iMyanmarHouse.com - Best Property Website for Myanmar
×

ေယာင္းတို့ေရ….. ၁၆၊ ၁၇ ေကာင္ေလးေတြရဲ့ ရည္စားစကားေျပာတာကိုခံရဖူးတယ္ဟုတ္။ သူတို့ခမ်ာ စိတ္ရႈပ္စရာေကာင္းျပီး သနားဖို့လည္း ေကာင္းပါတယ္။ ကိုယ့္ထက္ငယ္တဲ့ ေကာင္ေလး ကိုယ့္ေဘးနားမွာ အခ်ိန္ျပည့္ ရစ္သီရစ္သီ လုပ္ေနတာကေလ ဘယ္လိုမွ ေဖာ္ျပလို့မရေအာင္ စိတ္ရႈပ္စရာေကာင္းတယ္။ လက္ခံတယ္ဟုတ္?

Rinတို႔ မိန္းကေလးေတြကလည္း ကိုယ့္ထက္ အသက္ၾကီးတဲ့ ကိုကိုေတြကိုမွ စိတ္၀င္စားတာ။ ဒါမွ ဆိုးခ်င္တိုင္းဆိုး လို့ရမယ္ေလ။ ကိုယ္က စိတ္ေကာက္မယ္ ကိုကိုကေခ်ာ့မယ္။ (ငိငိ စိတ္ကူးေတြယဥ္ေနတာ) မမေတြကို လာေၾကာင္တဲ့ အထဲမွာ ဆယ္တန္းေျဖျပီးခါစေလးေတြ ပိုဆိုးေသး။ အိမ္ကလူၾကီးေတြေျပာထားတဲ့ ဆယ္တန္းျပီးတာနဲ့ လူၾကီးျဖစ္ျပီ ဆိုတဲ့အေတြးက သူတို႕ကိုလႊမ္းမိုးထားေတာ့ အျမဲတက္ၾကြ ျဖတ္လတ္ေနေရာ။

ဒါေပမယ့္ မမေတြကို စိတ္၀င္စားတာက အသက္အရြယ္အပိုင္းအျခားတစ္ခုအထိပဲေနာ္။ ေယဘူယ်အားျဖင့္ အသက္(၂၀)ေက်ာ္လာတဲ့ အခါ မမေတြက သူတို့အတြက္ ကမၻာၾကီး မဟုတ္ေတာ့ဘူး။ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြကသာ သူတို့အတြက္ ခ်စ္တို့ သဲတို့ ျဖစ္လာေရာ။ ေယာက်ာ္းေလးေတြရဲ့ တစ္ဖက္သားကို လြမ္းမိုးခ်င္တဲ့ အင္အားေကာင္လာတာေပါ့။

ဒါဆိုဘာေၾကာင့္ သူတို႔ေလးေတြ “မ” မွ “မ” ျဖစ္ေနရတာလဲ?

Rinက ျဖစ္နိုင္ေခ်ရွိတဲ့ အခ်က္ (၃) ခ်က္စုစည္းေပးလိုက္ပါတယ္။

(စစ္တမ္းေကာက္ယူရာမွာ ကူညီေပးတဲ့ FHM က seniors မမလွလွမ်ားကိုလည္း ေက်းဇူးတင္ပါတယ္လို့ ငိငိ)

(၁)မမေတြကို အထင္ၾကီးတာ

ကိုယ္ေတြက သူတို့ထက္ေလာကၾကီးထဲ အရင္ေရာက္တာဆိုေတာ့ ဗဟုသုတပိုရွိတယ္။ အေတြးအေခၚပိုေကာင္းတယ္။ တစ္ခ်ိဳ႕ေကာင္ေလးေတြက ဆယ္ေက်ာ္သက ္အိပ္မက္မက္ၾကေသးတယ္။ မ နဲ့ နွစ္ေယာက္တစ္ဘ၀ ဘယ္လိုတည္ေထာင္မယ္ေပါ့။ “မ” က အိမ္မႈကိစၥေတြလုပ္ “ေမာင္” ကအလုပ္သြား ျပန္လာရင္ မ နဲ့အတူ ထမင္းလက္ဆံုစား BLAH BLAH ေပါ့( တကယ္တမ္းက် ကိုယ္က အိမ္မွာ ထမင္းအိုးတစ္လံုးေတာင္ ျဖစ္ေအာင္မတည္တတ္တာ မသိဘူး LOL)
Read  ကိုယ့္ကိုယ္ကိုယ္ ခ်စ္နည္းမ်ား

(၂)မမေတြရဲ့ဆြဲေဆာင္မႈ

ေယာင္းတို့ရဲ့ အသက္အရြယ္နဲ႔ ရင့္က်က္တည္ျငိမ္မႈက သူတို့ကိုအဓိက ဆြဲေဆာင္နိုင္တာပါ။ ကိုယ္ေတြက လုပ္ငန္းခြင္မွာ လူေတြနဲ့ ေပါင္းသင္းဆက္ဆံရေတာ့ စကားေျပာတဲ့အခါ ဆြဲေဆာင္မႈရွိတာက ပါရမီလိုျဖစ္ေနျပီ။ ကိုယ္ေတြက ခပ္တည္တည္နဲ႔ ေျပာေနတာေတာင္ သူတို႔ေလးေတြ ေၾကြသြားတာေတာ့ မတတ္နိုင္။ ဒါ့အျပင္ အလွအပဘက္ကၾကည့္ရင္လည္း ဆယ္ေက်ာ္သက္ေကာင္မေလးေတြ မိက္ကပ္ကို လက္တည့္စမ္းေနတဲ့ အခ်ိန္မွာ ကိုယ္ေတြက မွန္မပါဘဲ မ်က္လံုးမွိတ္ ျပင္နိုင္ေနျပီ။ (PROဆန္တာေပါ့ ငိငိ)

(၃)သူငယ္ခ်င္းေတြၾကားထဲ နာမည္ၾကီးခ်င္တာ

ေမာင္ေလးေတြၾကားမွာ မမရဲ့ အခ်စ္ကို ရဖို့ဆိုတာက အလြန့္အလြန္ ခက္ခဲတဲ့အရာပါ။ မမေတြကလည္း ေမာင္ေလးေတြဆိုအဖတ္မလုပ္ခ်င္တာေလ။ အဲ့ေတာ့ သူငယ္ခ်င္းေတြ ၾကားထဲမွာ မမကိုလိုက္နိုင္တဲ့သူဆိုက အေကာင္ပဲ။

ကဲကဲ…..Rinေျပာတာေတြကို လက္ခံတယ္ဟုတ္။ ေယာင္းတို႔ေရ ဆယ္ေက်ာ္သက္အရြယ္ဟာ အစြဲအလမ္းၾကီး၊ စိတ္ထိခိုက္လြယ္တဲ့ အရြယ္ျဖစ္လို႔ တစ္ခါတစ္ေလလည္း ရူးရူးမိုက္မိုက္ဆန္တတ္ပါတယ္။ ဒီေတာ့ ၾကည့္သာ စဥ္းစားၾကေလကုန္ ေယာင္းတို႔ေရ။ (အကုန္လံုးကို မဆိုလိုပါ။)

Stay Pretty!
Credit;Rin (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယောင်းတို့ရေ….. ၁၆၊ ၁၇ ကောင်လေးတွေရဲ့ ရည်စားစကားပြောတာကိုခံရဖူးတယ်ဟုတ်။ သူတို့ခမျာ စိတ်ရှုပ်စရာကောင်းပြီး သနားဖို့လည်း ကောင်းပါတယ်။ ကိုယ့်ထက်ငယ်တဲ့ ကောင်လေး ကိုယ့်ဘေးနားမှာ အချိန်ပြည့် ရစ်သီရစ်သီ လုပ်နေတာကလေ ဘယ်လိုမှ ဖော်ပြလို့မရအောင် စိတ်ရှုပ်စရာကောင်းတယ်။ လက်ခံတယ်ဟုတ်?

Rinတို့ မိန်းကလေးတွေကလည်း ကိုယ့်ထက် အသက်ကြီးတဲ့ ကိုကိုတွေကိုမှ စိတ်ဝင်စားတာ။ ဒါမှ ဆိုးချင်တိုင်းဆိုး လို့ရမယ်လေ။ ကိုယ်က စိတ်ကောက်မယ် ကိုကိုကချော့မယ်။ (ငိငိ စိတ်ကူးတွေယဉ်နေတာ) မမတွေကို လာကြောင်တဲ့ အထဲမှာ ဆယ်တန်းဖြေပြီးခါစလေးတွေ ပိုဆိုးသေး။ အိမ်ကလူကြီးတွေပြောထားတဲ့ ဆယ်တန်းပြီးတာနဲ့ လူကြီးဖြစ်ပြီ ဆိုတဲ့အတွေးက သူတို့ကိုလွှမ်းမိုးထားတော့ အမြဲတက်ကြွ ဖြတ်လတ်နေရော။

ဒါပေမယ့် မမတွေကို စိတ်ဝင်စားတာက အသက်အရွယ်အပိုင်းအခြားတစ်ခုအထိပဲနော်။ ယေဘူယျအားဖြင့် အသက်(၂၀)ကျော်လာတဲ့ အခါ မမတွေက သူတို့အတွက် ကမ္ဘာကြီး မဟုတ်တော့ဘူး။ ဆယ်ကျော်သက် ကောင်မလေးတွေကသာ သူတို့အတွက် ချစ်တို့ သဲတို့ ဖြစ်လာရော။ ယောကျာ်းလေးတွေရဲ့ တစ်ဖက်သားကို လွမ်းမိုးချင်တဲ့ အင်အားကောင်လာတာပေါ့။

ဒါဆိုဘာကြောင့် သူတို့လေးတွေ “မ” မှ “မ” ဖြစ်နေရတာလဲ?

Rinက ဖြစ်နိုင်ချေရှိတဲ့ အချက် (၃) ချက်စုစည်းပေးလိုက်ပါတယ်။

(စစ်တမ်းကောက်ယူရာမှာ ကူညီပေးတဲ့ FHM က seniors မမလှလှများကိုလည်း ကျေးဇူးတင်ပါတယ်လို့ ငိငိ)

(၁)မမတွေကို အထင်ကြီးတာ

ကိုယ်တွေက သူတို့ထက်လောကကြီးထဲ အရင်ရောက်တာဆိုတော့ ဗဟုသုတပိုရှိတယ်။ အတွေးအခေါ်ပိုကောင်းတယ်။ တစ်ချို့ကောင်လေးတွေက ဆယ်ကျော်သက ်အိပ်မက်မက်ကြသေးတယ်။ မ နဲ့ နှစ်ယောက်တစ်ဘ၀ ဘယ်လိုတည်ထောင်မယ်ပေါ့။ “မ” က အိမ်မှုကိစ္စတွေလုပ် “မောင်” ကအလုပ်သွား ပြန်လာရင် မ နဲ့အတူ ထမင်းလက်ဆုံစား BLAH BLAH ပေါ့( တကယ်တမ်းကျ ကိုယ်က အိမ်မှာ ထမင်းအိုးတစ်လုံးတောင် ဖြစ်အောင်မတည်တတ်တာ မသိဘူး LOL)
Read  ကိုယ့်ကိုယ်ကိုယ် ချစ်နည်းများ

(၂)မမတွေရဲ့ဆွဲဆောင်မှု

ယောင်းတို့ရဲ့ အသက်အရွယ်နဲ့ ရင့်ကျက်တည်ငြိမ်မှုက သူတို့ကိုအဓိက ဆွဲဆောင်နိုင်တာပါ။ ကိုယ်တွေက လုပ်ငန်းခွင်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတော့ စကားပြောတဲ့အခါ ဆွဲဆောင်မှုရှိတာက ပါရမီလိုဖြစ်နေပြီ။ ကိုယ်တွေက ခပ်တည်တည်နဲ့ ပြောနေတာတောင် သူတို့လေးတွေ ကြွေသွားတာတော့ မတတ်နိုင်။ ဒါ့အပြင် အလှအပဘက်ကကြည့်ရင်လည်း ဆယ်ကျော်သက်ကောင်မလေးတွေ မိက်ကပ်ကို လက်တည့်စမ်းနေတဲ့ အချိန်မှာ ကိုယ်တွေက မှန်မပါဘဲ မျက်လုံးမှိတ် ပြင်နိုင်နေပြီ။ (PROဆန်တာပေါ့ ငိငိ)

(၃)သူငယ်ချင်းတွေကြားထဲ နာမည်ကြီးချင်တာ

မောင်လေးတွေကြားမှာ မမရဲ့ အချစ်ကို ရဖို့ဆိုတာက အလွန့်အလွန် ခက်ခဲတဲ့အရာပါ။ မမတွေကလည်း မောင်လေးတွေဆိုအဖတ်မလုပ်ချင်တာလေ။ အဲ့တော့ သူငယ်ချင်းတွေ ကြားထဲမှာ မမကိုလိုက်နိုင်တဲ့သူဆိုက အကောင်ပဲ။

ကဲကဲ…..Rinပြောတာတွေကို လက်ခံတယ်ဟုတ်။ ယောင်းတို့ရေ ဆယ်ကျော်သက်အရွယ်ဟာ အစွဲအလမ်းကြီး၊ စိတ်ထိခိုက်လွယ်တဲ့ အရွယ်ဖြစ်လို့ တစ်ခါတစ်လေလည်း ရူးရူးမိုက်မိုက်ဆန်တတ်ပါတယ်။ ဒီတော့ ကြည့်သာ စဉ်းစားကြလေကုန် ယောင်းတို့ရေ။ (အကုန်လုံးကို မဆိုလိုပါ။)

Stay Pretty!
Credit;Rin (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top