(၃)ပလာစတာကပ်စီးပါ
(၅)ရေခဲသုံးပါ
(၆)အပူကိုသုံး
(၇)အရက်ပျံ
(၈)ချွေးတိတ်ဆေး
Reff;verilymag
Credit:Auntymay
#Unicode Version#
ဖိနပ်အသစ် စီးတိုင်း ခြေထောက်မှာ ဖိနပ်ပေါက်တဲ့ ဒုက္ခဟာ မိန်းကလေး တိုင်း လိုလို အထူးသဖြင့် ဒေါက်ဖိနပ်နဲ့ရှူးဖိနပ်ကြိုက်တဲ့ မိန်းကလေးတွေ ကြုံရတဲ့ ပြဿနာတစ်ခုပါ။ဖိနပ်အသစ်လေးတော့ ပြောင်းစီးချင်ပါရဲ့ ဖိနပ်ပေါက်မှာကို တွေးပြီး စိတ်ပူနေရတဲ့ ပျိုမေတို့ အတွက် နည်းလမ်း ကောင်း လေးတွေ ဝေမျှပေးချင်ပါတယ်။ဒီနည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင်တော့ ဖိနပ်ေ ပါက်၊ခြေထောက်နာမှာကို လုံး၀ စိုးရိမ်ဖို့ မလိုတော့ပါဘူး။
(၁)ကိုယ့်ခြေထောက်နဲ့ ကွက်တိကျတာကို ရွေး
ဒါက နံပါတ်တစ် အရေးကြီးဆုံးပါ။ဖိနပ်သစ်စီးတိုင်း ခြေထောက်နာ၊ဖိနပ် ပေါက်တာ တွေမဖြစ်ချင်ရင် စဝယ်ပြီ ဆိုတည်းက ကိုယ့်ခြေထောက်နဲ့ လုံး၀ fit ဖြစ်တာမျိုးကို ဝယ်ပါ။ဆိုဒ်ကို မှန်အောင် ရွေးပါ။ကိုယ်ကြိုက်တဲ့ ဖိနပ်ဒီဇိုင်းထဲမှာ ကိုယ့်ဆိုဒ်နဲ့ FIT ဖြစ်တာမျိုး မတွေ့ခဲ့ရင်တောင် နည်းနည်းကျပ်နေ ၊ချောင်နေ လည်း ကိစ္စမရှိပါဘူးဆိုပြီး ကြိတ်မှိတ်ဝယ်တဲ့ အကျင့် မိန်းကလေး တွေမှာရှိပါတ ယ်။အဲ့ဒီလို မျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ကိုယ့်ခြေထောက်SIZE နဲ့ တော်တာ ကွက်တိကျတာမျိုးကိုပဲ ဝယ်ပါ။
(၂)အိမ်မှာနေရင်းစီးကြည့်
အပြင်ထွက်မှာ အသစ်ကို စစီးတာထက် စာရင် အိမ်မှာနေရင်း စီးကြည့်ပါ။ အိမ်ထဲမှာ ဖိနပ်စီးပြီး ဟိုဟိုဒီဒီလျှောက် သွားတာမျိုး မဟုတ်ပဲ ဒီအတိုင်း ဖိနပ်ကို စွပ်ရုံစွပ်ထားရင်လည်း ရပါတယ်။တကယ်လို့ နာမှာဆိုးတယ်ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ခြေအိတ်ဝတ်ပြီး စွပ်ထားပေးလိုက်ပါ။
(၃)ပလာစတာကပ်စီးပါ
နောက်တစ်ချက်ကတော့ ဖိနပ်သစ်ကြောင့် ခြေထောက်နာတယ်ဆိုရင် နာတဲ့ နေရာ အစိတ်အပိုင်းပေါ်မှာ ပလာစတာ ကပ်စီးပေးပါ။ဒါကတော့ အလွယ်ဆုံး နည်းပါ။
(၄)Roll- On (သို့)လိုးရှင်း
စီးမယ့် ဖိနပ်ရဲ့ ဘေးနား၊ဖိနပ်ပေါက်တတ်တဲ့ နေရာဥပမာ ခြေချောင်း ထိပ်၊ဘေး၊ခြေကျင်းဝတ်လို နေရာတွေ မှာ roll-on (သို့) ခောျတဲ့ လိုးရှင်းလို အဆီမျိုးကို လိမ်းပေးပါ။အများကြီးလည်း မလိမ်းပါနဲ့။Roll- on ကတော့ ကိစ္စမ ရှိပေမယ့် တစ်ချို့လိုးရှင်းတွေက အများကြီးလိမ်းရင် အဆီတွေ အရမ်းထွက်ပြီး ချောနေတတ်လို့ပါ။ဖိနပ်မစီးခင်မှာ ခြေထောက်ကို ပေါင်ဒါမှုန့်(ကလေး ဆေးပေါင်ဒါမျိုး)လိမ်းပြီး စီးတာမျိုး လည်း လုပ်လို့ရပါတယ်။
(၅)ရေခဲသုံးပါ
ပလတ်စတစ်အိတ်ငယ်နှစ်ခုထဲကို ရေခဲထည့်ပါ။ပြီးရင်တော့ ကိုယ်စီးမယ့် ဖိနပ်ရဲ့ ထိပ်ပိုင်းထဲမှာ ထည့်တစ်ညလောက် ထည့်ထားပေးပါ။(ရေစိုလို့ အဆင်ပြေတဲ့ ဖိနပ်မဟုတ်ရင်တော့ ဒီနည်းကို မသုံးပါနဲ့)။အဲ့ဒီလို ဆိုရင်တော့ မနက်ကျရင် ဖိနပ်က နည်းနည်းတော့ ကျယ်သွားပြီး စီးရတာ ပိုအဆင်ပြေေ စပါတယ်။
(၆)အပူကိုသုံး
ပုံထဲမှာ ပြထားတဲ့ အတိုင်း ခြေအိတ်ကို စွပ်ပါ။ဖိနပ်ကို စီးပြီး Dryer နဲ့မှုတ်ေ ပးရမှာပါ။အပူက ဖိနပ်တွေကို ပိုချောင်သွားစေပြီး စီးတဲ့ အခါ ခြေထောက် တွေသက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။Dryer နဲ့မှုတ်ပြီး ရင်း စီးပြီး လမ်းလျှောက်ကြည့်လိုက်၊လိုအပ်တယ်ဆိုရင် Dryer နဲ့ထပ်မှုတ်ပြီး ထပ်စီးကြည့်ပါ။ကိုယ်နဲ့ အဆင်ပြေလောက်တဲ့ အနေအထားမျိုး ရောက်တဲ့ အထိ ခုလို လုပ်ပေးပါ။
(၇)အရက်ပျံ
ကြပ်နေတဲ့ ဖိနပ်နေရာမှာ အရက်ပျံဖြန်းပါ။ပြီးရင်တော့ စက္ကူစတွေကို ဖိနပ်ထဲ ထည့်သိပ်ပေးပါ။(ဖိနပ်သစ်ဝယ်တဲ့ အခါ ဖိနပ်ထဲမှာ စက္ကူစတွေ ထိုးထားသ လိုမျိုး)။မစီးခင်တစ်ည အဲ့ဒီလိုထားပြီး နောက် နေ့ မနက်ကျရင် စီးကြည့်ပါ။
(၈)ချွေးတိတ်ဆေး
ချွေးတတ်ဆေး သုံးပါ။ခြေထောက်မှာ ချွေးထွက် တာ၊ခြေဆီတွေ ထွက်တာ (ဒါမှမဟုတ်) ရေစိုတာမျိုးဟာ ခြေထောက်မှာ အရည်ကြည်ဖုနဲ့ အနာဖြ စ်ေ အာင် ပိုအားပေးသလို ဖြစ်တတ်ပါတယ်။ချွေးတိတ်ဆေးကတော့ ခြေထောက် နံတာတွေကိုလည်း သက်သာစေပါတယ်။ ဖိနပ်သစ်စီးမယ်ဆိုရင် ချွေးတိတ်ေ ဆးသုံးပါ။ဖိနပ်ရေစိုနေရင် သေချာ ရေ စင်အောင် သုတ် အခြောက်ခံပြီး မှစီးပါ။
Reff;verilymag
Credit:Auntymay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဖိနပ်အသစ်ကို ခြေထောက် မနာအောင် စီးနည်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။