ျပဳျပင္ဖန္တီးထားတဲ့ေမႊးရနံ႔ (ေရေမႊး)ေတြက စိတ္ခံစားမႈကို ေကာင္းေစတယ္။ ဒါေပမဲ့ အခ်ိဳ႕ေရေမႊးေတြဟာ လူကိုမူးေဝေစတယ္၊ အိပ္ခ်င္မူးတူးျဖစ္သြားေစတယ္။ မ်က္လံုး၊ လည္ပင္းနဲ႔ အေရျပားကို ယားယံမႈျဖစ္ေစတယ္။ ေရေမႊးဆြတ္တာထက္ essential oil ေလးေတြ ေျပာင္းသံုးၾကည့္ပါလား။
၃။ အိပ္ခါနီးဖုန္းပြတ္တယ္
အိပ္ရာထဲေရာက္ေနၿပီ။ အိပ္ခါနီးေလး ေဖ့စ္ဘြတ္ေလး ခနၾကည့္လိုက္မယ္ဆုိၿပီး ဖုန္းကိုပြတ္လုိက္တာ တစ္နာရီမက ၾကာသြားတာမ်ိဳး ၾကံဳဖူးမယ္ထင္တယ္။ သဘာဝအလင္းေရာင္မဟုတ္တဲ့ အလင္းေရာင္ေတြဟာ လူေတြကို အိပ္မေပ်ာ္ေစဘဲ ႏိုးၾကားေနေစပါတယ္။ မယ္လ္တိုနင္ (meltonin) ထြက္ရွိမႈနည္းသြားရေသးတယ္။
၄။ ပလတ္စတစ္ဘူးထဲက စားစရာေတြ
အစားအစာေတြကို ပလတ္စတစ္ဘူးထဲ ထည့္မထားပါနဲ႔။ ပလတ္စတစ္ဘူးေတြမွ ပါဝင္ေနတဲ့ ဓာတုပစၥည္းေတြက ၾကာရင္ က်န္းမာေရးထိခိုက္လာေစမယ္။
၅။ စားၿပီးၿပီးခ်င္းသြားတုိက္တယ္
အစာအစားၿပီးလို႔ သြားတုိက္တာေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ အစာစားၿပီး ေနာက္ထပ္ ၃၀ မိနစ္ ေစာင့္ဆုိင္းၿပီးမွ သြားတုိက္ရမယ္လို႔ သြားက်န္းမာေရးပညာ႐ွင္ေတြက သတိေပးထားပါတယ္။ သြားေၾကြလႊာေတြ ပ်က္စီးမွာစိုးရိမ္ရင္ အစားစားၿပီးၿပီးခ်င္း သြားမတုိက္ပါနဲ႔။
၆။ ဂ်င္းက်ပ္က်ပ္ေတြ
ကိုယ္နဲ႔ကြက္ထိျဖစ္ေနတယ္ဆုိရင္ ဘယ္ဂ်င္းေဘာင္းဘီမဆို လုိက္ၿပီးသား။ အခုေတာ့ က်ပ္ေတာက္ေနတဲ့ ဂ်င္းေတြကို ေန႔တုိင္းဝတ္ျဖစ္ေနတယ္။ ဂ်င္းေဘာင္းဘီ က်ပ္က်ပ္ကို ေန႔စဥ္မျပတ္ဝတ္တဲ့အခါ အေရျပားကို ဖိအားေတြသက္ေရာက္သြားေစတယ္။ လူကသက္ေတာင့္သက္သာ မရွိေတာ့တဲ့ေနာက္ အာ႐ံုေၾကာေတြကိုပါ အေႏွာင့္အယွက္ျဖစ္သြားေစတယ္။ ေျခေထာက္တစ္ေလွ်ာက္ ေသြးလည္ပတ္မႈမေကာင္းေတာ့လို႔ ထံုက်င္လာတယ္။
၇။ သစ္သီးေဖ်ာ္ရည္
လတ္လတ္ဆတ္ဆတ္ေဖ်ာ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ေတြက အရသာလည္းရွိ က်န္းမာေရးအတြက္လည္းေကာင္းလို႔ ေသာက္ျဖစ္ေနၾကတယ္။ ဒါေပမဲ့ သစ္သီးေဖ်ာ္ထဲမွာပါတဲ့ သၾကားေတြကပဲ ကိုယ့္ကိုဖ်က္ဆီးေနတာ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ့်ကိုထိခိုက်စေမယ့် အလေ့အကျင့်တွေကို စွန့်လွှတ်ရတာ မလွယ်တဲ့ကိစ္စကြီး။ ပိုဆိုးတာက အဲ့ဒီအကျင့်ဟာ ကိုယ့်အမြင်မှာ ကောင်းတယ်လို့ထင်နေမိတာပဲ။ ကောင်းတယ်လို့ထင်ပြီး လုပ်နေမိတဲ့ ဒီအကျင့်တွေက တကယ်တမ်းမှာ ထင်သလိုမဟုတ်ဘူး။ ဘာတွေလဲဆိုရင်...
၁။ နှာချေတာကိုတားဆီးတယ်
ဟတ်ချိုး..... ဆိုပြီး အားပါးတရ နှာချေလိုက်မှ နေလို့ကောင်းသွားတာ။ နှာချေချင်ပါလျက်နဲ့ ပါးစပ်နဲ့နှားခေါင်းကိုပိတ်လိုက်ပြီး နှာမချေအောင် အောင့်လိုက်တာတဲ့အခါ ဦးနှောက်ထဲကို သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်သွားတယ်။ သွေးကြောတွေနဲ့ အာရုံကြောတစ်ရှုးတွေပေါ် ဖိအားသက်ရောက်စေတယ်။ နောက်ဆက်တွဲပြဿနာအနေနဲ့ ခေါင်းကိုက်လာရော။
၂။ ရေမွှေး
သဘာဝကရတဲ့ မွှေးရနံ့မဟုတ်ဘဲ လူတို့ပြုပြင်ဖန်တီးထားတဲ့မွှေးရနံ့ (ရေမွှေး)တွေက စိတ်ခံစားမှုကို ကောင်းစေတယ်။ ဒါပေမဲ့ အချို့ရေမွှေးတွေဟာ လူကိုမူးဝေစေတယ်၊ အိပ်ချင်မူးတူးဖြစ်သွားစေတယ်။ မျက်လုံး၊ လည်ပင်းနဲ့ အရေပြားကို ယားယံမှုဖြစ်စေတယ်။ ရေမွှေးဆွတ်တာထက် essential oil လေးတွေ ပြောင်းသုံးကြည့်ပါလား။
၃။ အိပ်ခါနီးဖုန်းပွတ်တယ်
အိပ်ရာထဲရောက်နေပြီ။ အိပ်ခါနီးလေး ဖေ့စ်ဘွတ်လေး ခနကြည့်လိုက်မယ်ဆိုပြီး ဖုန်းကိုပွတ်လိုက်တာ တစ်နာရီမက ကြာသွားတာမျိုး ကြုံဖူးမယ်ထင်တယ်။ သဘာဝအလင်းရောင်မဟုတ်တဲ့ အလင်းရောင်တွေဟာ လူတွေကို အိပ်မပျော်စေဘဲ နိုးကြားနေစေပါတယ်။ မယ်လ်တိုနင် (meltonin) ထွက်ရှိမှုနည်းသွားရသေးတယ်။
၄။ ပလတ်စတစ်ဘူးထဲက စားစရာတွေ
အစားအစာတွေကို ပလတ်စတစ်ဘူးထဲ ထည့်မထားပါနဲ့။ ပလတ်စတစ်ဘူးတွေမှ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ကြာရင် ကျန်းမာရေးထိခိုက်လာစေမယ်။
၅။ စားပြီးပြီးချင်းသွားတိုက်တယ်
အစာအစားပြီးလို့ သွားတိုက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အစာစားပြီး နောက်ထပ် ၃၀ မိနစ် စောင့်ဆိုင်းပြီးမှ သွားတိုက်ရမယ်လို့ သွားကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ သွားကြွေလွှာတွေ ပျက်စီးမှာစိုးရိမ်ရင် အစားစားပြီးပြီးချင်း သွားမတိုက်ပါနဲ့။
၆။ ဂျင်းကျပ်ကျပ်တွေ
ကိုယ်နဲ့ကွက်ထိဖြစ်နေတယ်ဆိုရင် ဘယ်ဂျင်းဘောင်းဘီမဆို လိုက်ပြီးသား။ အခုတော့ ကျပ်တောက်နေတဲ့ ဂျင်းတွေကို နေ့တိုင်းဝတ်ဖြစ်နေတယ်။ ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို နေ့စဉ်မပြတ်ဝတ်တဲ့အခါ အရေပြားကို ဖိအားတွေသက်ရောက်သွားစေတယ်။ လူကသက်တောင့်သက်သာ မရှိတော့တဲ့နောက် အာရုံကြောတွေကိုပါ အနှောင့်အယှက်ဖြစ်သွားစေတယ်။ ခြေထောက်တစ်လျှောက် သွေးလည်ပတ်မှုမကောင်းတော့လို့ ထုံကျင်လာတယ်။
၇။ သစ်သီးဖျော်ရည်
လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေက အရသာလည်းရှိ ကျန်းမာရေးအတွက်လည်းကောင်းလို့ သောက်ဖြစ်နေကြတယ်။ ဒါပေမဲ့ သစ်သီးဖျော်ထဲမှာပါတဲ့ သကြားတွေကပဲ ကိုယ့်ကိုဖျက်ဆီးနေတာ။
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» ေကာင္းတယ္ထင္ၿပီးလုပ္ေနမိတဲ့ က်န္းမာေရးထိခိုက္ေစမယ့္ အျပဳအမူ (၇) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။