သူဟာ
လိုအပ္ခ်ိန္တိုင္း ကြ်န္မအနားရွိေပးခဲ့သူ
သူဟာ
ကြ်န္မအမွားေတြလုပ္တိုင္း ျပဳျပင္ေပးခဲ့သူ
သူဟာ
ကြ်န္မ၀မ္းနည္းခ်ိန္တိုင္း ႏွစ္သိမ့္ေပးခဲ့သူ
သူဟာ ကြ်န္မငိုေၾကြးခ်ိန္တိုင္း
ရင္ခြင္တစ္စံု ပုခံုးတစ္ဖက္ငွားေပးခဲ့တဲ့
ကြ်န္္မရဲ႕ အခ်စ္ဆံုး သူငယ္ခ်င္း
သူဟာ
ကြ်န္မ နားမလည္ခဲ့တဲ့ ခ်စ္ျခင္းေတြကိုု သင္ျပေပးခဲ့သူ
သူဟာ
ျပင္းရွတဲ့ အနမ္းေတြနဲ႔ ကြ်န္မအေပၚ လႊမ္းမိုးႏိုင္ခဲ့သူ
သူဟာ စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ အခ်စ္တစ္ခုကို
ေပ်ာ္ရႊင္ခ်မ္းေျမ့ျခင္းအျပည့္နဲ႔ ဖန္တီးေပးခဲ့တဲ့
ကြ်န္မရဲ႕ ပထမဆံုးေသာခ်စ္သူ
သူဟာ
ကြ်န္မဘ၀ကို လံုျခံဳမႈအျပည့္ေပးႏိုင္ခဲ့သူ
သူဟာ
ကြ်န္မ တာ၀န္တိုင္းကို ပုခံုးေျပာင္းလႊဲယူေပးခဲ့သူ
သူဟာ
ကြ်န္မနဲ့အတူ သာယာေအးခ်မ္းတဲ့
မိသားစုဘ၀ေလးကို ထူေထာင္ခဲ့တဲ့
ကြ်န္မ ျမတ္ႏိုးေလးစားရေသာ ခင္ပြန္းေကာင္း
သူသာ ကြ်န္မဘ၀ရဲ႕ အရင္းႏွီးဆံုး
သူသာ ကြ်န္မဘ၀ရဲ႕ အလိုအပ္ဆံုး
သူသာ ကြ်န္မဘ၀အတြက္
လံုျခံဳေႏြးေထြးမႈအေပးႏိုင္ဆံုးေသာ
ကြ်န္မဘ၀ရဲ႕ တန္ဖိုးျဖတ္မရတဲ့ တစ္ဦးတည္းေသာသူ
Credit:Yin Min ( မိုမိုေလး )
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သူဟာ
လိုအပ်ချိန်တိုင်း ကျွန်မအနားရှိပေးခဲ့သူ
သူဟာ
ကျွန်မအမှားတွေလုပ်တိုင်း ပြုပြင်ပေးခဲ့သူ
သူဟာ
ကျွန်မဝမ်းနည်းချိန်တိုင်း နှစ်သိမ့်ပေးခဲ့သူ
သူဟာ ကျွန်မငိုကြွေးချိန်တိုင်း
ရင်ခွင်တစ်စုံ ပုခုံးတစ်ဖက်ငှားပေးခဲ့တဲ့
ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း
သူဟာ
ကျွန်မ နားမလည်ခဲ့တဲ့ ချစ်ခြင်းတွေကိုု သင်ပြပေးခဲ့သူ
သူဟာ
ပြင်းရှတဲ့ အနမ်းတွေနဲ့ ကျွန်မအပေါ် လွှမ်းမိုးနိုင်ခဲ့သူ
သူဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို
ပျော်ရွှင်ချမ်းမြေ့ခြင်းအပြည့်နဲ့ ဖန်တီးပေးခဲ့တဲ့
ကျွန်မရဲ့ ပထမဆုံးသောချစ်သူ
သူဟာ
ကျွန်မဘဝကို လုံခြုံမှုအပြည့်ပေးနိုင်ခဲ့သူ
သူဟာ
ကျွန်မ တာဝန်တိုင်းကို ပုခုံးပြောင်းလွှဲယူပေးခဲ့သူ
သူဟာ
ကျွန်မနဲ့အတူ သာယာအေးချမ်းတဲ့
မိသားစုဘဝလေးကို ထူထောင်ခဲ့တဲ့
ကျွန်မ မြတ်နိုးလေးစားရသော ခင်ပွန်းကောင်း
သူသာ ကျွန်မဘဝရဲ့ အရင်းနှီးဆုံး
သူသာ ကျွန်မဘဝရဲ့ အလိုအပ်ဆုံး
သူသာ ကျွန်မဘဝအတွက်
လုံခြုံနွေးထွေးမှုအပေးနိုင်ဆုံးသော
ကျွန်မဘဝရဲ့ တန်ဖိုးဖြတ်မရတဲ့ တစ်ဦးတည်းသောသူ
Credit:Yin Min ( မိုမိုလေး )
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သူသာ ကြ်န္မရဲ႕ တန္ဖိုးအထားရဆံုး....
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။