iMyanmarHouse.com - Best Property Website for Myanmar
×

မုတ္ဆိတ္ေမြး၊ ပါးၿမိဳင္းေမြး အျပည့္႐ွိတဲ့ အမ်ိဳးသားေတြဟာ ခ်စ္သူအျဖစ္ေရ႐ွည္လက္တြဲခ်င္ေဆာင္ ဆြဲေဆာင္ႏုိင္သူေတြျဖစ္တယ္လို႔ ေလ့လာမႈတစ္ခုက ဆိုလိုက္ျပန္တယ္။

ၾသစေၾတးလ်ႏိုင္ငံ ကြင္းစ္လန္းတကၠသိုလ္က သုေတသီေတြဟာ အမ်ိဳးသမီးေပါင္း ၈၅၂၀ ရဲ႕ သေဘာထားကို စစ္တမ္းေကာက္ယူ ေမးျမန္းၿပီးေနာက္ ရလဒ္ကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ သုေတသီေတြဟာ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြရဲ႕ဓာတ္ပံုေတြျပသကာ ရုပ္ပိုင္းဆိုင္ရာဆြဲေဆာင္မႈအေပၚ စံႏႈန္းသတ္မွတ္ကာ ေမးျမန္းခဲ့တာပါ။ ပံုေတြထဲမွာ အမ်ိဳးသားေတြဟာ မုတ္ဆိတ္၊ပါးၿမိဳင္းေမြး အတို၊ အရွည္၊ လံုးမဝမထားဘဲ ရိတ္ထားသူေတြ ပါဝင္ပါတယ္။ အဲ့ဒီအခါ အမ်ိဳးသမီးေတြက မုတ္ဆိတ္ေမြး ပါးၿမိဳင္းေမြးရွိတဲ့ အမ်ိဳးသားေတြကို ခဏတာတြဲဖုိ႔ထက္ ေရရွည္တြဲဖုိ႔ ပိုၿပီးစိတ္ဝင္စားေၾကာင္း ဓာတ္ပံုေတြကိုၾကည့္ၿပီး ေျဖခဲ့ၾကတယ္။

မုတ္ဆိတ္ေမြး၊ ပါးၿမိဳင္းေမြးေတြ ရွိျခင္းဟာ ေယာက္်ားပီသပံုလည္း ေပါက္ပါတယ္။ ဒါေပမဲ့ မုတ္ဆိတ္ေတြမ်ားလြန္းတာနဲ႔ ေျပာင္ရွင္းေနေအာင္ရိတ္ထားတာက်ျပန္ေတာ့ ဆြဲေဆာင္မႈကိုေလ်ာ့နည္းေစတာ ေတြ႔ရပါတယ္။ ေယာက္်ားပီသတဲ့သြင္ျပင္ရွိတဲ့ အမ်ိဳးသားေတြနဲ႔သာ ေရရွည္လက္တြဲလိုတယ္လို႔ ပါဝင္ေျဖဆုိသူေတြက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး အပြည့်ရှိတဲ့ အမျိုးသားတွေဟာ ချစ်သူအဖြစ်ရေရှည်လက်တွဲချင်ဆောင် ဆွဲဆောင်နိုင်သူတွေဖြစ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပြန်တယ်။

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်က သုတေသီတွေဟာ အမျိုးသမီးပေါင်း ၈၅၂၀ ရဲ့ သဘောထားကို စစ်တမ်းကောက်ယူ မေးမြန်းပြီးနောက် ရလဒ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေဟာ အမျိုးသမီးတွေကို အမျိုးသားတွေရဲ့ဓာတ်ပုံတွေပြသကာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုအပေါ် စံနှုန်းသတ်မှတ်ကာ မေးမြန်းခဲ့တာပါ။ ပုံတွေထဲမှာ အမျိုးသားတွေဟာ မုတ်ဆိတ်၊ပါးမြိုင်းမွေး အတို၊ အရှည်၊ လုံးမဝမထားဘဲ ရိတ်ထားသူတွေ ပါဝင်ပါတယ်။ အဲ့ဒီအခါ အမျိုးသမီးတွေက မုတ်ဆိတ်မွေး ပါးမြိုင်းမွေးရှိတဲ့ အမျိုးသားတွေကို ခဏတာတွဲဖို့ထက် ရေရှည်တွဲဖို့ ပိုပြီးစိတ်ဝင်စားကြောင်း ဓာတ်ပုံတွေကိုကြည့်ပြီး ဖြေခဲ့ကြတယ်။

မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ရှိခြင်းဟာ ယောက်ျားပီသပုံလည်း ပေါက်ပါတယ်။ ဒါပေမဲ့ မုတ်ဆိတ်တွေများလွန်းတာနဲ့ ပြောင်ရှင်းနေအောင်ရိတ်ထားတာကျပြန်တော့ ဆွဲဆောင်မှုကိုလျော့နည်းစေတာ တွေ့ရပါတယ်။ ယောက်ျားပီသတဲ့သွင်ပြင်ရှိတဲ့ အမျိုးသားတွေနဲ့သာ ရေရှည်လက်တွဲလိုတယ်လို့ ပါဝင်ဖြေဆိုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top