iMyanmarHouse.com - Best Property Website for Myanmar
×

ေယာကၡမနဲ႔ ေခၽြးမဆိုတာ တည့္တာရွားပါတယ္။ ဒါေပမယ့္လည္း မတည့္အတူေနေတြလို႔ ဆိုရမလိုပါပဲ။ နင့္ကို ငါမႀကိဳက္ဘူးလို႔ ပြင့္ပြင့္လင္းလင္း မေျပာေပမယ့္ သူကိုယ့္ကို သေဘာမက်ဘူးဆိုတာ ဘယ္လိုသိႏိုင္မလဲ။

သူနဲ႔ ေတြ႕ရမွာ ထိတ္လန္႔ေနတယ္။

ကိုယ့္ကို သေဘာမက်လုိ႔ ေယာကၡမနဲ႔ေတြ႕လိုက္ရင္ တစ္ခုခု စိုးရိမ္သလိုႀကီး ထိတ္လန္႔သလိုႀကီး ခံစားရေစပါတယ္။

သင့္ခ်စ္သူ (သို႔) အမ်ိဳးသားရဲ့ ရည္းစားေဟာင္းအေၾကာင္း ေျပာဖို႔ႀကိဳးစားတယ္။

ကိုယ့္ေရွ႕မွာ သူ႔ရည္းစားေဟာင္းအေၾကာင္းေျပာတာဟာ ဘယ္လိုလုပ္ ကိုယ့္ကို သက္ေသာင့္သက္သာျဖစ္ေစမွာလဲေနာ္။

သင့္ကိုဆို အၿမဲေ၀ဖန္ေလ့ရွိတယ္။

သင္တစ္ခုခုလုပ္ရင္ ဘာျဖစ္တယ္ညာျဖစ္တယ္ဆိုၿပီး အၿမဲတမ္းေ၀ဖန္လ့ရွိတယ္။ သင့္ရဲ့ ရည္ရြယ္ခ်က္ေတြ၊ သင့္မိသားစုေတြကိုလည္း ေ၀ဖန္တယ္။

သင့္ကို ဥပကၡာျပဳထားတယ္။

သင့္ကိုဆို ဂရုလည္းမစိုက္ဘူး။ ရွိတယ္လည္းမထင္ဘူး။ ဥေပကၡာျပဳထားတာဟာ သင့္ေယာကၡမႀကီး သင့္ကို သေဘာမက်တာပါပဲ။

သင့္အေၾကာင္းကို စိတ္၀င္တစား ဘယ္ေတာ့မွမေမးဘူး။

သင္ဘာလုပ္တယ္။ ဘာကိုင္တယ္ဆိုတာအစ သူမေမးဘူး။ သင့္မိသားစုအေၾကာင္း သင့္အေၾကာင္းကို လံုး၀မေမးဘူးဆိုရင္ သင့္ကို သေဘာမက်လို႔ပါပဲ။

မေတာင္းပန္သင့္တာကို sorry ေျပာတယ္။

သင့္ကို သေဘာမက်ရင္ ေၾသာ္ ေဆာရီးပါ ငါမွားပါတယ္။ စသျဖင့္ မေတာင္းပန္သင့္တဲ့အရာကို ေတာင္းပန္သလို ရိၿပီးေျပာတတ္တယ္။

ေယာကၡမနဲ႔ ေခၽြးမဆက္ဆံေရး ဘာလို႔ အဆင္မေျပၾကသလဲဆိုတာ ေတြးရခက္ပါတယ္။ သင္က သေဘာက်ေအာင္ေနမယ္စိတ္ကူးေပမယ့္ တစ္ခုမဟုတ္တစ္ခု အၿမဲ အျပစ္ေျပာခံေနရတာဟာဘာလို႔လဲ။ ေယာကၡမဆိုးဆိုး (သုိ႔) ေခၽြးမဆိုးဆိုးတစ္ေယာက္ မျဖစ္ဖို႔ ဘာေတြလုိအပ္မယ္လို႔ စာဖတ္သူတို႔ျမင္ပါသလဲ။ comment ေလးေတြ ေရးခဲ့ဦးေနာ္။

Credit:Mystyle
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယောက္ခမနဲ့ ချွေးမဆိုတာ တည့်တာရှားပါတယ်။ ဒါပေမယ့်လည်း မတည့်အတူနေတွေလို့ ဆိုရမလိုပါပဲ။ နင့်ကို ငါမကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း မပြောပေမယ့် သူကိုယ့်ကို သဘောမကျဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။

သူနဲ့ တွေ့ရမှာ ထိတ်လန့်နေတယ်။

ကိုယ့်ကို သဘောမကျလို့ ယောက္ခမနဲ့တွေ့လိုက်ရင် တစ်ခုခု စိုးရိမ်သလိုကြီး ထိတ်လန့်သလိုကြီး ခံစားရစေပါတယ်။

သင့်ချစ်သူ (သို့) အမျိုးသားရဲ့ ရည်းစားဟောင်းအကြောင်း ပြောဖို့ကြိုးစားတယ်။

ကိုယ့်ရှေ့မှာ သူ့ရည်းစားဟောင်းအကြောင်းပြောတာဟာ ဘယ်လိုလုပ် ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေမှာလဲနော်။

သင့်ကိုဆို အမြဲဝေဖန်လေ့ရှိတယ်။

သင်တစ်ခုခုလုပ်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး အမြဲတမ်းဝေဖန်လ့ရှိတယ်။ သင့်ရဲ့ ရည်ရွယ်ချက်တွေ၊ သင့်မိသားစုတွေကိုလည်း ဝေဖန်တယ်။

သင့်ကို ဥပက္ခာပြုထားတယ်။

သင့်ကိုဆို ဂရုလည်းမစိုက်ဘူး။ ရှိတယ်လည်းမထင်ဘူး။ ဥပေက္ခာပြုထားတာဟာ သင့်ယောက္ခမကြီး သင့်ကို သဘောမကျတာပါပဲ။

သင့်အကြောင်းကို စိတ်ဝင်တစား ဘယ်တော့မှမမေးဘူး။

သင်ဘာလုပ်တယ်။ ဘာကိုင်တယ်ဆိုတာအစ သူမမေးဘူး။ သင့်မိသားစုအကြောင်း သင့်အကြောင်းကို လုံးဝမမေးဘူးဆိုရင် သင့်ကို သဘောမကျလို့ပါပဲ။

မတောင်းပန်သင့်တာကို sorry ပြောတယ်။

သင့်ကို သဘောမကျရင် သြော် ဆောရီးပါ ငါမှားပါတယ်။ စသဖြင့် မတောင်းပန်သင့်တဲ့အရာကို တောင်းပန်သလို ရိပြီးပြောတတ်တယ်။

ယောက္ခမနဲ့ ချွေးမဆက်ဆံရေး ဘာလို့ အဆင်မပြေကြသလဲဆိုတာ တွေးရခက်ပါတယ်။ သင်က သဘောကျအောင်နေမယ်စိတ်ကူးပေမယ့် တစ်ခုမဟုတ်တစ်ခု အမြဲ အပြစ်ပြောခံနေရတာဟာဘာလို့လဲ။ ယောက္ခမဆိုးဆိုး (သို့) ချွေးမဆိုးဆိုးတစ်ယောက် မဖြစ်ဖို့ ဘာတွေလိုအပ်မယ်လို့ စာဖတ်သူတို့မြင်ပါသလဲ။ comment လေးတွေ ရေးခဲ့ဦးနော်။

Credit:Mystyle

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top