iMyanmarHouse.com - Best Property Website for Myanmar
×

အစာလမ္းေၾကာင္းတစ္ေလွ်ာက္ျဖစ္တဲ့ အနာေတြက စိတ္ဖိစီးမႈေၾကာင့္ျဖစ္တာေတာ့ မဟုတ္ေပမယ့္ စိတ္ဖိစီးမႈေတြကေတာ့ အနာကို ပိုဆိုးေစပါတယ္။ အစာအိမ္အနာရဲ႕ လကၡဏာေတြကေတာ့ အစာစားၿပီးတုိင္း ဗိုက္ေအာင့္ျခင္းႏွင့္အတူ ေလခ်ဥ္တက္ျခင္း၊ ပ်ိဳ႕ျခင္း၊ အစာစားခ်င္စိတ္ေပ်ာက္ျခင္းေတြ တြဲၿပီးျဖစ္ေလ့ရွိပါတယ္။ မကုသဘဲထားမယ္ဆိုရင္ ေနာက္ဆံုးမွာ ခြဲစိတ္ကုသရပါမယ္။ ကံေကာင္းတာကေတာ့ ခံစားရတာေတြကို သက္သာေအာင္ လုပ္တဲ့နည္းလမ္းေတြ ရွိပါတယ္။ ငွက္ေပ်ာသီးစားတာက အဲဒီထဲက တစ္နည္း အပါအ၀င္ ျဖစ္ပါတယ္။

အမ်ားအားျဖင့္ အနာေတြက အစာအိမ္မွာ (သို႔) အစာအိမ္နဲ႔ အူသိမ္ဆံုတဲ့ေနရာမွာ ျဖစ္ေလ့ရွိပါတယ္။ ျဖစ္ရတဲ့အေၾကာင္းအရင္းေတြက အစာအိမ္နဲ႔ အူနံရံရွိ အခၽြဲလႊာကို ထိခိုက္ျခင္း၊ အကိုက္အခဲေပ်ာက္ေဆး အလြန္အကၽြံသံုးစြဲျခင္း၊ H.pylori ဆိုတဲ့ ဘက္တီးရီးယားပိုးတစ္မ်ိဳးေၾကာင့္ ျဖစ္ေလ့ရွိပါတယ္။ ပိုးသတ္ေဆး၊ အက္ဆစ္ေခ်ဖ်က္ေပးတဲ့ေဆးေတြ ေသာက္ျခင္း၊ ေနထိုင္မႈပံုစံနဲ႔ အစားအစာ အေျပာင္းအလဲေတြက အနာကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

♦ ငွက္ေပ်ာသီးမွာ ဘယ္လိုအက်ိဳးေတြရွိလဲ?

ငွက္ေပ်ာသီးမွာ ပိုတက္ဆီယမ္နဲ႔ မဂၢနီဆီယမ္ဓာတ္ေတြ ႂကြယ္၀စြာပါ၀င္တဲ့အျပင္ အမွ်င္ဓာတ္၊ ဗီတာမင္ B6, C, folate စတဲ့ဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ငွက္ေပ်ာသီး အရြယ္ေတာ္ေတာ္တစ္လံုးမွာ ကယ္လိုရီ ၁၀၀ ခန္႔ ပါဝင္ၿပီးေတာ့ အနာျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ဟန္႔တားႏိုင္တဲ့ ဓာတ္ကူပစၥည္းေတြလည္း ပါဝင္ပါတယ္။

ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ leucocyanidin ဆိုတဲ့ ဓာတ္တစ္မ်ိဳးကေတာ့ အစာအိမ္အခၽြဲလႊာကုိ ပိုထူေစၿပီး အနာေၾကာင့္ ထိခိုက္မႈေတြကို ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္။ ငွက္ေပ်ာသီးက သဘာဝအေလ်ာက္အက္ဆစ္ေတြကို ေခ်ဖ်က္ႏိုင္စြမ္းရွိၿပီး အနာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

♦ သိထားသင့္သည့္အခ်က္မ်ား

အစားအစာနဲ႔ ေနထိုင္မႈပံုစံ အေျပာင္းအလဲေတြက အနာေၾကာင့္ခံစားရတဲ့ ေရာဂါလကၡဏာေတြကို သက္သာေစႏိုင္ေပမယ့္ ဒါေတြက ထိေရာက္တဲ့ကုသမႈေတြေတာ့ မဟုတ္ပါဘူး။ ေရာဂါေတြကို ကိုယ့္ဟာကိုယ္ နာမည္တပ္ၿပီး ကုသဖို႔ မသင့္ပါဘူး။ ဆရာဝန္နဲ႔ျပသၿပီး ေသခ်ာကုသမႈ ခံယူသင့္ပါတယ္။

Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အစာလမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ အနာတွေက စိတ်ဖိစီးမှုကြောင့်ဖြစ်တာတော့ မဟုတ်ပေမယ့် စိတ်ဖိစီးမှုတွေကတော့ အနာကို ပိုဆိုးစေပါတယ်။ အစာအိမ်အနာရဲ့ လက္ခဏာတွေကတော့ အစာစားပြီးတိုင်း ဗိုက်အောင့်ခြင်းနှင့်အတူ လေချဉ်တက်ခြင်း၊ ပျို့ခြင်း၊ အစာစားချင်စိတ်ပျောက်ခြင်းတွေ တွဲပြီးဖြစ်လေ့ရှိပါတယ်။ မကုသဘဲထားမယ်ဆိုရင် နောက်ဆုံးမှာ ခွဲစိတ်ကုသရပါမယ်။ ကံကောင်းတာကတော့ ခံစားရတာတွေကို သက်သာအောင် လုပ်တဲ့နည်းလမ်းတွေ ရှိပါတယ်။ ငှက်ပျောသီးစားတာက အဲဒီထဲက တစ်နည်း အပါအဝင် ဖြစ်ပါတယ်။

အများအားဖြင့် အနာတွေက အစာအိမ်မှာ (သို့) အစာအိမ်နဲ့ အူသိမ်ဆုံတဲ့နေရာမှာ ဖြစ်လေ့ရှိပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေက အစာအိမ်နဲ့ အူနံရံရှိ အချွဲလွှာကို ထိခိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်း၊ H.pylori ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်လေ့ရှိပါတယ်။ ပိုးသတ်ဆေး၊ အက်ဆစ်ချေဖျက်ပေးတဲ့ဆေးတွေ သောက်ခြင်း၊ နေထိုင်မှုပုံစံနဲ့ အစားအစာ အပြောင်းအလဲတွေက အနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

♦ ငှက်ပျောသီးမှာ ဘယ်လိုအကျိုးတွေရှိလဲ?

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ဗီတာမင် B6, C, folate စတဲ့ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီး အရွယ်တော်တော်တစ်လုံးမှာ ကယ်လိုရီ ၁၀၀ ခန့် ပါဝင်ပြီးတော့ အနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဟန့်တားနိုင်တဲ့ ဓာတ်ကူပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ငှက်ပျောသီးမှာ ပါဝင်တဲ့ leucocyanidin ဆိုတဲ့ ဓာတ်တစ်မျိုးကတော့ အစာအိမ်အချွဲလွှာကို ပိုထူစေပြီး အနာကြောင့် ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ငှက်ပျောသီးက သဘာဝအလျောက်အက်ဆစ်တွေကို ချေဖျက်နိုင်စွမ်းရှိပြီး အနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

♦ သိထားသင့်သည့်အချက်များ

အစားအစာနဲ့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေက အနာကြောင့်ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပေမယ့် ဒါတွေက ထိရောက်တဲ့ကုသမှုတွေတော့ မဟုတ်ပါဘူး။ ရောဂါတွေကို ကိုယ့်ဟာကိုယ် နာမည်တပ်ပြီး ကုသဖို့ မသင့်ပါဘူး။ ဆရာဝန်နဲ့ပြသပြီး သေချာကုသမှု ခံယူသင့်ပါတယ်။

Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top