iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးကင္းစနဲ႔လသားကေလးငယ္ေတြငိုရတဲ့အဓိကအေၾကာင္းေတြကေတာ့ ေလနာထျခင္း၊ ဆာျခင္း၊ အေပါ့အေလးစြန္႔ျခင္းတို႔ေၾကာင့္ ငိုရျခင္းကမ်ားပါတယ္။ ေလနာထေရာဂါကေတာ့ ႏို႔ဗူးတိုက္တဲ့ ကေလးေတြမွာအျဖစ္မ်ားၾကပါတယ္။ ႏို႔ကုန္သြားတဲ့ႏို႔ဗူးကိုဆက္စုပ္ေနတဲ့အတြက္ ေလေတြသာစုပ္မိၿပီး ေလနာထျခင္းျဖစ္ႏိုင္ပါတယ္။ မိခင္ႏို႔တိုက္တဲ့ပံုစံမမွန္ရင္လည္း ေလနာထႏိုင္ပါတယ္။ ေလနာထတယ္ထင္ရင္ေတာ့ ေလထုတ္ေပးၿပီးကေလးငယ္ကိုအငိုရပ္ေစႏိုင္ပါတယ္။

တအင္းအင္းနဲ႔အဆက္မျပတ္ငိုတတ္ျခင္းကို သူငယ္နာၾကံ့ဗဟုမ္းလို႔ေခၚတဲ့ ဗီတာမင္ဘီဝမ္းခ်ိဳ႕တဲ့ျခင္း (သို႔မဟုတ္) ဘယ္ရီဘယ္ရီဆိုတဲ့ေရာဂါမွာေတြ႔ရတတ္ပါတယ္။ ကေလးငယ္ကိုမိခင္ႏို႔တစ္မ်ိဳးတည္းတိုက္တဲ့ကာလေတြမွာ ႏို႔တို္က္မိခင္ေတြဟာ အသား၊ငါး ဟင္းသီးဟင္းရြက္အစံုမစားဘဲေ႐ွာင္ေနမယ္ဆိုရင္ ကေလးငယ္မွာ ဘယ္ရီဘယ္ရီေခၚတဲ့ေရာဂါျဖစ္ပြားၿပီး အဆက္မျပတ္ငိုညည္းေနႏိုင္ပါတယ္။ ဆီးပိုးဝင္ျခင္း၊နားကိုက္ျခင္း၊ အဖ်ားတက္ျခင္းတို႔ေၾကာင့္လည္း ငိုတတ္ပါတယ္။ဒါေၾကာင္႔ ပံုမွန္ထပ္ ငိုလြန္းတဲ႔ ကေလးငယ္ေတြကို နီးစပ္ရာ က်န္းမာေရးဌာနေတြမွာ ျပသသင္႔ပါတယ္ ။

Credit:ေဒါက္တာစိုင္းျမတ္သူ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မွေးကင်းစနဲ့လသားကလေးငယ်တွေငိုရတဲ့အဓိကအကြောင်းတွေကတော့ လေနာထခြင်း၊ ဆာခြင်း၊ အပေါ့အလေးစွန့်ခြင်းတို့ကြောင့် ငိုရခြင်းကများပါတယ်။ လေနာထရောဂါကတော့ နို့ဗူးတိုက်တဲ့ ကလေးတွေမှာအဖြစ်များကြပါတယ်။ နို့ကုန်သွားတဲ့နို့ဗူးကိုဆက်စုပ်နေတဲ့အတွက် လေတွေသာစုပ်မိပြီး လေနာထခြင်းဖြစ်နိုင်ပါတယ်။ မိခင်နို့တိုက်တဲ့ပုံစံမမှန်ရင်လည်း လေနာထနိုင်ပါတယ်။ လေနာထတယ်ထင်ရင်တော့ လေထုတ်ပေးပြီးကလေးငယ်ကိုအငိုရပ်စေနိုင်ပါတယ်။

တအင်းအင်းနဲ့အဆက်မပြတ်ငိုတတ်ခြင်းကို သူငယ်နာကြံ့ဗဟုမ်းလို့ခေါ်တဲ့ ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်း (သို့မဟုတ်) ဘယ်ရီဘယ်ရီဆိုတဲ့ရောဂါမှာတွေ့ရတတ်ပါတယ်။ ကလေးငယ်ကိုမိခင်နို့တစ်မျိုးတည်းတိုက်တဲ့ကာလတွေမှာ နို့တိုက်မိခင်တွေဟာ အသား၊ငါး ဟင်းသီးဟင်းရွက်အစုံမစားဘဲရှောင်နေမယ်ဆိုရင် ကလေးငယ်မှာ ဘယ်ရီဘယ်ရီခေါ်တဲ့ရောဂါဖြစ်ပွားပြီး အဆက်မပြတ်ငိုညည်းနေနိုင်ပါတယ်။ ဆီးပိုးဝင်ခြင်း၊နားကိုက်ခြင်း၊ အဖျားတက်ခြင်းတို့ကြောင့်လည်း ငိုတတ်ပါတယ်။ဒါကြောင့် ပုံမှန်ထပ် ငိုလွန်းတဲ့ ကလေးငယ်တွေကို နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပြသသင့်ပါတယ် ။

Credit:ဒေါက်တာစိုင်းမြတ်သူ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top