တခ်ိဳ႕ေရာဂါေတြက ဘာအရိပ္အေယာင္မွမျပဘဲ လူ႔ခႏၶာကိုယ္ထဲကိုဝင္လာတတ္လို႔ အသံတိတ္လူသတ္သမားေတြလို႔ သတ္မွတ္ခံရပါတယ္။ လကၡဏာျပရင္လည္း သိသာထင္ရွားျခင္းမရွိတဲ႔ လကၡဏာေလးေတြကိုပဲျပေတာ႔ လူေတြကကုသမႈခံယူဖို႔ကို သတိမရၾကပါဘူး။ ဒီလိုနဲ႔အခ်ိန္ေတြၾကာလာေတာ႔ ေရာဂါကအရမ္းဆိုးရြားလာျပီး အသက္ေသဆံုးသည္အထိ ျဖစ္လာေတာ႔တာေပါ႔။ အဲဒီလိုမ်ိဳး ကိုယ္႔မွာေရာဂါရွိလို႔ရွိေနမွန္းေတာင္မသိဘဲ ေနေနတဲ႔လူေတြလည္းအမ်ားၾကီးရွိႏိုင္ပါတယ္။ ဒါေၾကာင္႔အဲဒီေရာဂါေတြအေၾကာင္း အသိပညာေပးဖို႔ကအေရးၾကီးပါတယ္။ ကိုယ္႔မွာေရာဂါတစ္ခုခုရွိေနတယ္လို႔ သံသယျဖစ္တာနဲ႔ဆရာဝန္နဲ႔တိုင္ပင္ျပီး စစ္ေဆးကုသမႈေတြခံယူသင္႔ပါတယ္။
၁။ ေသြးတိုးေရာဂါ
လူတစ္ေယာက္ရဲ႕ေသြးေပါင္ခ်ိန္က ၁၄၀/၉၀ ေလာက္ျဖစ္ျပီဆိုရင္ ေသြးတိုးေနျပီလို႔သိႏိုင္ပါတယ္။ ေသြးတိုးေရာဂါက စိတ္ဖိစီးမႈ၊ ေဆးလိပ္ေသာက္ျခင္း၊ ဆားဓာတ္မ်ားျခင္း၊ ပူပင္ေသာကမ်ားျခင္း၊ အရက္အလြန္အကြ်ံေသာက္သံုးျခင္းနဲ႕အထိုင္မ်ားျခင္းေၾကာင္႔ အျဖစ္မ်ားပါတယ္။ ေရာဂါျဖစ္ေစတဲ႔တျခားအေၾကာင္းရင္းေတြကေတာ႔ အဝလြန္ျခင္း၊ မ်ိဳးရိုးဗီဇပါျခင္း၊ သေဒၵတားေဆးအသံုးမ်ားျခင္း၊ အကိုက္အခဲေပ်ာက္ေဆးအေသာက္မ်ားျခင္း၊ ေက်ာက္ကပ္ေရာဂါတို႔ေၾကာင္႔လည္းျဖစ္ႏိုင္ပါတယ္။ ေယဘုယ်အားျဖင္႔ေတာ႔ ေသြးတိုးေရာဂါမွာသိသာထင္ရွားတဲ႔ေရာဂါလကၡဏာေတြ မရွိပါဘူး။ ျဖစ္ႏိုင္ေျခရွိတဲ႔ လကၡဏာေတြကေတာ႔ ေခါင္းကိုက္ျခင္း၊ အသက္ရွဴရခက္ခဲျခင္း၊ ႏွာေခါင္းေသြးယိုျခင္းတို႔ျဖစ္ပါတယ္။ ဒါေပမယ္႔ ဒီလကၡဏာေတြကေသြးအရမ္းတိုးမွ ေဖာ္ျပတတ္ပါတယ္။ သတိမထားဘူးဆိုရင္ေသြးတိုးေရာဂါက ႏွလံုးေရာဂါ (သို႔မဟုတ္) ေလျဖတ္ျခင္းဆီဦးတည္ႏိုင္ပါတယ္။ ဒါေၾကာင္႔ေသြးတိုးေရာဂါကိုထိန္းသိမ္းဖို႔ဆိုရင္ ေသြးေပါင္ခ်ိန္ကိုပံံုမွန္တိုင္းတာေပးသင္႔ပါတယ္။ ေသြးေပါင္ခ်ိန္အရမ္းတက္ေနမယ္ဆိုရင္ ဆရာဝန္နဲ႔သြားျပသင္႔ပါတယ္။
၂။ ဆီးခ်ိဳေသြးခ်ိဳေရာဂါ
ဆီးခ်ိဳေသြးခ်ိဳေရာဂါက ပံုမွန္စစ္ေဆးေပးသင္႔တဲ႔ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ကမၻာ႔ဆီးခ်ိဳေသြးခ်ိဳေရာဂါ တိုက္ဖ်က္ေရးအဖြဲ႕ၾကီးရဲ႕အဆိုအရဆိုရင္ ကမၻာေပၚမွာရွိတဲ႔လူဦးေရ (၃၈၇) သန္းေလာက္မွာ ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိေနျပီး ေရာဂါရွိေနတဲ႔လူဦးေရ တစ္ဝက္ေလာက္က ရွိလို႔ရွိေနမွန္းေတာင္မသိဘူးလို႔ဆိုပါတယ္။ ဒါေၾကာင္႔လည္းဆီးခ်ိဳေသြးခ်ိဳေရာဂါကို အသံတိတ္လူသတ္သမားလို႔ သတ္မွတ္ၾကတာ ျဖစ္ပါတယ္။ သိသာထင္ရွားတဲ႔ေရာဂါလကၡဏာေတြကေတာ႔ ေရအလြန္အမင္းငတ္ျခင္း၊ အဆာလြန္ျခင္း၊ ရုတ္တရက္ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊ ဆီးခဏခဏသြားျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ အနာက်က္ေႏွးျခင္းနဲ႕ အျမင္အာရံုေဝဝါးျခင္းတို႔ပဲျဖစ္ပါတယ္။ ဆီးခ်ိဳေသြးခ်ိဳေရာဂါက မ်ိဳးရိုးလိုက္ျခင္း၊ အဝလြန္ျခင္း၊ အစာပံုမွန္မစားျခင္း၊ ေလ႔က်င္႔ခန္းမလုပ္ျခင္းတို႔ေၾကာင္႔ ျဖစ္ပြားႏိုင္ေျခရွိပါတယ္။ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါကိုမထိန္းခ်ဳပ္ဘူးဆိုရင္ ႏွလံုးေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါနဲ႕ မ်က္စိကြယ္ျခင္းတို႔ထိ ျဖစ္သြားေစႏိုင္ပါတယ္။ ကိုယ္႔ကိုယ္ကိုဆီးခ်ိဳေသြးခ်ိဳေရာဂါရွိေနတယ္လို႔ ခံစားရတယ္ဆိုရင္ ေသြးတြင္းဂလူးကို႕စ္ပမာဏကိုပံုမွန္စစ္ေဆးပါ။ ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိေနျပီဆိုရင္ ဆရာဝန္နဲ႕ေဆးဝါးကုသမႈကိုေသခ်ာခံယူပါ။
၃။ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ
ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ (Coronary Artery Disease) ဟာ ႏွလံုးေသြးေၾကာနံရံထူလာတာေၾကာင္႔ ေသြးေၾကာေလးေတြက်ဥ္းလာျပီး ေသြးစီးဆင္းမႈရပ္တန္႕သြားတဲ႔အထိ ျဖစ္သြားေစႏိုင္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ႏွလံုးၾကြက္သားေတြကုိပါအားနည္းလာေစျပီး ေနာက္ဆံုးႏွလံုးရပ္တဲ႔ထိျဖစ္သြားႏိုင္ပါတယ္။ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ပြားေစတဲ႔ အဓိကအေၾကာင္းအရင္းေတြကေတာ႔ အဝလြန္ျခင္း၊ မိသားစုတြင္းႏွလံုးေရာဂါရွိဖူးသူမ်ားျခင္း၊ အစာစားခ်ိန္မမွန္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းနဲ႕ ကိုယ္လက္လႈပ္ရွားမႈနည္းျခင္းတို႔ပဲ ျဖစ္ပါတယ္။ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါမွာေတာ႔ ဘာလကၡဏာမွၾကိဳမျပပါဘူး။ ႏွလံုးထေဖာက္မွသာ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါရွိေနမွန္းသိႏိုင္ပါတယ္။ ဒါမွမဟုတ္ ပံုမွန္ေလးေဆးစစ္ေပးမယ္ဆိုရင္လည္း သိႏိုင္ပါတယ္။ ေရာဂါမျဖစ္ေအာင္ေရွာင္ရွားဖို႔ ဆိုဒီယမ္ပမာဏနဲ႕ အဆီပါဝင္မႈနည္းတဲ႔အစားအစာေတြကိုစားပါ။ ေဆးလိပ္မေသာက္ပါနဲ႔။ ပံုမွန္ကိုယ္လက္လႈပ္ရွားမႈလုပ္ေပးပါ။
၄။ အသည္းအဆီဖံုးေရာဂါ
အသည္းအဆီဖံုးေရာဂါကေတာ႔ အသည္းမွာအဆီေတြအရမ္းမ်ားေနျပီး အသည္းတစ္ရွဴးေတြမွာ အဆီေတြသြားပိတ္ေနတဲ႔ေရာဂါျဖစ္ပါတယ္။ အသည္းအဆီဖံုးေရာဂါ (၂)မ်ိဳးရွိပါတယ္။ အရက္ေၾကာင္႔ျဖစ္တဲ႔ အသည္းအဆီဖံုးေရာဂါနဲ႕ အရက္ေၾကာင္႔မဟုတ္တဲ႔အသည္းအဆီဖံုးေရာဂါတို႔ျဖစ္ပါတယ္။ အရက္ေၾကာင္႔ျဖစ္တဲ႔အသည္းအဆီဖံုးေရာဂါကေတာ႔ အရက္အလြန္အကြ်ံေသာက္သံုးျခင္းေၾကာင္႔ ျဖစ္ပြားပါတယ္။ အရက္မေသာက္ဘဲအသည္းအဆီဖံုးရျခင္းအေၾကာင္းရင္းကေတာ႔ ဘာေၾကာင္႔မွန္းမသိရေသးပါဘူး။ မ်ိဳးရိုးလိုက္တာလည္းျဖစ္ႏိုင္ပါတယ္။ အသည္းအဆီဖံုးေရာဂါဟာ ျဖစ္ခါစမွာဘာလကၡဏာမွသိသိသာသာ မျပပါဘူး။ ဒါေပမယ္႔အခ်ိန္ၾကာလာတာနဲ႕အမွ် အသည္းအဆီဖံုးျခင္းေၾကာင္႔ ဗိုက္ေအာင္႔ဗိုက္နာျဖစ္ျခင္းကိုခံစားရပါလိမ္႔မယ္။ အသည္းအဆီဖံုးေရာဂါရွိသူေတြဟာ အစာအိမ္အေပၚနားေလးမွာ နာက်င္ျခင္း၊ ေမာပန္းျခင္း၊ စားခ်င္ေသာက္ခ်င္စိတ္မရွိျခင္း၊ ေနမေကာင္းျဖစ္ျခင္းေတြကိုခံစားရပါလိမ္႔မယ္။ အသည္းအဆီဖံုးေရာဂါကိုျဖစ္ေစႏိုင္တဲ႔အေၾကာင္းရင္းေတြကေတာ႔ ကိုလက္စထေရာမ်ားျပားျခင္း၊ အဝလြန္ျခင္း၊ အိပ္ေရးပ်က္ျခင္း၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ၊ သိုင္းရြိဳက္နဲ႔ ပစ္က်ဴလာရီဂလင္းအလုပ္မလုပ္ျခင္းေရာဂါတို႔ေၾကာင္႕ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင္႔သင္႔မွာအသည္းအဆီဖံုးေရာဂါခံစားေနရတယ္လို႔ သံသယရွိရင္ ဆရာဝန္နဲ႕ သြားေရာက္တိုင္ပင္ေဆြးေႏြးပါ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တချို့ရောဂါတွေက ဘာအရိပ်အယောင်မှမပြဘဲ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတတ်လို့ အသံတိတ်လူသတ်သမားတွေလို့ သတ်မှတ်ခံရပါတယ်။ လက္ခဏာပြရင်လည်း သိသာထင်ရှားခြင်းမရှိတဲ့ လက္ခဏာလေးတွေကိုပဲပြတော့ လူတွေကကုသမှုခံယူဖို့ကို သတိမရကြပါဘူး။ ဒီလိုနဲ့အချိန်တွေကြာလာတော့ ရောဂါကအရမ်းဆိုးရွားလာပြီး အသက်သေဆုံးသည်အထိ ဖြစ်လာတော့တာပေါ့။ အဲဒီလိုမျိုး ကိုယ့်မှာရောဂါရှိလို့ရှိနေမှန်းတောင်မသိဘဲ နေနေတဲ့လူတွေလည်းအများကြီးရှိနိုင်ပါတယ်။ ဒါကြောင့်အဲဒီရောဂါတွေအကြောင်း အသိပညာပေးဖို့ကအရေးကြီးပါတယ်။ ကိုယ့်မှာရောဂါတစ်ခုခုရှိနေတယ်လို့ သံသယဖြစ်တာနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးကုသမှုတွေခံယူသင့်ပါတယ်။
၁။ သွေးတိုးရောဂါ
လူတစ်ယောက်ရဲ့သွေးပေါင်ချိန်က ၁၄၀/၉၀ လောက်ဖြစ်ပြီဆိုရင် သွေးတိုးနေပြီလို့သိနိုင်ပါတယ်။ သွေးတိုးရောဂါက စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ ဆားဓာတ်များခြင်း၊ ပူပင်သောကများခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနဲ့အထိုင်များခြင်းကြောင့် အဖြစ်များပါတယ်။ ရောဂါဖြစ်စေတဲ့တခြားအကြောင်းရင်းတွေကတော့ အဝလွန်ခြင်း၊ မျိုးရိုးဗီဇပါခြင်း၊ သဒ္ဒေတားဆေးအသုံးများခြင်း၊ အကိုက်အခဲပျောက်ဆေးအသောက်များခြင်း၊ ကျောက်ကပ်ရောဂါတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ သွေးတိုးရောဂါမှာသိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ မရှိပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေကသွေးအရမ်းတိုးမှ ဖော်ပြတတ်ပါတယ်။ သတိမထားဘူးဆိုရင်သွေးတိုးရောဂါက နှလုံးရောဂါ (သို့မဟုတ်) လေဖြတ်ခြင်းဆီဦးတည်နိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရောဂါကိုထိန်းသိမ်းဖို့ဆိုရင် သွေးပေါင်ချိန်ကိုပံုံမှန်တိုင်းတာပေးသင့်ပါတယ်။ သွေးပေါင်ချိန်အရမ်းတက်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားပြသင့်ပါတယ်။
၂။ ဆီးချိုသွေးချိုရောဂါ
ဆီးချိုသွေးချိုရောဂါက ပုံမှန်စစ်ဆေးပေးသင့်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးရဲ့အဆိုအရဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေ (၃၈၇) သန်းလောက်မှာ ဆီးချိုသွေးချိုရောဂါရှိနေပြီး ရောဂါရှိနေတဲ့လူဦးရေ တစ်ဝက်လောက်က ရှိလို့ရှိနေမှန်းတောင်မသိဘူးလို့ဆိုပါတယ်။ ဒါကြောင့်လည်းဆီးချိုသွေးချိုရောဂါကို အသံတိတ်လူသတ်သမားလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေကတော့ ရေအလွန်အမင်းငတ်ခြင်း၊ အဆာလွန်ခြင်း၊ ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဆီးခဏခဏသွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အနာကျက်နှေးခြင်းနဲ့ အမြင်အာရုံဝေဝါးခြင်းတို့ပဲဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါက မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်း၊ အစာပုံမှန်မစားခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ခြေရှိပါတယ်။ ဆီးချိုသွေးချို ရောဂါကိုမထိန်းချုပ်ဘူးဆိုရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်လေငန်းရောဂါနဲ့ မျက်စိကွယ်ခြင်းတို့ထိ ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုဆီးချိုသွေးချိုရောဂါရှိနေတယ်လို့ ခံစားရတယ်ဆိုရင် သွေးတွင်းဂလူးကို့စ်ပမာဏကိုပုံမှန်စစ်ဆေးပါ။ ဆီးချိုသွေးချိုရောဂါရှိနေပြီဆိုရင် ဆရာဝန်နဲ့ဆေးဝါးကုသမှုကိုသေချာခံယူပါ။
၃။ နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ဟာ နှလုံးသွေးကြောနံရံထူလာတာကြောင့် သွေးကြောလေးတွေကျဉ်းလာပြီး သွေးစီးဆင်းမှုရပ်တန့်သွားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှလုံးကြွက်သားတွေကိုပါအားနည်းလာစေပြီး နောက်ဆုံးနှလုံးရပ်တဲ့ထိဖြစ်သွားနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အဝလွန်ခြင်း၊ မိသားစုတွင်းနှလုံးရောဂါရှိဖူးသူများခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါမှာတော့ ဘာလက္ခဏာမှကြိုမပြပါဘူး။ နှလုံးထဖောက်မှသာ နှလုံးသွေးကြောကျဉ်းရောဂါရှိနေမှန်းသိနိုင်ပါတယ်။ ဒါမှမဟုတ် ပုံမှန်လေးဆေးစစ်ပေးမယ်ဆိုရင်လည်း သိနိုင်ပါတယ်။ ရောဂါမဖြစ်အောင်ရှောင်ရှားဖို့ ဆိုဒီယမ်ပမာဏနဲ့ အဆီပါဝင်မှုနည်းတဲ့အစားအစာတွေကိုစားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။
၄။ အသည်းအဆီဖုံးရောဂါ
အသည်းအဆီဖုံးရောဂါကတော့ အသည်းမှာအဆီတွေအရမ်းများနေပြီး အသည်းတစ်ရှူးတွေမှာ အဆီတွေသွားပိတ်နေတဲ့ရောဂါဖြစ်ပါတယ်။ အသည်းအဆီဖုံးရောဂါ (၂)မျိုးရှိပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါနဲ့ အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးရောဂါတို့ဖြစ်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့အသည်းအဆီဖုံးရောဂါကတော့ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ပွားပါတယ်။ အရက်မသောက်ဘဲအသည်းအဆီဖုံးရခြင်းအကြောင်းရင်းကတော့ ဘာကြောင့်မှန်းမသိရသေးပါဘူး။ မျိုးရိုးလိုက်တာလည်းဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါဟာ ဖြစ်ခါစမှာဘာလက္ခဏာမှသိသိသာသာ မပြပါဘူး။ ဒါပေမယ့်အချိန်ကြာလာတာနဲ့အမျှ အသည်းအဆီဖုံးခြင်းကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းကိုခံစားရပါလိမ့်မယ်။ အသည်းအဆီဖုံးရောဂါရှိသူတွေဟာ အစာအိမ်အပေါ်နားလေးမှာ နာကျင်ခြင်း၊ မောပန်းခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ နေမကောင်းဖြစ်ခြင်းတွေကိုခံစားရပါလိမ့်မယ်။ အသည်းအဆီဖုံးရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့ ကိုလက်စထရောများပြားခြင်း၊ အဝလွန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်နဲ့ ပစ်ကျူလာရီဂလင်းအလုပ်မလုပ်ခြင်းရောဂါတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်သင့်မှာအသည်းအဆီဖုံးရောဂါခံစားနေရတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးပါ။
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသံတိတ္လူသတ္သမားမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။