iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႕တစ္ျခား ၀လာတယ္လုိ႕ ခံစားေနရပါသလား … ???ဘာေၾကာင့္ ၀လာတယ္လုိ႕ ေတြးမိသလဲ။ ၀လာျခင္းရဲ႕ အေၾကာင္းအရင္းက (9)ခ်က္ရွိပါတယ္။ ေအာက္မွာေတာ့ သင္ဝလာရျခင္းအေၾကာင္းရင္း (၉ )ခ်က္ကို မွ်ေ၀လုိက္ပါတယ္။
1. Junk Food ေတြ အစားမ်ားျခင္း

Junk Food ဆုိတာက အသင့္စား အစားအစာေတြကို ဆုိလုိပါတယ္။ ေခါက္ဆြဲေျခာက္ထုတ္ေတြ၊ အသင့္ျပဳလုပ္ၿပီးသား
မုန္႕ေတြ၊ ဆီနဲ႕ေၾကာ္ထားတဲ့ အားလူးေၾကာ္ကဲ့သုိ႕ေသာ အစားအစာေတြ ပါ၀င္ပါတယ္။ အဲဒီအစားအစာေတြဟာ ကယ္လုိရီ
မ်ားျပားစြာ ပါ၀င္တာမုိ႕ ၀ျခင္းကို ျဖစ္ေစပါတယ္။
2. အခ်ိဳဓာတ္လြန္ကဲေသာအစားအစာမ်ား စားျခင္း

အခ်ိဳ႕က အခ်ိဳ သိပ္ႀကိဳက္ၾကပါတယ္။ သၾကားအစရွိတဲ့ အခ်ိဳဓာတ္လြန္ကဲတဲ့ အစားအစာေတြမွာ ကိုလက္စထေရာဓာတ္
ေတြ ေပါမ်ားစြာ ပါ၀င္ပါတယ္။ ကိုလက္စထေရာဟာ ေသြးတြင္း အဆီပမာဏကုိ ျမင့္တက္ေစၿပီး လူကုိ အ၀လြန္ေရာဂါ
ျဖစ္ေစပါတယ္။
3. အားလပ္ရက္ ေလ့က်င့္ခန္းလုပ္သူနည္းပါ။

ခႏၶာကုိယ္အတြင္းပုိင္းက အဆီပုိေတြကို ဖယ္ရွားေပးႏုိင္တဲ့ အေကာင္းဆုံးနည္းလမ္းက ကိုယ္လက္ေလ့က်င့္ခန္း လုပ္ျခင္း
ပါ။ စေန တနဂၤေႏြ ႏွစ္ရက္ လုပ္တာနဲ႕တင္ တစ္ပတ္စာ ကယ္လုိရီေတြကို မွ်တစြာ ေလာင္ကၽြမ္းေစႏုိင္ပါတယ္။ အလုပ္အား
တဲ့ ေန႕မွာ ေလ့က်င့္ခန္းလုပ္သူကလည္း အလြန္နည္းပါးပါတယ္။
4. အစားအစာေစ်းႏႈန္းမ်ား ခ်ိဳသာလာျခင္း

အစားအစာေစ်းႏႈန္းေတြ ခ်ိဳသာလာခဲ့တဲ့ ဆယ္စုႏွစ္ေနာက္ပိုင္းမွာ ၀တဲ့လူ ဦးေရ ပုိမ်ားလာတယ္လုိ႕ ဆုိထားပါတယ္။ 2010
ခုႏွစ္မွာ အ၀လြန္သူဦးေရဟာ 1980 ထက္ 25% ပုိမ်ားလာခဲ့ပါတယ္။
5. အခ်ိဳဓာတ္ပါ၀င္ေသာ ေဖ်ာ္ရည္ အေအး ေသာက္သုံးမႈ မ်ားျပားလာျခင္း

သဘာ၀ ႏြားႏုိ႕ေသာက္သုံးသည့္ ဦးေရထက္ ဓာတုေဗဒနဲ႕ ျပဳျပင္ထားတဲ့ အခ်ိဳေရ အေအး စတာေတြကုိ ေသာက္သုံးတဲ့
ဦးေရက ပုိမုိမ်ားျပားလာခဲ့ပါတယ္။ ဒါကလည္း အ၀လြန္ဦးေရ ျမင့္တက္ေစတဲ့ အခ်က္ပါ။
6. မ်ားျပားလွတဲ့ အစားအေသာက္ေတြက အလြန္အမင္းစားေသာက္ျခင္းကို အားေပးျခင္း

Junk Food လုိ ဟာမ်ိဳးေတြဟာ နည္းနည္း စား႐ုံနဲ႕ ဗုိက္က မတင္းတိမ္ပါဘူး။ ဒီေတာ့ ေစ်းကလည္း ေပါေနၿပီးသားဆုိ
ေတာ့ အလြယ္တစ္ကူ ႏွစ္ထုတ္ သုံးထုတ္ေလာက္၀ယ္ၿပီး စားပစ္လုိက္ၾကပါတယ္။ အဲဒီလုိ စားခ်င္စိတ္ ျဖစ္ေအာင္လည္း
အဲဒီအစားအစာေတြကို ျပင္ဆင္ထားပါတယ္။

7. ကယ္လုိရီေလာင္ကၽြမ္းတဲ့ အလုပ္ နည္းလာတယ္။

ကယ္လုိရီဟာ လူ လႈပ္လႈပ္ရွားရွား ျပဳေလ ေလာင္ကၽြမ္းမႈ ပမာဏ မ်ားေလျဖစ္ပါတယ္။ အခု ေခတ္မွာ အလုပ္ေတြဟာ
ထုိင္ရာက မထ လုပ္ရတဲ့ အလုပ္ေတြ ေပါမ်ားလာျခင္းကလည္း ၀တဲ့သူဦးေရကို ျမင့္တက္ေစပါတယ္။
8. ဆီပုိစားလာၾကျခင္း

ဆီဟာ ေရွးယခင္က ေစ်းႀကီးၿပီး ၎တုိ႕ကုိ ထုတ္လုပ္ေပးတဲ့ ကုန္ၾကမ္းဟာလည္း အမ်ိဴးအမည္အားျဖင့္ နည္းပါပါတယ္။
အခုေနာက္ပုိင္းမွာ က်န္းမာေရးနဲ႕ မညီညႊတ္တဲ့ ဆီထြက္သီးႏွံေတြကုို ဆီအျဖစ္ ထုတ္လုပ္လာတဲ့အျပင္ ေစ်းႏႈန္းခ်ိဳသာတဲ့
အတြက္ စားသုံးမႈလည္း မ်ားျပားလာပါတယ္။
9. လူမႈပတ္၀န္းက်င္ေၾကာင့္

အနီးစပ္ဆုံး ေျပာရရင္ ကိုယ္က ဆီမ်ားတဲ့ ဟင္း မႀကိဳက္ဖူးဆုိရင္ေတာင္ အျခား မိသားစု၀င္ေတြက ဆီအရမ္းစားတဲ့လုိ႕
မိသားစုအတြက္ ရည္ရြယ္ခ်က္ျပဳတ္တဲ့ဟင္းကုိ မျဖစ္မေန စားရတာမ်ိဳးေပါ့။ ဒါကလည္း ၀ျခင္းကုိ ျဖစ္ေစပါတယ္။

Credit:Si Si (auntymay)
Source: nutrition
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တစ်နေ့တစ်ခြား ဝလာတယ်လို့ ခံစားနေရပါသလား … ???ဘာကြောင့် ဝလာတယ်လို့ တွေးမိသလဲ။ ဝလာခြင်းရဲ့ အကြောင်းအရင်းက (9)ချက်ရှိပါတယ်။ အောက်မှာတော့ သင်ဝလာရခြင်းအကြောင်းရင်း (၉ )ချက်ကို မျှဝေလိုက်ပါတယ်။
1. Junk Food တွေ အစားများခြင်း

Junk Food ဆိုတာက အသင့်စား အစားအစာတွေကို ဆိုလိုပါတယ်။ ခေါက်ဆွဲခြောက်ထုတ်တွေ၊ အသင့်ပြုလုပ်ပြီးသား
မုန့်တွေ၊ ဆီနဲ့ကြော်ထားတဲ့ အားလူးကြော်ကဲ့သို့သော အစားအစာတွေ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေဟာ ကယ်လိုရီ
များပြားစွာ ပါဝင်တာမို့ ဝခြင်းကို ဖြစ်စေပါတယ်။
2. အချိုဓာတ်လွန်ကဲသောအစားအစာများ စားခြင်း

အချို့က အချို သိပ်ကြိုက်ကြပါတယ်။ သကြားအစရှိတဲ့ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေမှာ ကိုလက်စထရောဓာတ်
တွေ ပေါများစွာ ပါဝင်ပါတယ်။ ကိုလက်စထရောဟာ သွေးတွင်း အဆီပမာဏကို မြင့်တက်စေပြီး လူကို အဝလွန်ရောဂါ
ဖြစ်စေပါတယ်။
3. အားလပ်ရက် လေ့ကျင့်ခန်းလုပ်သူနည်းပါ။

ခန္ဓာကိုယ်အတွင်းပိုင်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်း
ပါ။ စနေ တနင်္ဂနွေ နှစ်ရက် လုပ်တာနဲ့တင် တစ်ပတ်စာ ကယ်လိုရီတွေကို မျှတစွာ လောင်ကျွမ်းစေနိုင်ပါတယ်။ အလုပ်အား
တဲ့ နေ့မှာ လေ့ကျင့်ခန်းလုပ်သူကလည်း အလွန်နည်းပါးပါတယ်။
4. အစားအစာဈေးနှုန်းများ ချိုသာလာခြင်း

အစားအစာဈေးနှုန်းတွေ ချိုသာလာခဲ့တဲ့ ဆယ်စုနှစ်နောက်ပိုင်းမှာ ဝတဲ့လူ ဦးရေ ပိုများလာတယ်လို့ ဆိုထားပါတယ်။ 2010
ခုနှစ်မှာ အဝလွန်သူဦးရေဟာ 1980 ထက် 25% ပိုများလာခဲ့ပါတယ်။
5. အချိုဓာတ်ပါဝင်သော ဖျော်ရည် အအေး သောက်သုံးမှု များပြားလာခြင်း

သဘာ၀ နွားနို့သောက်သုံးသည့် ဦးရေထက် ဓာတုဗေဒနဲ့ ပြုပြင်ထားတဲ့ အချိုရေ အအေး စတာတွေကို သောက်သုံးတဲ့
ဦးရေက ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကလည်း အဝလွန်ဦးရေ မြင့်တက်စေတဲ့ အချက်ပါ။
6. များပြားလှတဲ့ အစားအသောက်တွေက အလွန်အမင်းစားသောက်ခြင်းကို အားပေးခြင်း

Junk Food လို ဟာမျိုးတွေဟာ နည်းနည်း စားရုံနဲ့ ဗိုက်က မတင်းတိမ်ပါဘူး။ ဒီတော့ ဈေးကလည်း ပေါနေပြီးသားဆို
တော့ အလွယ်တစ်ကူ နှစ်ထုတ် သုံးထုတ်လောက်ဝယ်ပြီး စားပစ်လိုက်ကြပါတယ်။ အဲဒီလို စားချင်စိတ် ဖြစ်အောင်လည်း
အဲဒီအစားအစာတွေကို ပြင်ဆင်ထားပါတယ်။

7. ကယ်လိုရီလောင်ကျွမ်းတဲ့ အလုပ် နည်းလာတယ်။

ကယ်လိုရီဟာ လူ လှုပ်လှုပ်ရှားရှား ပြုလေ လောင်ကျွမ်းမှု ပမာဏ များလေဖြစ်ပါတယ်။ အခု ခေတ်မှာ အလုပ်တွေဟာ
ထိုင်ရာက မထ လုပ်ရတဲ့ အလုပ်တွေ ပေါများလာခြင်းကလည်း ဝတဲ့သူဦးရေကို မြင့်တက်စေပါတယ်။
8. ဆီပိုစားလာကြခြင်း

ဆီဟာ ရှေးယခင်က ဈေးကြီးပြီး ၎င်းတို့ကို ထုတ်လုပ်ပေးတဲ့ ကုန်ကြမ်းဟာလည်း အမျိူးအမည်အားဖြင့် နည်းပါပါတယ်။
အခုနောက်ပိုင်းမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဆီထွက်သီးနှံတွေကို ဆီအဖြစ် ထုတ်လုပ်လာတဲ့အပြင် ဈေးနှုန်းချိုသာတဲ့
အတွက် စားသုံးမှုလည်း များပြားလာပါတယ်။
9. လူမှုပတ်ဝန်းကျင်ကြောင့်

အနီးစပ်ဆုံး ပြောရရင် ကိုယ်က ဆီများတဲ့ ဟင်း မကြိုက်ဖူးဆိုရင်တောင် အခြား မိသားစုဝင်တွေက ဆီအရမ်းစားတဲ့လို့
မိသားစုအတွက် ရည်ရွယ်ချက်ပြုတ်တဲ့ဟင်းကို မဖြစ်မနေ စားရတာမျိုးပေါ့။ ဒါကလည်း ဝခြင်းကို ဖြစ်စေပါတယ်။

Credit:Si Si (auntymay)

Source: nutrition
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top