ညဘက္အိပ္တဲ့အခါမွာ ေဟာက္သံအက်ယ္ႀကီးနဲ႔အိပ္တတ္သူေတြက အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာ တစ္ခုျဖစ္ေနလို႔ပါ။ အားယူၿပီးေတာ့ ေလရွဴသြင္း၊ ရွဴထုတ္လုပ္ရတာေၾကာင့္ ေဟာက္သံက်ယ္ႀကီး ထြက္ေပၚလာရတာပဲ ျဖစ္ပါတယ္။ ဒီလို ေဟာက္သံႀကီးနဲ႔ အိပ္ရင္ ခရီးသြားတဲ့အခါမွာ သူငယ္ခ်င္းေတြအၾကား ေလွာင္ေျပာင္စေနာက္စရာ တစ္ခုျဖစ္သြားပါလိမ့္မယ္။ ဒါ့အျပင္ ေဘးလူမ်ားကိုလည္း အေႏွာင့္အယွက္ျဖစ္ေစတာေၾကာင့္ ဒီအက်င့္ကို ေဖ်ာက္ပစ္ဖို႔ လိုေနပါၿပီေနာ္။ ဒါ့ေၾကာင့္ အိပ္တဲ့အခါမွာ ေဟာက္သံက်ယ္ႀကီး မထြက္ေအာင္ ဘာေတြ ေဆာင္သင့္၊ ေရွာင္သင့္လဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
(၁) အသက္ရွဴလမ္းေၾကာင္းသန္႔ရွင္းမႈရွိေနပါေစ။
ညစဥ္ပံုမွန္သြားတိုက္ၿပီး အသက္ရွဴလမ္းေၾကာင္းသန္႔ရွင္းေနေအာင္ ျပဳလုပ္ပါ။ ညအိပ္တဲ့အခါမွာ အသက္ရွဴလမ္းေၾကာင္းမွာ ကပ္ၿငိေနတတ္တဲ့ ပိုးမႊားမ်ားေၾကာင့္ ေဟာက္တာလည္း ျဖစ္ႏိုင္ပါတယ္။
(၂) အိပ္ခန္းသန္႔ရွင္းေရးျပဳလုပ္ပါ။
အိပ္ခန္းအတြင္းက ဘတ္တီးရီးယားပိုးမႊားမ်ားနဲ႔ ဖုန္မႈန္႔မ်ားက အသက္ရွဴတာကို အေႏွာင့္အယွက္ျဖစ္ေစတာေၾကာင့္ ေဟာက္သံထြက္ေပၚလာရတာပဲ ျဖစ္ပါတယ္။ ပိုးမႊားမ်ားေၾကာင့္ အသက္ရွဴရခက္ခဲသြားတတ္တာေၾကာင့္ အိပ္ခန္းကို သန္႔ရွင္းစင္ၾကယ္စြာ ထားဖုိ႔ လိုပါတယ္ေနာ္။
(၃) အိပ္ပံုအိပ္နည္း အေနအထားမွန္ပါေစ။
ပက္လက္အိပ္တာက ေခါင္းက ေမာ့လြန္းေနရင္လည္း ေဟာက္တတ္ပါေသးတယ္။ ဒီလိုျဖစ္လာၿပီဆုိရင္ ေဘးေစာင္းလွည့္အိပ္ေပးပါ။ ဒါ့အျပင္ ေမွာက္အိပ္တာကလည္း အသက္ရွဴလမ္းေၾကာင္းကို လွ်ာနဲ႔ ပိတ္ဆို႔လိုက္သလို ျဖစ္သြားပါတယ္။ ဒါ့ေၾကာင့္ သက္ေတာင့္သက္သာနဲ႔ အသက္ရွဴႏိုင္မယ့္ အေနအထားအတိုင္း အိပ္နည္းမွန္ကန္ဖို႔ လိုအပ္ပါတယ္။
(၄) ဝိတ္ေလ်ာ့ပါ။
ဝလြန္းတဲ့ သူေတြ ေတာ္ေတာ္မ်ားမ်ားကလည္း ညအိပ္ခ်ိန္မွာ ေဟာက္တဲ့ ျပႆနာကို ႀကံဳေတြ႔ရတတ္ပါတယ္။ အဆုတ္အားနည္းၿပီး လည္ပင္က အဆီေတြေၾကာင့္ အသက္ရွဴခက္တာေၾကာင့္ ေဟာက္သံက်ယ္ႀကီး ထြက္လာတာပါ။ ဒါ့ေၾကာင့္ ကိုယ္ခႏၶာဝိတ္ကို ပံုမွန္ထိန္းထားဖို႔ လိုပါတယ္။
(၅) ညစာကို အလြန္အကၽြံမစားပါနဲ႔။
ညဘက္အိပ္တဲ့ အခါမွာ ေဟာက္တတ္လာၿပီ ဆိုရင္ ညစာဘာေတြ စားခဲ့လဲ ျပန္စဥ္းစားပါ။ အခ်ိဳ၊ အဆီလြန္ကဲ လြန္းတဲ့ အစာေတြက အသက္ရွဴတဲ့အခါမွာ ညင္သာမႈ မရွိေစပါဘူး။ ဒါ့အျပင္ အရက္ေသာက္သံုးၿပီး အိပ္တဲ့ သူေတြကလည္း ေဟာက္တတ္တာေၾကာင့္ ညအိပ္ခ်ိန္မွာ အရက္အလြန္အကၽြံ ေသာက္သံုးျခင္းကို ေရွာင္ၾကဥ္္သင့္ပါတယ္။
Credit:စံပယ္(ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ညဘက်အိပ်တဲ့အခါမှာ ဟောက်သံအကျယ်ကြီးနဲ့အိပ်တတ်သူတွေက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ တစ်ခုဖြစ်နေလို့ပါ။ အားယူပြီးတော့ လေရှူသွင်း၊ ရှူထုတ်လုပ်ရတာကြောင့် ဟောက်သံကျယ်ကြီး ထွက်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ဒီလို ဟောက်သံကြီးနဲ့ အိပ်ရင် ခရီးသွားတဲ့အခါမှာ သူငယ်ချင်းတွေအကြား လှောင်ပြောင်စနောက်စရာ တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် ဘေးလူများကိုလည်း အနှောင့်အယှက်ဖြစ်စေတာကြောင့် ဒီအကျင့်ကို ဖျောက်ပစ်ဖို့ လိုနေပါပြီနော်။ ဒါ့ကြောင့် အိပ်တဲ့အခါမှာ ဟောက်သံကျယ်ကြီး မထွက်အောင် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) အသက်ရှူလမ်းကြောင်းသန့်ရှင်းမှုရှိနေပါစေ။
ညစဉ်ပုံမှန်သွားတိုက်ပြီး အသက်ရှူလမ်းကြောင်းသန့်ရှင်းနေအောင် ပြုလုပ်ပါ။ ညအိပ်တဲ့အခါမှာ အသက်ရှူလမ်းကြောင်းမှာ ကပ်ငြိနေတတ်တဲ့ ပိုးမွှားများကြောင့် ဟောက်တာလည်း ဖြစ်နိုင်ပါတယ်။
(၂) အိပ်ခန်းသန့်ရှင်းရေးပြုလုပ်ပါ။
အိပ်ခန်းအတွင်းက ဘတ်တီးရီးယားပိုးမွှားများနဲ့ ဖုန်မှုန့်များက အသက်ရှူတာကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဟောက်သံထွက်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ပိုးမွှားများကြောင့် အသက်ရှူရခက်ခဲသွားတတ်တာကြောင့် အိပ်ခန်းကို သန့်ရှင်းစင်ကြယ်စွာ ထားဖို့ လိုပါတယ်နော်။
(၃) အိပ်ပုံအိပ်နည်း အနေအထားမှန်ပါစေ။
ပက်လက်အိပ်တာက ခေါင်းက မော့လွန်းနေရင်လည်း ဟောက်တတ်ပါသေးတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဘေးစောင်းလှည့်အိပ်ပေးပါ။ ဒါ့အပြင် မှောက်အိပ်တာကလည်း အသက်ရှူလမ်းကြောင်းကို လျှာနဲ့ ပိတ်ဆို့လိုက်သလို ဖြစ်သွားပါတယ်။ ဒါ့ကြောင့် သက်တောင့်သက်သာနဲ့ အသက်ရှူနိုင်မယ့် အနေအထားအတိုင်း အိပ်နည်းမှန်ကန်ဖို့ လိုအပ်ပါတယ်။
(၄) ဝိတ်လျော့ပါ။
ဝလွန်းတဲ့ သူတွေ တော်တော်များများကလည်း ညအိပ်ချိန်မှာ ဟောက်တဲ့ ပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ အဆုတ်အားနည်းပြီး လည်ပင်က အဆီတွေကြောင့် အသက်ရှူခက်တာကြောင့် ဟောက်သံကျယ်ကြီး ထွက်လာတာပါ။ ဒါ့ကြောင့် ကိုယ်ခန္ဓာဝိတ်ကို ပုံမှန်ထိန်းထားဖို့ လိုပါတယ်။
(၅) ညစာကို အလွန်အကျွံမစားပါနဲ့။
ညဘက်အိပ်တဲ့ အခါမှာ ဟောက်တတ်လာပြီ ဆိုရင် ညစာဘာတွေ စားခဲ့လဲ ပြန်စဉ်းစားပါ။ အချို၊ အဆီလွန်ကဲ လွန်းတဲ့ အစာတွေက အသက်ရှူတဲ့အခါမှာ ညင်သာမှု မရှိစေပါဘူး။ ဒါ့အပြင် အရက်သောက်သုံးပြီး အိပ်တဲ့ သူတွေကလည်း ဟောက်တတ်တာကြောင့် ညအိပ်ချိန်မှာ အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Credit:စံပယ်(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေဟာက္သံက်ယ္ႀကီးနဲ႔ အိပ္တတ္တဲ့အက်င့္ ေပ်ာက္ကင္းေစဖို႔
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။