iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးတစ္ခု တည္ၿမဲဖုိ႔အတြက္အခက္အခဲျဖစ္ေနတဲ့သူေတြ auntymay ပရိသတ္ထဲမွာ ရွိမယ္ထင္ပါတယ္။ ေအာက္ပါအခ်က္ကေလးေတြ လုိက္လုပ္ေပးၾကဖုိ႔ တုိက္တြန္းလုိပါတယ္။
(၁) ပြင့္လင္းမႈနဲ႔ဆက္ဆံပါ

ခ်စ္သူေတြအခ်င္းခ်င္း ပြင့္လင္းေနရမယ္။ အျမင္ေတြ ရွင္းေနရမယ္။ အဲဒီလုိ အျမင္ေတြ ရွင္းေနဖုိ႔ကိုလည္း ေနာင္တစ္ခ်ိန္
မွာ ႐ႈပ္လာႏုိင္တဲ့ ျပႆနာမ်ိဳးေတြ ရွိရင္ ထိန္ခ်န္မထားဘဲ ပြင့္ပြင့္လင္းလင္း တုိင္ပင္ထားသင့္တယ္။ ဥပမာ အရင္ ရည္း
စားထားခဲ့တဲ့ ကိစၥမ်ိဳးေပါ့။ ဒါမ်ိဳးဟာ ေနာက္မွ ဟုိးကနဲေက်ာ္လာရင္ ကာယကံရွင္ခ်စ္သူက ဘယ္လုိတုန္႔ျပန္မလဲဆုိတာ
စဥ္းစားထားသင့္ပါတယ္။
(၂) ျပႆနာရပ္ေတြ မေရာေထြးပါေစနဲ႔

ခ်စ္သူနဲ႕ ကုိယ္ၾကားမွာ တစ္ျခားျပႆနာေတြ ၀င္မလာေစရဘူး။ တစ္ေယာက္နဲ႔ေယာက္ ဆက္ဆံေရးအဆင္မေျပတာ၊ အလုပ္ခြင္မွာ ေဒါသထြက္စရာႀကံဳတာ၊ ကားစီးရတာ အဆင္မေျပတာေလာက္နဲ႔ ခ်စ္သူကို ေရာေထြးၿပီး ျပႆနာ မရွာမိ
ဖုိ႔ လုိပါတယ္။
(၃) သနားက႐ုဏာေတြ မေသပါေစနဲ႔

အခ်စ္ေရးတစ္ခုမွာ အဓိက ေရေသာက္ျမစ္က သနားက႐ုဏာပဲျဖစ္ပါတယ္။ ကုိယ့္ခ်စ္သူကိုယ္မွ သနားက႐ုဏာ မထား
ႏုိင္ရင္ ဒီအခ်စ္ေရးက ဘယ္ေလာက္ ခုိင္ၿမဲႏုိင္မလဲ။ ဒီေတာ့ ခ်စ္သူေတြၾကားမွာ သနားက႐ုဏာ ခုိင္ၿမဲရွင္သန္ေနပါေစ။
(၄) နာမ္စားကအစ ေျပာင္းလဲပါ
ရွင္၊ ကၽြန္မ-နင္၊ ငါ ဆုိတဲ့ နာမ္စားေတြအစား ငါတုိ႔ကေလ၊ ငါတုိ႔အတြက္၊ တုိ႔ႏွစ္ေယာက္ကိစၥ၊ တုိ႔တစ္ေတြ-ဆုိတာေလး
ေျပာင္းၾကည့္ပါ။ တစ္ခ်ိဳ႕ကေတာ့ အိမ္ေထာင္မက်ေသးဘူး … ေယာက္်ားေရ … မိန္းမေရ ျဖစ္ေနတာမ်ိဳး ရွိပါတယ္ …
အဲဒီေလာက္ႀကီးလည္း မလုိပါဘူး။
(၅) မတူညီမႈေတြကို ေလးစားပါ

တစ္ေယာက္နဲ႔တစ္ေယာက္ ၀ါသနာေတြ၊ အထုံေတြ၊ ဓေလ့ေတြ၊ ဗီဇေတြ မတူညီႏုိင္ပါဘူး။ ဒါကို နားလည္မႈရွိစြာနဲ႔ ညႇိဳႏႈိင္း
တတ္ဖုိ႔ေတာ့ လုိပါတယ္။ ငါ့ကုိ ဦးစားေပးရမယ္ဆုိတာ ခ်စ္သူေတြၾကားမွာ မရွိပါဘူး။
(၆) သီးသန္႔ေတြ႔ဆုံခ်ိန္ ထားပါ
ခ်စ္သူရယ္လုိ႔ ျဖစ္လာၿပီဆုိရင္ တစ္ရက္ကုိ တစ္ႀကိမ္ေလာက္ေတာ့ ေတြ႔သင့္ပါတယ္။ ဒါကလည္း လူမႈေရးအရ သူငယ္
ခ်င္းေတြ မိဘေဆြမ်ိုးေတြနဲ႔ လုပ္ငန္းေဆာင္တာေတြ ရွိေနေသးလုိ႔ တစ္ႀကိမ္ေလာက္-လုိ႕ ေျပာတာပါ။ ေတြပေနေလ
ေကာင္းေလပါဘဲ။
(၇) စကားေတြအမ်ားႀကီးေျပာပါ

စကားမနည္းပါနဲ႔။ ပင္ကုိယ္က စကားနည္းတာပဲ-ဆုိၿပီး ဆင္ေျခမေပးပါနဲ႔။ စကားေျပာပါမ်ားမွ လူအခ်င္းခ်င္း ပုိရင္းနီး
တယ္။ လူအခ်င္းခ်င္း ပုိၿပီး အေၾကာင္းသိလာတယ္။ ဒါေၾကာင့္ ခ်စ္သူနဲ႕ စကားအမ်ားႀကီးေျပာျခင္းဟာ သူ႕ဘ၀အ
ေၾကာင္းစာအုပ္ကုိ အသံထြက္ ရြတ္ျပေနတာနဲ႔ အတူတူပါဘဲ။

Credit:Si Si (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အချစ်ရေးတစ်ခု တည်မြဲဖို့အတွက်အခက်အခဲဖြစ်နေတဲ့သူတွေ auntymay ပရိသတ်ထဲမှာ ရှိမယ်ထင်ပါတယ်။ အောက်ပါအချက်ကလေးတွေ လိုက်လုပ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။
(၁) ပွင့်လင်းမှုနဲ့ဆက်ဆံပါ

ချစ်သူတွေအချင်းချင်း ပွင့်လင်းနေရမယ်။ အမြင်တွေ ရှင်းနေရမယ်။ အဲဒီလို အမြင်တွေ ရှင်းနေဖို့ကိုလည်း နောင်တစ်ချိန်
မှာ ရှုပ်လာနိုင်တဲ့ ပြဿနာမျိုးတွေ ရှိရင် ထိန်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားသင့်တယ်။ ဥပမာ အရင် ရည်း
စားထားခဲ့တဲ့ ကိစ္စမျိုးပေါ့။ ဒါမျိုးဟာ နောက်မှ ဟိုးကနဲကျော်လာရင် ကာယကံရှင်ချစ်သူက ဘယ်လိုတုန့်ပြန်မလဲဆိုတာ
စဉ်းစားထားသင့်ပါတယ်။
(၂) ပြဿနာရပ်တွေ မရောထွေးပါစေနဲ့

ချစ်သူနဲ့ ကိုယ်ကြားမှာ တစ်ခြားပြဿနာတွေ ဝင်မလာစေရဘူး။ တစ်ယောက်နဲ့ယောက် ဆက်ဆံရေးအဆင်မပြေတာ၊ အလုပ်ခွင်မှာ ဒေါသထွက်စရာကြုံတာ၊ ကားစီးရတာ အဆင်မပြေတာလောက်နဲ့ ချစ်သူကို ရောထွေးပြီး ပြဿနာ မရှာမိ
ဖို့ လိုပါတယ်။
(၃) သနားကရုဏာတွေ မသေပါစေနဲ့

အချစ်ရေးတစ်ခုမှာ အဓိက ရေသောက်မြစ်က သနားကရုဏာပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူကိုယ်မှ သနားကရုဏာ မထား
နိုင်ရင် ဒီအချစ်ရေးက ဘယ်လောက် ခိုင်မြဲနိုင်မလဲ။ ဒီတော့ ချစ်သူတွေကြားမှာ သနားကရုဏာ ခိုင်မြဲရှင်သန်နေပါစေ။
(၄) နာမ်စားကအစ ပြောင်းလဲပါ
ရှင်၊ ကျွန်မ-နင်၊ ငါ ဆိုတဲ့ နာမ်စားတွေအစား ငါတို့ကလေ၊ ငါတို့အတွက်၊ တို့နှစ်ယောက်ကိစ္စ၊ တို့တစ်တွေ-ဆိုတာလေး
ပြောင်းကြည့်ပါ။ တစ်ချို့ကတော့ အိမ်ထောင်မကျသေးဘူး … ယောက်ျားရေ … မိန်းမရေ ဖြစ်နေတာမျိုး ရှိပါတယ် …
အဲဒီလောက်ကြီးလည်း မလိုပါဘူး။
(၅) မတူညီမှုတွေကို လေးစားပါ

တစ်ယောက်နဲ့တစ်ယောက် ဝါသနာတွေ၊ အထုံတွေ၊ ဓလေ့တွေ၊ ဗီဇတွေ မတူညီနိုင်ပါဘူး။ ဒါကို နားလည်မှုရှိစွာနဲ့ ညှိုနှိုင်း
တတ်ဖို့တော့ လိုပါတယ်။ ငါ့ကို ဦးစားပေးရမယ်ဆိုတာ ချစ်သူတွေကြားမှာ မရှိပါဘူး။
(၆) သီးသန့်တွေ့ဆုံချိန် ထားပါ
ချစ်သူရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ရက်ကို တစ်ကြိမ်လောက်တော့ တွေ့သင့်ပါတယ်။ ဒါကလည်း လူမှုရေးအရ သူငယ်
ချင်းတွေ မိဘဆွေမျိုးတွေနဲ့ လုပ်ငန်းဆောင်တာတွေ ရှိနေသေးလို့ တစ်ကြိမ်လောက်-လို့ ပြောတာပါ။ တွေပနေလေ
ကောင်းလေပါဘဲ။
(၇) စကားတွေအများကြီးပြောပါ

စကားမနည်းပါနဲ့။ ပင်ကိုယ်က စကားနည်းတာပဲ-ဆိုပြီး ဆင်ခြေမပေးပါနဲ့။ စကားပြောပါများမှ လူအချင်းချင်း ပိုရင်းနီး
တယ်။ လူအချင်းချင်း ပိုပြီး အကြောင်းသိလာတယ်။ ဒါကြောင့် ချစ်သူနဲ့ စကားအများကြီးပြောခြင်းဟာ သူ့ဘဝအ
ကြောင်းစာအုပ်ကို အသံထွက် ရွတ်ပြနေတာနဲ့ အတူတူပါဘဲ။

Credit:Si Si (auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top