အရက္ေသာက္ျခင္းက သင့္ရဲ႕က်န္းမာေရးကို အေထာက္အကူျဖစ္ေစၿပီး၊ ကိုယ္ခႏၶာ အေလးခ်ိန္ကို က်ေစႏိုင္တယ္ဆိုရင္ ျဖစ္ႏိုင္မယ္လို႔ ထင္ပါသလား။ ဟုတ္ပါတယ္။ တန္ေဆးလြန္ေဘးဆိုတဲ့ စကားကို ၾကားဖူးၾကမွာပါ။ ဒီလိုပါပဲ အရက္ယမကာေတြမွာလည္း အံ့အားသင့္စရာ က်န္းမာေရး အက်ိဳးေက်းဇူးအခ်ိဳ႕ရွိပါတယ္။
၀ိုင္၏ အက်ိဳးေက်းဇူးမ်ား
၁။ ၀ိုင္အနီေရာင္က အဆီပိုေတြကို ေလာင္ကၽြမ္းေစႏိုင္ပါတယ္။
တစ္ေန႔ကို ၀ိုင္အနီေရာင္တစ္ခြက္ေသာက္ျခင္းက ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ေလ့လာမႈေတြအရ ၀ိုင္အနီမွာပါ၀င္တဲ့ အနီရင့္ေရာင္ စပ်စ္သီးေတြမွာ ellagic အက္ဆစ္ဓာတ္ပါ၀င္တဲ့အတြက္ အ၀လြန္ျခင္းနဲ႔ အသဲအဆီဖုံးျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီ ဓာတုပစၥည္းဟာ အဆီဆဲလ္ေတြႀကီးထြားလာျခင္းနဲ႔ အသစ္ျဖစ္ပြားျခင္းကို ေႏွးေကြးေစႏိုင္တာေၾကာင့္ အသည္းဆဲလ္ေတြရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို အားေကာင္းေစပါတယ္။
၂။ အယ္ကိုေဟာဓာတ္က အေအးမိျခင္းကို ခုခံေပးႏိုင္တယ္။
အေအးမိတဲ့အခ်ိန္မွာ အရက္ေသာက္ရင္ ေပ်ာက္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဒါေပမယ့္ ပံုမွန္အခ်ိန္မွည ေဆးျဖစ္၀ါးျဖစ္ေလာက္ ေသာက္မယ္ဆိုရင္ေတာ့ အေအးမိဖ်ားနာတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ၀ိုင္အနီေရာင္မွာပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက အေအးမိႏိုင္ေခ်ကို (၆၀)ရာခုိင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
၃။ ၀ိုင္အနီက ႏွလံုးက်န္းမာေရးကို ေကာင္းေစပါတယ္။
၀ိုင္နီမွာပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ ေရာင္ယမ္းသက္သာေစႏိုင္တဲ့ဓာတ္ပစၥည္းေတြက ႏွလံုးေသြးေၾကာက်န္းမာေရးကို အေထာက္အကူျဖစ္ေစပါတယ္။
၄။ အမ်ိဳးသားေတြအတြက္ လိင္ပိုင္းဆိုင္ရာ တိုးတက္မႈရွိေစပါတယ္။
ေလ့လာမႈေတြအရ ၀ိုင္ေသာက္သံုးေတြဟာ မေသာက္သံုးသူေတြနဲ႔ ႏႈိင္းယွဥ္ရင္ ပန္းေသပန္းညွိဳးေရာဂါ ျဖစ္ႏိုင္ေခ် နည္းသြားတယ္လို႔ ဆိုပါတယ္။ ၀ိုင္မွာပါ၀င္တဲ့ ႏွလံုးေသြးေၾကာက်န္းမာေရးဆိုင္ရာ အာနိသင္ရွိ ဓာတ္ပစၥည္းေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
၅။ အမ်ိဳးသမီးေတြမွာလည္း လိင္စိတ္ကိုႏိုးၾကားေစႏိုင္ပါတယ္။
၀ိုင္ တစ္ခြက္ ႏွစ္ခြက္ေလာက္ ေသာက္ထားတဲ့ အမ်ိဳးသမီးေတြဟာ လိင္စိတ္ပိုမို တက္ၾကြလာတယ္လို႔ ဆိုပါတယ္။ ၀ိုင္မွာပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက ေသြးအတြင္း ႏိုက္ထရစ္ေအာက္ဆိုက္ဒ္ဓာတ္ ထုတ္လုပ္မႈကို တိုးတက္ေစၿပီး ေသြးေၾကာနံရံေတြကို ေျပေလ်ာ့သြားေစပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္းကို ေသြးစီးဆင္းမႈတိုးပြားလာၿပီး လိင္ပိုင္းဆိုင္ရာသာယာမႈကို ပိုခံစားရေစတာျဖစ္ပါတယ္။
၆။ ၀ိုင္နီက မွတ္ဉာဏ္ကို တိုးတက္ေစတယ္။
အနီေရာင္စပ်စ္သီးရဲ႕အခြံ႕မွာေတြ႕ရတဲ့ ဓာတ္ေပါင္းတစ္မ်ိဳးက မွတ္ဉာဏ္နဲ႔ သိမွတ္ဆင္ျခင္ႏိုင္စြမ္းကို တိုးတက္ေစတယ္လို႔ ဆိုပါတယ္။
၇။ အသက္ကို ရွည္ေစႏိုင္ပါတယ္။
ညေနခင္းတိုင္းမွာ ၀ိုင္တစ္ခြက္ႏွစ္ခြက္ေလာက္ ေသာက္သံုးတတ္တယ္ဆိုရင္ ဒီအက်င့္ကို မစြန္႔လႊတ္လိုက္ပါနဲ႔။ ေလ့လာဆန္းစစ္မႈေတြအရ တစ္ေန႔ကို ၀ိုင္တစ္ခြက္ေသာက္သံုးေလ့ရွိတဲ့ အမ်ိဳးသမီးေတြဟာ မေသာက္သံုးသူေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေသဆံုးႏိုင္ေခ်နည္းပါးတယ္လို႔ ဆိုပါတယ္။
၈။ ေရာဂါကာကြယ္မႈ အက်ိဳးအာနိသင္ကို ထိေရာက္ေစပါတယ္။
အေအးမိတုပ္ေကြးအျဖစ္မ်ားတဲ့ ရာသီမွာ အစားစားခါနီး ၀ိုင္တစ္ခြက္ေလာက္ေသာက္သံုးျခင္းက နာဖ်ားျခင္းကို ကင္းေ၀းေစႏိုင္ပါတယ္။ ဒီလိုပံုမွန္ေသာက္သံုးေပးျခင္းက ထိုးႏွံထားတဲ့ ေရာဂါကာကြယ္ေဆးေတြရဲ႕ အာနိသင္ကိုလည္း တိုးပြားေစတာေၾကာင့္ ေရာဂါကင္းေ၀းက်န္းမာေစပါတယ္။
၉။ ၀ိုင္ျဖဴက ကိုယ္အေလးခ်ိန္က်ဖို႔ ကူညီေပးပါတယ္။
က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ၀ိုင္နီမွာခ်ည္းပဲ အက်ိဳးေက်းဇူးရွိတာ မဟုတ္ပါဘူး။ ၀ိုင္ျဖဴႀကိဳက္သူေတြအတြက္လည္း သတင္းေကာင္းရွိပါတယ္။ ၀ိုင္ျဖဴမွာပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြက ၀ိုင္နီထက္ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ ၀ိုင္ျဖဴေသာက္သံုးျခင္းကလည္း ခႏၶာကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔ အတြက္ အေထာက္အကူျဖစ္ေစႏုိင္ပါတယ္။
၁၀။ ကိုယ္လက္ေလ့က်င့္ခန္းေတြကို ထိေရာက္ေစတယ္။
၀ိုင္နီေတြဟာ ေလ့က်င့္ခန္းလုပ္ေဆာင္ခ်ိန္မွာ ထိေရာက္မႈရွိေစၿပီး ၾကြက္သာေတာင့္တင္သန္မာမႈနဲ႔ ႏွလံုးရဲ႕ လုပ္ငန္းေဆာင္တာေတြကို တိုးတက္ေကာင္းမြန္ေစပါတယ္။
ဘီယာ၏ အက်ိဳးေက်းဇူးမ်ား
၁၁။ ဘီယာမွာ ဗီတာမင္ဓာတ္ေတြ ပါ၀င္ပါတယ္။
ဘီယာမွာ ဗီတာမင္ ဘီ အုပ္စု၊ riboblavin နဲ႔ thiamin၊ မဂၢနီဆီယမ္ဓာတ္နဲ႔ ကယ္စီယမ္ဓာတ္ေတြ အမ်ားအျပားပါ၀င္ပါတယ္။ ဒါ့အျပင္ အိုင္ယြန္းပါ၀င္မႈျမင့္မားတဲ့အတြက္ ခႏၶာကိုယ္အတြင္း ေအာက္စီဂ်င္ဓာတ္ရရွိမႈကို ပိုေကာင္းမြန္ေစပါတယ္။
၁၂။ ေလ့က်င့္ခန္းၿပီး လန္းဆန္းသက္သာေစဖို႔ အေထာက္အကူျဖစ္ေစတယ္။
မာရသြန္အေျပးၿပိဳင္ၿပီး ဘီယာပုလင္းေဖာက္ေအာင္ပြဲခံတာ အေၾကာင္းရင္းရွိပါတယ္။ ေလ့လာမႈေတြအရ ဘီယာေအးေအးေသာက္သံုးျခင္းဟာ ေရေသာက္သံုးသလိုပဲ ေရဓာတ္ျဖည့္တင္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။
၁၃။ ဦးေႏွာက္ယိုယြင္းပ်က္စီးမႈကို ကူညီကာကြယ္ေပးတယ္။
ဘီယာသမားေတြအတြက္ သတင္းေကာင္းပါ။ ဘီယာမွာ ပါ၀င္တဲ့ xanhtohumol အမည္ရ ဓာတ္ေပါင္းတစ္ခုဟာ ဦးေႏွာက္ဆဲလ္ေတြ ပ်က္စီးယိုယြင္းျခင္းကို ကာကြယ္ေပးၿပီး အယ္ဇိုင္းမားေရာဂါနဲ႔ ပါကင္ဆန္ေရာဂါျဖစ္ပြားမႈေတြကို ေႏွးေကြးသြားေစႏုိင္တယလို႔ ဆိုပါတယ္။
၁၄။ အ႐ိုးေတြကို သန္မာေစႏိုင္တယ္။
ဘီယာမွာ ဆီလီကြန္ဓာတ္ပမာဏမ်ားစြာပါ၀င္တဲ့အတြက္ အ႐ိုးသိပ္သည္းဆကို တိုးပြားေစပါတယ္။ တစ္ေန႔ကို ဘီယာတစ္ခြက္ႏွစ္ခြက္ခန္႔ ပံုမွန္ေသာက္သံုးသူေတြမွာ အ႐ိုးသန္မာတဲ့အက်ိဳးေက်းဇူးကို ရရွိႏုိင္ပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုၿပီးသိသာတယ္လို႔ ဆိုပါတယ္။
၁၅။ ေသြးဆံုးခ်ိန္လကၡဏာေ၀ဒနာေတြကို သက္သာေစပါတယ္။
ဘီယာက အမ်ိဳးသမီးေတြအတြက္ အေဖာ္မြန္ျဖစ္သင့္ါပတယ္။ ဘီယာမွာပါ၀င္တဲ့ ဓာတ္ပစၥည္းေတြက ေသြးဆံုးခ်ိန္မွာ ခံစားရမယ့္ ေ၀ဒနာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။
၁၆။ အမ်ိဳးသမီးေတြမွာ ႏွလံုးတိုက္ခိုက္ခံရႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။
အမ်ိဳးသမီးေတြအေနနဲ႔ သီတင္းတစ္ပတ္ကို ဘီယာ တစ္ခြက္ႏွစ္ခြက္ေလာက္ ေသာက္သံုးေပးမယ္ဆိုရင္ အေသာက္မ်ားတဲ့သူေတြ၊ လံုး၀မေသာက္တဲ့သူေတြထက္ ႏွလံုးတိုက္ခိုက္ခံရႏိုင္ေခ် (၃၀)ရာခိုင္ႏႈန္း ေလ်ာ့နည္းသြားတယ္လို႔ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။
၁၇။ ေက်ာက္ကပ္က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။
တစ္ပတ္ကို ဘီယာတစ္ပုလင္းေသာက္သံုးေပးမယ္ဆိုရင္ ေက်ာက္ကပ္အတြင္း ေက်ာက္တည္ျခင္း မျဖစ္ေအာင္ (၃၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
၁၈။ ဆီးခ်ိဳျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးတယ္။
ဘီယာကို သင့္တင့္မွ်တ႐ုံ ပံုမွန္ေသာက္သံုးသူေတြဟာ အလြန္အကၽြံေသာက္သံုးသူေတြ၊ လံုး၀မေသာက္သူေတြထက္ ဆီးခ်ဳိေရာဂါျဖစ္ႏိုင္ေခ် (၄၀)ရာခိုင္ႏႈန္းေလ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။ သတိထားရမွာက တစ္ပတ္ကို တစ္ခြက္ႏွစ္ခြက္ထက္ မပိုဖို႔ပဲျဖစ္ပါတယ္။ ဒီလိုမဟုတ္ရင္ေတာ့ ဆီးခ်ိဳျဖစ္ႏိုင္ေခ် တဟုန္ထိုးျမင့္တက္လာပါလိမ့္မယ္။
အျခားယမကာ အမ်ိဳးအစားမ်ား
၀ိုင္တို႔ ဘီယာတို႔ထက္ နည္းနည္းျပင္းတာေလးကို ပိုႀကိဳက္တယ္ဆိုရင္ေတာ့ ဂ်င္တို႔၊ တက္ကီလာနဲ႔ အျခားယမကာ အမ်ိဳးအစားေတြမွာလည္း ကိုယ္အေလးခ်ိန္က်ေစတာ၊ ေရာဂါေပ်ာက္ေစတာနဲ႔ လည္ေခ်ာင္းနာသက္သာေစတာလိုမ်ိဳး အက်ိဳးေက်းဇူးေလးေတြရွိပါတယ္။
၁၉။ ေဗာ့ကာက ႏွလံုးက်န္းမာေရးကို ေကာင္းေစပါတယ္။
ေဗာ့ကာေသာက္သံုးမယ္ဆိုရင္ ေသြးလည္ပတ္မႈကို မွန္ကန္ေကာင္းမြန္ေစပါတယ္။ ေဗာ့ကာမွာ ၀ိုင္နဲ႔ မတူပဲ ႏွလံုးနဲ႔ အဆုတ္ေတြကို ဆက္သြယ္ထားတဲ့ ေသြးေၾကာခြဲေတြကို ဖြံ႕ၿဖိဳးေစပါတယ္။
၂၀။ တက္ကီလာက ကိုယ္အေလးခ်ိန္က်ဖို႔ ကူညီေပးပါတယ္။
မကၠဆီကိုယမကာတစ္ခုျဖစ္တဲ့ တက္ကီလာက သင့္ခႏၶာကိုယ္ရဲ႕ မလိုလားအပ္တဲ့ အေလးခ်ိန္ေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္ေယာက္က တက္ကီလာေသာက္ဖို႔ ဖိတ္ေခၚရင္ မျငင္းမိပါေစနဲ႔။
၂၁။ ကရမ္ဘာရီနဲ႔ ေဗာ့ကာက တီထြင္ဖန္တီးႏိုင္စြမ္းကို ျမင့္တင္ေပးႏိုင္ပါတယ္။
လုပ္ငန္းစီမံခ်က္တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ေကာ့ေတးလ္တစ္ခြက္ေလာက္ ေသာက္ထားသင့္ပါတယ္။ ကရမ္ဘာရီနဲ႔ ေဗာ့ကာက သင့္ရဲ႕ တီထြင္ဖန္တီးႏိုင္စြမ္းကို ျမင့္တက္ေစတာေၾကာင့္ ျဖစ္ပါတယ္။
၂၂။ အယ္ကိုေဟာဓာတ္က ၾကြက္သားနာက်င္မႈေတြကို သက္သာေစႏိုင္ပါတယ္။
ဘယ္လို အရက္မ်ိဳးပဲျဖစ္ျဖစ္ ၾကြက္သားနာက်င္မႈေတြကို သက္သာေစႏိုင္ပါတယ္။ ေလ့လာမႈတစ္ခုအရ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တားတဲ့ အမ်ိဳးသားေတြကို အယ္ကိုေဟာဓာတ္ပါတဲ့ ယမကာတစ္ခုခု ေသာက္သံုးေစတဲ့အခါမွာ အျခားသူေတြထက္ နာက်င္မႈေတြ ေလ်ာ့နည္းသြားေစတယ္လို႔ဆိုပါတယ္။
၂၃။ ၀ီစကီက လည္ေခ်ာင္းနာျခင္းကို သက္သာေစတယ္။
အေအးမိၿပီး လည္ေခ်ာင္းနာေနမယ္ဆိုရင္ ၀ီစကီအနည္းငယ္ကို ေရေႏြး၊ ပ်ားရည္တို႔နဲ႔ ေရာစပ္ေသာက္သံုးမယ္ဆိုရင္ အခ်ိန္ခဏတာအတြင္း သက္သာသြားပါလိမ့္မယ္။
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အရက်သောက်ခြင်းက သင့်ရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး၊ ကိုယ်ခန္ဓာ အလေးချိန်ကို ကျစေနိုင်တယ်ဆိုရင် ဖြစ်နိုင်မယ်လို့ ထင်ပါသလား။ ဟုတ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီလိုပါပဲ အရက်ယမကာတွေမှာလည်း အံ့အားသင့်စရာ ကျန်းမာရေး အကျိုးကျေးဇူးအချို့ရှိပါတယ်။
ဝိုင်၏ အကျိုးကျေးဇူးများ
၁။ ဝိုင်အနီရောင်က အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
တစ်နေ့ကို ဝိုင်အနီရောင်တစ်ခွက်သောက်ခြင်းက ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ဝိုင်အနီမှာပါဝင်တဲ့ အနီရင့်ရောင် စပျစ်သီးတွေမှာ ellagic အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အဝလွန်ခြင်းနဲ့ အသဲအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီ ဓာတုပစ္စည်းဟာ အဆီဆဲလ်တွေကြီးထွားလာခြင်းနဲ့ အသစ်ဖြစ်ပွားခြင်းကို နှေးကွေးစေနိုင်တာကြောင့် အသည်းဆဲလ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။
၂။ အယ်ကိုဟောဓာတ်က အအေးမိခြင်းကို ခုခံပေးနိုင်တယ်။
အအေးမိတဲ့အချိန်မှာ အရက်သောက်ရင် ပျောက်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ပုံမှန်အချိန်မှည ဆေးဖြစ်ဝါးဖြစ်လောက် သောက်မယ်ဆိုရင်တော့ အအေးမိဖျားနာတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဝိုင်အနီရောင်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အအေးမိနိုင်ချေကို (၆၀)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
၃။ ဝိုင်အနီက နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။
ဝိုင်နီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ယမ်းသက်သာစေနိုင်တဲ့ဓာတ်ပစ္စည်းတွေက နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
၄။ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေပါတယ်။
လေ့လာမှုတွေအရ ဝိုင်သောက်သုံးတွေဟာ မသောက်သုံးသူတွေနဲ့ နှိုင်းယှဉ်ရင် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ချေ နည်းသွားတယ်လို့ ဆိုပါတယ်။ ဝိုင်မှာပါဝင်တဲ့ နှလုံးသွေးကြောကျန်းမာရေးဆိုင်ရာ အာနိသင်ရှိ ဓာတ်ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ အမျိုးသမီးတွေမှာလည်း လိင်စိတ်ကိုနိုးကြားစေနိုင်ပါတယ်။
ဝိုင် တစ်ခွက် နှစ်ခွက်လောက် သောက်ထားတဲ့ အမျိုးသမီးတွေဟာ လိင်စိတ်ပိုမို တက်ကြွလာတယ်လို့ ဆိုပါတယ်။ ဝိုင်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးအတွင်း နိုက်ထရစ်အောက်ဆိုက်ဒ်ဓာတ် ထုတ်လုပ်မှုကို တိုးတက်စေပြီး သွေးကြောနံရံတွေကို ပြေလျော့သွားစေပါတယ်။ ဒီဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို သွေးစီးဆင်းမှုတိုးပွားလာပြီး လိင်ပိုင်းဆိုင်ရာသာယာမှုကို ပိုခံစားရစေတာဖြစ်ပါတယ်။
၆။ ဝိုင်နီက မှတ်ဉာဏ်ကို တိုးတက်စေတယ်။
အနီရောင်စပျစ်သီးရဲ့အခွံ့မှာတွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးက မှတ်ဉာဏ်နဲ့ သိမှတ်ဆင်ခြင်နိုင်စွမ်းကို တိုးတက်စေတယ်လို့ ဆိုပါတယ်။
၇။ အသက်ကို ရှည်စေနိုင်ပါတယ်။
ညနေခင်းတိုင်းမှာ ဝိုင်တစ်ခွက်နှစ်ခွက်လောက် သောက်သုံးတတ်တယ်ဆိုရင် ဒီအကျင့်ကို မစွန့်လွှတ်လိုက်ပါနဲ့။ လေ့လာဆန်းစစ်မှုတွေအရ တစ်နေ့ကို ဝိုင်တစ်ခွက်သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေဟာ မသောက်သုံးသူတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးနိုင်ချေနည်းပါးတယ်လို့ ဆိုပါတယ်။
၈။ ရောဂါကာကွယ်မှု အကျိုးအာနိသင်ကို ထိရောက်စေပါတယ်။
အအေးမိတုပ်ကွေးအဖြစ်များတဲ့ ရာသီမှာ အစားစားခါနီး ဝိုင်တစ်ခွက်လောက်သောက်သုံးခြင်းက နာဖျားခြင်းကို ကင်းဝေးစေနိုင်ပါတယ်။ ဒီလိုပုံမှန်သောက်သုံးပေးခြင်းက ထိုးနှံထားတဲ့ ရောဂါကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုလည်း တိုးပွားစေတာကြောင့် ရောဂါကင်းဝေးကျန်းမာစေပါတယ်။
၉။ ဝိုင်ဖြူက ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဝိုင်နီမှာချည်းပဲ အကျိုးကျေးဇူးရှိတာ မဟုတ်ပါဘူး။ ဝိုင်ဖြူကြိုက်သူတွေအတွက်လည်း သတင်းကောင်းရှိပါတယ်။ ဝိုင်ဖြူမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဝိုင်နီထက်ပိုများပါတယ်။ ဒါ့ကြောင့် ဝိုင်ဖြူသောက်သုံးခြင်းကလည်း ခန္ဓာကိုယ်အလေးချိန်လျော့ကျဖို့ အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
၁၀။ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ထိရောက်စေတယ်။
ဝိုင်နီတွေဟာ လေ့ကျင့်ခန်းလုပ်ဆောင်ချိန်မှာ ထိရောက်မှုရှိစေပြီး ကြွက်သာတောင့်တင်သန်မာမှုနဲ့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။
ဘီယာ၏ အကျိုးကျေးဇူးများ
၁၁။ ဘီယာမှာ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။
ဘီယာမှာ ဗီတာမင် ဘီ အုပ်စု၊ riboblavin နဲ့ thiamin၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ကယ်စီယမ်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် အိုင်ယွန်းပါဝင်မှုမြင့်မားတဲ့အတွက် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ဓာတ်ရရှိမှုကို ပိုကောင်းမွန်စေပါတယ်။
၁၂။ လေ့ကျင့်ခန်းပြီး လန်းဆန်းသက်သာစေဖို့ အထောက်အကူဖြစ်စေတယ်။
မာရသွန်အပြေးပြိုင်ပြီး ဘီယာပုလင်းဖောက်အောင်ပွဲခံတာ အကြောင်းရင်းရှိပါတယ်။ လေ့လာမှုတွေအရ ဘီယာအေးအေးသောက်သုံးခြင်းဟာ ရေသောက်သုံးသလိုပဲ ရေဓာတ်ဖြည့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
၁၃။ ဦးနှောက်ယိုယွင်းပျက်စီးမှုကို ကူညီကာကွယ်ပေးတယ်။
ဘီယာသမားတွေအတွက် သတင်းကောင်းပါ။ ဘီယာမှာ ပါဝင်တဲ့ xanhtohumol အမည်ရ ဓာတ်ပေါင်းတစ်ခုဟာ ဦးနှောက်ဆဲလ်တွေ ပျက်စီးယိုယွင်းခြင်းကို ကာကွယ်ပေးပြီး အယ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါဖြစ်ပွားမှုတွေကို နှေးကွေးသွားစေနိုင်တယလို့ ဆိုပါတယ်။
၁၄။ အရိုးတွေကို သန်မာစေနိုင်တယ်။
ဘီယာမှာ ဆီလီကွန်ဓာတ်ပမာဏများစွာပါဝင်တဲ့အတွက် အရိုးသိပ်သည်းဆကို တိုးပွားစေပါတယ်။ တစ်နေ့ကို ဘီယာတစ်ခွက်နှစ်ခွက်ခန့် ပုံမှန်သောက်သုံးသူတွေမှာ အရိုးသန်မာတဲ့အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီးသိသာတယ်လို့ ဆိုပါတယ်။
၁၅။ သွေးဆုံးချိန်လက္ခဏာဝေဒနာတွေကို သက်သာစေပါတယ်။
ဘီယာက အမျိုးသမီးတွေအတွက် အဖော်မွန်ဖြစ်သင့်ါပတယ်။ ဘီယာမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက သွေးဆုံးချိန်မှာ ခံစားရမယ့် ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်တာကြောင့် ဖြစ်ပါတယ်။
၁၆။ အမျိုးသမီးတွေမှာ နှလုံးတိုက်ခိုက်ခံရနိုင်ချေကို လျော့ကျစေပါတယ်။
အမျိုးသမီးတွေအနေနဲ့ သီတင်းတစ်ပတ်ကို ဘီယာ တစ်ခွက်နှစ်ခွက်လောက် သောက်သုံးပေးမယ်ဆိုရင် အသောက်များတဲ့သူတွေ၊ လုံးဝမသောက်တဲ့သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ချေ (၃၀)ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
၁၇။ ကျောက်ကပ်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။
တစ်ပတ်ကို ဘီယာတစ်ပုလင်းသောက်သုံးပေးမယ်ဆိုရင် ကျောက်ကပ်အတွင်း ကျောက်တည်ခြင်း မဖြစ်အောင် (၃၀)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
၁၈။ ဆီးချိုဖြစ်နိုင်ချေကို လျှော့ချပေးတယ်။
ဘီယာကို သင့်တင့်မျှတရုံ ပုံမှန်သောက်သုံးသူတွေဟာ အလွန်အကျွံသောက်သုံးသူတွေ၊ လုံးဝမသောက်သူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေ (၄၀)ရာခိုင်နှုန်းလျော့ကျသွားတယ်လို့ ဆိုပါတယ်။ သတိထားရမှာက တစ်ပတ်ကို တစ်ခွက်နှစ်ခွက်ထက် မပိုဖို့ပဲဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဆီးချိုဖြစ်နိုင်ချေ တဟုန်ထိုးမြင့်တက်လာပါလိမ့်မယ်။
အခြားယမကာ အမျိုးအစားများ
ဝိုင်တို့ ဘီယာတို့ထက် နည်းနည်းပြင်းတာလေးကို ပိုကြိုက်တယ်ဆိုရင်တော့ ဂျင်တို့၊ တက်ကီလာနဲ့ အခြားယမကာ အမျိုးအစားတွေမှာလည်း ကိုယ်အလေးချိန်ကျစေတာ၊ ရောဂါပျောက်စေတာနဲ့ လည်ချောင်းနာသက်သာစေတာလိုမျိုး အကျိုးကျေးဇူးလေးတွေရှိပါတယ်။
၁၉။ ဗော့ကာက နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။
ဗော့ကာသောက်သုံးမယ်ဆိုရင် သွေးလည်ပတ်မှုကို မှန်ကန်ကောင်းမွန်စေပါတယ်။ ဗော့ကာမှာ ဝိုင်နဲ့ မတူပဲ နှလုံးနဲ့ အဆုတ်တွေကို ဆက်သွယ်ထားတဲ့ သွေးကြောခွဲတွေကို ဖွံ့ဖြိုးစေပါတယ်။
၂၀။ တက်ကီလာက ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။
မက္ကဆီကိုယမကာတစ်ခုဖြစ်တဲ့ တက်ကီလာက သင့်ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အလေးချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ယောက်က တက်ကီလာသောက်ဖို့ ဖိတ်ခေါ်ရင် မငြင်းမိပါစေနဲ့။
၂၁။ ကရမ်ဘာရီနဲ့ ဗော့ကာက တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တင်ပေးနိုင်ပါတယ်။
လုပ်ငန်းစီမံချက်တစ်ခုခုလုပ်တော့မယ်ဆိုရင် ကော့တေးလ်တစ်ခွက်လောက် သောက်ထားသင့်ပါတယ်။ ကရမ်ဘာရီနဲ့ ဗော့ကာက သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တက်စေတာကြောင့် ဖြစ်ပါတယ်။
၂၂။ အယ်ကိုဟောဓာတ်က ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။
ဘယ်လို အရက်မျိုးပဲဖြစ်ဖြစ် ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တားတဲ့ အမျိုးသားတွေကို အယ်ကိုဟောဓာတ်ပါတဲ့ ယမကာတစ်ခုခု သောက်သုံးစေတဲ့အခါမှာ အခြားသူတွေထက် နာကျင်မှုတွေ လျော့နည်းသွားစေတယ်လို့ဆိုပါတယ်။
၂၃။ ဝီစကီက လည်ချောင်းနာခြင်းကို သက်သာစေတယ်။
အအေးမိပြီး လည်ချောင်းနာနေမယ်ဆိုရင် ဝီစကီအနည်းငယ်ကို ရေနွေး၊ ပျားရည်တို့နဲ့ ရောစပ်သောက်သုံးမယ်ဆိုရင် အချိန်ခဏတာအတွင်း သက်သာသွားပါလိမ့်မယ်။
Credit:Gentleman Magazine
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ယမကာ၏ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။