လူ႕ခႏၶာကုိယ္အေရျပားဟာ ဆဲလ္အသစ္ေတြျဖစ္ေပၚလာတာနဲ႔ ဆဲလ္ေသေတြကိုဖယ္ရွားပစ္တဲ႔လုပ္ေဆာင္ခ်က္ေတြကို အျမဲတမ္းလိုလိုလုပ္ေဆာင္ေနပါတယ္။ အဲဒီလိုဆဲလ္ေသေတြကိုအဆက္မျပတ္အသစ္လဲေပးျခင္းက အေရျပားကို ပိုမိုေခ်ာေမြ႕ႏူးညံ႕ေစျပီး အရြယ္တင္ေစပါတယ္။ အသက္ၾကီးလာတာနဲ႔အမွ် သဘာဝအတိုင္းဆဲလ္လဲတဲ႔လုပ္ေဆာင္ခ်က္ေတြက ေႏွးေကြးလာျပီး အေရျပားအေပၚဆံုးအလႊာေပၚမွာဆဲလ္ေသေတြ ပံုလာေစပါတယ္။ အဲဒီလိုဆဲလ္ေသေတြ စုပံုလာျခင္းကိုေရခ်ိဳးေပးရံု၊ မ်က္ႏွာသစ္ေပးရံုနဲ႔ဖယ္ရွားမေပးႏိုင္ပါဘူး။ တစ္ပတ္ကိုတစ္ၾကိမ္ ဆဲလ္ေသေတြဖယ္ရွားေပးတဲ႔ကုသနည္းက အေရျပားေပၚမွာဆဲလ္ေသေတြ ကင္းစင္ေစျပီး အေရျပားကို ေပ်ာ႔ေပ်ာင္းႏူးညံ႕ေစပါတယ္။ အဲဒီလိုဆဲလ္ေသေတြကိုဖယ္ရွားေပးမယ္ဆိုရင္ moisturizer (အစိုဓာတ္ထိန္းသိမ္းေပးတဲ႔အလွကုန္) ေတြကိုအေရျပားထဲကို ပိုမိုနက္ရႈိင္းစြာစိမ္႔ဝင္ႏိုင္ေစျပီး ေသြးလွည္႔ပတ္မႈကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။ အဲဒီလိုဆဲလ္ေသေတြကို ဖယ္ရွားေပးဖို႔အတြက္ spa ကိုတကူးတကသြားေနစရာေတာင္မလိုပါဘူး။ မီးဖုိေခ်ာင္ထဲမွာေတြ႕ရတဲ႔ပစၥည္းေလးေတြနဲ႔ပဲ အေရျပားေပၚကဆဲလ္ေသေတြကို အလြယ္တကူဖယ္ရွားႏိုင္ပါတယ္။
၁။ သၾကားနဲ႔သံလြင္ဆီ (Sugar and Olive Oil)
သၾကားနဲ႕သံလြင္ဆီေပါင္းစပ္မႈက အေရျပားအမ်ိဳးအစားအားလံုးအတြက္ အသင္႔ေတာ္ဆံုးဆဲလ္ေသဖယ္ရွားနည္းပါပဲ။ သၾကားက အေရျပားေပၚကဆဲလ္ေသေတြကိုဖယ္ရွားေနခ်ိန္မွာ သံလြင္ဆီကအေရျပားအတြက္ အေကာင္းဆံုး moisturizer အျဖစ္လုပ္ေဆာင္ေပးမွာပါ။ ေပါင္းစပ္နည္းကေတာ႔... ပထမဦးဆံုး သၾကားျဖဴကို ခြက္တစ္ဝက္စာေလာက္ျပည္႔ေအာင္ျဖည္႔ေပးပါ။ ျပီးရင္သံလြင္ဆီ (၂) ဇြန္း၊ (၃) ဇြန္းေလာက္နဲ႔ေရာေပးပါ။ အဲဒီပါဝင္ပစၥည္း (၂) မ်ိဳးထဲမွာမွ ပ်ားရည္ (၂) ဇြန္း (၃)ဇြန္္းေလာက္နဲ႕သံပုရာရည္နည္းနည္း ထည္႔လိုက္ပါဦး။ ျပီးရင္သမေအာင္ေမႊျပီး အေရျပားေပၚမွာလိမ္းေပးလို႔ရပါျပီ။ ခဏေလာက္ထားျပီးမွ ၾကက္သီးေႏြးရံု ေရေႏြးေလးနဲ႕ေဆးေၾကာေပးပါ။ ဒီနည္းလမ္းေလးကို တစ္ပတ္မွာ (၂)ၾကိမ္ေလာက္လုပ္ေပးႏိုင္ပါတယ္။
၂။ လက္ဖက္စိမ္း
အိမ္မွာလက္ဖက္စိမ္းေရေႏြးၾကမ္းေသာက္ေလ႔ရွိတယ္မလား။ ေရေႏြးၾကမ္းစိမ္ျပီး ရတဲ႔လက္ဖက္ေျခာက္ထုပ္ေတြကိုလႊင္႔မပစ္နဲ႔ဦးေနာ္။ အဲဒါေတြကိုသံုးျပီး အေရျပားေပၚကဆဲလ္ေသေတြကိုဖယ္ရွားႏိုင္ပါတယ္။ လက္ဖက္စိမ္းက အေရျပားေပၚကဆဲလ္ေသေတြကိုသာမက အညစ္အေၾကးေတြကိုပါဖယ္ရွားေပးႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ အသားအေရတင္းရင္းလွပေအာင္နဲ႕ အေရျပားက်န္းမာေနေအာင္လည္း ျပဳလုပ္ေပးႏိုင္ပါတယ္။ ျပဳလုပ္နည္းကေတာ႔ ... ပထမဆံုး သံုးျပီးသားလက္ဖက္စိမ္းထုပ္ (၂) ထုပ္ေလာက္ကိုေဖာက္ျပီး အထဲက လက္ဖက္ေျခာက္ဖတ္ေတြကိုခြက္တစ္ခြက္ထဲထည္႔လိုက္ပါ။ ျပီးရင္ ပ်ားရည္ (၂)ဇြန္း (၃)ဇြန္းစာေလာက္ေရာလိုက္ပါ။ ေနာက္ျပီး မုန္႕ဖုတ္ဆိုဒါ တစ္ဇြန္းစာေလာက္ထည္႔လိုက္ပါဦး။ ပါဝင္ပစၥည္းအားလံုးကို သမေအာင္ေရာႏွယ္လိုက္ပါ။ ျပီးရင္မ်က္ႏွာေပၚမွာ ႏွံ႕စပ္ေအာင္လိမ္းေပးျပီး (၁၀) မိနစ္ေလာက္ၾကာေအာင္ထားေပးပါ။ ဒီနည္းလမ္းေလးကိုေတာ႔ တစ္ပတ္တစ္ခါ လုပ္ေပးႏိုင္ပါတယ္။
၃။ ေကာ္ဖီမႈန္႔
ေကာ္ဖီမႈန္႕ကအေရျပားေပၚကဆဲလ္ေသေတြကိုဖယ္ရွားေပးႏိုင္ရံုသာမက ဆဲလ္အသစ္ေတြျဖစ္ေပၚဖို႔ကိုလည္း အေထာက္အကူျပဳႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ေကာ္ဖီမႈန္႔မွာပါတဲ႔ေအာ္ဂဲနစ္ပစၥည္းေတြကအေရျပားကို ၾကည္လင္ေခ်ာေမြ႕ေစျပီး ပ်က္ဆီးေနတဲ႔အေရျပားေတြကိုလည္းျပန္လည္ထိန္းညွိေပးပါတယ္။ ျပဳလုပ္နည္းကေတာ႔... ေကာ္ဖီမႈန္႕ (၃)ဇြန္းရယ္၊ သံလြင္ဆီတစ္ဇြန္းရယ္၊ သဘာဝပ်ားရည္တစ္ဇြန္းရယ္၊ သၾကားတစ္ဇြန္းရယ္ကို ေရာေမႊလိုက္ပါ။ ရလာတဲ႔အႏွစ္ကိုယူျပီး မ်က္ႏွာ၊ လည္ပင္း၊ ဒူးနဲ႕တံေတာင္ဆစ္ေနရာေတြမွာ ညင္ညင္သာသာေလးသုတ္လိမ္းျပီးႏွိပ္နယ္ေပးပါ။ ျပီးသြားရင္ (၁၀)မိနစ္ေလာက္ၾကာေအာင္ထားေပးပါ။ (၁၀) မိနစ္ၾကာရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။ ဒီနည္းလမ္းကိုလည္း တစ္ပတ္တစ္ခါျပဳလုပ္ေပးႏိုင္ပါတယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူ့ခန္ဓာကိုယ်အရေပြားဟာ ဆဲလ်အသစ်တွေဖြစ်ပေါ်လာတာနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပစ်တဲ့လုပ်ဆောင်ချက်တွေကို အမြဲတမ်းလိုလိုလုပ်ဆောင်နေပါတယ်။ အဲဒီလိုဆဲလ်သေတွေကိုအဆက်မပြတ်အသစ်လဲပေးခြင်းက အရေပြားကို ပိုမိုချောမွေ့နူးညံ့စေပြီး အရွယ်တင်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သဘာဝအတိုင်းဆဲလ်လဲတဲ့လုပ်ဆောင်ချက်တွေက နှေးကွေးလာပြီး အရေပြားအပေါ်ဆုံးအလွှာပေါ်မှာဆဲလ်သေတွေ ပုံလာစေပါတယ်။ အဲဒီလိုဆဲလ်သေတွေ စုပုံလာခြင်းကိုရေချိုးပေးရုံ၊ မျက်နှာသစ်ပေးရုံနဲ့ဖယ်ရှားမပေးနိုင်ပါဘူး။ တစ်ပတ်ကိုတစ်ကြိမ် ဆဲလ်သေတွေဖယ်ရှားပေးတဲ့ကုသနည်းက အရေပြားပေါ်မှာဆဲလ်သေတွေ ကင်းစင်စေပြီး အရေပြားကို ပျော့ပျောင်းနူးညံ့စေပါတယ်။ အဲဒီလိုဆဲလ်သေတွေကိုဖယ်ရှားပေးမယ်ဆိုရင် moisturizer (အစိုဓာတ်ထိန်းသိမ်းပေးတဲ့အလှကုန်) တွေကိုအရေပြားထဲကို ပိုမိုနက်ရှိုင်းစွာစိမ့်ဝင်နိုင်စေပြီး သွေးလှည့်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အဲဒီလိုဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် spa ကိုတကူးတကသွားနေစရာတောင်မလိုပါဘူး။ မီးဖိုချောင်ထဲမှာတွေ့ရတဲ့ပစ္စည်းလေးတွေနဲ့ပဲ အရေပြားပေါ်ကဆဲလ်သေတွေကို အလွယ်တကူဖယ်ရှားနိုင်ပါတယ်။
၁။ သကြားနဲ့သံလွင်ဆီ (Sugar and Olive Oil)
သကြားနဲ့သံလွင်ဆီပေါင်းစပ်မှုက အရေပြားအမျိုးအစားအားလုံးအတွက် အသင့်တော်ဆုံးဆဲလ်သေဖယ်ရှားနည်းပါပဲ။ သကြားက အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားနေချိန်မှာ သံလွင်ဆီကအရေပြားအတွက် အကောင်းဆုံး moisturizer အဖြစ်လုပ်ဆောင်ပေးမှာပါ။ ပေါင်းစပ်နည်းကတော့... ပထမဦးဆုံး သကြားဖြူကို ခွက်တစ်ဝက်စာလောက်ပြည့်အောင်ဖြည့်ပေးပါ။ ပြီးရင်သံလွင်ဆီ (၂) ဇွန်း၊ (၃) ဇွန်းလောက်နဲ့ရောပေးပါ။ အဲဒီပါဝင်ပစ္စည်း (၂) မျိုးထဲမှာမှ ပျားရည် (၂) ဇွန်း (၃)ဇွန်းလောက်နဲ့သံပုရာရည်နည်းနည်း ထည့်လိုက်ပါဦး။ ပြီးရင်သမအောင်မွှေပြီး အရေပြားပေါ်မှာလိမ်းပေးလို့ရပါပြီ။ ခဏလောက်ထားပြီးမှ ကြက်သီးနွေးရုံ ရေနွေးလေးနဲ့ဆေးကြောပေးပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ (၂)ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။
၂။ လက်ဖက်စိမ်း
အိမ်မှာလက်ဖက်စိမ်းရေနွေးကြမ်းသောက်လေ့ရှိတယ်မလား။ ရေနွေးကြမ်းစိမ်ပြီး ရတဲ့လက်ဖက်ခြောက်ထုပ်တွေကိုလွှင့်မပစ်နဲ့ဦးနော်။ အဲဒါတွေကိုသုံးပြီး အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားနိုင်ပါတယ်။ လက်ဖက်စိမ်းက အရေပြားပေါ်ကဆဲလ်သေတွေကိုသာမက အညစ်အကြေးတွေကိုပါဖယ်ရှားပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသားအရေတင်းရင်းလှပအောင်နဲ့ အရေပြားကျန်းမာနေအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ... ပထမဆုံး သုံးပြီးသားလက်ဖက်စိမ်းထုပ် (၂) ထုပ်လောက်ကိုဖောက်ပြီး အထဲက လက်ဖက်ခြောက်ဖတ်တွေကိုခွက်တစ်ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် ပျားရည် (၂)ဇွန်း (၃)ဇွန်းစာလောက်ရောလိုက်ပါ။ နောက်ပြီး မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းစာလောက်ထည့်လိုက်ပါဦး။ ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောနှယ်လိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ နှံ့စပ်အောင်လိမ်းပေးပြီး (၁၀) မိနစ်လောက်ကြာအောင်ထားပေးပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်တစ်ခါ လုပ်ပေးနိုင်ပါတယ်။
၃။ ကော်ဖီမှုန့်
ကော်ဖီမှုန့်ကအရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ရုံသာမက ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကော်ဖီမှုန့်မှာပါတဲ့အော်ဂဲနစ်ပစ္စည်းတွေကအရေပြားကို ကြည်လင်ချောမွေ့စေပြီး ပျက်ဆီးနေတဲ့အရေပြားတွေကိုလည်းပြန်လည်ထိန်းညှိပေးပါတယ်။ ပြုလုပ်နည်းကတော့... ကော်ဖီမှုန့် (၃)ဇွန်းရယ်၊ သံလွင်ဆီတစ်ဇွန်းရယ်၊ သဘာဝပျားရည်တစ်ဇွန်းရယ်၊ သကြားတစ်ဇွန်းရယ်ကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကိုယူပြီး မျက်နှာ၊ လည်ပင်း၊ ဒူးနဲ့တံတောင်ဆစ်နေရာတွေမှာ ညင်ညင်သာသာလေးသုတ်လိမ်းပြီးနှိပ်နယ်ပေးပါ။ ပြီးသွားရင် (၁၀)မိနစ်လောက်ကြာအောင်ထားပေးပါ။ (၁၀) မိနစ်ကြာရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ခါပြုလုပ်ပေးနိုင်ပါတယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အေရျပားေပၚကဆဲလ္ေသေတြကို ဖယ္ရွားနည္း (၃)မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။