iMyanmarHouse.com - Best Property Website for Myanmar
×

မနက္အိပ္ယာထခ်ိန္ဆိုတာ တစ္ေန႔တာလံုးမွာအေရးအၾကီးဆံုးအခ်ိန္ပါပဲ။ မနက္အိပ္ယာထခ်ိန္မွာ ကိုယ္လုပ္လိုက္တဲ႔အရာေလးေတြကပဲ ကိုယ္႔ရဲ႕တေန႕တာ ေကာင္းမလား ဆိုးမလားဆိုတာကို အဆံုးအျဖတ္ေပးပါတယ္။ ေကာင္းမြန္တဲ႔ေန႔ရက္ေတြကို ပိုင္ဆိုင္ႏိုင္ေနဖို႔ မနက္တိုင္းလုပ္သင္႔တဲ႔အေလ႔အထေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။

၁။ ေစာေစာထပါ

အိပ္ယာေစာေစာထျခင္းက စိတ္ကိုၾကည္လင္လန္းဆန္းေစျပီး မနက္ခင္းရဲ႕တိတ္ဆိတ္မႈနဲ႔ ျငိမ္းခ်မ္းမႈကိုခံစားရေစပါတယ္။ တခ်ိဳ႕က တိတ္ဆိတ္မႈနဲ႔ ျငိမ္းခ်မ္းမႈကိုလိုခ်င္လို႔ ညာဥ္႔နက္တဲ႔အထိအလုပ္လုပ္တတ္ၾက ပါတယ္။ အဲဒီလိုလုပ္မယ္႔အစား ညဘက္ကိုေစာေစာအိပ္ျပီး မနက္ေစာေစာထၾကည္႔လိုက္ပါ။ ခင္ဗ်ားလိုခ်င္တဲ႔တိတ္ဆိတ္မႈနဲ႔ ျငိမ္းခ်မ္းမႈကိုရရွိႏိုင္သလို က်န္းမာေရးအတြက္လည္း ပိုေကာင္းပါတယ္။ အာရံုစူးစိုက္မႈ ကိုလည္း ျမွင္႔တင္ေပးပါတယ္။

၂။ သံပုရာရည္ေႏြးေႏြးေလးတစ္ခြက္ေသာက္ပါ

မနက္ႏိုးႏိုးခ်င္း သံပုရာရည္ေႏြးေႏြးေလးတစ္ခြက္ေသာက္လိုက္ျခင္းက ခင္ဗ်ားရဲ႕ခႏၶာကိုယ္အတြက္ တစ္ေန႕တာကိုစတင္ဖို႔အတြက္အေကာင္းဆံုးနည္းလမ္းပါပဲ။ သူကခင္ဗ်ားရဲ႕ခႏၶာကိုယ္ထဲက အတြင္းကလီဇာေတြကို ေကာင္းေကာင္းအလုပ္လုပ္ဖို႔အတြက္ ႏႈိးေဆာ္ေပးလိုက္တဲ႔ေခ်ာဆီလိုပါပဲ။

ဒီေနရာမွာသံပုရာကိုေႏြးေႏြးေလးျဖစ္ေအာင္ လုပ္ေသာက္ရတာက မနက္အေစာၾကီး ေရေအးကို ေသာက္လိုက္ရင္ ခင္ဗ်ားရဲ႕ အတြင္းကလီဇာေတြကို ေရွာ႔ခ္မရေအာင္လို႔ပါ။ သံပုရာရည္က ခင္ဗ်ားရဲ႕အစာေျခစနစ္ကို ေနာက္လာမယ္႔ အစာေတြအတြက္အဝင္ေခ်ာေအာင္ ကူညီေပးပါတယ္။ ခ်ဥ္တဲ႔အရသာကို မၾကိဳက္ရင္ ပ်ားရည္ေလး နည္းနည္းထည္႔ေသာက္လို႔လည္းရပါတယ္။

၃။ လွ်ာကို သန္႔ရွင္းေပးပါ

မနက္ပိုင္းအခ်ိန္ေတြမွာ လွ်ာကိုသန္႔ရွင္းေရးလုပ္ဖိုု႔အခ်ိန္ေပးတာက အာပုပ္နံ႕ေတြ၊ အစာၾကြင္းအစာက်န္ေတြကို သန္႔ရွင္းေရးလုပ္ေပးရာက်ပါတယ္။ ေနာက္ျပီး အဲဒီလိုလုပ္ေပးျခင္းက အိပ္စက္ျခင္းနဲ႔ အျပည္႔အဝႏိုးထျခင္းၾကားက အသြင္ကူးေျပာင္းမႈျဖစ္စဥ္ကိုလည္း ပိုမိုျမန္ဆန္ေစပါတယ္။ လွ်ာကိုသန္႔ရွင္းေရးလုပ္ေပးျခင္းျဖင္႔ အစားအစာေတြရဲ႕အရသာကို ပိုမိုခံစားႏိုင္ေစပါတယ္။

၄။ ကိုယ္ကာယေလ႔က်င္႔ခန္းေတြလုပ္ေပးပါ

မနက္ခင္းမွာ ၾကြက္သားေတြကိုသြက္လက္ေစဖို႔ ေလ႔က်င္႔ခန္းလုပ္ေပးတာက မလြဲမေသြလုပ္ေဆာင္သင္႔တဲ႔အေလ႔အထတစ္ခုပါပဲ။ ခင္ဗ်ားႏွစ္သက္ရာ အဆင္ေျပရာကိုယ္ကာယေလ႔က်င္႔ခန္း နည္းစနစ္ကို ေရြးခ်ယ္လုပ္ေဆာင္ႏိုင္ပါတယ္။ ကိုယ္ကာယ ေလ႔က်င္႔ခန္းေတြ လုပ္ေပးတာက ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေပးသလို ကိုယ္ရည္ကိုလည္းစစ္ေစပါတယ္။ ခင္ဗ်ားအေနနဲ႔အခုေလာေလာဆယ္ မနက္ပိုင္း ေလ႔က်င္႔ခန္းေတြမလုပ္ျဖစ္ေသးဘူးဆိုရင္ အခုပဲစလုပ္ၾကည္႔ဖို႔အၾကံေပးခ်င္ပါတယ္။

၅။ စိတ္ကိုရႊင္လန္းေစတဲ႔သီခ်င္းေတြကိုနားဆင္ပါ

ခင္ဗ်ားရဲ႕မနက္ခင္းေတြကို ခင္ဗ်ားအႏွစ္သက္ဆံုး၊ ခင္ဗ်ားစိတ္ကိုလန္းဆန္းတက္ၾကြေစတဲ႔ သီခ်င္းသံေတြနဲ႔စတင္လိုက္တာက တေန႕တာေအာင္ျမင္မႈဆီဦးတည္ႏိုင္တဲ႔အေကာင္းဆံုးနည္းလမ္းပါပဲ။ ဂီတဆိုတာ ႏွလံုးသားကို ႏူးညံ႕ေစတဲ႔၊ ဦးေႏွာက္ကိုလႈံ႕ေဆာ္ေပးႏိုင္တဲ႔ အႏုပညာတစ္မ်ိဳးဆိုေတာ႔ ခင္ဗ်ားရဲ႕တေန႕တာအတြက္ ေမွ်ာ္လင္႔ျခင္းေတြကို ေပးစြမ္းႏိုင္ပါတယ္။

ခင္ဗ်ားအေနနဲ႕ ဘယ္ေန႕ေတြမွာ ဘာသီခ်င္းေတြကို နားေထာင္မလဲဆိုျပီး ၾကိဳတင္ပလန္ခ်ထားလို႔ရပါတယ္။ ဥပမာ အလုပ္မ်ားမယ္႔ေန႕ေတြမွာ ခင္ဗ်ားရဲ႕စိတ္ကို တက္ၾကြေစမယ္႔သီခ်င္းေတြကိုနားေထာင္ျပီး စိတ္ဖိစီးမႈေတြမ်ားမယ္႔ေန႕မွာ စိတ္ႏွလံုးကို ျငိမ္သက္ေစမယ္႔ ဂီတကိုေရြးခ်ယ္နားေထာင္တာမ်ိဳးေပါ႔။

၆။ မိနစ္အနည္းငယ္ေလာက္တရားထိုင္ပါ

မနက္ခင္းအခ်ိန္လို ဆိတ္ျငိမ္မႈမ်ိဳးမွာ တရားထိုင္တာေလာက္စိတ္အာရံုစူးစိုက္မႈကို ရရွိေစတာမရွိေတာ႔ပါဘူး။ အဲဒီလိုအခ်ိန္မ်ိဳးမွာ တရားထိုင္ျပီး သမာဓိကုိတည္ေဆာက္တာက တေန႕တာလုပ္ငန္းေဆာင္တာေတြအတြက္ ပိုမိုအဆင္ေျပေခ်ာေမြ႕ေစႏိုင္ပါတယ္။ အသက္ရွဴသြင္း၊ ရွဴထုတ္ကိုေစာင္႔ၾကည္႔တဲ႔နည္းလမ္းတစ္ခုတည္းမွ မဟုတ္ပါဘူး။ မိမိနဲ႔ကိုက္ညီ အဆင္ေျပတဲ႔ နည္းလမ္းကို အသံုးျပဳႏိုင္ပါတယ္။ အဓိက ကေတာ႔ သမာဓိကိုတည္ေဆာက္ဖို႔ပါပဲ။

၇။ တေန႕တာလုပ္ရမယ္႔အလုပ္ေတြကိုခ်ေရးပါ

ခင္ဗ်ားသာအလုပ္မ်ားတဲ႔လူတစ္ေယာက္ဆိုရင္ တေန႕တေန႕လုပ္ရမယ္႔အရာေတြက မ်ားျပားလြန္းေတာ႔ တစ္ခါတေလမွာ ဘာေတြဆက္လုပ္ရမွန္းမသိေလာက္ေအာင္ ေမ႔ေလ်ာ႔ေနတတ္ပါတယ္။

ဒီလိုမျဖစ္ရေလေအာင္ မွတ္စုစာအုပ္ (သို႔) ဖုန္းထဲမွာ app တစ္ခုခုနဲ႔ တေန႕တာလုပ္ရမယ္႔အလုပ္ေတြကိုခ်ေရးမွတ္ထားသင္႔ပါတယ္။ ေနာက္ျပီး အေရးအၾကီးဆံုး (၃) ခုေလာက္ကို ေရွ႕ဆံုးမွာ တင္ထားျပီး အလုပ္တစ္ခုခ်င္းစီရဲ႕ ဦးစားေပးမႈကို ခြဲထားတာလည္း အေလ႔အက်င္႔ေကာင္းတစ္ခုပါပဲ။
Source: Lisa-christiansen

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မနက်အိပ်ယာထချိန်ဆိုတာ တစ်နေ့တာလုံးမှာအရေးအကြီးဆုံးအချိန်ပါပဲ။ မနက်အိပ်ယာထချိန်မှာ ကိုယ်လုပ်လိုက်တဲ့အရာလေးတွေကပဲ ကိုယ့်ရဲ့တနေ့တာ ကောင်းမလား ဆိုးမလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ ကောင်းမွန်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်နေဖို့ မနက်တိုင်းလုပ်သင့်တဲ့အလေ့အထလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ စောစောထပါ

အိပ်ယာစောစောထခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး မနက်ခင်းရဲ့တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကိုခံစားရစေပါတယ်။ တချို့က တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကိုလိုချင်လို့ ညာဉ့်နက်တဲ့အထိအလုပ်လုပ်တတ်ကြ ပါတယ်။ အဲဒီလိုလုပ်မယ့်အစား ညဘက်ကိုစောစောအိပ်ပြီး မနက်စောစောထကြည့်လိုက်ပါ။ ခင်ဗျားလိုချင်တဲ့တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကိုရရှိနိုင်သလို ကျန်းမာရေးအတွက်လည်း ပိုကောင်းပါတယ်။ အာရုံစူးစိုက်မှု ကိုလည်း မြှင့်တင်ပေးပါတယ်။

၂။ သံပုရာရည်နွေးနွေးလေးတစ်ခွက်သောက်ပါ

မနက်နိုးနိုးချင်း သံပုရာရည်နွေးနွေးလေးတစ်ခွက်သောက်လိုက်ခြင်းက ခင်ဗျားရဲ့ခန္ဓာကိုယ်အတွက် တစ်နေ့တာကိုစတင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲ။ သူကခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အတွင်းကလီဇာတွေကို ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် နှိုးဆော်ပေးလိုက်တဲ့ချောဆီလိုပါပဲ။

ဒီနေရာမှာသံပုရာကိုနွေးနွေးလေးဖြစ်အောင် လုပ်သောက်ရတာက မနက်အစောကြီး ရေအေးကို သောက်လိုက်ရင် ခင်ဗျားရဲ့ အတွင်းကလီဇာတွေကို ရှော့ခ်မရအောင်လို့ပါ။ သံပုရာရည်က ခင်ဗျားရဲ့အစာခြေစနစ်ကို နောက်လာမယ့် အစာတွေအတွက်အဝင်ချောအောင် ကူညီပေးပါတယ်။ ချဉ်တဲ့အရသာကို မကြိုက်ရင် ပျားရည်လေး နည်းနည်းထည့်သောက်လို့လည်းရပါတယ်။

၃။ လျှာကို သန့်ရှင်းပေးပါ

မနက်ပိုင်းအချိန်တွေမှာ လျှာကိုသန့်ရှင်းရေးလုပ်ဖိုု့အချိန်ပေးတာက အာပုပ်နံ့တွေ၊ အစာကြွင်းအစာကျန်တွေကို သန့်ရှင်းရေးလုပ်ပေးရာကျပါတယ်။ နောက်ပြီး အဲဒီလိုလုပ်ပေးခြင်းက အိပ်စက်ခြင်းနဲ့ အပြည့်အဝနိုးထခြင်းကြားက အသွင်ကူးပြောင်းမှုဖြစ်စဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ လျှာကိုသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် အစားအစာတွေရဲ့အရသာကို ပိုမိုခံစားနိုင်စေပါတယ်။

၄။ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပေးပါ

မနက်ခင်းမှာ ကြွက်သားတွေကိုသွက်လက်စေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာက မလွဲမသွေလုပ်ဆောင်သင့်တဲ့အလေ့အထတစ်ခုပါပဲ။ ခင်ဗျားနှစ်သက်ရာ အဆင်ပြေရာကိုယ်ကာယလေ့ကျင့်ခန်း နည်းစနစ်ကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ပေးတာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးသလို ကိုယ်ရည်ကိုလည်းစစ်စေပါတယ်။ ခင်ဗျားအနေနဲ့အခုလောလောဆယ် မနက်ပိုင်း လေ့ကျင့်ခန်းတွေမလုပ်ဖြစ်သေးဘူးဆိုရင် အခုပဲစလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။

၅။ စိတ်ကိုရွှင်လန်းစေတဲ့သီချင်းတွေကိုနားဆင်ပါ

ခင်ဗျားရဲ့မနက်ခင်းတွေကို ခင်ဗျားအနှစ်သက်ဆုံး၊ ခင်ဗျားစိတ်ကိုလန်းဆန်းတက်ကြွစေတဲ့ သီချင်းသံတွေနဲ့စတင်လိုက်တာက တနေ့တာအောင်မြင်မှုဆီဦးတည်နိုင်တဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ ဂီတဆိုတာ နှလုံးသားကို နူးညံ့စေတဲ့၊ ဦးနှောက်ကိုလှုံ့ဆော်ပေးနိုင်တဲ့ အနုပညာတစ်မျိုးဆိုတော့ ခင်ဗျားရဲ့တနေ့တာအတွက် မျှော်လင့်ခြင်းတွေကို ပေးစွမ်းနိုင်ပါတယ်။

ခင်ဗျားအနေနဲ့ ဘယ်နေ့တွေမှာ ဘာသီချင်းတွေကို နားထောင်မလဲဆိုပြီး ကြိုတင်ပလန်ချထားလို့ရပါတယ်။ ဥပမာ အလုပ်များမယ့်နေ့တွေမှာ ခင်ဗျားရဲ့စိတ်ကို တက်ကြွစေမယ့်သီချင်းတွေကိုနားထောင်ပြီး စိတ်ဖိစီးမှုတွေများမယ့်နေ့မှာ စိတ်နှလုံးကို ငြိမ်သက်စေမယ့် ဂီတကိုရွေးချယ်နားထောင်တာမျိုးပေါ့။

၆။ မိနစ်အနည်းငယ်လောက်တရားထိုင်ပါ

မနက်ခင်းအချိန်လို ဆိတ်ငြိမ်မှုမျိုးမှာ တရားထိုင်တာလောက်စိတ်အာရုံစူးစိုက်မှုကို ရရှိစေတာမရှိတော့ပါဘူး။ အဲဒီလိုအချိန်မျိုးမှာ တရားထိုင်ပြီး သမာဓိကိုတည်ဆောက်တာက တနေ့တာလုပ်ငန်းဆောင်တာတွေအတွက် ပိုမိုအဆင်ပြေချောမွေ့စေနိုင်ပါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်ကိုစောင့်ကြည့်တဲ့နည်းလမ်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ မိမိနဲ့ကိုက်ညီ အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဓိက ကတော့ သမာဓိကိုတည်ဆောက်ဖို့ပါပဲ။

၇။ တနေ့တာလုပ်ရမယ့်အလုပ်တွေကိုချရေးပါ

ခင်ဗျားသာအလုပ်များတဲ့လူတစ်ယောက်ဆိုရင် တနေ့တနေ့လုပ်ရမယ့်အရာတွေက များပြားလွန်းတော့ တစ်ခါတလေမှာ ဘာတွေဆက်လုပ်ရမှန်းမသိလောက်အောင် မေ့လျော့နေတတ်ပါတယ်။

ဒီလိုမဖြစ်ရလေအောင် မှတ်စုစာအုပ် (သို့) ဖုန်းထဲမှာ app တစ်ခုခုနဲ့ တနေ့တာလုပ်ရမယ့်အလုပ်တွေကိုချရေးမှတ်ထားသင့်ပါတယ်။ နောက်ပြီး အရေးအကြီးဆုံး (၃) ခုလောက်ကို ရှေ့ဆုံးမှာ တင်ထားပြီး အလုပ်တစ်ခုချင်းစီရဲ့ ဦးစားပေးမှုကို ခွဲထားတာလည်း အလေ့အကျင့်ကောင်းတစ်ခုပါပဲ။
Source: Lisa-christiansen

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top