မိန်းကလေးတွေရဲ့ အလှတရားကို ဖျက်လိုဖျက်ဆီးလုပ်နေတာ ဟော်ဒီ ခါးတစ်ဝိုက်က အဆီတုံးတွေပါ။ ဒင်းတို့ကို တိုက်ဖျက်ဖို့အတွက် လက်နက်မျိုးစုံးသုံးစွဲနေရတယ်။ အဆီချဆေးသောက်ရလိုက်၊ ဗိုက်လေ့ကျင့်ခန်းတွေ တပင်တပန်းလုပ်ရလိုက်နဲ့ ဗိုက်ချပ်ပြီး လူပါပြားကပ်ရော။ တကယ်တမ်း အဲ့ဒီ့လောက်ကြီးပင်ပန်းပြင်းထန်စရာမလိုဘူးယောင်းရေ။ ချွေးတဒီးဒီးကျစရာမလိုပဲ ကျော့ကျော့မော့မော့လေး ဗိုက်ချလို့ရမယ့် ဖြတ်လမ်းနည်း (၆)မျိုးကို အက်ဒမင်တစ်ယောက် အသည်းအသန်နင်းကန် ရှာဖွေတင်ဆက်ပေးလိုက်ပြီနော်။
၁။အိပ်ရေးမပျက်စေပါနဲ့။
အလုပ်တွေမပြီးလို့ တစ်ညလုံးကုန်းရုံးလုပ်မယ်ဆိုရင်တော့ ဗိုက်ချပ်ဖို့မမျှော်လင့်ပါနဲ့။ အချိန်တစ်ခုသတ်မှတ်ထားပါယောင်းရေ။ အိပ်ရေးပျက်ရင် ယောင်းစားချင်စိတ်ပိုများလာမှာမမေ့ပါနဲ့။ ပင်ပန်းတဲ့အခါ အချိုစာတွေ၊ အဆီစာတွေကို တနုံ့နုံ့စားချင်စိတ်ဖြစ်လာစေမယ့် ghrelin ခေါ် ဗိုက်ဆာစေတဲ့ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးလို့ပါ။အိပ်ရေးပျက်ခြင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို ကမောက်ကမဖြစ်စေလို့ ဗိုက်ခေါက်ဆိုးကြီးရဲ့ တရားခံပါ။ တစ်နေ့ကို (၇)နာရီလောက်အိပ်ပေးရင် မကြာခင်မှာပဲ ထူးခြားမှုတွေ့လာရမှာပါ။
၂။မျှတတဲ့လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့ထိုင်ထ အခါတစ်ထောင်လုပ်နေရင် ခြေထောက်သာပြုတ်သွားပါမယ်။ ဗိုက်ချပ်စေဖို့ဆိုရင် ဗိုက်အတွက်ချည်းလေ့ကျင့်ခန်းရှာလုပ်တာထက် ခန္ဓာကိုယ်က အခြားကြွက်သားတွေကိုပါ ထိရောက်စေမယ့် လေ့ကျင့်ခန်းမျိုးကို ရွေးလုပ်ပါ။ Plankလေ့ကျင့်ခန်းက အကောင်းဆုံးထိရောက်နည်းပါ။ အောက်ကပုံအနေအထားအတိုင်း စက္ကန့် ၃၀လောက်နေပေးပါ။ တစ်ရက်ကို တစ်ခါ၊ တစ်ခါလုပ် (၃)ကြိမ်ပေါ့။ မနက်ခင်းလမ်းလျှောက်တာလည်းထိရောက်ပါတယ်။
၃။သကြားဆိုတာရန်သူပါ။
နို့ဆီခိုးစားတတ်တဲ့ ယောင်းတို့သတိထားပါ။ ဗိုက်ချပ်ဖို့ဆိုတာ ပါးစပ်စည်းလေးပါစောင့်ရတယ်ယောင်းရေ။ ကော်ဖီသောက်ရင် သကြားလေးလျှော့ထည့်သောက်ပါ။ အတတ်နိုင်ဆုံးကိုယ်စားသမျှ သကြားသုံးစွဲမှုနည်းလေရအောင် သတိထားပြီးနေပါ။ သကြားလုံးဝမစားရဘူးလို့မဆိုလိုပါဘူး။ အက်ဒမင်လည်း အချိုကြိုက်တယ်လေ။ နောက်ပြီး ပရိုတင်းများများစားပါ။
Related image
၎။ဗီတာမင်C မှီဝဲပါ။
စိတ်ပင်ပန်းမှုများတဲ့အခါ ခန္ဓာကိုယ်က ကိုယ်အလေးချိန်တက်လာစေမယ့် cortisolဟော်မုန်းတွေထုတ်ပေးပါတယ်။ Vitamin C ကတော့ cortisol ထုတ်လုပ်မှုကို ထိန်းချုပ်ပေးတဲ့အပြင် ခန္ဓာကိုယ်က အဆီတွေက လောင်စာအဖြစ်ပြောင်းလဲ လောင်ကျွမ်းစေတာကြောင့် ဗိုက်အဆီမထွက်ဖို့ကောင်းတဲ့နည်းလမ်းပါ။ အလုပ်ကြောင့် စိတ်ပင်ပန်းမှုတွေများလာတဲ့အခါ Vitamin C များများမှီဝဲပေးပါ။ Vitamin C ကြွယ်ဝစာတွေကတော့ ကိုက်လန်ရွက်၊ လိမ္မောသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ မာလာကာသီး၊ ငရုတ်ပွသီးအပြင် တခြားအသီးအရွက်တွေလည်းရှိပါသေးတယ်။
Image result for vitamin c
၅။ အဆီစားပါ။
အက်ဒမင်ပေါက်ကရရွှီးနေပြီ မထင်လိုက်ပါနဲ့။ လူကောင်း လူဆိုးရှိသလို ကောင်းတဲ့အဆီ မကောင်းတဲ့အဆီဆိုတာရှိပါတယ်။ တကယ်တမ်းဝိတ်တက်စေတာ သကြားကြောင့်ပါ။ အဆီကြောင့်မဟုတ်ပါ။ ကောင်းတဲ့အဆီဆိုတာမျိုးက Omega 3 အဆီအက်စစ်တွေဖြစ်ပြီး ထောပတ်သီး၊ ဆာလမွန်ငါးနဲ့ အခွံမာသီးတွေမှာလုံလောက်စွာပါဝင်ပါတယ်။ အဲ့ဒီ့တော့ မုန့်စားဖို့ တာဆူတိုင်း အဲ့ဒါလေးတွေစားပေးပေါ့။ ငါးကြီးဆီ တစ်နေ့သုံးကြိမ်ပုံမှန်သောက်ပေးလည်း ရတယ်ယောင်းတို့ရေ။
၆။အသက်ပုံမှန်ရှူပါ။
ပြောရရင် ဒေါသထွက်၊ စိတ်တို၊ အကြောက်အကန်ဖြစ်နေတဲ့အချိန်မျိုးမှာ အသက်ရှူနှုန်းပုံမှန်မဟုတ်ပဲ ပြတ်တောင်းပြတ်တောင်း ကမြန်ကဆန်ဖြစ်နေတတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ စိတ်အေးအေးထားပြီး အသက်ကိုဖြည်းဖြည်းရှူသွင်းရှူထုတ်လုပ်ပေးပါ။ မဆိုင်ဘူးမထင်နဲ့။ ဆိုင်တယ်နော်။
ကဲ..ယောင်းတို့ရေ။ လှချင်ရင် စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမယ်ဆိုပေမယ့် ဒီအချက်တွေ့က ကျန်းမာရေးအတွက် သင့်တော်တဲ့အပြင် မပင်မပန်းပဲ ဗိုက်ချပ်စေမယ့် စူပါနည်းလမ်းတွေပါ။ ယောင်းတို့သာ ဒီနည်းလေးတွေကို ပုံမှန်လိုက်နာရင်တော့ မကြာခင် ဗိုက်ချပ်ပြီး ဖလန်းဖလန်းထလို့ရပါပြီ။
Credit:Christina (For Her Myanmar)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version
Related image
Image result for vitamin c
Credit:Christina (For Her Myanmar)
ကျော့ကျော့မော့မော့နဲ့ ဗိုက်ချပ်စေမယ့် ဖြတ်လမ်းနည်း(၆)မျိုး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။