မေက်နပ္ခ်က္ေတြဟာ ေဒါသေတြ ျဖစ္လာပါတယ္။ ဒါေပမယ့္ လူ႔အဖြဲ႕အစည္းတြင္း အမ်ားနဲ႔ေနထုိင္ေနတာေၾကာင့္ သင့္ေဒါသေတြကို ေဖာ္ထုတ္ခ်င္တိုင္း ေဖာ္ထုတ္လို႔မရပါဘူး။ ဒီအခါမွာ ထိန္းခ်ဳပ္ျပီး တျခားနည္းလမ္းနဲ႔ ျပန္ေဖာက္ထုတ္တတ္ပါတယ္။ လူေတြ အမ်ားဆံုး လုပ္တတ္တဲ့အခ်က္ေလးေတြ ရွိပါတယ္။
၁ - သင့္အေပၚမျခိမ္းေျခာက္ႏုိင္သူေတြကို ရန္လိုတယ္
သင့္အေပၚ မျခိမ္းေျခာက္ႏုိင္တဲ့ အရာေတြေပၚမွာသာ သင့္မေက်နပ္ခ်က္ကို ေဖာက္ထုတ္ပစ္တာပါ။ ဥပမာ - ကေလးေတြ၊ အိမ္ေမြးတိရိစာၦန္ေလးေတြ၊ သင့္အေပၚစိတ္မဆုိးႏုိင္တဲ့ လက္တြဲေဖာ္တို႔ကို ရန္ရွာတာမ်ိဳး ျဖစ္ပါတယ္။ အလုပ္အကိုင္အဆင္မေျပတဲ့အခါ အေဖက အေမကို ရန္ရွာတာမ်ိဳးဟာ လူ႔အဖြဲ႕အစည္းမွာ ခဏခဏ ျမင္ရတတ္တဲ့ အျပဳအမူမ်ိဳး ျဖစ္ပါတယ္။
၂ - အကူအညီမျဖစ္တဲ့ ခံစားခ်က္ေတြ
ပံုမွန္အေျခအေနမွာ သူတို႔ေတြဟာ အကူအညီမျဖစ္တဲ့ အျပဳအမူအေျပာအဆုိေတြကို ေဖာ္ထုတ္တတ္ပါတယ္။ တစ္ေယာက္တည္း မႈန္ကုတ္ေနတာ၊ စကားမေျပာေတာ့ဘဲ ေနေနတာ စတဲ့ အျပဳအမူေတြလုပ္တတ္ပါတယ္။ တစ္ဖက္လူကို ရန္ရွာျခင္းမရွီဘဲ အကူအညီမျဖစ္ရုံ ေနတာျဖစ္ပါတယ္။ ဒါဟာ ရင့္က်က္ေနသူေတြရဲ႕ မေက်နပ္ခ်က္ကို ေျဖေဖ်ာက္တဲ့နည္းလမ္းလည္း ျဖစ္တတ္ပါတယ္။ တျခားနည္းလမ္းေတြနဲ႔ယွဥ္ရင္ သူက သိမ္ေမြ႕တယ္လို႔ ဆုိရမွာပါ။
၃ - သတင္းအခ်က္အလက္
မလိုအပ္တဲ့အေၾကာင္းအရာဆိုရင္ ဘာကိုမွ မသိခ်င္တာပါ။ မဆုိင္ရင္ ဘာမွမသိခ်င္ေတာ့ဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ သတ္မွတ္တာပါ။ ဒါေပမယ့္လည္း ပတ္ဝန္းက်င္က သတင္းအခ်က္အလက္ေတြဟာ မသိခ်င္လို႔ မရဘဲ ေရာက္ေရာက္လာတာပါပဲ။ ကိုယ့္ရဲ႕ အျပဳအမူေတြေပၚကို လႊမ္းမိုးမႈရွိေနတာပါပဲ။ မေက်နပ္ခ်က္ကို ထိန္းခ်ဳပ္ထားတဲ့အခါ သတင္းအခ်က္အလက္ေတြ ကိုယ့္ဆီေရာက္မလာေအာင္ တမင္တကာၾကီးကို ဖိႏွိပ္ကာကြယ္ေနရတတ္ပါတယ္။
၄ - ဆင္ေျခ
ကို္ယ့္ကိုယ္ကိုယ္ ကာကြယ္တဲ့အေတြးေတြ ေတြးတာ ျဖစ္ပါတယ္။ အမ်ားအျမင္ မျဖစ္သင့္တဲ့ အျပဳအမူတစ္ခုကို လုပ္မိခဲ့ပါတယ္။ ဒါေပမယ့္ ဒါဟာ ျဖစ္သင့္တယ္လို႔ သင့္ဘာသင္ အေတြးေတြ တည္ေဆာက္လုပ္ယူေနတာ ျဖစ္ပါတယ္။ ဥပမာ - သူငယ္ခ်င္း တစ္ေယာက္ဟာ အျခားခ်မ္းသာတဲ့သူငယ္ခ်င္းတစ္ေယာက္ဆီက ေငြေၾကးခိုးယူတယ္ဆုိပါစို႔၊ ပိုက္ဆံခိုးတဲ့ သူငယ္ခ်င္းဘက္က လိုက္ခ်င္ေနတာေၾကာင့္ ဟိုတစ္ေယာက္ကခ်မ္းသာတာပဲ ဘာမွမျဖစ္ပါဘူးလို႔ ေတြးေခၚတာမ်ိဳး ျဖစ္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..
#Unicode Version
မကျေနပ်ချက်တွေဟာ ဒေါသတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းတွင်း အများနဲ့နေထိုင်နေတာကြောင့် သင့်ဒေါသတွေကို ဖော်ထုတ်ချင်တိုင်း ဖော်ထုတ်လို့မရပါဘူး။ ဒီအခါမှာ ထိန်းချုပ်ပြီး တခြားနည်းလမ်းနဲ့ ပြန်ဖောက်ထုတ်တတ်ပါတယ်။ လူတွေ အများဆုံး လုပ်တတ်တဲ့အချက်လေးတွေ ရှိပါတယ်။
၁ - သင့်အပေါ်မခြိမ်းခြောက်နိုင်သူတွေကို ရန်လိုတယ်
သင့်အပေါ် မခြိမ်းခြောက်နိုင်တဲ့ အရာတွေပေါ်မှာသာ သင့်မကျေနပ်ချက်ကို ဖောက်ထုတ်ပစ်တာပါ။ ဥပမာ - ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေ၊ သင့်အပေါ်စိတ်မဆိုးနိုင်တဲ့ လက်တွဲဖော်တို့ကို ရန်ရှာတာမျိုး ဖြစ်ပါတယ်။ အလုပ်အကိုင်အဆင်မပြေတဲ့အခါ အဖေက အမေကို ရန်ရှာတာမျိုးဟာ လူ့အဖွဲ့အစည်းမှာ ခဏခဏ မြင်ရတတ်တဲ့ အပြုအမူမျိုး ဖြစ်ပါတယ်။
၂ - အကူအညီမဖြစ်တဲ့ ခံစားချက်တွေ
ပုံမှန်အခြေအနေမှာ သူတို့တွေဟာ အကူအညီမဖြစ်တဲ့ အပြုအမူအပြောအဆိုတွေကို ဖော်ထုတ်တတ်ပါတယ်။ တစ်ယောက်တည်း မှုန်ကုတ်နေတာ၊ စကားမပြောတော့ဘဲ နေနေတာ စတဲ့ အပြုအမူတွေလုပ်တတ်ပါတယ်။ တစ်ဖက်လူကို ရန်ရှာခြင်းမရှီဘဲ အကူအညီမဖြစ်ရုံ နေတာဖြစ်ပါတယ်။ ဒါဟာ ရင့်ကျက်နေသူတွေရဲ့ မကျေနပ်ချက်ကို ဖြေဖျောက်တဲ့နည်းလမ်းလည်း ဖြစ်တတ်ပါတယ်။ တခြားနည်းလမ်းတွေနဲ့ယှဉ်ရင် သူက သိမ်မွေ့တယ်လို့ ဆိုရမှာပါ။
၃ - သတင်းအချက်အလက်
မလိုအပ်တဲ့အကြောင်းအရာဆိုရင် ဘာကိုမှ မသိချင်တာပါ။ မဆိုင်ရင် ဘာမှမသိချင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တာပါ။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်က သတင်းအချက်အလက်တွေဟာ မသိချင်လို့ မရဘဲ ရောက်ရောက်လာတာပါပဲ။ ကိုယ့်ရဲ့ အပြုအမူတွေပေါ်ကို လွှမ်းမိုးမှုရှိနေတာပါပဲ။ မကျေနပ်ချက်ကို ထိန်းချုပ်ထားတဲ့အခါ သတင်းအချက်အလက်တွေ ကိုယ့်ဆီရောက်မလာအောင် တမင်တကာကြီးကို ဖိနှိပ်ကာကွယ်နေရတတ်ပါတယ်။
၄ - ဆင်ခြေ
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အတွေးတွေ တွေးတာ ဖြစ်ပါတယ်။ အများအမြင် မဖြစ်သင့်တဲ့ အပြုအမူတစ်ခုကို လုပ်မိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဖြစ်သင့်တယ်လို့ သင့်ဘာသင် အတွေးတွေ တည်ဆောက်လုပ်ယူနေတာ ဖြစ်ပါတယ်။ ဥပမာ - သူငယ်ချင်း တစ်ယောက်ဟာ အခြားချမ်းသာတဲ့သူငယ်ချင်းတစ်ယောက်ဆီက ငွေကြေးခိုးယူတယ်ဆိုပါစို့၊ ပိုက်ဆံခိုးတဲ့ သူငယ်ချင်းဘက်က လိုက်ချင်နေတာကြောင့် ဟိုတစ်ယောက်ကချမ်းသာတာပဲ ဘာမှမဖြစ်ပါဘူးလို့ တွေးခေါ်တာမျိုး ဖြစ်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
လူေတြ မေက်နပ္တဲ့အခါ ဘယ္လိုထိန္းခ်ဳပ္တတ္လဲ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။