iMyanmarHouse.com - Best Property Website for Myanmar
×
၁ - အဆင်သင့်ပဲကိုကို
၂ - ပင်ပန်းလိုက်တာ
၎ - ဘာမှမဖြစ်ပါဘူး ရတယ်
၅ - အဲ့ဒါကသူငယ်ချင်းပါ
Credit:Momolay
ပို့သပေးပါတယ်။
#Unicode Version
ကမ္ဘာကြီးရဲ့ အလှအပကို ဖော်ဆောင်နေကြသူတွေထဲမှာ သိပ်လှတဲ့ ကောင်မလေးတွေလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိပ်လှတဲ့ ကောင်မလေးတွေမှာလည်း ချို့ယွင်းချက် တစ်ခုရှိနေတတ်ပါတယ်။ အဲ့ဒါကတော့ မုသားလေးတွေ အသုံးပြုတတ်တာပါ။ ဒါပေမယ့် အဲ့ဒီလို မုသားလေးတွေကို သူတို့ကိုချစ်ပါတယ်ဆိုတဲ့ ကောင်လေးတွေတောင် မသိလိုက်ကြပါဘူးတဲ့။ ဘာလို့လဲဆိုတော့...
၁ - အဆင်သင့်ပဲကိုကို
အဲ့ဒီစကားက ရေချိုးခန်းထဲကနေ လှမ်းပြောလိုက်တာပါ။ သူတို့က ရယ်ဒီပဲလို့ ပြောပြီဆိုရင်တော့ အဲ့ဒါဟာ သတင်းကောင်းပါပဲ။ စောင့်ရဖို့ နာရီဝက်လောက်သာ လိုပါတော့တယ်။
၂ - ပင်ပန်းလိုက်တာ
ပင်ပန်းလိုက်တာလို့ ညည်းညူပြီး လူကတော့ တုတ်တုတ် တုတ်တုတ်နဲ့ လျှောက်သွားနေပြန်ပါရောလေ။ တကယ်တမ်း သူတို့ပင်ပန်းတယ်ပြောရင် လူပင်ပန်းတာ မဟုတ်ပါဘူး။ စိတ်ပင်ပန်းတာပါ။ အဲ့ဒါကို နားလည်ပေးပါ။
၃ - စိတ်မကောက်ပါဘူး ဘာလို့ကောက်ရမှာလဲ
အဲ.. အဲ့လိုပြောပြီဆိုရင်တော့ စိတ်ကောက်နေပြီလို့သာမှတ်ပြီး ချော့ဖို့ပြင်ပါ။ သူတို့က လာမချော့နဲ့သွားဆို ချော့ဖြစ်အောင်ချော့ပါ။
၄ - ဘာမှမဖြစ်ပါဘူး ရတယ်
မိန်းကလေးတွေ စိတ်ကြည်ရင် စကားတွေတတွတ်တွတ် ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာ တစ်ခုခု ခံစားရပြီဆိုရင်တော့ ဘာမှမပြောပဲ ငြိမ်သွားတတ်ကြပါပြီ။ ဒီလို ဘာမှမဖြစ်ပါဘူးဆိုပြီး ငြိမ်နေရင်တော့ သူတို့ကို နွေးထွေးမှုတွေ ပေးလိုက်ပါ။
၅ - အဲ့ဒါကသူငယ်ချင်းပါ
သင်ကောင်မလေးနဲ့ တတွဲတွဲ အမြဲတွေ့ရတတ်တဲ့ ကောင်လေးတစ်ယောက်ယောက် ရှိနေပြီဆိုရင်တော့ သတိထားပါ။ သူငယ်ချင်းဆိုရင်တောင်မှပေါ့။ ဒါပေမယ့် မလိုအပ်ပဲ သံသယတွေနဲ့ အတင်းအကြပ်ချုပ်ကိုင်တာကတော့ မကောင်းပါဘူး။
Credit:Momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top