iMyanmarHouse.com - Best Property Website for Myanmar
×

အမွ်င္ဓာတ္မ်ားျပားတဲ့အစားအစာေတြ၊ ေျပာင္းဖူး၊ ဟင္းရြက္စိမ္းအခ်ိဳ႕၊ အခြံမာသီးနဲ႔ အေစ့အဆံေတြဟာ စားေသာက္ၿပီး အစာအိမ္ထဲကို ေရာက္သြားေပမဲ့ အစာအိမ္က ေက်ညက္ေအာင္ မေခ်ဖ်က္ႏိုင္ပါဘူး။ တစ္စိတ္တစ္ပိုင္းကိုသာ အစာေခ်ေပးႏိုင္တာေၾကာင့္ မစင္ထဲမွာ ပံုစံမပ်က္ ျပန္ထြက္သြားတာ ေတြ႔ဖူးပါလိမ့္မယ္။ ဒါက စိုးရိမ္ဖုိ႔လိုသလား?

အစာေျခအင္ဇိုင္းေတြဟာ ေဖာ္ျပပါအစားအစာေတြကို ေက်ညက္သြားေအာင္ မေခ်ႏိုင္တဲ့အခါ သတိထားၿပီး စားဖုိ႔လိုပါတယ္။ ျဖည္းျဖည္းခ်င္းဝါးပါ။ တစ္လုတ္စားၿပီးတုိင္းမွာ ေသေသခ်ာခ်ာ ညက္ေအာင္ဝါးပါ။ ေရကိုလည္း မ်ားမ်ားေသာက္ေပးရပါမယ္။ အစားစားၿပီးရင္ ဒိန္ခ်ဥ္ေလးေသာက္ေပးတဲ့အခါ အစာေခ်စနစ္ကို ပိုေကာင္းသြားေစပါတယ္။ ဒီလိုဆုိရင္ မေက်တာေတြလည္း ေက်သြားႏိုင္ပါတယ္။ က်န္းမာေရးေကာင္းသူတစ္ဦးရဲ႕ မစင္ဆုိတာ တစ္ေယာက္နဲ႔တစ္ေယာက္ ပံုစံခ်င္းကြဲျပားပါတယ္။ ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းေပ်ာ့ျခင္းေတြဟာ က်န္းမာေရးေကာင္းတယ္ဆုိတဲ့ လကၡဏာေတြမဟုတ္ဘူး။

ကိုယ္စားလိုက္တဲ့အရာေတြက မေက်ညက္ဘဲ ဒီအတုိင္း ပံုစံမပ်က္ မစင္ထဲျပန္ပါလာတာက ရံဖန္ရံခါ ျဖစ္ေလ့ျဖစ္ထ ရွိပါတယ္။ စိုးရိမ္စရာမလိုပါဘူး။ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ၿပီး အစာေတြ ဒီအတုိင္းျပန္ထြက္လာတာဆုိရင္ေတာ့ ဆရာဝန္ဆီသြားျပဖုိ႔ လိုပါတယ္။ အစာေျခစနစ္ကို ဒုကၡေပးတဲ့ ဘက္တီးရီးယားေတြ ခႏၶာကိုယ္ထဲကို ေရာက္ေနမွာစိုးလို႔ပါ။ ေလပြမယ္၊ ဗိုက္ေအာင့္မယ္ စတာေတြ ခံစားလာရတာမ်ိဳးရွိရင္လည္း မေပါ့ဆသင့္ပါဘူး။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျှင်ဓာတ်များပြားတဲ့အစားအစာတွေ၊ ပြောင်းဖူး၊ ဟင်းရွက်စိမ်းအချို့၊ အခွံမာသီးနဲ့ အစေ့အဆံတွေဟာ စားသောက်ပြီး အစာအိမ်ထဲကို ရောက်သွားပေမဲ့ အစာအိမ်က ကျေညက်အောင် မချေဖျက်နိုင်ပါဘူး။ တစ်စိတ်တစ်ပိုင်းကိုသာ အစာချေပေးနိုင်တာကြောင့် မစင်ထဲမှာ ပုံစံမပျက် ပြန်ထွက်သွားတာ တွေ့ဖူးပါလိမ့်မယ်။ ဒါက စိုးရိမ်ဖို့လိုသလား?

အစာခြေအင်ဇိုင်းတွေဟာ ဖော်ပြပါအစားအစာတွေကို ကျေညက်သွားအောင် မချေနိုင်တဲ့အခါ သတိထားပြီး စားဖို့လိုပါတယ်။ ဖြည်းဖြည်းချင်းဝါးပါ။ တစ်လုတ်စားပြီးတိုင်းမှာ သေသေချာချာ ညက်အောင်ဝါးပါ။ ရေကိုလည်း များများသောက်ပေးရပါမယ်။ အစားစားပြီးရင် ဒိန်ချဉ်လေးသောက်ပေးတဲ့အခါ အစာချေစနစ်ကို ပိုကောင်းသွားစေပါတယ်။ ဒီလိုဆိုရင် မကျေတာတွေလည်း ကျေသွားနိုင်ပါတယ်။ ကျန်းမာရေးကောင်းသူတစ်ဦးရဲ့ မစင်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်းကွဲပြားပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းပျော့ခြင်းတွေဟာ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ လက္ခဏာတွေမဟုတ်ဘူး။

ကိုယ်စားလိုက်တဲ့အရာတွေက မကျေညက်ဘဲ ဒီအတိုင်း ပုံစံမပျက် မစင်ထဲပြန်ပါလာတာက ရံဖန်ရံခါ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စိုးရိမ်စရာမလိုပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အစာတွေ ဒီအတိုင်းပြန်ထွက်လာတာဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့ လိုပါတယ်။ အစာခြေစနစ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲကို ရောက်နေမှာစိုးလို့ပါ။ လေပွမယ်၊ ဗိုက်အောင့်မယ် စတာတွေ ခံစားလာရတာမျိုးရှိရင်လည်း မပေါ့ဆသင့်ပါဘူး။
Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top