iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
၁။ ချစ်သူအပေါ် ထပ်တူထပ်မျှ မျှဝေခံစားပေးတတ်တယ်
ထောက်ထား ကြင်နာတတ်တာ၊ပံ့ပိုးကူညီတတ်တာ၊ချစ်သူရဲ့ကြိုးစားအားထုတ်မှုတွေကို
အချိန်တိုင်း အားပေးနေတတ်တာတွေပာာ ထက်မြက်တဲ့ မိန်းကလေးတွေဆီမှာရှိတဲ့
အကောင်းဆုံးအရည်အချင်းတွေပါပဲ။
၂။ သဝန်ကြောင်တဲ့အပြုအမှုမျိုးကို ဝေးဝေးက ရှောင်တယ်
ချစ်သူဘဝမှာ မိန်းကလေးတွေပာာ ချစ်သူအပေါ် သဝန်တိုတယ်ဆိုတာ မဆန်းပေမယ့်
အဲဒီအဆင့်ကိုကျော်လွန်ပြီးတော့ သဝန်ကြောင်လာပြီဆိုရင်တော့ နှစ်ဦးသားကြား
အဆင်မပြေတော့ပဲ ပြင်းထန်တဲ့ရန်ပွဲတွေ အချိန်တိုင်း အမြဲနွှဲ့ရတော့မှာပါ။ထက်မြက်တဲ့မိန်းကလေးတွေကတော့ သဝန်ကြောင်ခြင်းကို ရှောင်ကြဉ်ပြီး ချစ်သူရဲ့သစ္စာစောင့်ထိန်းမှုကို ယုံကြည်မှုနဲ့ပဲ ထိန်းသိမ်းထားတတ်တယ်။
၃။ ဘဝတိုးတက်အောင် အချိန်တိုင်း အမြဲကြိုးစားနေတယ်
ထက်မြက်တဲ့ မိန်းကလေးတွေပာာ အချိန်ကို ဘယ်တော့မှ အလကားမဖြုန်းတီးတတ်ဘူး။သူတို့ပာာ ဘဝဒီထက်တိုးတတ်အောင် ပညာရပ်တွေကို
တစ်ခုပြီးတစ်ခု အမြဲလေ့လာသင်ယူနေတတ်ကြတယ်။
၄။ ဘဝကို အဆင့်အတန်းရှိရှိ နေထိုင်ဖြတ်သန်းတယ်
ထက်မြက်တဲ့မိန်းကလေးတွေပာာ တန်ဖိုးကြီးအဝတ်အစားတွေ၊တန်ဖိုးကြီးအသုံးအဆောင်ရတနာတွေကို ဝတ်ဆင်သုံးစွဲနိုင်တာထက် ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်က လူတွေရဲ့လေးစားမှုရအောင် နေထိုင်ပြုမှုခြင်းအားဖြင့် အဆင့်အတန်းရှိတဲ့ဘဝမျိုးကို
သေချာတည်ဆောက်တတ်ကြပါတယ်။
၅။ စစ်မှန်တဲ့ ရိုးသားမှုရှိတယ်
ထက်မြက်တဲ့မိန်းကလေးတွေပာာ အမှန်တရားကို မြတ်နိုးပြီး ရိုးသားမှုကို တန်ဖိုးထားတယ်။
၆။ ညဏ်ပညာ အမျှော်အမြင်နဲ့ပြည့်စုံတယ်
ထက်မြက်တဲ့မိန်းကလေးတွေပာာ အရာရာမှာ တွေးခေါ်မျှော်မြင်မှုရှိကြပြီး အနာဂတ်ရည်မှန်းချက်တွေကို မဆုတ်မနစ် အကောင်အထည်ဖော်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။အချစ်ရေးရေရှည်အဆင်ပြေဖို့အတွက်လည်း အစီအစဉ်တွေကို သေချာကြိုတင် ရေးဆွဲစဉ်းစားထားတတ်ကြတယ်။
၇။ ချစ်သူရဲ့ကြိုးစားအားထုတ်မှုတွေကို ဘေးကနေ ကူညီပံ့ပိုးပေးတယ်
ထက်မြက်တဲ့မိန်းကလေးတွေပာာ ချစ်သူရဲ့ဘဝခရီးလမ်းတစ်လျှောက် ကြိုးစားအားထုတ်မှုတွေတိုင်းမှာ ဘေးကနေ အနီးကပ် ကူညီပံ့ပိုးရင်းနဲ့ပါရမီဖြည့်ဆည်းပေးတတ်ကြတယ်။
၈။ လိုအပ်တဲ့အခါ ပြတ်သားဖို့ ဝန်မလေးဘူး
ထက်မြက်တဲ့မိန်းကလေးတွေပာာ စိတ်သဘောထားနူးညံ့ကြပေမယ့် လိုအပ်လာတဲ့အခါ သူများတွေထက် ပိုပြတ်သားဖို့လည်း ဝန်မလေးတတ်ကြဘူး။
Credit:ရှမ်းပုတ်(မိုမိုလေး)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top