၁။ရောရောနှောနှောနေပါ။
၃။ တယုတယထိတွေ့ပါ။
၎။များများပြုံး၊ များများခွင့်လွှတ်ပါ။
၈။မစစ်ဆေးပါနဲ့။
၉။သူ့အတွက်အချိန်ပေးပါ။
ပို့သပေးပါတယ်။
#Unicode Version
သာယာတဲ့ ချစ်သူဘဝဆိုတာ ရတောင့်ရခဲပါတယ်။ ဘယ်သူကပြောလဲ။ ရန်ဖြစ်တိုင်း ချစ်သူဘဝမတည်မြဲဘူးလို့။ လက်တွေ့ဘဝမှာ Tom and Jerry လို နည်းတကျက်ကျက်ဝေးတသက်သက်စုံတွဲတွေအများကြီးပါပဲ။ အဲ့ဒါမှလည်းပိုပျော်စရာကောင်းမှာပေါ့။
ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ်နဲ့ရန်လည်းမဖြစ် အရင်ကလိုလည်း ကြင်နာနွေးထွေးမှုမရှိတော့ရင်တော့ သတိထားသင့်တဲ့အခြေအနေပါပဲ။ သူ့ကိုအပြစ်ပုံချလို့မရပါဘူး။ သူ့ဘဝမှာယောင်းအပြင်တခြားသူမဝင်လာသေးပဲ သွေးအေးနေတာ ယောင်းအပြစ်ပါ။ ယောင်းတစ်ခုခုမှားနေပါပြီ။ သေချာပြန်ဆန်းစစ်ကြည့်ပါ။ ဒါပေမယ့်ပူစရာမလိုပါဘူး။ အခုပြောပြမယ့်အကြံပြုချက်တွေသာ လိုက်နာမယ်ဆိုရင် အချိန်မီအတွင် ပျော်ရွှင်စရာချစ်သူဘဝကိုပိုင်ဆိုင်ရမှာပါ။
၁။ရောရောနှောနှောနေပါ။
သူက သွေးအေးနေပါတယ်ဆိုမှ ကိုယ်ကလည်းမာနတွေခေါင်ခိုက်ပြီးနှုတ်ဆိတ်နေတာဟာ အချစ်ကို တာ့တာပြလိုက်သလိုပါပဲ။ သူနဲ့တရောတနှောနေပါ။ သူဖုန်းမဆက်လည်းကိုယ်ဆက်ပါ။ သူဘယ်လိုနေလဲ၊ အလုပ်မှာအဆင်ပြေလားစသဖြင့် ဂရုတစိုက်မေးပါ။ ကိုယ့်အကြောင်းတွေပါဝေမျှပါ။ ကိုယ်အခုဘာလုပ်နေလဲ၊ ဘယ်အရာအဆင်မပြေဘူးလဲစသဖြင့် သူ့ဆီပြောပြပါ။ ကိုယ့်ကိုတကယ်ချစ်တာမှန်ရင် တစ်ခုခုကို ပြန်တုံ့ပြန်လာလိမ့်ပါ့မယ်။
၂။ကိုယ်တိုင်သွားတွေ့ပါ။
သူ့အိမ်သွားလို့မသင့်တော်သေးဘူးထင်ရင် သူသွားလာနေကျနေရာမျိုး၊ သူအလုပ်လုပ်နေတဲ့ရုံးရှေ့မျိုးမှာ သွားစောင့်ပါ။ သူ့ကိုမြင်တာနဲ့ အရမ်းပျော်နေသလိုနေပါ။ သူနဲ့အတူမုန့်ဆိုင်မသွားဖြစ်ရင်တောင် သူအိမ်နားအထိလမ်းတူတူလျှောက်ပါ။
၃။ တယုတယထိတွေ့ပါ။
သူနဲ့တွေ့တဲ့အခါ သူ့ကိုတယုတယထိတွေ့ပါ။ စကားပြောနေရင်း ဆံပင်ကိုလက်ချောင်းလေးနဲ့ဖွတာမျိုး၊ လက်လေးကို တယုတယကိုင်ပြောတာမျိုး၊လက်မောင်းကို ပွတ်သပ်ပေးတာမျိုး၊ ပါးလေးကို ခပ်ဖွဖွလေးလိမ်ဆွဲတာမျိုး လုပ်ပေးပါ။ သူရင်ခုန်မိမှာတော့အမှန်ပါ။
၄။များများပြုံး၊ များမာျးခွင့်လွှတ်ပါ။
သူနဲ့တွေ့တဲ့အခါ မြင်တာနဲ့ပြုံးပြပါ။ အပြုံးတစ်ခုက ရင့်မာတဲ့နှလုံးသားကိုတောင် ခြွေချနိုင်စွမ်းပါတယ်။ သူအမှားတစ်ခုခုလုပ်မိတဲ့အခါမှာတောင် မပြင်းထန်တာမျိုးဆိုရင် စိတ်ဆိုးစိတ်ကောက်လုပ်မယ့်အစား ခွင့်လွှတ်လိုက်ပါ။ နားလည်ပေးလိုက်ပါ။
၅။သူ့ကိုချစ်ကြောင်းမကြာခဏပြောပါ။
တွေ့ဖြစ်တိုင်း သူ့မျက်လုံးကိုစိုက်ကြည့်ပြီး သူ့ကိုချစ်ကြောင်းပြောပါ။ ဖြစ်နိုင်ရင် ကိုယ်မှားခဲ့တာရှိရင်လည်း သူ့ကိုအကျိုးအကြောင်းပြောပြပြီးတောင်းပန်လိုက်ပါ။
၆။ကြည်နူးစရာလေးတွေ ပြန်မျှဝေပါ။
သူနဲ့တွေ့တဲ့အခါ အရင်ကရိုက်ခဲ့တဲ့အမှတ်တရ ဓာတ်ပုံတွေယူသွားပြပြီး အဲ့ဒီ့တုန်းကကြည်နူးစရာ၊ ပျေ်ာစရာအကြောင်းလေးတွေပြန်ပြောပါ။ အခုလည်းအဲ့ဒီ့လိုပြန်ဖြစ်ချင်ကြောင်း သူ့ကိုပြောပြပါ။
၇။တစ်ယောက်ကို တစ်ယောက်ခံစားပါ။
တခါတလေ အချစ်ကို စကားတွေအများကြီးနဲ့ ပုံဖော်တာထက် ဆိတ်ငြိမ်မှုနဲ့ခံစားတာက ပိုထိရောက်ပါတယ်။ စကားတွေအများကြီးမပြောပဲ တစ်ယောက်ကိုတစ်ယောက် ထွေးဖက်ထားပါ။ မျက်လုံးမှိတ်ပြီး ဘာမှမပြောပဲ အချစ်ကိုခံစားပါ။ ၅မိနစ်လောက်ကြာတော့မှ ကိုယ်စိတ်ထဲက ခံစားချက်တွေ ဝေဒနာတွေကို ဖြည်းဖြည်းချင်းဆီပြောပြပါ။ ဒီထက်ပို ရိုမန်တစ်ဆန်စရာမရှိတော့ပါဘူး။
၈။မစစ်ဆေးပါနဲ့။
ယောက်ျားလေးတွေက သူတို့ချစ်သူ သူတို့အပေါ်ယုံကြည်တာမျိုးကို လိုချင်ပါတယ်။ ကိုယ့်ချစ်သူ လူကောင်းမှန်းသိရင် လိုက်မစစ်ပါနဲ့။ ဖေ့ဘွတ်မှာ သူဘယ်သူနဲ့ဘာပြောထားတယ်၊ ဘယ်သူက ဘာစတစ်ကာမန့်သွားတယ် စတာတွေကိုယ်အရေးတယူလိုက်ကြည့်စရာမလိုပါဘူး။ သူကိုယ့်ကိုချစ်နေတဲ့အထိ တခြားတစ်ယောက်နောက်မပါသွားပါဘူး။သူကိုယ့်ကိုချစ်ဖို့ဆို ကိုယ်လည်းသူ့ကိုချစ်ဖို့လိုမယ်။
၉။သူ့အတွက်အချိန်ပေးပါ။
ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ။ တစ်နေ့ဖုန်းတစ်ခါဆက်ရင် လုံလောက်ပါပြီ။ ကိုယ့်ကိုထားမသွားစေချင်ရင် သူ့ကိုလည်းပစ်မထားပါနဲ့။ လူတိုင်းကအကောင်းဆုံးကိုလိုချင်ကြတာပါပဲ။ ကိုယ်ဂရုမစိုက်နိုင်တဲ့အချိန် သူ့ကိုတခြားတစ်ယောက်ယောက်က ပိုဂရုစိုုက်လာရင် သူမဘက်ပါသွားမှာပဲ။ဒီလိုမဖြစ်စေချင်ရင်တော့ သူ့အတွက်အချိန်ပေးပါ။
ကဲ…ယောင်းတို့ရေ..အက်ဒမင်ကြားဖူးသလောက် အဆင်ပြေနိုင်မယ့်နည်းတွေပြောပြပြီးသွားပြီဆိုတော့ ယောင်းတို့အနေနဲ့သာယာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖန်တီးဖို့ ဒီနည်းလမ်းတွေက ကူညီပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ သူကိုယ့်ကိုထားသွားမှာကြောက်ရင် ကိုယ်ကသူ့ကိုပစ်မထားဖို့တော်လိုတယ်နော်။ အဆင်ပြေကြပါစေ ယောင်းတို့။
Credit:Christina (For Her Myanmar)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အနေနီးပေမယ့် သွေးအေးသွားတဲ့ချစ်သူကို ဘယ်လိုပြန်ဆွဲထားမလဲ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။