iMyanmarHouse.com - Best Property Website for Myanmar
×

        
ေကာ္ဖီနဲ႔ paracetamol တြဲေသာက္ရင္ အသည္းကို ပ်က္စီးေစတယ္လို႔ ဆိုေနၾကေပမယ့္ ေသခ်ာစမ္းသပ္ေလ့လာမႈေတြ ျပဳလုပ္ၾကည့္တဲ့အခါ ေကာ္ဖီ အခြက္ ၂၀ ေလာက္နဲ႔ ညီမွ်တဲ့ ကဖင္းဓာတ္ေသာက္မွသာလွ်င္ အသည္းကိုထိခိုက္ေစတဲ့ အဆိပ္ဓာတ္ေတြကို ထြက္လာေစတယ္လို႔ ေတြ႕ရွိရပါတယ္။ ဒီလို ေကာ္ဖီ အမ်ားႀကီးေသာက္တတ္တဲ့သူဆိုရင္ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္တဲ့အခါ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီးမွ ေသာက္ပါ။
            ပံုမွန္ ေကာ္ဖီအေတာ္အသင့္ ေသာက္သူေတြအတြက္ ဘာမွမျဖစ္ပါဘူး။ Paracetamol ကုိလည္း ၫႊန္ၾကားထားတဲ့အတိုင္း ေသာက္ႏိုင္ပါတယ္။

            ဒါေၾကာင့္ paracetamol ကို ေသာက္သင့္တဲ့ေဆးပမာဏပဲ ေသာက္မယ္ဆိုရင္ ေကာ္ဖီ (သို႔) ကဖင္းဓာတ္ပါတဲ့ အခ်ိဳရည္ေတြနဲ႔ တြဲေသာက္လို႔ ရပါတယ္။ စိုးရိမ္စရာ မရွိပါဘူး။

            ဒါ့အျပင္ paracetamol က ibuprofen, aspirin စတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြထက္ အစာအိမ္ကို ထိခိုက္ႏိုင္တဲ့ အႏၲရာယ္ ပိုနည္းတဲ့အတြက္ အသည္းမေကာင္းတဲ့သူေတြကလြဲရင္ paracetamol ကို စိတ္ခ်စြာ ေသာက္သံုးႏိုင္ပါတယ္။

            တခ်ိဳ႕ေဆးေတြမွာဆိုရင္ ေဆးထဲမွာတင္ တခါတည္း ကဖင္းနဲ႔ acetaminophen တြဲၿပီး ပါဝင္ပါတယ္။ ပံုမွန္အားျဖင့္ ကဖင္းဓာတ္က အကိုက္အခဲေပ်ာက္ကင္းမႈကို ပိုမိုအားေကာင္းေစတဲ့ အတြက္ ၫႊန္ၾကားတဲ့အတိုင္း ေသာက္မယ္ဆိုရင္ စိတ္ခ်ရပါတယ္။

 Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
            ကော်ဖီနဲ့ paracetamol တွဲသောက်ရင် အသည်းကို ပျက်စီးစေတယ်လို့ ဆိုနေကြပေမယ့် သေချာစမ်းသပ်လေ့လာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ကော်ဖီ အခွက် ၂၀ လောက်နဲ့ ညီမျှတဲ့ ကဖင်းဓာတ်သောက်မှသာလျှင် အသည်းကိုထိခိုက်စေတဲ့ အဆိပ်ဓာတ်တွေကို ထွက်လာစေတယ်လို့ တွေ့ရှိရပါတယ်။ ဒီလို ကော်ဖီ အများကြီးသောက်တတ်တဲ့သူဆိုရင် အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပါ။

            ပုံမှန် ကော်ဖီအတော်အသင့် သောက်သူတွေအတွက် ဘာမှမဖြစ်ပါဘူး။ Paracetamol ကိုလည်း ညွှန်ကြားထားတဲ့အတိုင်း သောက်နိုင်ပါတယ်။

            ဒါကြောင့် paracetamol ကို သောက်သင့်တဲ့ဆေးပမာဏပဲ သောက်မယ်ဆိုရင် ကော်ဖီ (သို့) ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေနဲ့ တွဲသောက်လို့ ရပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။

            ဒါ့အပြင် paracetamol က ibuprofen, aspirin စတဲ့ အကိုက်အခဲပျောက်ဆေးတွေထက် အစာအိမ်ကို ထိခိုက်နိုင်တဲ့ အန္တရာယ် ပိုနည်းတဲ့အတွက် အသည်းမကောင်းတဲ့သူတွေကလွဲရင် paracetamol ကို စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

            တချို့ဆေးတွေမှာဆိုရင် ဆေးထဲမှာတင် တခါတည်း ကဖင်းနဲ့ acetaminophen တွဲပြီး ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ကဖင်းဓာတ်က အကိုက်အခဲပျောက်ကင်းမှုကို ပိုမိုအားကောင်းစေတဲ့ အတွက် ညွှန်ကြားတဲ့အတိုင်း သောက်မယ်ဆိုရင် စိတ်ချရပါတယ်။

 Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top