မိမိကုိယ့္ကို ဘာ၀တ္မိလို႔ ၀တ္မိမွန္းမသိ ျဖစ္ေလ့ရိွတဲ့ အမ်ိဳးသမီးေလးမ်ားအတြက္ ပိုမိုဆြဲေဆာင္မႈရိွစြာ ၀တ္စားဆင္ယင္ ႏိုင္ဖို႔ မရိွမျဖစ္ လိုအပ္တဲ့ အသုံးအေဆာင္ေလးေတြကို ေဖာ္ျပေပးလိုပါတယ္။
ေဒါက္ျမင့္ဖိနပ္မ်ား
ေဒါက္ျမင့္စီးလိုက္တဲ့ နဂိုမတ္တပ္ရပ္ေနက် ပုံစံနဲ႔ မတူတဲ့ ကြဲျပားတဲ့ ကိုယ္ေနဟန္တစ္ခုကို ျဖစ္သြားေစပါတယ္။ ဒါဟာ သင့္ရင္သားနဲ႔ တင္တို႔ဟာ နဂိုထက္ပိုၿပီး ဆြဲေဆာင္မႈရိွသြားတယ္ဆိုတဲ့ အခ်က္ျပမႈတစ္ခုပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒါက္ျမင့္နဲ႔ လမ္းေလွ်ာက္တဲ့အခါ ပိုၿပီး ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းနဲ႔ ဆြဲေဆာင္မႈ ပိုရိွေစပါတယ္။
အနက္ေရာင္ဂါ၀န္တို
အမ်ိဳးသမီးတစ္ေယာက္ကို ဆြဲေဆာင္မႈရိွေစတဲ့ နံပါတ္တစ္ အေရာင္ေတြထဲမွာ အနက္ေရာင္က ထိပ္ဆုံးက ပါ၀င္ပါတယ္။ အနကေ္ရာင္ဟာ ကိုယ္ေနဟန္ကို ပိုမိုသြယ္လ်ေစၿပီး ဆြဲေဆာင္မႈရိွေစပါတယ္။ ဂါ၀န္တိုဟာလည္း မလိုက္ဖက္တဲ့ အမ်ိဳးသမီးရယ္လို႔ မရိွသေလာက္ ျဖစ္တာမို႔ အနက္္ေရာင္ဂါ၀န္တုိဟာ ပိုၿပီးဆြဲေဆာင္မႈရိွရိွ ၀တ္စားဆင္ယင္လိုတဲ့ ပ်ိဳေမေလးမ်ားအတြက္ မရိွမျဖစ္ ျဖစ္ပါတယ္။
လက္ေမာင္းေလွ်ာ ဘေလာက္စ္ေလးေတြ၊ ရွပ္လွလွေလးေတြဟာလည္း ငယ္ရြယ္ႏုပ်ိဳၿပီး တက္ၾကြဖ်တ္လတ္တဲ့ဟန္ကို ေပၚေစတာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မဓာတ္ျပည့္၀ေစတဲ့ ၀တ္စုံအမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။
အနီေရာင္၀တ္စုံ
အနီေရာင္ဟာ ခ်စ္ျခင္းနဲ႔ ညိႈ႕ယူဆြဲငင္ျခင္းတို႔ရဲ႕ သေကၤတအျဖစ္ လူအမ်ား သိရိွၾကၿပီး ျဖစ္ပါတယ္။ ပုရိသတို႔ရဲ႕ အာရုံကို ဆြဲယူဖမ္းစားဖို႔ဆိုရင္ေတာ့ အလက္လက္ေလးေတြ ပါ၀င္တဲ့ အနီေရာင္၀တ္စုံတစ္စုံကိုသာ ေရြးခ်ယ္လုိက္ပါ။ သူ႔မ်က္လုံးေတြ သင့္ဆီက ခြာႏိုင္မွာ မဟုတ္ပါဘူး။
ကိုယ္လုံးေပၚဂါ၀န္
ဒါကေတာ့ သင့္ရဲ႕ အေ၀့အ၀ိုက္ အမို႔အေမာက္ေတြကို ထင္ထင္ရွားရွား ျမင္သာေစတဲ့ ကိုယ္လုံးေပၚဂါ၀န္ (Bodycon Dress)ျဖစ္ပါတယ္။ မိန္းမသားဆန္တဲ့ လွပမႈနဲ႔ ညိႈ႕ဓာတ္အျပည့္ ဆြဲေဆာင္ႏိုင္မွာပါ။
ႏႈတ္ခမ္းနီ
သင့္ကို နဂိုထက္ ပိုၿပီးဆြဲေဆာင္မႈရိွေအာင္ ျပဳလုပ္ေပးႏိုင္တာ အ၀တ္အစားေတြတင္ မဟုတ္ပါဘူး။ မိန္းမသား တစ္ေယာက္ရဲ႕ ႏူးည့ံျပတ္သားတဲ့ အသြင္အျပင္ကို အပီအျပင္ ပုံေဖာ္ေပးႏိုင္တဲ့ ႏႈတ္ခမ္းပါးေလးေတြကို ေပၚလြင္ေအာင္ ပ့ံပိုးေပးႏိုင္တဲ့ ႏႈတ္ခမ္းနီေလးေတြလည္း ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ပိုၿပီးဆြဲေဆာင္မႈ ရိွလိုရင္ေတာ့ ႏႈတ္ခမ္းနီေလး တစ္ေတာင့္ေလာက္ သင့္အိတ္ထဲမွာ ေဆာင္ထားသင့္ပါတယ္။
ေနကာမ်က္မွန္
ေနရိပ္ထဲ အမိုးအကာေအာက္မွာေတာ့ ေနကာမ်က္မွန္ ၀တ္စရာ မလိုပါဘူး။ သို႔ေသာ္ ေနပူထဲ သြားရေတာ့မယ့္အခါ သင့္မ်က္ႏွာနဲ႔ လိုက္ဖက္တဲ့ ေနကာမ်က္မွန္တစ္လက္ကို တပ္လိုက္ျခင္းအားျဖင့္ နဂိုပုံစံထက္ ပိုမိုဆြဲေဆာင္မႈရိွ၊ အထာက် တဲ့ အလွွကို ရရိွႏိုင္ပါတယ္။ ဒါ့အျပင္ သင့္မ်က္ႏွာကို ေယာက္်ားေလးအမ်ားစု သေဘာက်က်တဲ့ ေခါက္ခ်ိဳးညီတဲ့ မ်က္ႏွာက် ျဖစ္ေစပါတယ္။
ေဖာ္ျပေပးထားတဲ့ အသုံးအေဆာင္၊ အ၀တ္အထည္ေလးေတြကို အသုံးျပဳ ၀တ္ဆင္မယ္ဆိုရင္ေတာ့ သင့္ကို နဂိုထက္ ပိုၿပီး ဆြဲေဆာင္မႈ ျပင္းရွတဲ့ အမ်ိဳးသမီးအျဖစ္ ေျပာင္းလဲေစႏုိင္ပါလိမ့္မယ္။
Credit:Auntymay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိမိကိုယ့်ကို ဘာဝတ်မိလို့ ဝတ်မိမှန်းမသိ ဖြစ်လေ့ရှိတဲ့ အမျိုးသမီးလေးများအတွက် ပိုမိုဆွဲဆောင်မှုရှိစွာ ဝတ်စားဆင်ယင် နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို ဖော်ပြပေးလိုပါတယ်။
ဒေါက်မြင့်ဖိနပ်များ
ဒေါက်မြင့်စီးလိုက်တဲ့ နဂိုမတ်တပ်ရပ်နေကျ ပုံစံနဲ့ မတူတဲ့ ကွဲပြားတဲ့ ကိုယ်နေဟန်တစ်ခုကို ဖြစ်သွားစေပါတယ်။ ဒါဟာ သင့်ရင်သားနဲ့ တင်တို့ဟာ နဂိုထက်ပိုပြီး ဆွဲဆောင်မှုရှိသွားတယ်ဆိုတဲ့ အချက်ပြမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါက်မြင့်နဲ့ လမ်းလျှောက်တဲ့အခါ ပိုပြီး နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဆွဲဆောင်မှု ပိုရှိစေပါတယ်။
အနက်ရောင်ဂါဝန်တို
အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ နံပါတ်တစ် အရောင်တွေထဲမှာ အနက်ရောင်က ထိပ်ဆုံးက ပါဝင်ပါတယ်။ အနကေ်ရာင်ဟာ ကိုယ်နေဟန်ကို ပိုမိုသွယ်လျစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဂါဝန်တိုဟာလည်း မလိုက်ဖက်တဲ့ အမျိုးသမီးရယ်လို့ မရှိသလောက် ဖြစ်တာမို့ အနက်ရောင်ဂါဝန်တိုဟာ ပိုပြီးဆွဲဆောင်မှုရှိရှိ ဝတ်စားဆင်ယင်လိုတဲ့ ပျိုမေလေးများအတွက် မရှိမဖြစ် ဖြစ်ပါတယ်။
လက်မောင်းလျှော ဘလောက်စ်လေးတွေ၊ ရှပ်လှလှလေးတွေဟာလည်း ငယ်ရွယ်နုပျိုပြီး တက်ကြွဖျတ်လတ်တဲ့ဟန်ကို ပေါ်စေတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ မဓာတ်ပြည့်ဝစေတဲ့ ဝတ်စုံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။
အနီရောင်ဝတ်စုံ
အနီရောင်ဟာ ချစ်ခြင်းနဲ့ ညှို့ယူဆွဲငင်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် လူအများ သိရှိကြပြီး ဖြစ်ပါတယ်။ ပုရိသတို့ရဲ့ အာရုံကို ဆွဲယူဖမ်းစားဖို့ဆိုရင်တော့ အလက်လက်လေးတွေ ပါဝင်တဲ့ အနီရောင်ဝတ်စုံတစ်စုံကိုသာ ရွေးချယ်လိုက်ပါ။ သူ့မျက်လုံးတွေ သင့်ဆီက ခွာနိုင်မှာ မဟုတ်ပါဘူး။
ကိုယ်လုံးပေါ်ဂါဝန်
ဒါကတော့ သင့်ရဲ့ အဝေ့အဝိုက် အမို့အမောက်တွေကို ထင်ထင်ရှားရှား မြင်သာစေတဲ့ ကိုယ်လုံးပေါ်ဂါဝန် (Bodycon Dress)ဖြစ်ပါတယ်။ မိန်းမသားဆန်တဲ့ လှပမှုနဲ့ ညှို့ဓာတ်အပြည့် ဆွဲဆောင်နိုင်မှာပါ။
နှုတ်ခမ်းနီ
သင့်ကို နဂိုထက် ပိုပြီးဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနိုင်တာ အဝတ်အစားတွေတင် မဟုတ်ပါဘူး။ မိန်းမသား တစ်ယောက်ရဲ့ နူးညံ့ပြတ်သားတဲ့ အသွင်အပြင်ကို အပီအပြင် ပုံဖော်ပေးနိုင်တဲ့ နှုတ်ခမ်းပါးလေးတွေကို ပေါ်လွင်အောင် ပံ့ပိုးပေးနိုင်တဲ့ နှုတ်ခမ်းနီလေးတွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ပိုပြီးဆွဲဆောင်မှု ရှိလိုရင်တော့ နှုတ်ခမ်းနီလေး တစ်တောင့်လောက် သင့်အိတ်ထဲမှာ ဆောင်ထားသင့်ပါတယ်။
နေကာမျက်မှန်
နေရိပ်ထဲ အမိုးအကာအောက်မှာတော့ နေကာမျက်မှန် ဝတ်စရာ မလိုပါဘူး။ သို့သော် နေပူထဲ သွားရတော့မယ့်အခါ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်တစ်လက်ကို တပ်လိုက်ခြင်းအားဖြင့် နဂိုပုံစံထက် ပိုမိုဆွဲဆောင်မှုရှိ၊ အထာကျ တဲ့ အလှှကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် သင့်မျက်နှာကို ယောက်ျားလေးအများစု သဘောကျကျတဲ့ ခေါက်ချိုးညီတဲ့ မျက်နှာကျ ဖြစ်စေပါတယ်။
ဖော်ပြပေးထားတဲ့ အသုံးအဆောင်၊ အဝတ်အထည်လေးတွေကို အသုံးပြု ဝတ်ဆင်မယ်ဆိုရင်တော့ သင့်ကို နဂိုထက် ပိုပြီး ဆွဲဆောင်မှု ပြင်းရှတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲစေနိုင်ပါလိမ့်မယ်။
Credit:Auntymay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဆြဲေဆာင္မႈရိွတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ဖို႔ လိုအပ္မယ့္ပစၥည္းမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။