ပို့သပေးပါတယ်။
#Unicode Version
သိပ်ချစ်တယ်ပြောဖို့က လွယ်ပါတယ်။သစ္စာရှိဖို့က ခက်တာပါ။ ဒါကြောင့် ချစ်တာထက် သစ္စာရှိနိုင်မှ သိပ်ချစ်တယ်လို့ပြောပါ။ သတိရတယ်ပြောဖို့က လွယ်ပါတယ်။အမှတ်တရတစ်ခုစီတိုင်း သတိမမေ့ဖို့က ခက်တာပါ။ဒါကြောင့် သတိရတယ် ပြောနေဖို့ထက် အမှတ်တရတွေ ပိုသတိထားနိုင်မှ သတိရတယ်လို့ပြောပါ။
မုန်းတယ်ပြောဖို့က လွယ်ပါတယ်။မေ့ပစ်လိုက်ဖို့က ခက်တာပါ။ဒါကြောင့် မုန်းတာထက် မေ့နိုင်မှ မုန်းတယ်လို့ပြောပါ။
နားလည်ပါတယ် ပြောဖို့က လွယ်ပါတယ်။သည်းခံပေးဖို့က ခက်တာပါ။ ဒါကြောင့် နားလည်နိုင်တာထက် သည်းခံနိုင်မှသာ နားလည်တယ်လို့ပြောပါ။
သစ္စာရှိဖို့က လွယ်ပါတယ်။စကားအတိုင်း လိုက်နာဖို့က ခက်တာပါ။ ဒါကြောင့် သစ္စာရှိမှာထက် ဦးစွာ အပြောနဲ့အလုပ်ညီနိုင်မှ သစ္စာရှိပါတယ်လို့ပြောပါ။
လမ်းခွဲလိုက်ဖို့က လွယ်ပါတယ်။စိတ်တွေပြတ်သားဖို့က ခက်တာပါ။ ဒါကြောင့် လမ်းခွဲလိုက်မှာထက် အရင်ဦးဆုံး စိတ်ပြတ်သားနိုင်မှ လမ်းခွဲလိုက်ပါ။
တကယ်တော့ အရာရာပာာ ပြောတော့သာ လွယ်တာ။တကယ်တမ်း ဖြစ်အောင်လိုက်လုပ်ကြည့်ဖို့က အရမ်းခက်ခဲလွန်းပါတယ်။
Credit:ရှမ်းပုတ်(မိုမိုလေး)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
တစ္ခါတေလမွာ အခ်စ္ဆုိတာ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။