iMyanmarHouse.com - Best Property Website for Myanmar
×

လည္ပင္း ၊ လည္ဂုတ္မည္းေနျခင္းဟာ ကိုယ္ကုိတိုင္အတြက္လည္း အနည္းငယ္ စိတ္အခန္႔မသင့္စရာ ေကာင္းသလို အျခားသူေတြအျမင္မွာလည္း ၾကည့္ရဆိုးေစပါတယ္ ။ ဒီလို အေရျပားမည္းျခင္းကို ဖယ္ရွားေပးနိုင္မယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးသြားပါ့မယ္ ။ နည္းလမ္းမ်ားစြာ ရွိေသာ္လည္း လြယ္လြယ္ကူကူ ရနိုင္တဲ့ ပစၥည္း(၃)မ်ိဳး ကိုသာ ေျပာျပေပးပါမယ္ေနာ္..

၁။ သခြားသီး
သခြားသီးမွာ ဆဲလ္ေသေတြကိုဖယ္ရွားေပးနိုင္တဲ့ အစြမ္းအာနိသင္ရွိျပီး အေရျပားကိုလည္း ျဖဴဝင္းေစနိုင္ပါတယ္ ။ သခြားသီးအရည္ (သို႔) သခြားသီးစိတ္ကို မည္းေနေသာ လည္ပင္းေပၚသို႔ ပြတ္တိုက္ေပးပါ ။ ၁၀ မိနစ္ ၁၅ မိနစ္ခန္႕ ၾကာျပီးေနာက္ ေရေအးျဖင့္ ေဆးေၾကာပါ ။ ေနာက္ထပ္နည္းလမ္း တစ္ခုလည္း ရွိပါေသးတယ္ ။  သခြားရည္ နွင့္ သံပုယိုရည္ကို ဆတူေရာစပ္၍ ဂြမး္ျဖင့္ လည္ပင္းတစ္ဝိုက္ကို သုတ္လိမ္းေပးပါ ။ ၁၀ မိနစ္ခန္႕ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာေပးလုိက္ရံုပါပဲ ။

၂။ရွားေစာင္းလက္ပက္
အေရျပားအတြက္ ကုထုံးဆိုလွ်င္ ရွားေစာင္းလက္ပက္ကေတာ့ မပါမျဖစ္ပါပဲ ။ အားလံုးသိတဲ့အတိုင္းပါပဲ ..။ ရွားေစာင္းလက္ပက္က အေရျပားမည္းညိဳျခင္းေတြကို ဖယ္ရွားေပးျပီး လိုအပ္တဲ့ ဗီတာမင္ဓါတ္ေတြ အမ်ားအျပား ပါဝင္ေနပါတယ္ ။ ရွားေစာင္လက္ပက္ကို ခြဲ၍ အထဲမွ အနွစ္ကို အေရျပားေပၚသို႔ တိုက္ရိုက္ သုတ္လိမး္ပါ ။ မိနစ္ ၂၀ ခန္႔ၾကာလွ်င္ ေရျဖင့္ ေဆးခ်ပါ ။ တစ္ေန႔ တစ္ၾကိမ္ ပံုမွန္ျပဳလုပ္ေပးပါ ။ သင္လိုခ်င္တဲ့ ျဖဴဝင္းေနတဲ့ လည္ပင္းသားေလးကို ရရွိေစမွာပါ ။

၃။သံပုယိုသီး
သံပုယိုသီးမွာ ပါဝင္တဲ့ ဗီတာမင္စီ ဓါတ္က အေရျပားကို ျဖဴဝင္းေစျပီး အမာရြတ္ေတြကိုေတာင္ ေလ်ာ့ပါးေစနိုင္စြမ္း ရွိပါတယ္ ။ သံပုယိုသီးကို အရည္သီးသန္႔ညွစ္၍ ထားပါ ။ ထို႔ေနာက္ အရည္ကို ဂြမ္းျဖင့္တို႔၍ အေရျပားေပၚသို႔ လိမ္းေပးပါ ။ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္မ်ား အေနနဲ႕ကေတာ့ သံပုယိုရည္ကို ေရအနည္းငယ္ေရာ၍ လိမ္းေပးပါ။ မိနစ္ ၂၀ ခန္႔ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာေပးလိုက္ပါ ။ အေရျပား ေျခာက္ေသြ႕တတ္တယ္ ဆိုလွ်င္ေတာ့ အစိုဓါတ္ထိမ္း ခရင္မ္ တစ္မ်ိဳးမ်ဳိးကို လိမ္းေပးနိုင္ပါသည္။

Credit:CHAN ( ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လည်ပင်း ၊ လည်ဂုတ်မည်းနေခြင်းဟာ ကိုယ်ကိုတိုင်အတွက်လည်း အနည်းငယ် စိတ်အခန့်မသင့်စရာ ကောင်းသလို အခြားသူတွေအမြင်မှာလည်း ကြည့်ရဆိုးစေပါတယ် ။ ဒီလို အရေပြားမည်းခြင်းကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားပါ့မယ် ။ နည်းလမ်းများစွာ ရှိသော်လည်း လွယ်လွယ်ကူကူ ရနိုင်တဲ့ ပစ္စည်း(၃)မျိုး ကိုသာ ပြောပြပေးပါမယ်နော်..

၁။ သခွားသီး
သခွားသီးမှာ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပြီး အရေပြားကိုလည်း ဖြူဝင်းစေနိုင်ပါတယ် ။ သခွားသီးအရည် (သို့) သခွားသီးစိတ်ကို မည်းနေသော လည်ပင်းပေါ်သို့ ပွတ်တိုက်ပေးပါ ။ ၁၀ မိနစ် ၁၅ မိနစ်ခန့် ကြာပြီးနောက် ရေအေးဖြင့် ဆေးကြောပါ ။ နောက်ထပ်နည်းလမ်း တစ်ခုလည်း ရှိပါသေးတယ် ။  သခွားရည် နှင့် သံပုယိုရည်ကို ဆတူရောစပ်၍ ဂွမ်းဖြင့် လည်ပင်းတစ်ဝိုက်ကို သုတ်လိမ်းပေးပါ ။ ၁၀ မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ ။

၂။ရှားစောင်းလက်ပက်
အရေပြားအတွက် ကုထုံးဆိုလျှင် ရှားစောင်းလက်ပက်ကတော့ မပါမဖြစ်ပါပဲ ။ အားလုံးသိတဲ့အတိုင်းပါပဲ ..။ ရှားစောင်းလက်ပက်က အရေပြားမည်းညိုခြင်းတွေကို ဖယ်ရှားပေးပြီး လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ အများအပြား ပါဝင်နေပါတယ် ။ ရှားစောင်လက်ပက်ကို ခွဲ၍ အထဲမှ အနှစ်ကို အရေပြားပေါ်သို့ တိုက်ရိုက် သုတ်လိမ်းပါ ။ မိနစ် ၂၀ ခန့်ကြာလျှင် ရေဖြင့် ဆေးချပါ ။ တစ်နေ့ တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ ။ သင်လိုချင်တဲ့ ဖြူဝင်းနေတဲ့ လည်ပင်းသားလေးကို ရရှိစေမှာပါ ။

၃။သံပုယိုသီး
သံပုယိုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓါတ်က အရေပြားကို ဖြူဝင်းစေပြီး အမာရွတ်တွေကိုတောင် လျော့ပါးစေနိုင်စွမ်း ရှိပါတယ် ။ သံပုယိုသီးကို အရည်သီးသန့်ညှစ်၍ ထားပါ ။ ထို့နောက် အရည်ကို ဂွမ်းဖြင့်တို့၍ အရေပြားပေါ်သို့ လိမ်းပေးပါ ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်များ အနေနဲ့ကတော့ သံပုယိုရည်ကို ရေအနည်းငယ်ရော၍ လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ ။ အရေပြား ခြောက်သွေ့တတ်တယ် ဆိုလျှင်တော့ အစိုဓါတ်ထိမ်း ခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးနိုင်ပါသည်။

Credit:CHAN ( ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top