iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Si Si (auntymay)
ပို့သပေးပါတယ်။
#Unicode Version#
ဘဝတစ်ခုလုံး ရေရှည်လက်တွဲသွားကြမယ့် ချစ်သူတွေမှာ အောက်ပါလက္ခဏာရပ်တွေ ရှိကြပါတယ်။ ဒါကြောင့် Auntymay ရဲ့ ပရိသတ်ကြီးလည်း မိမိတို့ရဲ့ Relationship Life နဲ့ ချိန်ဆပြုပြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အလွန်အမင်း မြတ်နိုးခြင်း
ချစ်သူတွေအချင်းချင်း အချိန်ကာလ ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ညည်းငွေ့ခြင်းမရှိဘဲ အလွန်အမင်း
မြတ်နိုးသော စိတ်ထားရှိခြင်းဟာ ရေရှည်လက်တွဲ ခိုင်မြဲစေမယ့် လက္ခဏာရပ်ဖြစ်ပါတယ်။
(၂) နွေးထွေးခြင်း၊ ယုံကြည်ရခြင်း၊ အားကိုးရခြင်း
လူအချင်းချင်း မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးမှာတောင် တစ်ယောက်ကိုတစ်ယောက် နွေးထွေးခြင်း၊ ယုံကြည်ရ
ခြင်း၊ အားကိုးရခြင်း-စတဲ့အချက်တွေ ရှိမှသာလျှင် ရေရှည်တည်တန့်တဲ့ မိတ်ဆွေဆက်ဆံရေးကို ဖြစ်စေပါတယ်။ ချစ်သူ
တွေဘဝမှာလည်း ဒီအတိုင်းပါဘဲ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးခြင်း၊ ယုံကြည်ရခြင်း၊ အားကိုးရခြင်းသာ ဖြစ်နေသမျှ လက်တွဲခိုင်မြဲနေမှာ ဖြစ်ပါတယ်။
(၃) တင်းတိမ်ရောင့်ရဲသောစိတ်ဓာတ်
တင်းတိမ်ရောင့်ရဲသောစိတ်ဓာတ်ဆိုတာကတော့ ချစ်သူအပေါ် မညည်းငွေ့ဘဲ အသစ်အဆန်းမြင်တိုင်း စိတ်ဓာတ်မယိုင်
လဲခြင်း၊ သစ္စာစောင့်သိခြင်း၊ မဖောက်ပြန်သော စိတ်ဓာတ်ရှိခြင်း-တို့ ပြည်စုံနေရပါမယ်။ ဒါကိုသာ စောင့်ထိန်းနိုင်ရင်လည်း
သင်တို့ အချစ်ရေး ခိုင်မြဲသည်ထက် ခိုင်မြဲနေမှာပါဘဲ။
(၄) ပဋိပက္ခမှ ကင်းအောင်နေခြင်း
အိမ်ထောင်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေ-စတဲ့ ကိစ္စရပ်တွေတိုင်းမှာ ပဋိပက္ခကင်းလေ ငြိမ်းချမ်းလေဖြစ်ပါတယ်။ ပဋိပ
က္ခကိစ္စရပ်တွေကနေ ကင်းအောင် နေတတ်ဖို့လည်း လိုပါတယ်။ မလွဲမရှောင်သာ ရင်ဆိုင်ရတဲ့အခါမျိုးမှာလည်း တစ်
ယောက်အပေါ် တစ်ယောက် ထားရှိခဲ့တဲ့ မေတ္တာတွေကို ငဲ့ကွက်ပြီး သက်ညှာသော ဆုံးဖြတ်မှုတွေလည်း လိုအပ်ပါတယ်။
Credit:Si Si (auntymay)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top