iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ေတြက အိပ္ရာကေန မနက္ေစာေစာထတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ေနျမင့္တဲ့အထိ အိပ္တတ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ၊ သင့္ရဲ႕မနက္ခင္း အစဟာ တစ္ေန႔တာလံုးအတြက္ အေရးႀကီးတယ္ဆိုတာကို သင္နားလည္ထားဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ အိပ္ရာကေနထလိုက္တာနဲ႔ တစ္ေန႔တာလံုးအတြက္ အဆင္ေျပေနေစမယ့္ မနက္ခင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။

ႏႈိးစက္ကို ေ၀းေ၀းမွာ ထားပါ။

ႏႈိးစက္နာရီကိုပဲသံုးသံုး၊ ဖုန္းက ႏႈိးစက္ကိုပဲ သံုးသံုး ဘာပဲျဖစ္ျဖစ္ အိပ္ရာနဲ႔ အနည္းဆံုး ႏွစ္ေပေလာက္အကြာမွာ ထားပါ။ ဖုန္းကို လက္တကမ္းေဘးနားမွာထားၿပီး အိပ္တတ္တဲ့အက်င့္ကို ေဖ်ာက္ဖ်က္ပါ။ ဘာေၾကာင့္ကို ဖုန္းပဲ ျဖစ္ျဖစ္၊ ႏႈိးစက္ကိုပဲ ျဖစ္ျဖစ္ ပိတ္ၿပီးျပန္အိပ္တတ္တာေၾကာင့္ျဖစ္ပါတယ္။ ဒီလို ႏႈိးစက္ကို ပိတ္ၿပီးျပန္အိပ္တာက အိပ္ရာက ႏုိးလာခ်ိန္ကစၿပီး တစ္ေန႔တာလံုးကို ထိုင္းထိုင္းမႈိင္းမႈိင္းျဖစ္ေစႏိုင္ပါတယ္။

မ်က္ႏွာအရင္သစ္ပါ။

အိပ္ရာကထတာနဲ႔ ေရခ်ိဳးခန္းထဲကို တန္းသြားၿပီး မ်က္ႏွာကို ေရေအးနဲ႔သစ္လိုက္ပါ။ ဒီကိစၥက တျခားဘာမွမလုပ္ခင္မွာ အရင္ဆံုးလုပ္ရမွာျဖစ္ပါတယ္။ မ်က္ႏွာကို ေရစိုသြားလို႔ လန္းဆန္းသြားတဲ့ ခံစားမႈက သင့္ရဲ႕ခႏၶာကိုယ္တစ္ခုလံုးကို ႏုိးၾကားလႈပ္ရွားေစပါတယ္။ တကယ္လို႔ မ်က္ႏွာကို အရင္မသစ္ဘူးဆိုရင္ အိပ္ခ်င္မူးတူးနဲ႔ Zombie တစ္ေကာင္လို ျဖစ္ေနမွာပါ။

မနက္ခင္းမွာ ေရခ်ိဳးပါ။

ညဖက္မွာ ေရခ်ိဳးတာထက္ မနက္ခင္းမွာ ေရခ်ိဳးတာက ပိုေကာင္းပါတယ္။ မနက္ခင္းမွာ ေရခ်ိဳးတာက သင့္ရဲ႕တစ္ေန႔တာကို လန္းဆန္းသန္႔ရွင္းစြာ စတင္ႏိုင္ေစရုံသာမက ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကိုပါ ေကာင္းမြန္ေစပါတယ္။

မနက္စာ စားပါ။

မနက္စာဟာ တစ္ေန႔တာလံုးမွာ အေရးအႀကီးဆံုး ျဖစ္ပါတယ္။ သင့္တစ္ေန႔တာလံုးအတြက္ လိုအပ္တဲ့ အင္အားနဲ႔ အဟာရေတြကို မနက္စာကျဖည့္ဆည္းေပးႏိုင္ပါတယ္။ အသင့္ေတာ္ဆံုးမနက္စာကေတာ့ ၾကက္ဥ ျဖစ္ပါတယ္။ ၾကက္ဥရဲ႕အကာသားက အိပ္စက္ေနခ်ိန္မွာ ခႏၶာကိုယ္က ထုတ္လႊတ္ေပးတဲ့ ဓာတ္ပစၥည္းတစ္မ်ိဳး ကို လႈံ႕ေဆာ္ေပးႏိုင္တာေၾကာင့္ျဖစ္ပါတယ္။ လူအမ်ားစုက အခ်ိန္မရလို႔၊ ကိုယ္အေလးခ်ိန္ခ်ခ်င္လို႔ စသျဖင့္ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ မနက္စားကို ေရွာင္ေလ့ရွိပါတယ္။ တကယ္တမ္းလက္ေတြ႕မွာေတာ့ မနက္စာ ေရွာင္သူေတြက ေန႔လည္စာမွာ လိုတာထက္ပိုစားေလ့ရွိသလို ဆာေလာင္မႈကို ေျဖသိမ့္ဖို႔ ကယ္လိုရီမ်ားတာေတြ ပိုစားမိတာေၾကာင့္ ၀ိတ္မက်တဲ့အျပင္ က်န္းမာေရးကို ထိခိုက္လာေစႏိုင္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ။

မနက္ခင္းမွာ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္တာက တစ္ေန႔တာလံုးကို လန္းဆန္းတက္ၾကြေနေစပါတယ္။ မနက္ခင္းေလ့က်င့္ခန္းေတြက သင့္ရဲ႕ႏွလံုးေသြးေၾကာစနစ္ကို အားေကာင္းေစၿပီး လိုအပ္တဲ့ ခြန္အားေတြ ျပည့္ေနေစႏိုင္တာေၾကာင့္ျဖစ္ပါတယ္။ ဒါ့အျပင္ မနက္ခင္းမွာ တစ္ခုခုကို ၿပီးေျမာက္ေအာင္ျမင္သြားသလို ခံစားရေစၿပီး တစ္ေန႔တာလံုးအတြက္ စိတ္ဓာတ္ခြန္အားလည္း ျပည့္၀သြားေစမွာျဖစ္ပါတယ္။

သီခ်င္းနားေထာင္ပါ။

သင္နဲ႔အတူအိပ္တဲ့သူမရွိဘူးဆိုရင္ သီခ်င္းနားေထာင္ဖို႔ အၾကံေပးခ်င္ပါတယ္။ ေတးသီခ်င္းေတြက သင့္ရဲ႕စိတ္ကို ႏိုးၾကားတက္ၾကြေစၿပီး တစ္ေန႔တာအတြက္ ရႊင္လန္းေစမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အိပ္ရာက ထတဲ့အခ်ိန္၊ ေရခ်ိဳးေနတဲ့အခ်ိန္ေတြမွာ သီခ်င္းနားေထာင္ပါ။

တရားထိုင္ပါ။

သင့္အေနနဲ႔ တရားထိုင္ေလ့ထိုင္ထမရွိဘူးဆိုရင္ေတာ့ ႀကိဳးစားၾကည့္သင့္ပါတယ္။ တရားထိုင္တာဟာ စိတ္ကို ေလ့က်င့္ေပးတာပဲျဖစ္ပါတယ္။ မနက္ခင္းမွာ မိနစ္(၂၀)ေလာက္ တရားထိုင္မယ္ဆိုရင္ သင့္အေနနဲ႔ တစ္ေန႔လံုးမွာ အာ႐ုံစူးစိုက္ႏိုင္စြမ္း တိုးတက္ေကာင္းမြန္လာမွာျဖစ္ပါတယ္။

အျပင္သြားပါ။

သင့္ရဲ႕တစ္ေန႔တာကို မစတင္ခင္ မနက္ခင္းမွာ အျပင္ကိုထြက္ၿပီး ေနပူစာလႈံ႕ၾကည့္ပါ။ ေနေရာင္ျခည္က ဗီတာမင္ ဒီ ဓာတ္ရရွိေစတဲ့အတြက္ ခႏၶာကိုယ္ ဆဲလ္ေတြရဲ႕လုပ္ငန္းေဆာင္တာေတြကို တိုးတက္ေကာင္းမြန္ ေစပါတယ္။ ဒါ့အျပင္ ျပင္ပအလင္းေရာင္က သင့္ကို ႏိုးၾကားေစၿပီး တစ္ေန႔လံုး တက္ၾကြေနေစမယ့္ ေဟာ္မုန္းေတြ ထုတ္ေပးႏိုင္ပါတယ္။

အလုပ္စာရင္းျပဳစုေရးသားပါ။

တစ္ေန႔တာရဲ႕ အလုပ္ေတြမစခင္မွာ လုပ္စရာရွိတဲ့အေရးကိစၥမွန္သမွ်ကို ခ်ေရးထားဖို႔ျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕တစ္ေန႔တာ ရည္မွန္းခ်က္ေတြကို ခ်ေရးထားမယ္ဆိုရင္လည္း အလုပ္ၿပီးတဲ့အခါမွာ ၿပီးေျမာက္ေအာင္ျမင္မႈကို ပိုၿပီးခံစားရႏိုင္ပါတယ္။ လုပ္စရာရွိတာေတြကို ခ်ေရးထားတာက ဘာတစ္ခုကိုမွ မေမ့မေလ်ာ့ပဲ လုပ္ေဆာင္ႏုိင္ေစဖို႔လည္း အေထာက္အကူျဖစ္ေစပါတယ္။

မိနစ္(၃၀)စာ လုပ္ေဆာင္ခ်က္တစ္ခု လုပ္ပါ။

ေလ့လာမႈေတြအရ လူအမ်ားစုက မနက္ခင္းပိုင္မွာ တီထြင္ဖန္တီးႏိုင္စြမ္း ပိုရွိတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ဒီအခြင့္အေရးကိုအသံုးခ်ၿပီး တစ္ခုခုကို အေကာင္အထည္ေဖာ္လုပ္ေဆာင္သင့္ပါတယ္။ ဘေလာ့ပို႔စ္တစ္ခုေရးတာ၊ သတင္းေတြ ေလ့လာတာ၊ ဆိုရွယ္မီဒီယာမွာ ေ၀မွ်ဖို႔ အေၾကာင္းအရာရွာတာေတြလို႔မ်ိဳး တစ္ခုခုကို လုပ္ေဆာင္ပါ။ ဒီလို အက်ိဳးရွိရွိအသံုးခ်ႏိုင္မယ္ဆိုရင္ သင့္အတြက္ တစ္ေန႔တာလံုးမွာလည္း အလုပ္ၿပီးေျမာက္မႈ ပိုမိုတိုးတက္ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
တစ်ချို့တွေက အိပ်ရာကနေ မနက်စောစောထတတ်ကြပါတယ်။ တစ်ချို့တွေကတော့ နေမြင့်တဲ့အထိ အိပ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ သင့်ရဲ့မနက်ခင်း အစဟာ တစ်နေ့တာလုံးအတွက် အရေးကြီးတယ်ဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရာကနေထလိုက်တာနဲ့ တစ်နေ့တာလုံးအတွက် အဆင်ပြေနေစေမယ့် မနက်ခင်းတစ်ခုကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

နှိုးစက်ကို ဝေးဝေးမှာ ထားပါ။

နှိုးစက်နာရီကိုပဲသုံးသုံး၊ ဖုန်းက နှိုးစက်ကိုပဲ သုံးသုံး ဘာပဲဖြစ်ဖြစ် အိပ်ရာနဲ့ အနည်းဆုံး နှစ်ပေလောက်အကွာမှာ ထားပါ။ ဖုန်းကို လက်တကမ်းဘေးနားမှာထားပြီး အိပ်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်ပါ။ ဘာကြောင့်ကို ဖုန်းပဲ ဖြစ်ဖြစ်၊ နှိုးစက်ကိုပဲ ဖြစ်ဖြစ် ပိတ်ပြီးပြန်အိပ်တတ်တာကြောင့်ဖြစ်ပါတယ်။ ဒီလို နှိုးစက်ကို ပိတ်ပြီးပြန်အိပ်တာက အိပ်ရာက နိုးလာချိန်ကစပြီး တစ်နေ့တာလုံးကို ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်စေနိုင်ပါတယ်။

မျက်နှာအရင်သစ်ပါ။

အိပ်ရာကထတာနဲ့ ရေချိုးခန်းထဲကို တန်းသွားပြီး မျက်နှာကို ရေအေးနဲ့သစ်လိုက်ပါ။ ဒီကိစ္စက တခြားဘာမှမလုပ်ခင်မှာ အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်။ မျက်နှာကို ရေစိုသွားလို့ လန်းဆန်းသွားတဲ့ ခံစားမှုက သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို နိုးကြားလှုပ်ရှားစေပါတယ်။ တကယ်လို့ မျက်နှာကို အရင်မသစ်ဘူးဆိုရင် အိပ်ချင်မူးတူးနဲ့ Zombie တစ်ကောင်လို ဖြစ်နေမှာပါ။

မနက်ခင်းမှာ ရေချိုးပါ။

ညဖက်မှာ ရေချိုးတာထက် မနက်ခင်းမှာ ရေချိုးတာက ပိုကောင်းပါတယ်။ မနက်ခင်းမှာ ရေချိုးတာက သင့်ရဲ့တစ်နေ့တာကို လန်းဆန်းသန့်ရှင်းစွာ စတင်နိုင်စေရုံသာမက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုပါ ကောင်းမွန်စေပါတယ်။

မနက်စာ စားပါ။

မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သင့်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အင်အားနဲ့ အဟာရတွေကို မနက်စာကဖြည့်ဆည်းပေးနိုင်ပါတယ်။ အသင့်တော်ဆုံးမနက်စာကတော့ ကြက်ဥ ဖြစ်ပါတယ်။ ကြက်ဥရဲ့အကာသားက အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ ဓာတ်ပစ္စည်းတစ်မျိုး ကို လှုံ့ဆော်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ လူအများစုက အချိန်မရလို့၊ ကိုယ်အလေးချိန်ချချင်လို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ မနက်စားကို ရှောင်လေ့ရှိပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ မနက်စာ ရှောင်သူတွေက နေ့လည်စာမှာ လိုတာထက်ပိုစားလေ့ရှိသလို ဆာလောင်မှုကို ဖြေသိမ့်ဖို့ ကယ်လိုရီများတာတွေ ပိုစားမိတာကြောင့် ဝိတ်မကျတဲ့အပြင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွနေစေပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းတွေက သင့်ရဲ့နှလုံးသွေးကြောစနစ်ကို အားကောင်းစေပြီး လိုအပ်တဲ့ ခွန်အားတွေ ပြည့်နေစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မနက်ခင်းမှာ တစ်ခုခုကို ပြီးမြောက်အောင်မြင်သွားသလို ခံစားရစေပြီး တစ်နေ့တာလုံးအတွက် စိတ်ဓာတ်ခွန်အားလည်း ပြည့်ဝသွားစေမှာဖြစ်ပါတယ်။

သီချင်းနားထောင်ပါ။

သင်နဲ့အတူအိပ်တဲ့သူမရှိဘူးဆိုရင် သီချင်းနားထောင်ဖို့ အကြံပေးချင်ပါတယ်။ တေးသီချင်းတွေက သင့်ရဲ့စိတ်ကို နိုးကြားတက်ကြွစေပြီး တစ်နေ့တာအတွက် ရွှင်လန်းစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရာက ထတဲ့အချိန်၊ ရေချိုးနေတဲ့အချိန်တွေမှာ သီချင်းနားထောင်ပါ။

တရားထိုင်ပါ။

သင့်အနေနဲ့ တရားထိုင်လေ့ထိုင်ထမရှိဘူးဆိုရင်တော့ ကြိုးစားကြည့်သင့်ပါတယ်။ တရားထိုင်တာဟာ စိတ်ကို လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ မနက်ခင်းမှာ မိနစ်(၂၀)လောက် တရားထိုင်မယ်ဆိုရင် သင့်အနေနဲ့ တစ်နေ့လုံးမှာ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။

အပြင်သွားပါ။

သင့်ရဲ့တစ်နေ့တာကို မစတင်ခင် မနက်ခင်းမှာ အပြင်ကိုထွက်ပြီး နေပူစာလှုံ့ကြည့်ပါ။ နေရောင်ခြည်က ဗီတာမင် ဒီ ဓာတ်ရရှိစေတဲ့အတွက် ခန္ဓာကိုယ် ဆဲလ်တွေရဲ့လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန် စေပါတယ်။ ဒါ့အပြင် ပြင်ပအလင်းရောင်က သင့်ကို နိုးကြားစေပြီး တစ်နေ့လုံး တက်ကြွနေစေမယ့် ဟော်မုန်းတွေ ထုတ်ပေးနိုင်ပါတယ်။

အလုပ်စာရင်းပြုစုရေးသားပါ။

တစ်နေ့တာရဲ့ အလုပ်တွေမစခင်မှာ လုပ်စရာရှိတဲ့အရေးကိစ္စမှန်သမျှကို ချရေးထားဖို့ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့တစ်နေ့တာ ရည်မှန်းချက်တွေကို ချရေးထားမယ်ဆိုရင်လည်း အလုပ်ပြီးတဲ့အခါမှာ ပြီးမြောက်အောင်မြင်မှုကို ပိုပြီးခံစားရနိုင်ပါတယ်။ လုပ်စရာရှိတာတွေကို ချရေးထားတာက ဘာတစ်ခုကိုမှ မမေ့မလျော့ပဲ လုပ်ဆောင်နိုင်စေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

မိနစ်(၃၀)စာ လုပ်ဆောင်ချက်တစ်ခု လုပ်ပါ။

လေ့လာမှုတွေအရ လူအများစုက မနက်ခင်းပိုင်မှာ တီထွင်ဖန်တီးနိုင်စွမ်း ပိုရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအခွင့်အရေးကိုအသုံးချပြီး တစ်ခုခုကို အကောင်အထည်ဖော်လုပ်ဆောင်သင့်ပါတယ်။ ဘလော့ပို့စ်တစ်ခုရေးတာ၊ သတင်းတွေ လေ့လာတာ၊ ဆိုရှယ်မီဒီယာမှာ ဝေမျှဖို့ အကြောင်းအရာရှာတာတွေလို့မျိုး တစ်ခုခုကို လုပ်ဆောင်ပါ။ ဒီလို အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင် သင့်အတွက် တစ်နေ့တာလုံးမှာလည်း အလုပ်ပြီးမြောက်မှု ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top