ရင္သားကင္ဆာဟာ ကမၻာတစ္ဝန္း အမ်ိဳးသမီးထုတို႔ ေၾကာက္ရြံ႔ရတဲ့ေရာဂါတစ္မိ်ဳးပဲ ျဖစ္ပါတယ္။အေမရိကန္ႏိုင္ငံမွာရွိတဲ့ အမ်ိဳးသမီးမ်ားရဲ႕၁၂ ရာခိုင္ႏႈန္းခန္႔ဟာဆိုရင္ ရင္သားကင္ဆာေရာဂါကို ခံစားေနရတယ္လို႔ ရင္သားကင္ဆာေရာဂါ ရွာေဖြေရးစာရင္းမ်ားအရ သိရပါတယ္။ အျဖစ္မ်ားၿပီး ေၾကာက္စရာေကာင္းတဲ့ ဒီေရာဂါကို အခ်ိန္မွီသိရွိၿပီး ကုသမႈခံယူႏိုင္ဖို႔အတြက္ ေရာဂါလကၡဏာမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။ ေအာက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြ ျပေနၿပီဆိုတာနဲ႔ အျမန္ဆံုးကုသမႈ ခံယူလိုက္ပါ။
(၁) ရင္သားတစ္ဝိုက္မွာ အဖုအႀကိတ္ရွိ၊ မရွိစစ္ေဆးပါ။
လက္ေခ်ာင္းကေလးမ်ားနဲ႔ ရင္သားတစ္ဝိုက္ကို အဖုအႀကိတ္ရွိလား စမ္းစစ္ၾကည့္ပါ။ ရင္သားတစ္ရွဴးမ်ား ေဖာင္းပြလြန္းတာေၾကာင့္ အဖုအႀကိတ္ထြက္လာရျခင္း ျဖစ္ပါတယ္။ ဒါဟာ ရင္သားကင္ဆာ လကၡဏာမ်ားထဲမွ သိသာထင္ရွားၿပီး စမ္းသပ္ရလြယ္တဲ့ လကၡဏာရပ္ပါပဲေနာ္။ ခ်ိဳင္းေအာက္မွာလည္း အလားတူ အဖုကေလးေတြ ရွိေနတတ္္ပါေသးတယ္။ ဒါ့ေၾကာင့္ မိမိကိုယ္တုိင္ စမ္းသပ္ၾကည့္တဲ့ အခါမွာ ရင္သားတစ္ဝိုက္နဲ႔ ခ်ိဳင္းေအာက္ကို လက္ေခ်ာင္းမ်ားန႔ဲ ညင္သာစြာ စမ္းၾကည့္ႏိုင္ပါတယ္ေနာ္။
(၂) ရင္သားတင္းရင္းၿပီး မၾကာခဏနာက်င္ေနသလား။
ဆယ္ေက်ာ္သက္ေကာင္မေလးေတြက ဓမၼတာလာခ်ိန္မွာ ရင္သားတင္းၿပီး နာက်င္တာက ျဖစ္ရိုးျဖစ္စဥ္တစ္ခု ျဖစ္ေပမယ့္ မၾကာခဏ နာက်င္ေနတာဆိုရင္ေတာ့ သတိထားသင့္ပါၿပီ။ ရင္သားတင္းရင္းလြန္းၿပီး ေအာင့္တာ၊ နာက်င္တာက မၾကာခဏဆိုသလို ျဖစ္ေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္ေနာ္။
(၃) ရုတ္တရက္ ရင္သားေသးသြားလိုက္၊ ႀကီးလာလိုက္ျဖစ္ျခင္း။
အမ်ိဳးသမီးေတာ္ေတ္ာမ်ားမ်ားက အသက္ႀကီးလာတာနဲ႔အမွ် ရင္သားေသးသြားၿပီး တြဲက်တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ရုတ္တရက္ဆိုသလို ရင္သားက တေျဖးေျဖးခ်ိဳင့္ဝင္သြားသလို ထင္သြားရေလာက္ေအာင္ ျပားခ်ပ္သြားတယ္ဆိုတာဟာ ရင္သားတစ္ရွဴးမ်ားက ေကာင္းမြန္စြာ လည္ပတ္မႈ မရွိေတာ့တာေၾကာင့္ပါ။ ဒါ့ေၾကာင့္ ဒီအခ်က္ကိုလည္း သတိထားသင့္ပါတယ္ေနာ္။
(၄) ရင္သားထိပ္က နာက်င္ေနတယ္ဆိုရင္…
ႏို႔တိုက္မိခင္ေတြ ရင္သားထိပ္ကနာက်င္တာက ဓမၼတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အေၾကာင္းမရွိဘဲ ရင္သားထိပ္က နာက်င္ၿပီး ဖူးထြက္ေနမယ္ ဒါမွမဟုတ္ ခ်ိဳင့္ဝင္ေနမယ္ ဆိုရင္ သတိထားသင့္တဲ့ အခ်က္ပါပဲေနာ္။ ဒါ့အျပင္ ႏို႔ကဲ့သို႔ အျဖဴေရာင္အရည္ၾကည္ေတြ စိမ့္ထြက္ေနတာကလည္း မေကာင္းတဲ့ လကၡဏာပါ။ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ နို႔တိုက္ေနစဥ္ကာလအတြင္း မိခင္ေတြကေတာ့ သဘာဝျဖစ္စဥ္ျဖစ္ေပမယ့္ မၾကာခဏ ဒီလို ျဖစ္ေနတဲ့အမ်ိဳးသမီးမ်ားကေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။
(၅) ေက်ာျပင္နဲ႔ ရင္ဘတ္တစ္ဝိုက္မွာ အမည္းစက္မ်ား ထြက္ေပၚေနၿပီလား။
ရင္သားကင္ဆာေရာဂါသည္တိုင္းက မွဲ႔ကဲ့သို႔ေသာ အမည္းစက္မ်ား မရွိၾကသလိုပဲ အမည္းစက္ေတြရွိတဲ့ သူတိုင္းကလည္း ရင္သားကင္ဆာ ျဖစ္ၾကတာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း ဒီအခ်က္ကလည္း သတိထားသင့္တဲ့ အခ်က္ျဖစ္တယ္လို႔ဆိုထားပါတယ္။ ရင္ဘတ္နဲ႔ ေက်ာျပင္ေပၚမွာ မွဲ႔ကဲ႔သို႔ေသာ အမည္းစက္ေတြ အမ်ားအျပားထြက္လာၿပီး ရင္သားကလည္း နာက်င္သလို ခံစားေနရတယ္ ဆိုရင္ ကၽြမ္းက်င္တဲ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ အႀကံျပဳလုိက္ရပါတယ္။
Credit:စံပယ္(ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝန်း အမျိုးသမီးထုတို့ ကြောက်ရွံ့ရတဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးများရဲ့၁၂ ရာခိုင်နှုန်းခန့်ဟာဆိုရင် ရင်သားကင်ဆာရောဂါကို ခံစားနေရတယ်လို့ ရင်သားကင်ဆာရောဂါ ရှာဖွေရေးစာရင်းများအရ သိရပါတယ်။ အဖြစ်များပြီး ကြောက်စရာကောင်းတဲ့ ဒီရောဂါကို အချိန်မှီသိရှိပြီး ကုသမှုခံယူနိုင်ဖို့အတွက် ရောဂါလက္ခဏာများကို ဖော်ပြပေးချင်ပါတယ်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ပြနေပြီဆိုတာနဲ့ အမြန်ဆုံးကုသမှု ခံယူလိုက်ပါ။
(၁) ရင်သားတစ်ဝိုက်မှာ အဖုအကြိတ်ရှိ၊ မရှိစစ်ဆေးပါ။
လက်ချောင်းကလေးများနဲ့ ရင်သားတစ်ဝိုက်ကို အဖုအကြိတ်ရှိလား စမ်းစစ်ကြည့်ပါ။ ရင်သားတစ်ရှူးများ ဖောင်းပွလွန်းတာကြောင့် အဖုအကြိတ်ထွက်လာရခြင်း ဖြစ်ပါတယ်။ ဒါဟာ ရင်သားကင်ဆာ လက္ခဏာများထဲမှ သိသာထင်ရှားပြီး စမ်းသပ်ရလွယ်တဲ့ လက္ခဏာရပ်ပါပဲနော်။ ချိုင်းအောက်မှာလည်း အလားတူ အဖုကလေးတွေ ရှိနေတတ်ပါသေးတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင် စမ်းသပ်ကြည့်တဲ့ အခါမှာ ရင်သားတစ်ဝိုက်နဲ့ ချိုင်းအောက်ကို လက်ချောင်းများနဲ့ ညင်သာစွာ စမ်းကြည့်နိုင်ပါတယ်နော်။
(၂) ရင်သားတင်းရင်းပြီး မကြာခဏနာကျင်နေသလား။
ဆယ်ကျော်သက်ကောင်မလေးတွေက ဓမ္မတာလာချိန်မှာ ရင်သားတင်းပြီး နာကျင်တာက ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပေမယ့် မကြာခဏ နာကျင်နေတာဆိုရင်တော့ သတိထားသင့်ပါပြီ။ ရင်သားတင်းရင်းလွန်းပြီး အောင့်တာ၊ နာကျင်တာက မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။
(၃) ရုတ်တရက် ရင်သားသေးသွားလိုက်၊ ကြီးလာလိုက်ဖြစ်ခြင်း။
အမျိုးသမီးတော်တေ်ာများများက အသက်ကြီးလာတာနဲ့အမျှ ရင်သားသေးသွားပြီး တွဲကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို ရင်သားက တဖြေးဖြေးချိုင့်ဝင်သွားသလို ထင်သွားရလောက်အောင် ပြားချပ်သွားတယ်ဆိုတာဟာ ရင်သားတစ်ရှူးများက ကောင်းမွန်စွာ လည်ပတ်မှု မရှိတော့တာကြောင့်ပါ။ ဒါ့ကြောင့် ဒီအချက်ကိုလည်း သတိထားသင့်ပါတယ်နော်။
(၄) ရင်သားထိပ်က နာကျင်နေတယ်ဆိုရင်…
နို့တိုက်မိခင်တွေ ရင်သားထိပ်ကနာကျင်တာက ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းမရှိဘဲ ရင်သားထိပ်က နာကျင်ပြီး ဖူးထွက်နေမယ် ဒါမှမဟုတ် ချိုင့်ဝင်နေမယ် ဆိုရင် သတိထားသင့်တဲ့ အချက်ပါပဲနော်။ ဒါ့အပြင် နို့ကဲ့သို့ အဖြူရောင်အရည်ကြည်တွေ စိမ့်ထွက်နေတာကလည်း မကောင်းတဲ့ လက္ခဏာပါ။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်နေစဉ်ကာလအတွင်း မိခင်တွေကတော့ သဘာဝဖြစ်စဉ်ဖြစ်ပေမယ့် မကြာခဏ ဒီလို ဖြစ်နေတဲ့အမျိုးသမီးများကတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
(၅) ကျောပြင်နဲ့ ရင်ဘတ်တစ်ဝိုက်မှာ အမည်းစက်များ ထွက်ပေါ်နေပြီလား။
ရင်သားကင်ဆာရောဂါသည်တိုင်းက မှဲ့ကဲ့သို့သော အမည်းစက်များ မရှိကြသလိုပဲ အမည်းစက်တွေရှိတဲ့ သူတိုင်းကလည်း ရင်သားကင်ဆာ ဖြစ်ကြတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီအချက်ကလည်း သတိထားသင့်တဲ့ အချက်ဖြစ်တယ်လို့ဆိုထားပါတယ်။ ရင်ဘတ်နဲ့ ကျောပြင်ပေါ်မှာ မှဲ့ကဲ့သို့သော အမည်းစက်တွေ အများအပြားထွက်လာပြီး ရင်သားကလည်း နာကျင်သလို ခံစားနေရတယ် ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုက်ရပါတယ်။
Credit:စံပယ်(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အမ်ိဳးသမီးမ်ားမေပါ့ဆသင့္တဲ့ ရင္သားကင္ဆာလကၡဏာမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။