iMyanmarHouse.com - Best Property Website for Myanmar
×







၎) အသစ်တစ်ခုခုကို လေ့လာပါ၊






ပို့သပေးပါတယ်။

#Unicode Version#

မိန်းကလေးတွေက ရည်းစာဖြစ်ပြီး ကြာလာလေလေ ကောင်လေးတွေကိုသံယောဇဉ်တွယ်ပြီး စွဲလမ်းလေလေပဲ။ အဲ့ဒါကြောင့်ပဲ ကိုယ့်ရည်းစားကို မကောင်းတော့ရင်တောင် မဖြတ်နိုင်ဘဲ အနစ်နာခံဆက်တွဲကြတယ်။ ဖြတ်ရင်လည်း မပြတ်နိုင်လို့ ပြန်ပြန်တွဲကြတယ်။ မကောင်းတဲ့သူကို ပြတ်ပြတ်သားသားနဲ့ စိတ်ထဲကထုတ်နိုင်ဖို့ အတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြလိုက်မယ်နော်။

၁) ကိုယ့်သူ့ကို စွဲလမ်းရတဲ့အကြောင်းကိုပြန်မေးပါ။
ကိုယ်သူ့ကို စွဲလမ်းရတဲ့အကြောင်းကို သိသွားပြီဆိုရင် ဖြေရှင်းဖို့နည်းလမ်းကိုလည်း စဉ်းစားနိုင်ပါလိမ့်မယ်။
စွဲလမ်းတာက အနာကိုပိုရင်းစေလို့ ဒီပြသနာကို အရင်ဆုံးဖြေရှင်းသင့်ပါတယ်။

၂) စိတ်ဖိစီးမှုကို လျော့ချပါ။

စိတ်ဖိစီးမှုတွေအရမ်းများနေမယ်ဆိုရင် ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်…မှန်တဲ့အရာကို မှားသယောင် မှားတဲ့အရာကို မှန်သယောင် ထင်တတ်တယ်။ စိတ်လိုက်မှန်ပါတွေလုပ်မိနိုင်လို့ စိတ်ဖိစီးမှုကိုလျော့ချဖို့အရေးကြီးတယ်။တရားထိုင်တာတွေ၊ အိပ်ရေးဝအောင်အိပ်တာတွေနဲ့ အစားအသောက်ကောင်းကောင်းစားတာတွေကလည်း စိတ်ဖိစီးမှုကို သက်သာစေတယ်။

၃) သူ့ကို အမှတ်ရစေမယ့်နေရာတွေ၊ အလုပ်တွေကိုရှောင်ပါ။

သူနဲ့တူတူပျော်ခဲ့ဖူးတဲ့နေရာတွေဆို မသွားပါနဲ့။ သူနဲ့အတူနားထောင်ခဲ့ဖူးတဲ့ သီချင်းတွေ ၊ ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းတွေဆို နားမထောင်ပါနဲ့…မြန်မြန်မေ့နိုင်ပါလိမ့်မယ်။

၄) အသစ်တစ်ခုခုကို လေ့လာပါ၊

ရည်းစားနဲ့ပျက်သွားတဲ့အချိန်ဟာ ကိုယ့်စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို လေ့လာဖို့အချိန်ကောင်းပဲ။ ကိုယ်က အကြောင်းအရာသစ်တွေနဲ့အလုပ်ရှုတ်နေတော့ သူ့အကြောင်းလည်းမတွေးဖြစ်တော့ဘူး။

သူ့ကိုလည်းမြန်မြန်မေ့နိုင်မယ်၊ ကိုယ်လည်း ပညာရပ်အသစ်တစ်ကိုခု တတ်သွားမယ်။

ဘယ်လောက်ကောင်းလိုက်သလဲ။

၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပါ။

ကိုယ်က အဝေးရောက်နေရင်တောင် ကိုယ်ချစ်တဲ့မိသားစုဆီပြန်ပါ။ သူတို့နဲ့ ပျော်စရာတွေလုပ်၊ ရယ်မောရင်းအချိန်တွေကုန်ဆုံးသွားရင် ရည်းစားကိုလွယ်လွယ်မေ့သွားမှာပါ၊

Credit:လင်း(ရွှေအင်းလေး)(www.shweinnlay.com)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top