အိမ္ေထာင္ျပဳျပီးတဲ့အခါ အိမ္မွာပဲ ေနဖို႔ စဥ္းစားေနလား၊ ကေလးေတြ နည္းနည္းလက္လြတ္ရေနျပီဆုိေတာ့ လုပ္ငန္းတစ္ခုခု လုပ္ဖို႔ စဥ္းစားေနလား၊ ဒီအတုိင္း အိမ္မွာပဲ ထုိင္ေနရတာကို ျငီးေငြ႕ေနျပီလား။ ယခုေခတ္မွာေတာ့ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္ျပဳျပီးတဲ့အခါမွာေတာင္ ကုမၸဏီလုပ္ငန္းေတြကို ဦးေဆာင္သူေတြျဖစ္ေနၾကပါျပီ။ သူတို႔ အားသန္ရာ နယ္ပယ္ေတြမွာ ဦးေဆာင္သူေတြ ျဖစ္ေနၾကပါျပီ။အမ်ိဳးသမီးတစ္ေယာက္အတြက္ လက္ထပ္ျပီးတဲ့အခါ အိမ္မွာပဲ မေနခ်င္တဲ့ အဓိကအေၾကာင္းအရင္းေတြ ရွိပါတယ္။
၁ - ကိုယ့္ပံုစံနဲ႔ မကိုက္တာ
မေပ်ာ္တာ ျဖစ္ပါတယ္။ အိမ္မွာေနျပီး အိမ္အလုပ္ေတြတစ္ေနကုန္လုပ္အခ်ိန္ျဖဳန္းရတဲ့ ပံုစံမ်ိဳးက သင္နဲ႔ မကိုက္ညီတာ ျဖစ္ပါတယ္။ သင္က ကိုယ္ပိုင္လုပ္ငန္းလုပ္ခ်င္သူ၊ ရုံးတို႔ ကုမၸဏီတုိ႔မွာပဲ စာရင္းဇယားေတြနဲ႔ ကုန္ဆံုးခ်င္သူ ျဖစ္ေနတာပါ။ ဒီေတာ့ အိမ္အလုပ္ဆုိတာေတြက ျငီးေငြ႕စရာ ျဖစ္ေနတာပါ။ ဒါေၾကာင့္ အိမ္ေထာင္ျပဳတဲ့အခါ အလုပ္ထြက္ျပီး အိမ္မွာပဲ ေနေတာ့မယ္ဆိုတဲ့ အေတြးမ်ိဳးရွိရင္ ေသခ်ာစဥ္းစားပါ။
၂ - ေငြေၾကးျပသနာ
ေငြေၾကးအရ ခင္ပြန္းေပၚအျမဲ မွီခိုေနရတဲ့ အေျခအေနကို မႏွစ္သက္တာ ျဖစ္ပါတယ္။ အိမ္ေထာင္ေရးတစ္ခုမွာ ေငြေၾကးဟာ အဓိက မက်ဘူးလို႔ ေျပာလို႔မရပါဘူး။ အိမ္ေထာင္ေရးမွာ ၾသဇာအာဏာဟာ အဓိက ေငြရွာေနသူမွာပဲ ရွိတာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ရင္ ခင္ပြန္းေပၚမီခို လက္ျဖန္႔ေတာင္းရတာဟာ ၾကာေတာ့ စိတ္ပ်က္စရာ ျဖစ္လာပါတယ္။
၃ - အလုပ္
သင့္ဝါသနာကို မစြန္႔လႊတ္ႏုိင္တာ ျဖစ္ပါတယ္။ ဒီဝါသနာနဲ႔ လုပ္ငန္းေပၚ ထက္သန္မႈရွိတာ ျဖစ္ပါတယ္။ ဥပမာ - သင္က ဖက္ရွင္လုပ္ငန္းကို စိတ္ဝင္စားမႈ ျပင္းျပတာေၾကာင့္ အိမ္ေထာင္ျပဳသားေမြးျပဳလုပ္ေပမယ့္လည္း ဒီလုပ္ငန္းကို စြန္႔ခြာဖို႔ဆိုတာ ဘယ္လိုမွ စဥ္းစားလို႔မရတဲ့ ကိစၥ ျဖစ္ေနတာပါ။
၄ - ကေလးေတြၾကီးကုန္တာ
ကေလးေတြ ၾကီးကုန္ၾကတာ ျဖစ္ပါတယ္။ ယခင္က သင့္ကို လိုအပ္သေလာက္ အခု သူတို႔က မလိုေတာ့ပါဘူး။ ဒီေတာ့လည္း သင့္မွာ အိမ္မွာပဲ အျမဲရွိေနရတာကို ပ်င္းလာပါတယ္။ အိမ္မွာအျမဲေနရတဲ့ သင့္ရဲ႕ အေျခအေနကို ျပန္စဥ္းစားမိေနပါတယ္။ တခ်ိဳ႕အေမေတြကေတာ့ ကေလးေတြ ၾကီးလာတာနဲ႔ အိမ္မွာအျမဲေနတာကို စြန္႔လႊတ္လိုက္တတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ကေလးေတြ မူလတန္းတက္ရကတည္းက လုပ္ငန္းခြင္ ျပန္ဝင္တာ၊ ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္တာေတြ ရွိၾကပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်ထောင်ပြုပြီးတဲ့အခါ အိမ်မှာပဲ နေဖို့ စဉ်းစားနေလား၊ ကလေးတွေ နည်းနည်းလက်လွတ်ရနေပြီဆိုတော့ လုပ်ငန်းတစ်ခုခု လုပ်ဖို့ စဉ်းစားနေလား၊ ဒီအတိုင်း အိမ်မှာပဲ ထိုင်နေရတာကို ငြီးငွေ့နေပြီလား။ ယခုခေတ်မှာတော့ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးတဲ့အခါမှာတောင် ကုမ္ပဏီလုပ်ငန်းတွေကို ဦးဆောင်သူတွေဖြစ်နေကြပါပြီ။ သူတို့ အားသန်ရာ နယ်ပယ်တွေမှာ ဦးဆောင်သူတွေ ဖြစ်နေကြပါပြီ။အမျိုးသမီးတစ်ယောက်အတွက် လက်ထပ်ပြီးတဲ့အခါ အိမ်မှာပဲ မနေချင်တဲ့ အဓိကအကြောင်းအရင်းတွေ ရှိပါတယ်။
၁ - ကိုယ့်ပုံစံနဲ့ မကိုက်တာ
မပျော်တာ ဖြစ်ပါတယ်။ အိမ်မှာနေပြီး အိမ်အလုပ်တွေတစ်နေကုန်လုပ်အချိန်ဖြုန်းရတဲ့ ပုံစံမျိုးက သင်နဲ့ မကိုက်ညီတာ ဖြစ်ပါတယ်။ သင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ၊ ရုံးတို့ ကုမ္ပဏီတို့မှာပဲ စာရင်းဇယားတွေနဲ့ ကုန်ဆုံးချင်သူ ဖြစ်နေတာပါ။ ဒီတော့ အိမ်အလုပ်ဆိုတာတွေက ငြီးငွေ့စရာ ဖြစ်နေတာပါ။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါ အလုပ်ထွက်ပြီး အိမ်မှာပဲ နေတော့မယ်ဆိုတဲ့ အတွေးမျိုးရှိရင် သေချာစဉ်းစားပါ။
၂ - ငွေကြေးပြသနာ
ငွေကြေးအရ ခင်ပွန်းပေါ်အမြဲ မှီခိုနေရတဲ့ အခြေအနေကို မနှစ်သက်တာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ငွေကြေးဟာ အဓိက မကျဘူးလို့ ပြောလို့မရပါဘူး။ အိမ်ထောင်ရေးမှာ သြဇာအာဏာဟာ အဓိက ငွေရှာနေသူမှာပဲ ရှိတာမျိုး ဖြစ်သွားတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် ခင်ပွန်းပေါ်မီခို လက်ဖြန့်တောင်းရတာဟာ ကြာတော့ စိတ်ပျက်စရာ ဖြစ်လာပါတယ်။
၃ - အလုပ်
သင့်ဝါသနာကို မစွန့်လွှတ်နိုင်တာ ဖြစ်ပါတယ်။ ဒီဝါသနာနဲ့ လုပ်ငန်းပေါ် ထက်သန်မှုရှိတာ ဖြစ်ပါတယ်။ ဥပမာ - သင်က ဖက်ရှင်လုပ်ငန်းကို စိတ်ဝင်စားမှု ပြင်းပြတာကြောင့် အိမ်ထောင်ပြုသားမွေးပြုလုပ်ပေမယ့်လည်း ဒီလုပ်ငန်းကို စွန့်ခွာဖို့ဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ ကိစ္စ ဖြစ်နေတာပါ။
၄ - ကလေးတွေကြီးကုန်တာ
ကလေးတွေ ကြီးကုန်ကြတာ ဖြစ်ပါတယ်။ ယခင်က သင့်ကို လိုအပ်သလောက် အခု သူတို့က မလိုတော့ပါဘူး။ ဒီတော့လည်း သင့်မှာ အိမ်မှာပဲ အမြဲရှိနေရတာကို ပျင်းလာပါတယ်။ အိမ်မှာအမြဲနေရတဲ့ သင့်ရဲ့ အခြေအနေကို ပြန်စဉ်းစားမိနေပါတယ်။ တချို့အမေတွေကတော့ ကလေးတွေ ကြီးလာတာနဲ့ အိမ်မှာအမြဲနေတာကို စွန့်လွှတ်လိုက်တတ်ကြပါတယ်။ တချို့ကတော့ကလေးတွေ မူလတန်းတက်ရကတည်းက လုပ်ငန်းခွင် ပြန်ဝင်တာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တာတွေ ရှိကြပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိမ္မွာအျမဲေနတဲ့ မိခင္မ်ိဳး မျဖစ္ခ်င္ရတဲ့ အေၾကာင္းအရင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။